Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: ဝေယံ
# Unicode Version ဖြင့် ဖတ်ပါ #
ကျွန်တော်ငယ်ငယ်ကရွာ ကျောင်းမှာတက်ခဲ့ရတာခင်ဗျ။ မိဘတွေက ဝန်ထမ်း တွေပါ။ ဝန်ထမ်း အိမ်ယာ ရှိတဲ့ ရပ်ကွက်ကြီးတစ်ခုလုံးကို ကျောက်တိုင်တွေထောင်ထားပြီး သံဆူး ကြိုးပတ်ထားပါတယ်။ အပြင်မှာ တော့ ရွာ ပေါ့ခင်ဗျာ။ကျောင်းသွား ရင်ရပ်ကွက်ဝန်းတံခါးကထွက်ရွာလမ်းကနေပြီး မူလတန်းကျောင်းလေးကို သွားရပါတယ်။ အဲဒီကျောင်းမှာ န ှစ်တန်းထိနေခဲ့တယ်ခင်ဗျ။ကျောင်းသ ွာ းတဲ့လ မ်း ရဲ့ဘေးမှာ ဈေ းဆိုင်နည်းနည်းနဲ့ မြန်မာ ဆေးဆရာ (ဗိန္နောဆရ ာ )တစ်ယောက်အ ိမ်ရ ှိပါတယ်။သူကဆေးဆရာဆိုပေမယ့် အောက်လမ်းဆရာလို့လူတွေက တိုးတိုးတိတ်တိတ်လက်ခံထားရသူဖြစ်ပါတယ်။ သူကလည်း တစ်ခါတစ်ခါ သမားဂုဏ်ပြတတ်ပါတယ်။ သူ့မှာ သမီးချည်းပဲလေး ယောက်ရှိတယ်ခင်ဗျ။ နို့ညှာကတော့ကျွန်တော်နဲ့အတန်းတူ၊ ကျွန်တော့ထက်တော့တစ်နှစ်ကြီးပါတယ်။
ဝန်ထမ်း ရပ်ကွက်ဆိုတော့မကြာခဏဆိုသလို ရာထူး အရ ဝန်ထမ်း အပြောင်းအရွှေ့တွေရှိတယ်ခင်ဗျ။ တစ်ရက်မှာ ရန်ကုန်က မိသားစုတစ်စု ေ ပြာင်းလာပါတယ်။ လူပျ ိုအပျု ိကြီး မောင်နှမသ ုံး ယောက်နဲ့ အသက်(၇၀ ) ကျော် မိဘတွေပါလာတယ်ခင်ဗျ။အစ်ကိုအကြီးဆုံးကဝန်ထမ်းပါ။ နေလာပြီး တစ်နှစ်လောက်ကြာတော့ အဘွာ း ကြီးက လူကြီးရောဂါနဲ့ဆုံးပါတယ်။အဘွ ားကြီးက သူတို့တစ်အိမ်ကျော်မှာ နေတဲ့ ( ၃) န ှစ်အရွယ်ကလေးလေးကို အတော်ချစ်တယ်ခင်ဗျ။
သူသေတော့မကျွတ်ပဲကလေးမြင်အောင်လဲ မကြာခဏပြပါတယ်။ကလေးမိဘတွေလဲသိတယ်ခင်ဗျ။ သိပ်မကြာလိုက်ဘူးကလေး လေးမှာ သွေးကင်ဆာ ရောဂါ ဖြစ်ပါတယ်။ ကလေးက တွေ့ရာ ကောက်စားတတ်တဲ့အ ရွယ်ဆိုတော့ ခြင်ဆေးခွေတွေကောက်စားမိရ ာကသွေးဆိပ်သင့်သွားတာပါ။ အမေလုပ်သူကအစွဲအလမ်းကြီးတဲ့သူဆိုတော့ သူ့ကလေးရောဂါဖြစ်တာ ဟိုအဖွာ း ကြီး ခေါ်ချင်လို့လုပ်တာဆိုပြီး အဲဒီမိသာ းစုကိုစိတ်ဆိုးကာ အပေါင်းအသင်းမလုပ်တော့ပါဘူး။
