Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေၾကာျပတ္ရာ ဆိုတာ အႏၱရာယ္ မရွိတဲ့ အေရျပား ျပႆနာတစ္ခုပါ ။ ခႏၶာကိုယ္ အရြယ္အစား ေျပာင္းလဲမႈေၾကာင့္ အေရျပား ေပၚမွာ ျဖစ္ေပၚလာတဲ့ အမွတ္ရာေတြပဲ ျဖစ္ပါတယ္ ။ အမ်ားအားျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ မွာ ျဖစ္တတ္ျပီး ဝမ္းဗိုက္ ၊ရင္သား ၊ေပါင္ ၊ လက္ေမာင္းနွင့္ တင္ပါး ေနရာေတြမွာ အေၾကာျပတ္ရာ မ်ား ျဖစ္ေပၚတတ္ပါတယ္ ။

အေၾကာျပတ္ရာ မ်ားဟာ ခႏၶာကိုယ္ အေလးခ်ိန္ ေျပာင္းလဲမႈ ၊ ကိုယ္ခႏၶာ က်န္းမာၾကံ့ခိုင္ေအာင္ ျပဳလုပ္ေနခ်ိန္ (သို႔) ေဟာ္မုန္းေျပာင္းလဲမႈ စသည္တို႔ေၾကာင့္ အေရျပား က်ံဳနိုင္ဆန္႔နိုင္အား တရွိန္ထိုး ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲမႈ ျဖစ္သြားပါတယ္ ။ဒီလိုျဖစ္သြားတဲ့အခါ အေၾကာျပတ္ရာ ေတြဟာ ခႏၶာကိုယ္ မွာ အစင္းရာမ်ားျဖင့္ အနီ နွင္ ့အျဖဴဆန္ဆန္အေရာင္ဆိုျပီး မတူညီတဲ့ အေရာင္ ၊အေနအထားျဖင့္ ကြဲျပားစြာ ျဖစ္ေပၚလာတတ္ပါတယ္ ။

 အနီေရာင္ အေၾကာျပတ္ရာ မ်ားဟာ အေရျပား မွာ ရုတ္တရက္ ျဖစ္လာတတ္တဲ့ အရာပါ ။ ဒီအရာဟာ စျဖစ္ျဖစ္ခ်င္းမွာ လတ္ဆတ္မႈ ရွိေနပါတယ္ ။ ေသြးေၾကာရာ မ်ားဟု ထိတ္လန္႔ဖြယ္ ျမင္ေတြ႕ရေသာ္လည္း စင္စစ္အားျဖင့္ အနီေရာင္ အစင္းရာ တစ္ခုသာ ျဖစ္ပါတယ္ ။ ဒီလို အနီေရာင္ အေၾကာျပတ္ရာ ျဖစ္ျဖစ္ခ်င္း အေနအထားမွာ collagen ပါဝင္တဲ့ ခရင္မ္မ်ားျဖင့္ လိမ္းျပီးကုသလွ်င္ ျမန္ျမန္ ေပ်ာက္ကင္းေစနိုင္ပါတယ္ ။ ေလဆာ ကုသမႈမ်ားျဖင့္လည္း ကုသလို႔လြယ္တဲ့ အေနအထားမ်ိဳး တစ္ခုျဖစ္ပါတယ္ ။

အျဖဴေရာင္ အေၾကာျပတ္ရာ မ်ားကေတာ့ ခႏၶာကိုယ္ မွာ အခ်ိန္ေတာ္ေတာ္ၾကာအထိ တည္ရွိေနတတ္ပါတယ္ ။ အျဖဴေရာင္ (သို႔ ) ေငြေရာင္ မက်တက် အေၾကာျပတ္ရာ ေတြဟာ ခရင္မ္မ်ားလိမ္းျပီး ေပ်ာက္ကင္းေအာင္ လုပ္လို႔ မရနိုင္ပါဘူး။ ေဆးပညာဆိုင္ရာ ကုသနည္း မ်ားရွိေသာ္လည္း အေရျပားမွာ collagen မ်ား ျပန္လည္တည္ေဆာက္နိုင္ဖို႔ သိပ္မလြယ္ပါဘူး။ အရွင္းေပ်ာက္သြားဖို႔ သိပ္မလြယ္ကူလွေပမယ့္ Excimer Laser ကုသနည္းက အေၾကာျပတ္ရာ အေရာင္ ကို ေမွးမွိန္လာေစနိုင္ပါတယ္ ။ အျဖဴေရာင္ အေၾကာျပတ္ရာေတြဟာ ေပ်ာက္ဖို႔ခဲယဥ္းတ့ဲ အရာျဖစ္ျပီး ယခုအခ်ိန္ထိလည္း ျပည့္စံုတဲ့ ကုသမႈ မေတြ႕ရွိေသးဘူးလို႔ ဆိုပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အကြောပြတ်ရာ ဆိုတာ အန္တရာယ် မရှိတဲ့ အရေပြား ပြဿနာတစ်ခုပါ ။ ခန္ဓာကိုယ် အရွယ်အစား ပြောင်းလဲမှုကြောင့် အရေပြား ပေါ်မှာ ဖြစ်ပေါ်လာတဲ့ အမှတ်ရာတွေပဲ ဖြစ်ပါတယ် ။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန် မှာ ဖြစ်တတ်ပြီး ဝမ်းဗိုက် ၊ရင်သား ၊ပေါင် ၊ လက်မောင်းနှင့် တင်ပါး နေရာတွေမှာ အကြောပြတ်ရာ များ ဖြစ်ပေါ်တတ်ပါတယ် ။

