Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဗုိက္

အဆီ ေတြဟာ ခႏၶာကုိယ္ တခုလံုးမွာ ေဘးရန္ အေပးဆံုးပါ။

အလွပ်က္တယ္ ဆုိတာထက္ တုတ္ေနေသာ ခါး (ပူေနေသာဗုိက္) ဟာ ေရာဂါ ျဖစ္လြယ္တဲ့ လကၡဏာ ပုိင္ဆုိင္သူလုိ႔ ေခၚလုိ႔ေတာင္ ရပါတယ္။

အဲဒီေတာ့ က်န္းမာ ေပါ့ပါး ခ်င္သူတုိင္း ဗုိက္ အဆီေလွ်ာ့ဖုိ႔ စဥ္းစား သင့္တယ္ ဆုိပါေတာ့။

ဒီေနရာမွာ အိပ္ထမတင္ လုပ္ရံု နဲ႔ေတာ့ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဗုိက္ အဆီက ဘယ္လုိ စုလာတယ္ ဆုိတာကုိ သေဘာေပါက္ သြားရင္ေတာ့ ခ်က္ေကာင္းကုိ မိသြားမွာပါ။ တကုိယ္လံုးက အဲေလာက္ မဝတာေတာင္ ဗုိက္က ပံု႔ပံုု႔ကေလး ပူေနရတဲ့ အေၾကာင္းကုိ အက်ဥ္းေလး ရွင္းျပ ပါ့မယ္။

ေဆးပညာ ပညာရပ္ ဆုိင္ရာ စကားနည္းနည္း ပါေပမယ့္။ ဒီႏွစ္ေၾကာင္းေလာက္ ကုိေတာ့ အနည္းငယ္ သီးခံ ဖတ္ေပးပါ။ (လံုေလာက္တဲ့ ဗဟုသုတ မပါဘဲ အဆီက်ဖုိ႔ နည္းလမ္း မသိႏုိင္ လုိ႔ပါ။)

အေၾကာင္းရင္း -


ကၽြႏ္ုပ္တုိ႔ ကုိယ္ထဲမွာ ရွိတဲ့ cortisol level (ေကာ့တစ္ဆုိ ပမာဏ) ျမင့္လာတာနဲ႔ ဗုိက္အဆီေတြ စုပံုလာေတာ့ တာပါပဲ။ အဲဒိ cortisol က ဘာလုိ႔ ျမင့္လာ တာလဲ၊?

အဓိက တရားခံကုိ ျပခုိင္း ရင္ေတာ့ စိတ္ဖိစီးမႈလုိ႔ ေျပာရမွာပါ။

လူတေယာက္ အလုပ္ေၾကာင့္၊ ပတ္ဝန္းက်င္ ဆက္ဆံေရး..တစ္ခု ခုေၾကာင့္ စိတ္ဖိစီး ေနျပီဆုိရင္ cortisol က ထၾကြ ပြားမ်ား လာၿပီး ကယ္လုိရီေတြ ေလာင္ကၽြမ္းေပးတဲ့ ၾကြက္သား ေတြကုိ ဖ်က္ဆီး လုိက္ပါတယ္၊ ၿပီးရင္ ဝမ္းဗုိက္ တစ္ဝိုက္မွာ အဆီေတြ သုိေလာင္ေအာင္ ဖန္တီး လုိက္ပါတယ္။

ဒါေၾကာင့္ စိတ္ဖိစီးမႈက အဓိက ရွင္းလင္းရမယ့္ ဆရာၾကီး ဆုိပါေတာ့။

စိတ္ဖိစီးမႈ ဆုိတာကလဲ ေနရထုိင္ရ အဆင္ မေျပမႈ ႀကီးမား လာတာနဲ႔ ေရာက္ေရာက္ လာတတ္ တာပါ။

အေၾကာင္းရင္း ဗဟုသုတကုိ အရင္ မရွာဘဲနဲ ႔ ဒီအတုိင္း ပိန္ေအာင္ စားေန က်ထက္ အစား ေလ်ွာ့စားတာ။ ညစာ လံုးလံုး မစား တာမ်ိဳး ေတြက စိတ္ဖိစီးမႈကုိ အဆုိးဆံုး အဆင့္ထိ ျဖစ္ေစ ပါလိမ့္မယ္။

ဗုိက္ဆာေလ..စားဖုိ႔ သီးခံေန ရေလေလ..စိတ္ဖိစီးေလ။ စိတ္ဖိစီးေလ cortisol ျမင့္ၿပီး ဗုိက္အဆီ စုေလ ျဖစ္မွာပါ။

အဲဒီေတာ့ ကုိယ့္မွာေတာ့ သီးခံၿပီး အစာ မစားဘဲ ေနလုိက္ရ ေပမယ့္ ဗုိက္ပူပူေလးက မေျပာင္းမလဲ က်န္ေနတာ မ်ိဳးေတြ ၾကံဳပါလိမ့္မယ္။

အဲေတာ့ အခုေဖာ္ျပမယ့္ ၆ခ်က္(လံုး)ကုိ လုိက္နာပါ။

အသိဥာဏ္ၾကီးၾကီးနဲ႔ ဗုိက္အဆီကုိေအာင္ျမင္စြာ ခ်ႏုိင္သူ အျဖစ္ခံယူပါ။

အခ်က္၆ခ်က္က ဘာေတြလဲ မွတ္သားၾကရေအာင္-

၁။ ။ အိပ္စက္ပါ။
ညဥ္႔နက္တဲ့ အထိကုိ မအိပ္ဘဲ ေနဦးမယ္ ဆုိရင္ သင္ေသခ်ာ ျပန္စဥ္းစားပါ။ အိပ္ေရး မဝဘူးဆုိရင္ ပင္ပန္းေနၿပီး. အခ်ိဳနဲ႔ အျခား အဆီ တက္ေစမယ့္ အစာေတြကုိ
ခႏၶာကုိယ္က ေတာင့္တ ေစပါမယ္။ ၿပီးေတာ့ အိပ္ေရး မဝတာဟာ ခုနကေျပာခဲ့တဲ့ cortisolေတြကုိ ျမင့္ေစ ပါေသးတယ္။

ဒါေၾကာင့္ အိပ္စက္ဖုိ႔ ကုိ နံပါတ္ ၁ ေျပာရ တာပါ။ တညကုိ ၇နာရီအိပ္ တာ အေကာင္း ဆံုးပါပဲ။

၂။ ။ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။
တညကုိ အိပ္ထ မတင္ ေလ့က်င့္ခန္း အခါ ၁၀၀၀ ေလာက္လုပ္တယ္ ဆုိရင္ ဗုိက္ၾကြက္သားေတြ တက္လာ ေစမွာမွာပါ။ ဒါေပမယ့္ အဲဒီေပၚ မွာေတာ့ အဆီ တလႊာက အရင္အတုိင္းက်န္ေန ပါဦးမယ္။ အဲဒီ အိပ္ထမတင္ နည္းလမ္းေတြထက္ စာရင္ ေနရာအႏွ႔ံက ၾကြက္သားေတြ လုပ္ရွားတဲ့ ေလ့က်င့္ခန္း ကုိသာ လုပ္ဖုိ႔ တုိက္တြန္း ခ်င္ပါတယ္။

လမ္းေလ်ွာက္တာ ေျပးတာမ်ိဳး ဆုိရင္ ေကာင္းပါတယ္။ အျပင္မထြက္ႏုိင္လုိ႔ အခန္းထဲမွာပဲ ေလ့က်င့္ခန္း လုပ္ခ်င္တယ္ ဆုိရင္ Planking ဆုိတဲ့ ေလ့က်င့္ခန္းမ်ိဳး လုပ္ပါ။ Planking ဆုိတာ ခႏၶာကုိယ္ကုိ ေမွာက္ရက္ ေနျပီး တံေတာင္ဆစ္၊ ေျခဖ်ားထိပ္နဲ႔ ေထာက္ထားျပီး လုပ္တာမ်ိဳးပါ။ သိခ်င္သူမ်ား အတြက္ ကုိယ္တုိင္ အင္တာနက္မွာ ရွာၾကည့္ႏုိင္ သလုိ အခြင့္သင့္ ရင္ ဗီဒီယို္ တင္ေပး ပါ့မယ္။

၃။ ။သၾကားကုိ ရန္သူလုိ႔မွတ္ပါ။
ဗုိက္အဆီကုိ တုိက္ဖ်က္ရာမွာ အစား ဆင္ျခင္တာက ၈၀ ရာခုိင္ႏႈန္း၊ ေလ့က်င့္ ခန္းက ၂၀ ရာခုိင္ႏႈန္းနဲ႔ တုိက္ခုိက္ ရတယ္ဆုိတာ သေဘာေပါက္ ေနဖုိ႔ လုိပါတယ္။
ေလ့က်င့္ခန္းပဲ လုပ္ၿပီး အစားအေသာက္ ဂရုမစုိက္ရင္ အလကားပါပဲ။ က်န္းမာေရး မညီညြတ္တဲ့ သေရစာထက္ စာရင္ အသားဓာတ္၊ ဟင္းသီး ဟင္းရြက္၊ အေစ့အစံ ေတြကုိ အစားထုိးပါ။

ဥပမာ..အခ်ိဳတစ္ခုခုေတာင့္တေနရင္ ခ်ိဳတဲ့ သဘာဝ အသီးကုိ စားပါ။ ေကာ္ဖီေသာက္ရင္ သၾကား မပါသေလာက္ကုိ သံုး ပါ။ ဒါမွမဟုတ္ ကယ္လိုရီေလွ်ာ့ ထားတဲ့ သၾကားရွိရင္ အဲဒါကုိ သံုးပါ။

၄။ ။ဗီတာမင္ C လုိအပ္ ပါတယ္။
သင္ စိတ္ဖိစီးမႈ ႀကီးစုိး လာရင္ cortisol ေတြ ထုတ္လႊတ္ေတာ့ တာပါပဲ။ ဗီတာမင္C က cortisol ေတြကုိ အလြန္အကၽြံ မျဖစ္ရေအာင္ ထိန္းပါ လိမ့္မယ္။ ဗီတာမင္ C ရဲ့ ေနာက္ထပ္ ေကာင္းတဲ့ အခ်က္က ဖ်ားနာျခင္း ကိုလဲ ကာကြယ္ တတ္ပါေသးတယ္။ ဒါေၾကာင့္ စိတ္ဖိစီး လြန္းလာရင္ ဗီတာမင္ C စားသံုးမႈကုိ ျမွင့္ထားပါ။ ဗီတာမင္စီ မွာနာမည္ၾကီး တာကေတာ့ လိေမၼာ္သီးပါ။ ပန္းငရုတ္ပြ၊ ကုိက္လန္ နဲ႔ ကီဝီသီးကုိ လဲ စားၾကည့္ပါ။ အဲဒီ့သံုးခုက နာမည္ၾကီး လိေမၼာ္သီး ထက္ေတာင္ ဗီတာမင္ C ေတြပါေန ပါတယ္။

၅။ ။အဆီစားပါ။
ဟုတ္ပါတယ္။ မွားဖတ္မိတာမဟုတ္ပါဘူး အဆီစားပါလုိ႔ ေျပာတာပါ။ အဆီပုိေတြ ေလာင္ကၽြမ္းဖုိ႔ အဆီဓာတ္လုိပါတယ္။ အထက္မွာေျပာခဲ့သလုိ သၾကားက အဆီပုိေတြျဖစ္ေစပါတယ္။ အဆီဓာတ္ကုိ မရေစပါဘူး။ အဆီဓာတ္ (ေကာင္းတဲ့ အဆီဓာတ္ Omega 3) က ဘယ္က ရသလဲဆုိရင္ ေဆာ္လမြန္ငါး၊
ေထာပတ္သီး နဲ႔ သစ္ၾကား သီးေတြက ရႏုိင္ ပါတယ္။ ဒါေၾကာင့္ အဆီဓာတ္(Omega 3)လဲ စားသံုးဖုိ႔လုိက္နာပါ။