အဲဒီအန်တီက ဝန်ထမ်းလဲလုပ်ရင်းတစ်ဘက်ကလဲ ရသမျှငွေလေးတွေကိုကျစ်ကျစ်ပါ အောင်စုကာ ငွေတိုးချေးစာ းပါတယ်။ကလေး ရောဂါဖြစ်တဲ့အချိန်မှာတော့ ရှိသမျှ အကုန်ပုံအော ပြီး ကလေး အတွက် ကုန်ကျလိုက်တော့လက်ထဲမှာလဲငွေသိပ်မရှိတဲ့အချိန် ဗိန္နောဆရာ ရဲ့မိန်းမ သူတို့အိမ်ကို ငွေလာ ချေးပါတယ်။ ကလေးအတွက်စိတ်ဖိစီး နေတဲ့ အဲဒီအန်တီက ပိုက်ဆံမချေး နိုင်ကြောင်းမချေမငံပြန်ပြောလိုက်ေ တာ့၊ ဗိနေ ္နာဆရာ ရ ဲ့မိန်းမက မျက်စောင်းထိုးပြီး အိမ်ပေါ်ကဆင်းသွားပါတယ်။အိမ်အောက်ရောက်တော့ မကြားတကြာ းပြောသွာ းတာက ‘ ဒီလောက်လုပ်ခံရတာတောင် မမှတ်သေ းဘူး၊ထပ်နာချင်ပြီထင်တယ်’ ဆိုပြီးထွက်သွားပါတယ်။ ကလေးကို သူတို့နည်းလမ်းပေါင်းစုံသုံးပြီးကုပေမယ့် ရောဂါဖြစ်ပြီးတစ်နှစ်ကျော်အကြာမှာ ကလေးလေး ဆုံ းသွားပါတယ်။အမေကတော့ အရူးမီးဝိုင်း ပေါ့ခင်ဗျာ။
ကလေးဆုံးပြီးတော့ သတင်းမေးကြသူတွေထဲမှာ ရပ်ရွာ သတင်းမှန်သမျှ သယ်ပို့တတ်တဲ့အဒေါ်ကြီးတစ်ယောက်က ကလေးဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ကြောင်း။ လူပြုစားတာဆိုရင်သေရင်တောင်သူတို့ခိုင်းစာ းနိုင်ကြောင်း။ ကလေးဝိညာ ဉ်မှာ ကောင်းရာမွန်ရာ သို့မရောက်နိုင်ပဲ အစေခံသ ရဲမှင်စာလေး ဖြစ်သ ွားမှာစိုးရိမ်ကြောင်း စသည်ဖြင့်ပြောလာပါတယ်။ သာ းလေး သေထားတဲ့ဇောနဲ့ မိခင်စိတ်က သေပြီးတာ တောင်မလွတ်လပ်ဘူးဆိုတဲ့စကာ းမှာ ပူပန်စိတ်ကိုတိုးမြင့် ပေးလိုက်ပါတယ်။အဲဒါနဲ့ အသိတွေကို လိုက်မေး၊စုံစမ်း ရင်း ရှမ်းဘုန်းကြီးတစ်ပါး အောက်လမ်းတွေကို နိုင်တယ်ဆိုတဲ့သတင်းရ သွားပါရော။
ကျွန်တော့အမေကိုအကူအညီလာ တောင်းလို့ အမေနဲ့ အဲဒီအန်တီနဲ့အတူတူ ဘုန်း ကြီးကျောင်းကိုသွာ းပြီး မေးတော့ ဘုန်း ကြီးက ကလေးက ခိုင်းထားခံရတာ မှန်တယ်တဲ့။ သူကလေးကိုကယ်ပေးမယ်။ ဘယ်သူလုပ်တာလဲသိလာ း ၊ သိရော သိချင်လားလို့မေးပါတယ်။ အန်တီက ကလေးကို လွတ်အောင်လုပ်ပေးပါဘုရာ း ၊လုပ်တဲ့သူတွေကိုတော့ မသိချင်နေပါစေ၊ သူတို့လုပ်တဲ့ဒဏ်တော့ ပြန်ခံစေချင်တယ် လို့ပြောပါတယ်။ဘုန်းဘုန်းကတော့ဒဏ်ခတ်တာ သူ့အလုပ်မဟုတ်ဘူး သူ့ အကုသိုလ်နဲ့သူသွားလိမ့်မယ်ဆိုပြီး ကလေးအတွက်အစီအရင်လုပ်ပေးပါတယ်။ နောက်ဆုံးတော့ ကလေးကုသိုလ်ကြောင့် စေတီတစ်ဆူနားမှာ ရုက္ခစိုးဖြစ်နေပြီဆိုတာ အန်တီ့ကိုအသိပေးပါတယ်။
