စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ကာစီႏို႐ံုေတြဟာ ႐ုပ္႐ွင္ေတြထဲမွာ ၾကည့္လိုက္တုိင္း လူေတြစည္ကားေနၿပီး စိတ္ဝင္စားစရာေကာင္းေနေလ့႐ွိပါတယ္။ ရံုထဲေရာက္သြားၿပီးရင္လည္း ေတာ္ေတာ္နဲ႔ ျပန္မထြက္ႏိုင္ေလာက္ေအာင္ စြဲလမ္းမိတဲ့ေနရာပါ။ ေလာင္းကစား ဝါသနာပါသူတုိင္းကို ကာစီႏိုရံုေတြက ဆြဲေဆာင္ေနပါတယ္။ ကမၻာေက်ာ္ ေလာင္းကစားၿမိဳ႕ေတာ္ေတြဆီ အလည္သြားရေအာင္ပါ။

၁။ Monte Carlo, Monaco

ဥေရာပရဲ႕ ကာစီႏို႐ံုေတြမွာ အေကာင္းဆံုးအျဖစ္ သတ္မွတ္ခံထားရၿပီး ၁၉ ရာစုမွာ ေလာင္းကစားျခင္းအေဆာက္အအံုေတြကို စတင္တည္ေထာင္ခဲ့တယ္။ မြန္တီကာလိုၿမိဳ႕ရဲ႕ ကာစီႏို႐ံုကို ကမၻာအႏွံ႔ကလူေတြ အၿမဲတမ္းလာေရာက္ၾကပါတယ္။ ဂ်ိမ္းစ္ဘြန္းဇာတ္ကားေတြထဲက Casino Royal ကို ႐ိုက္ခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။

၂။ Macau, China

မကာအိုကို တ႐ုတ္အစိုးရက အထူးအုပ္ခ်ဳပ္တဲ့ေဒသအျဖစ္ သတ္မွတ္ထားပါတယ္။ မကာအိုမွာ ကိုယ္ပိုင္ေငြေၾကးနဲ႔ ဥပေဒေရးရာစနစ္ေတြ ရွိပါတယ္။ ၾကြယ္ဝခ်မ္းသာတဲ့ေနရာျဖစ္ၿပီး အာ႐ွကသာမက ကမၻာ့အျခားႏုိင္ငံေတြကပါ လာေရာက္ေဆာ့ကစားၾကတယ္။ မကာအိုရဲ႕ အဓိကဝင္ေငြဟာ ကာစီႏိုလုပ္ငန္းက ရပါတယ္။

၃။ Las Vegas, USA

ကာစီႏိုနဲ႔ ေလာင္းကစားလို႔ ေျပာလိုက္တာနဲ႔ ကမၻာမွာ အေက်ာ္ၾကားဆံုးေနရာက လတ္စ္ဗီးဂတ္စ္ပါပဲ။ အေမရိကန္ျပည္ေထာင္စုမွာ "ေလာင္းကစားျခင္း" ဆုိတဲ့ စကားလံုးအတြက္ သေကၤတျပရာ ေနရာလည္းျဖစ္တယ္။ နီဗားဒါးသဲကႏၱာရထဲမွာ တည္ေထာင္ထားတဲ့ လတ္စ္ေဗးဂတ္စ္ဟာ အႀကီးဆံုးဟိုတယ္ေတြနဲ႔ ကာစီႏိုအပန္းေျဖစခန္းလည္းျဖစ္ပါတယ္။ ဘယ္ေတာ့မွ အိပ္စက္ျခင္းမရွိ အိုမင္းျခင္းမရွိတဲ့ေနရာလို႔လည္း ေခၚၾကတယ္။

၄။ Atlantic City, USA

အေမရိကန္ျပည္ေထာင္စုရဲ႕ နာမည္ေက်ာ္ ကာစီႏိုၿမိဳ႕ေတာ္ လတ္စ္ဗီးဂတ္စ္ၿပီးရင္ Atlantic City ဟာ အေမရိကရဲ႕ အေက်ာ္ၾကားဆံုး ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္ပါတယ္။ ဒီကိုလာသမွ်လူတုိင္းက ရည္ရြယ္ခ်က္တစ္ခုပဲရွိတယ္။ ေလာင္းကစား ျပဳလုပ္ဖုိ႔ပါတဲ့။

၅။ Singapore

စင္ကာပူမွာ ေလာင္းကစားျခင္းကို တရားဝင္ခြင့္ျပဳလုိက္တာ ႏွစ္သိပ္မၾကာေသးပါဘူး။ ဒါေပမဲ့ ကာစီႏုိကစားသူေတြရဲ႕ မ်က္စိက်ရာ ေနရာတစ္ခုအျဖစ္ လွ်င္လွ်င္ျမန္ျမန္ ျဖစ္လာခဲ့ပါတယ္။ ၃ ဧက က်ယ္တဲ့ Sky Park ကာစီႏိုရံုဟာ စင္ကာပူေရာက္ရင္ လူတုိင္းေရာက္ဖူးၾကည့္ခ်င္တဲ့ ေနရာတစ္ခုလည္းျဖစ္လာပါတယ္။