၆။ ။အသက္ရႈႏႈန္း ကုိမျမန္ေအာင္ေနပါ။
ဝင္သက္ ထြက္သက္ကုိ ခပ္ရွည္ရွည္ ထားတာဟာ အလြန္ လြယ္ကူ လွပါတယ္။ အလုပ္လဲ မပ်က္ ပါဘူး။ စိတ္ေတြ တင္းၾကပ္ လာတယ္။ စိတ္ဖိစီးလြန္း လာတယ္ ဆုိရင္ ဝင္သက္ ထြက္သက္ ေတြ အလြန္တုိလြန္း ျမန္လြန္းေန တတ္ပါတယ္။

ဝင္သက္ ထြက္သက္မွာ သတိေလးနဲ႔ ထားႏုိင္မယ္ ဆုိရင္ ဝမ္းဗုိက္ေရာ ကုိယ့္ကိုယ္ ကုိေရာကုိ အလြန္ တရာ သက္ေတာင့္ သက္သာ အေျခအေနမွာ ထားႏုိင္ ပါလိမ့္မယ္။ ဝင္သက္ (ရႈသြင္းျခင္း) ထက္ ထြက္သက္ (ရႈထုတ္ျခင္း) ကုိ ခပ္ရွည္ရွည္ ထားျခင္းဟာ အေကာင္းဆံုး အေျခအေနပါပဲ။ ဒါဟာ ကုိယ့္ကုိယ္ကုိ တင္းၾကပ္မႈ ကေန သက္သာေစျပီး..စိတ္ဝင္းစားဖြယ္ အက်ိဳးကုိ ေပးပါလိမ့္မယ္။

ကဲ အခုေျပာ ခဲ့တဲ့ အခ်က္ေတြ အကုန္လံုးကုိ ယေန႔က စျပီး အကုန္ လုိက္နာ ၾကည့္ပါ။ ေအာင္ျမင္ ပါလိမ့္မယ္။ ဖန္တရာေထေအာင္ ၾကားဖူးေနက် အခ်က္ေတြနဲ႔ ကြာျခားေကာင္း ကြာျခားႏုိင္ေပမယ့္ ယခုအခ်က္ေတြဟာ အလြန္ရုိးရွင္းျပီး..အ့ံၾသဖြယ္အက်ိဳးကုိေပးမွာပါ။ ဇြဲနဲ႔ မေဖာက္ မျပား လုိက္နာ ဖုိ႔ေတာ့လုိပါတယ္။ အားလံုး ဗုိက္အဆီပုိကို ေအာင္ျမင္စြာ တုိက္ထုတ္ႏုိင္ပါေစ။

PS. အိပ္ထမတင္ အခါ ၁၀၀၀ မလုပ္သင့္ပါ။ စကားအျဖစ္ေျပာတာပါ။ အခါ ၁၀၀၀ လုပ္မယ့္အစား တကုိယ္လံုးလႈပ္ရွား တဲ့ ေလ့က်င့္ခန္း တစ္မ်ိဳး ကုိလည္း လုပ္ပါလုိ႔ ေျပာျခင္းပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  က်န္းမာေရးဗဟုသုတ
#Unicode Version#
ဗိုက်
အဆီ တွေဟာ ခန္ဓာကိုယ် တခုလုံးမှာ ဘေးရန် အပေးဆုံးပါ။

အလှပျက်တယ် ဆိုတာထက် တုတ်နေသော ခါး (ပူနေသောဗိုက်) ဟာ ရောဂါ ဖြစ်လွယ်တဲ့ လက္ခဏာ ပိုင်ဆိုင်သူလို့ ခေါ်လို့တောင် ရပါတယ်။

အဲဒီတော့ ကျန်းမာ ပေါ့ပါး ချင်သူတိုင်း ဗိုက် အဆီလျှော့ဖို့ စဉ်းစား သင့်တယ် ဆိုပါတော့။

ဒီနေရာမှာ အိပ်ထမတင် လုပ်ရုံ နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဗိုက် အဆီက ဘယ်လို စုလာတယ် ဆိုတာကို သဘောပေါက် သွားရင်တော့ ချက်ကောင်းကို မိသွားမှာပါ။ တကိုယ်လုံးက အဲလောက် မဝတာတောင် ဗိုက်က ပုံ့ပုံု့ကလေး ပူနေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြ ပါ့မယ်။

ဆေးပညာ ပညာရပ် ဆိုင်ရာ စကားနည်းနည်း ပါပေမယ့်။ ဒီနှစ်ကြောင်းလောက် ကိုတော့ အနည်းငယ် သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတ မပါဘဲ အဆီကျဖို့ နည်းလမ်း မသိနိုင် လို့ပါ။)

အကြောင်းရင်း -


ကျွန်ုပ်တို့ ကိုယ်ထဲမှာ ရှိတဲ့ cortisol level (ကော့တစ်ဆို ပမာဏ) မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့ တာပါပဲ။ အဲဒိ cortisol က ဘာလို့ မြင့်လာ တာလဲ၊?

အဓိက တရားခံကို ပြခိုင်း ရင်တော့ စိတ်ဖိစီးမှုလို့ ပြောရမှာပါ။

လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင် ဆက်ဆံရေး..တစ်ခု ခုကြောင့် စိတ်ဖိစီး နေပြီဆိုရင် cortisol က ထကြွ ပွားများ လာပြီး ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ကြွက်သား တွေကို ဖျက်ဆီး လိုက်ပါတယ်၊ ပြီးရင် ဝမ်းဗိုက် တစ်ဝိုက်မှာ အဆီတွေ သိုလောင်အောင် ဖန်တီး လိုက်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုက အဓိက ရှင်းလင်းရမယ့် ဆရာကြီး ဆိုပါတော့။

စိတ်ဖိစီးမှု ဆိုတာကလဲ နေရထိုင်ရ အဆင် မပြေမှု ကြီးမား လာတာနဲ့ ရောက်ရောက် လာတတ် တာပါ။

အကြောင်းရင်း ဗဟုသုတကို အရင် မရှာဘဲနဲ့ ဒီအတိုင်း ပိန်အောင် စားနေ ကျထက် အစား လျှော့စားတာ။ ညစာ လုံးလုံး မစား တာမျိုး တွေက စိတ်ဖိစီးမှုကို အဆိုးဆုံး အဆင့်ထိ ဖြစ်စေ ပါလိမ့်မယ်။

ဗိုက်ဆာလေ..စားဖို့ သီးခံနေ ရလေလေ..စိတ်ဖိစီးလေ။ စိတ်ဖိစီးလေ cortisol မြင့်ပြီး ဗိုက်အဆီ စုလေ ဖြစ်မှာပါ။

အဲဒီတော့ ကိုယ့်မှာတော့ သီးခံပြီး အစာ မစားဘဲ နေလိုက်ရ ပေမယ့် ဗိုက်ပူပူလေးက မပြောင်းမလဲ ကျန်နေတာ မျိုးတွေ ကြုံပါလိမ့်မယ်။

အဲတော့ အခုဖော်ပြမယ့် ၆ချက်(လုံး)ကို လိုက်နာပါ။

အသိဉာဏ်ကြီးကြီးနဲ့ ဗိုက်အဆီကိုအောင်မြင်စွာ ချနိုင်သူ အဖြစ်ခံယူပါ။

အချက်၆ချက်က ဘာတွေလဲ မှတ်သားကြရအောင်-

၁။ ။ အိပ်စက်ပါ။
ညဉ့်နက်တဲ့ အထိကို မအိပ်ဘဲ နေဦးမယ် ဆိုရင် သင်သေချာ ပြန်စဉ်းစားပါ။ အိပ်ရေး မဝဘူးဆိုရင် ပင်ပန်းနေပြီး. အချိုနဲ့ အခြား အဆီ တက်စေမယ့် အစာတွေကို
ခန္ဓာကိုယ်က တောင့်တ စေပါမယ်။ ပြီးတော့ အိပ်ရေး မဝတာဟာ ခုနကပြောခဲ့တဲ့ cortisolတွေကို မြင့်စေ ပါသေးတယ်။