အကြောပြတ်ရာ များဟာ ခန္ဓာကိုယ် အလေးချိန် ပြောင်းလဲမှု ၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်အောင် ပြုလုပ်နေချိန် (သို့) ဟော်မုန်းပြောင်းလဲမှု စသည်တို့ကြောင့် အရေပြား ကျုံနိုင်ဆန့်နိုင်အား တရှိန်ထိုး မြန်မြန်ဆန်ဆန် ပြောင်းလဲမှု ဖြစ်သွားပါတယ် ။ဒီလိုဖြစ်သွားတဲ့အခါ အကြောပြတ်ရာ တွေဟာ ခန္ဓာကိုယ် မှာ အစင်းရာများဖြင့် အနီ နှင့်အဖြူဆန်ဆန်အရောင်ဆိုပြီး မတူညီတဲ့ အရောင် ၊အနေအထားဖြင့် ကွဲပြားစွာ ဖြစ်ပေါ်လာတတ်ပါတယ် ။

 အနီရောင် အကြောပြတ်ရာ များဟာ အရေပြား မှာ ရုတ်တရက် ဖြစ်လာတတ်တဲ့ အရာပါ ။ ဒီအရာဟာ စဖြစ်ဖြစ်ချင်းမှာ လတ်ဆတ်မှု ရှိနေပါတယ် ။ သွေးကြောရာ များဟု ထိတ်လန့်ဖွယ် မြင်တွေ့ရသော်လည်း စင်စစ်အားဖြင့် အနီရောင် အစင်းရာ တစ်ခုသာ ဖြစ်ပါတယ် ။ ဒီလို အနီရောင် အကြောပြတ်ရာ ဖြစ်ဖြစ်ချင်း အနေအထားမှာ collagen ပါဝင်တဲ့ ခရင်မ်များဖြင့် လိမ်းပြီးကုသလျှင် မြန်မြန် ပျောက်ကင်းစေနိုင်ပါတယ် ။ လေဆာ ကုသမှုများဖြင့်လည်း ကုသလို့လွယ်တဲ့ အနေအထားမျိုး တစ်ခုဖြစ်ပါတယ် ။

အဖြူရောင် အကြောပြတ်ရာ များကတော့ ခန္ဓာကိုယ် မှာ အချိန်တော်တော်ကြာအထိ တည်ရှိနေတတ်ပါတယ် ။ အဖြူရောင် (သို့ ) ငွေရောင် မကျတကျ အကြောပြတ်ရာ တွေဟာ ခရင်မ်များလိမ်းပြီး ပျောက်ကင်းအောင် လုပ်လို့ မရနိုင်ပါဘူး။ ဆေးပညာဆိုင်ရာ ကုသနည်း များရှိသော်လည်း အရေပြားမှာ collagen များ ပြန်လည်တည်ဆောက်နိုင်ဖို့ သိပ်မလွယ်ပါဘူး။ အရှင်းပျောက်သွားဖို့ သိပ်မလွယ်ကူလှပေမယ့် Excimer Laser ကုသနည်းက အကြောပြတ်ရာ အရောင် ကို မှေးမှိန်လာစေနိုင်ပါတယ် ။ အဖြူရောင် အကြောပြတ်ရာတွေဟာ ပျောက်ဖို့ခဲယဉ်းတဲ့ အရာဖြစ်ပြီး ယခုအချိန်ထိလည်း ပြည့်စုံတဲ့ ကုသမှု မတွေ့ရှိသေးဘူးလို့ ဆိုပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top