Source : Hangthebankers

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ရန္ #
ကာစီနိုရုံတွေဟာ ရုပ်ရှင်တွေထဲမှာ ကြည့်လိုက်တိုင်း လူတွေစည်ကားနေပြီး စိတ်ဝင်စားစရာကောင်းနေလေ့ရှိပါတယ်။ ရုံထဲရောက်သွားပြီးရင်လည်း တော်တော်နဲ့ ပြန်မထွက်နိုင်လောက်အောင် စွဲလမ်းမိတဲ့နေရာပါ။ လောင်းကစား ဝါသနာပါသူတိုင်းကို ကာစီနိုရုံတွေက ဆွဲဆောင်နေပါတယ်။ ကမ္ဘာကျော် လောင်းကစားမြို့တော်တွေဆီ အလည်သွားရအောင်ပါ။

၁။ Monte Carlo, Monaco

ဥရောပရဲ့ ကာစီနိုရုံတွေမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ၁၉ ရာစုမှာ လောင်းကစားခြင်းအဆောက်အအုံတွေကို စတင်တည်ထောင်ခဲ့တယ်။ မွန်တီကာလိုမြို့ရဲ့ ကာစီနိုရုံကို ကမ္ဘာအနှံ့ကလူတွေ အမြဲတမ်းလာရောက်ကြပါတယ်။ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲက Casino Royal ကို ရိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

၂။ Macau, China

မကာအိုကို တရုတ်အစိုးရက အထူးအုပ်ချုပ်တဲ့ဒေသအဖြစ် သတ်မှတ်ထားပါတယ်။ မကာအိုမှာ ကိုယ်ပိုင်ငွေကြေးနဲ့ ဥပဒေရေးရာစနစ်တွေ ရှိပါတယ်။ ကြွယ်ဝချမ်းသာတဲ့နေရာဖြစ်ပြီး အာရှကသာမက ကမ္ဘာ့အခြားနိုင်ငံတွေကပါ လာရောက်ဆော့ကစားကြတယ်။ မကာအိုရဲ့ အဓိကဝင်ငွေဟာ ကာစီနိုလုပ်ငန်းက ရပါတယ်။

၃။ Las Vegas, USA

ကာစီနိုနဲ့ လောင်းကစားလို့ ပြောလိုက်တာနဲ့ ကမ္ဘာမှာ အကျော်ကြားဆုံးနေရာက လတ်စ်ဗီးဂတ်စ်ပါပဲ။ အမေရိကန်ပြည်ထောင်စုမှာ "လောင်းကစားခြင်း" ဆိုတဲ့ စကားလုံးအတွက် သင်္ကေတပြရာ နေရာလည်းဖြစ်တယ်။ နီဗားဒါးသဲကန္တာရထဲမှာ တည်ထောင်ထားတဲ့ လတ်စ်ဗေးဂတ်စ်ဟာ အကြီးဆုံးဟိုတယ်တွေနဲ့ ကာစီနိုအပန်းဖြေစခန်းလည်းဖြစ်ပါတယ်။ ဘယ်တော့မှ အိပ်စက်ခြင်းမရှိ အိုမင်းခြင်းမရှိတဲ့နေရာလို့လည်း ခေါ်ကြတယ်။

၄။ Atlantic City, USA

အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကျော် ကာစီနိုမြို့တော် လတ်စ်ဗီးဂတ်စ်ပြီးရင် Atlantic City ဟာ အမေရိကရဲ့ အကျော်ကြားဆုံး လောင်းကစားမြို့တော်ဖြစ်ပါတယ်။ ဒီကိုလာသမျှလူတိုင်းက ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ လောင်းကစား ပြုလုပ်ဖို့ပါတဲ့။

၅။ Singapore

စင်ကာပူမှာ လောင်းကစားခြင်းကို တရားဝင်ခွင့်ပြုလိုက်တာ နှစ်သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ ကာစီနိုကစားသူတွေရဲ့ မျက်စိကျရာ နေရာတစ်ခုအဖြစ် လျှင်လျှင်မြန်မြန် ဖြစ်လာခဲ့ပါတယ်။ ၃ ဧက ကျယ်တဲ့ Sky Park ကာစီနိုရုံဟာ စင်ကာပူရောက်ရင် လူတိုင်းရောက်ဖူးကြည့်ချင်တဲ့ နေရာတစ်ခုလည်းဖြစ်လာပါတယ်။

Source : Hangthebankers

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top