အဲဒီအန်တီတို့ ကလေးကိစ္စရှင်း ပြီးတဲ့တစ်ချိန်တည်းလိုလိုမှာ ဗိန္နောဆရ ာ အိမ်မှာ ထူးဆန်းတာ တွေဖြစ်ပါတယ်။ ဗိန္နောဆရာ ရဲ့သမီးအကြီးဆုံးက ထမင်းစားနေရင်းနဲ့ထမင်းနင်ပြီး နေရာမှာတင်သေပါတယ်။ အငယ်ဆုံးကလေးကတော့ ရူးသွ ားတယ်ခင်ဗျ ကျွန်တော်တို့ ကျောင်းပြန်တဲ့အချိန်မှာ သူတိုု့အိမ်ထဲကနေအငယ်မလေးပြေးထွက်လာတာ ၊ ရွာလမ်းကိုကျော်ပြီး ခြံစည်းရိုးသံဆူးကြိုး တွေကို မျက်နှာနဲ့ပြေး ခွေ့တာခင်ဗျ။ သွေးတွေကိုရဲနေတာပဲ။
ဆွဲလို့လဲမရဘူး အဲဒီလောက်သေး သေးလေးကို။ ခြံစည်း ရိုးမှာ ငြိနေလို့ တော်တော်ခက်ခက်ခဲခဲ ဖြေယူလိုက်ရတယ်။ ဒုတိယသမီးက သဘောမတူတဲ့ကောင်လေးနောက်ကို လိုက်ပြေးရာမှာ လမ်းမှာတင်ဆိုင်ကယ်မှောက်ပြီး မသန်မစွမ်းဖြစ်သွားပါတယ်။ သူတို့ အိမ်မီး လောင်ပါတယ်။ကံတွေဆက်တိုက်ဆိုးလာလိုက်တာ ၊ ကျွန်တော်မှတ်မိသလောက်ကျွန်တော် (၇)တန်းရောက်တဲ့ အချိန်မှာ သူတို့မိသားစု ကုန်းကောက်စရာမရှိအောင်ဆင်းရဲနေပါပြီ။
ကျွန်တော့သူငယ်ချင်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ကျေ ာင်းထွက်ပြီး ရန်ကုန်မှာ အထည်ချုပ်စက်ရ ုံမှာ ဝင်လုပ်ပြီး မိဘတွေကို ပြန်ထောက်ပံ့နေပါတယ်။ ရပ်ကွက်ထဲကလူတွေရဲ့သုံးသပ်ချက်ကတော့ သူများမိသာ းစုပျက်စီး အောင်အောက်လမ်းနည်းနဲ့လုပ်လို့ဒဏ်ပြန်ခံရတယ်လို့ဆိုပါတယ်။ နောက်ပြီးကလေးတွေကိုထိတာလဲပညာ ပြိုင်ရင်း ဖခင်ကိုမထိပဲ ကံနိမ့်တဲ့ကလေးတွေကိုထိတာလို့ပြော ကြတယ်ခင်ဗျ။ကျွန်တော်ကတော့ သူငယ်ချင်းတစ်ယောက်ဘ၀ ကျွမ်းထိုး မှောက်ခုံဖြစ်သွားတဲ့အပေါ်နှမြောတသ ဖြစ်မိရုံအပြင် မဝေဖန်တတ်ကြောင်းပါခင်ဗျာ........
ဖိုးသူတော် (www.phothutaw.com)
Credit: ဝေယံ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top