ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေရႀကီးမႈေၾကာင့္ မႏၲေလးခုတင္ ၅၀၀ ဆံ့ေဆး႐ံုအတြင္း ေရမ်ားဝင္ေရာက္ေနစဥ္(ဓာတ္ပံု−ထက္သာဦး)
ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္လာႏိုင္ေသးၿပီး ေတာင္တ႐ုတ္ပင္လယ္တြင္ မုန္တုိင္းငယ္တစ္လံုး ထပ္မံျဖစ္ေပၚေန၍ ေဒသအႏွံ႔၌ ေရႀကီးနစ္ျမဳပ္မႈႏွင့္ ေလျပင္းအႏၲရာယ္ အထူးသတိျပဳေနထိုင္ရန္ ေဒါက္တာထြန္းလြင္က သတိေပးသည္။

ေတာင္တ႐ုတ္ပင္လယ္ျပင္ မွ အပူပိုင္းမုန္တိုင္းငယ္ TD23 သည္ အေရွ႕ေလေပြလႈိင္းအဆင့္ ျဖင့္ ရွမ္းႏွင့္ ကခ်င္ျပည္နယ္အပါ အဝင္ ျမန္မာႏိုင္ငံအေရွ႕ပိုင္းေဒ သကို ျဖတ္သန္းၿပီးေနာက္ ေဒသ အမ်ားစုမိုးေကာင္းခဲ့ကာ မႏၲေလး တိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေအာက္တိုဘာ ၁၂ ရက္၌ ေရႀကီးနစ္ျမဳပ္မႈ ရင္ ဆိုင္ခဲ့ရသည္။ ထို႔အျပင္ ဘဂၤလား ပင္လယ္ေအာ္တြင္ ယခုအခါ ေလထု မၿငိမ္မသက္ျဖစ္ေနၿပီး ေတာင္တ႐ုတ္ပင္လယ္၌ မုန္တိုင္း ငယ္ ထပ္မံျဖစ္ေပၚေနေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က သတိေပးသည္။

 ေဒါက္တာထြန္းလြင္က ‘‘ေတာင္တ႐ုတ္ပင္လယ္က မုန္ တိုင္းငယ္ ဒီဘက္ (ျမန္မာႏိုင္ငံ ဘက္) ထဲ ကပ္လာရင္ ဘဂၤလား ပင္လယ္ေအာ္မွာ ေလဖိအားနည္း ရပ္ဝန္းျဖစ္လာမယ္။ ဒါေၾကာင့္ျမန္မာႏိုင္ငံအေနနဲ႔ အေရွ႕ဘက္ ကေလျပင္းနဲ႔ မိုးေရာ၊အေနာက္ဘက္ ကေလျပင္းနဲ႔မိုးေရာ သတိထား ေနရေတာ့မယ္။ မိုးကေတာ့ ေသ ခ်ာေပါက္ ေကာင္းေနမယ္’’ ဟု ေျပာသည္။

ဘဂၤလားပင္လယ္ေအာ္အ လယ္ပိုင္းတြင္ ေအာက္တိုