ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ေျမာက္ဥကၠလာပၿမိဳ႕ နယ္တြင္ အမ်ိဳးသမီးတစ္ဦး၏ ေခါင္းကို႐ိုက္၍ လုယက္သူသံုးဦး ကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ငါးႏွစ္ က်ခံေစရန္ အေနာက္ပိုင္းခ႐ိုင္တရား႐ံုးက အမိန္႔ခ်မွတ္ ခဲ့သည္။

ေအာက္တုိဘာ ၁၁ ရက္က တရားခြင္တြင္ လူငယ္သံုးဦး၏ ထြက္ဆိုခ်က္မ်ားသည္ ေခါင္း ႐ိုက္လုယက္ခံရသည့္ တရားလို မထက္ထက္ထြန္းတင္သြင္းသည့္ မ်က္ျမင္သက္ေသမ်ား၏ ထြက္ ဆိုခ်က္မ်ားအေပၚ လႊမ္းမိုးႏိုင္ ျခင္းမရွိသည့္အျပင္ လူငယ္သံုးဦး ဘက္မွ တင္သြင္းသည့္ သက္ေသမ်ားသည္ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္းသာ ထြက္ဆုိႏိုင္ၿပီး အမႈကို မ်က္ျမင္ေတြ႕ျခင္းမရွိဟု ဒုခ႐ိုင္တရားသူႀကီးကေျပာသည္။

ျဖစ္စဥ္မွာ ၂၀၁၆ ဇန္နဝါရီ တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေက်ာက္ေရတြင္းမွတ္တိုင္၌လမ္း ေလွ်ာက္ေနေသာ အမ်ိဳးသမီးကို ဆုိင္ကယ္ျဖင့္ လူငယ္သံုးဦးက ဖုန္းလုသျဖင့္ အမ်ိဳးသမီးက ေအာ္ဟစ္အကူအညီေတာင္းရာ ၎တုိ႔က ေခါင္းကို႐ိုက္၍ ပိုက္ဆံအိတ္လုရန္ ႀကံရြယ္စဥ္ ပတ္ဝန္းက်င္ရွိ လူမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္း အမိန္႔ခ်စဥ္ အမႈျဖစ္စဥ္ကို တရားသူႀကီးက ထည့္သြင္းေျပာၾကားသည္။

 အမႈစတင္ျဖစ္ပြားစဥ္က တရားခံသံုးဦးအနက္ ေအာင္ သိုက္ႏွင့္ သီဟန္မင္းေဇာ္သည္ အသက္(၁၈)ႏွစ္ မျပည့္ေသး၍ တစ္ႏွစ္ေက်ာ္အၾကာ အမိန္႔ခ်မွတ္သည့္ ယခုအခ်ိန္မွသာ အသက္ ျပည့္ျခင္းျဖစ္ေၾကာင္း တရားခံ တစ္ဦး၏ဖခင္က ေျပာသည္။

 တရားခံ ထက္ေအာင္၊ ေအာင္သိုက္ႏွင့္ သီဟန္မင္းေဇာ္ တုိ႔ကို အမိန္႔ခ်မွတ္ခဲ့ေသာ ရာဇဝတ္ႀကီးပုဒ္မ ၃၉၄ သည္ လုယက္မႈကို က်ဴးလြန္ရာတြင္ မိမိအလိုအေလ်ာက္ နာက်င္ေစရန္ က်ဴးလြန္ပါက ထိုသူႏွင့္ ဖက္စပ္ပါဝင္သူတို႔ကို ျပစ္မႈထင္ရွားလွ်င္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ျဖစ္ေစ၊ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္ေၾကာင္း ရာဇသတ္ႀကီးဥပေဒ တြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
  မြောက်ဥက္ကလာပမြို့ နယ်တွင် အမျိုးသမီးတစ်ဦး၏ ခေါင်းကိုရိုက်၍ လုယက်သူသုံးဦး ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ် ခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က တရားခွင်တွင် လူငယ်သုံးဦး၏ ထွက်ဆိုချက်များသည် ခေါင်း ရိုက်လုယက်ခံရသည့် တရားလို မထက်ထက်ထွန်းတင်သွင်းသည့် မျက်မြင်သက်သေများ၏ ထွက် ဆိုချက်များအပေါ် လွှမ်းမိုးနိုင် ခြင်းမရှိသည့်အပြင် လူငယ်သုံးဦး ဘက်မှ တင်သွင်းသည့် သက်သေများသည် အကျင့်စာရိတ္တကောင်းမွန်ကြောင်းသာ ထွက်ဆိုနိုင်ပြီး အမှုကို မျက်မြင်တွေ့ခြင်းမရှိဟု ဒုခရိုင်တရားသူကြီးကပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ဇန်နဝါရီ တွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းမှတ်တိုင်၌လမ်း လျှောက်နေသော အမျိုးသမီးကို ဆိုင်ကယ်ဖြင့် လူငယ်သုံးဦးက ဖုန်းလုသဖြင့် အမျိုးသမီးက အော်ဟစ်အကူအညီတောင်းရာ ၎င်းတို့က ခေါင်းကိုရိုက်၍ ပိုက်ဆံအိတ်လုရန် ကြံရွယ်စဉ် ပတ်ဝန်းကျင်ရှိ လူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း အမိန့်ချစဉ် အမှုဖြစ်စဉ်ကို တရားသူကြီးက ထည့်သွင်းပြောကြားသည်။

 အမှုစတင်ဖြစ်ပွားစဉ်က တရားခံသုံးဦးအနက် အောင် သိုက်နှင့် သီဟန်မင်းဇော်သည် အသက်(၁၈)နှစ် မပြည့်သေး၍ တစ်နှစ်ကျော်အကြာ အမိန့်ချမှတ်သည့် ယခုအချိန်မှသာ အသက် ပြည့်ခြင်းဖြစ်ကြောင်း တရားခံ တစ်ဦး၏ဖခင်က ပြောသည်။

 တရားခံ ထက်အောင်၊ အောင်သိုက်နှင့် သီဟန်မင်းဇော် တို့ကို အမိန့်ချမှတ်ခဲ့သော ရာဇဝတ်ကြီးပုဒ်မ ၃၉၄ သည် လုယက်မှုကို ကျူးလွန်ရာတွင် မိမိအလိုအလျောက် နာကျင်စေရန် ကျူးလွန်ပါက ထိုသူနှင့် ဖက်စပ်ပါဝင်သူတို့ကို ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေ တွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top