Golden City Promotion
×

သ၀င်တိုတယ်ဆိုတာ ချစ်မှ သ၀င်တိုလို့ရတာပါ။ ဒီတော့ ချစ်လို့သ၀င်တိုတယ်ဆိုတာ အပြစ်မဟုတ်ပါဘူး။

သ၀င်တိုလို့ ပြသနာရှာတယ်ဆိုရင်တော့ သင့်အမှားဖြစ်သွားပြီ။

သ၀င်တိုတယ်ဆိုတာ ချစ်သူတွေအတွက် ချစ်စရာကောင်းတဲ့ အပြုအမူပါ။
ကိုယ်ကလဲ ချစ်လို့သ၀င်တိုတာဖြစ်သလို ကိုယ့်ချစ်သူကလဲ သ၀င်တိုခံရတဲ့အတွက် ကြည်နူးရပါတယ်။

ဒါပေမယ့် သ၀င် အတိုမတတ်ရင် ဒါမှမဟုတ် သ၀င်တိုလွန်းသွားရင်တော့ ပြသနာတွေဖြစ်လာပါတယ်။

သ၀င်တိုပြီး ချူပ်ချယ်တာတွေ၊ ရစ်တာတွေ၊ စွပ်စွဲတာတွေ၊ ပြသနာရှာတာတွေဖြစ်လာရင်တော့ သင်ကော သင့်ချစ်သူကော စိတ်ညစ်စရာရက်တွေ ဖြတ်သန်းရတော့မယ်။ ဒါကလဲ သင် သံသယတွေဖြစ်ပြီး သင်္ကာမကင်းကိစ္စတွေကြောင့် လုပ်မိတာဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဲလိုဖြစ်နေရင်တောင် သင်ပါးပါးနပ်နပ်ပဲဖြေရှင်းသင့်တယ်။ သူ့အပေါ် ပြသနာရှာတာတွေမလုပ်ဘဲနဲ့ သင်သ၀င်တိုတဲ့သူနဲ့ သင့်ချစ်သူနဲ့ တကယ်ပဲဇာတ်လမ်းတွေရှိနေလား?၊

သင်ပဲ အထင်တွေမှားနေတာလားဆိုတာ သင်သေချာစုံစမ်းရပါမယ်။

တချို့မိန်းကလေးတွေက ဘာမှမဟုတ်တဲ့ဟာကိုလဲ သ၀င်တိုပြီး လိုက်ချူပ်ချယ်တဲ့အခါ သူရဲ့Privacyတွေပါ ထိခိုက်လာတတ်ပါတယ်။ ဘယ်သူမှ လှောင်အိမ်ထဲမှာ တချိန်လုံး မနေနိုင်ဘူးဆိုတာ သင်သိထားပါ။

သူတို့က ရိုးရိုးသားသားဖြစ်နေတာကို သင်က အတင်းတွေ သ၀င်တွေတိုပြ ပြသနာရှာရင် အခန့်မသင့်ရင် သင်လုပ်မှ သူ့အပေါ်စိတ်ယိုင်သွားတာမျိုး၊  ရွဲ့တတ်တဲ့သူဆို သူ့နောက်တကယ်ပါသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

မဟုတ်ဘဲနဲ့စွပ်စွဲခံရတာကို ဘယ်သူမှသည်းမခံနိုင်ဘူးဆိုတာ သင်မမေ့ပါနဲ့။ အထူးသဖြင့် ယောက်ျားတွေအတွက် သူတို့ရဲ့မာနကို ထိခိုက်စေပါတယ်။

ဒီတော့ မိန်းကလေးတွေကို အကြံပေးချင်တာက ချစ်ဖို့ကောင်းအောင်ပဲ သ၀င်တိုသင့်ပါတယ်။ သ၀င်တိုတယ်ဆိုပြီး ကိုယ့်ချစ်သူအပေါ် မလုပ်သင့်တာတွေကို မလုပ်မိစေဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်ချစ်သူကို ချစ်စဖွယ်ကောင်းအောင် သ၀င်တိုနိုင်ကြပါစေ။

ဆောင်းပါးရေးသားသူ -
Mini Eiz ( Love Shop )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top