ဒါကြောင့် အိပ်စက်ဖို့ ကို နံပါတ် ၁ ပြောရ တာပါ။ တညကို ၇နာရီအိပ် တာ အကောင်း ဆုံးပါပဲ။

၂။ ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တညကို အိပ်ထ မတင် လေ့ကျင့်ခန်း အခါ ၁၀၀၀ လောက်လုပ်တယ် ဆိုရင် ဗိုက်ကြွက်သားတွေ တက်လာ စေမှာမှာပါ။ ဒါပေမယ့် အဲဒီပေါ် မှာတော့ အဆီ တလွှာက အရင်အတိုင်းကျန်နေ ပါဦးမယ်။ အဲဒီ အိပ်ထမတင် နည်းလမ်းတွေထက် စာရင် နေရာအနှံ့က ကြွက်သားတွေ လုပ်ရှားတဲ့ လေ့ကျင့်ခန်း ကိုသာ လုပ်ဖို့ တိုက်တွန်း ချင်ပါတယ်။

လမ်းလျှောက်တာ ပြေးတာမျိုး ဆိုရင် ကောင်းပါတယ်။ အပြင်မထွက်နိုင်လို့ အခန်းထဲမှာပဲ လေ့ကျင့်ခန်း လုပ်ချင်တယ် ဆိုရင် Planking ဆိုတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပါ။ Planking ဆိုတာ ခန္ဓာကိုယ်ကို မှောက်ရက် နေပြီး တံတောင်ဆစ်၊ ခြေဖျားထိပ်နဲ့ ထောက်ထားပြီး လုပ်တာမျိုးပါ။ သိချင်သူများ အတွက် ကိုယ်တိုင် အင်တာနက်မှာ ရှာကြည့်နိုင် သလို အခွင့်သင့် ရင် ဗီဒီယို တင်ပေး ပါ့မယ်။

၃။ ။သကြားကို ရန်သူလို့မှတ်ပါ။
ဗိုက်အဆီကို တိုက်ဖျက်ရာမှာ အစား ဆင်ခြင်တာက ၈၀ ရာခိုင်နှုန်း၊ လေ့ကျင့် ခန်းက ၂၀ ရာခိုင်နှုန်းနဲ့ တိုက်ခိုက် ရတယ်ဆိုတာ သဘောပေါက် နေဖို့ လိုပါတယ်။
လေ့ကျင့်ခန်းပဲ လုပ်ပြီး အစားအသောက် ဂရုမစိုက်ရင် အလကားပါပဲ။ ကျန်းမာရေး မညီညွတ်တဲ့ သရေစာထက် စာရင် အသားဓာတ်၊ ဟင်းသီး ဟင်းရွက်၊ အစေ့အစံ တွေကို အစားထိုးပါ။

ဥပမာ..အချိုတစ်ခုခုတောင့်တနေရင် ချိုတဲ့ သဘာဝ အသီးကို စားပါ။ ကော်ဖီသောက်ရင် သကြား မပါသလောက်ကို သုံး ပါ။ ဒါမှမဟုတ် ကယ်လိုရီလျှော့ ထားတဲ့ သကြားရှိရင် အဲဒါကို သုံးပါ။

၄။ ။ဗီတာမင် C လိုအပ် ပါတယ်။
သင် စိတ်ဖိစီးမှု ကြီးစိုး လာရင် cortisol တွေ ထုတ်လွှတ်တော့ တာပါပဲ။ ဗီတာမင်C က cortisol တွေကို အလွန်အကျွံ မဖြစ်ရအောင် ထိန်းပါ လိမ့်မယ်။ ဗီတာမင် C ရဲ့ နောက်ထပ် ကောင်းတဲ့ အချက်က ဖျားနာခြင်း ကိုလဲ ကာကွယ် တတ်ပါသေးတယ်။ ဒါကြောင့် စိတ်ဖိစီး လွန်းလာရင် ဗီတာမင် C စားသုံးမှုကို မြှင့်ထားပါ။ ဗီတာမင်စီ မှာနာမည်ကြီး တာကတော့ လိမ္မော်သီးပါ။ ပန်းငရုတ်ပွ၊ ကိုက်လန် နဲ့ ကီဝီသီးကို လဲ စားကြည့်ပါ။ အဲဒီ့သုံးခုက နာမည်ကြီး လိမ္မော်သီး ထက်တောင် ဗီတာမင် C တွေပါနေ ပါတယ်။

၅။ ။အဆီစားပါ။
ဟုတ်ပါတယ်။ မှားဖတ်မိတာမဟုတ်ပါဘူး အဆီစားပါလို့ ပြောတာပါ။ အဆီပိုတွေ လောင်ကျွမ်းဖို့ အဆီဓာတ်လိုပါတယ်။ အထက်မှာပြောခဲ့သလို သကြားက အဆီပိုတွေဖြစ်စေပါတယ်။ အဆီဓာတ်ကို မရစေပါဘူး။ အဆီဓာတ် (ကောင်းတဲ့ အဆီဓာတ် Omega 3) က ဘယ်က ရသလဲဆိုရင် ဆော်လမွန်ငါး၊
ထောပတ်သီး နဲ့ သစ်ကြား သီးတွေက ရနိုင် ပါတယ်။ ဒါကြောင့် အဆီဓာတ်(Omega 3)လဲ စားသုံးဖို့လိုက်နာပါ။

၆။ ။အသက်ရှုနှုန်း ကိုမမြန်အောင်နေပါ။
ဝင်သက် ထွက်သက်ကို ခပ်ရှည်ရှည် ထားတာဟာ အလွန် လွယ်ကူ လှပါတယ်။ အလုပ်လဲ မပျက် ပါဘူး။ စိတ်တွေ တင်းကြပ် လာတယ်။ စိတ်ဖိစီးလွန်း လာတယ် ဆိုရင် ဝင်သက် ထွက်သက် တွေ အလွန်တိုလွန်း မြန်လွန်းနေ တတ်ပါတယ်။

ဝင်သက် ထွက်သက်မှာ သတိလေးနဲ့ ထားနိုင်မယ် ဆိုရင် ဝမ်းဗိုက်ရော ကိုယ့်ကိုယ် ကိုရောကို အလွန် တရာ သက်တောင့် သက်သာ အခြေအနေမှာ ထားနိုင် ပါလိမ့်မယ်။ ဝင်သက် (ရှုသွင်းခြင်း) ထက် ထွက်သက် (ရှုထုတ်ခြင်း) ကို ခပ်ရှည်ရှည် ထားခြင်းဟာ အကောင်းဆုံး အခြေအနေပါပဲ။ ဒါဟာ ကိုယ့်ကိုယ်ကို တင်းကြပ်မှု ကနေ သက်သာစေပြီး..စိတ်ဝင်းစားဖွယ် အကျိုးကို ပေးပါလိမ့်မယ်။

ကဲ အခုပြော ခဲ့တဲ့ အချက်တွေ အကုန်လုံးကို ယနေ့က စပြီး အကုန် လိုက်နာ ကြည့်ပါ။ အောင်မြင် ပါလိမ့်မယ်။ ဖန်တရာထေအောင် ကြားဖူးနေကျ အချက်တွေနဲ့ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့် ယခုအချက်တွေဟာ အလွန်ရိုးရှင်းပြီး..အံ့သြဖွယ်အကျိုးကိုပေးမှာပါ။ ဇွဲနဲ့ မဖောက် မပြား လိုက်နာ ဖို့တော့လိုပါတယ်။ အားလုံး ဗိုက်အဆီပိုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါစေ။

PS. အိပ်ထမတင် အခါ ၁၀၀၀ မလုပ်သင့်ပါ။ စကားအဖြစ်ပြောတာပါ။ အခါ ၁၀၀၀ လုပ်မယ့်အစား တကိုယ်လုံးလှုပ်ရှား တဲ့ လေ့ကျင့်ခန်း တစ်မျိုး ကိုလည်း လုပ်ပါလို့ ပြောခြင်းပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  ကျန်းမာရေးဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top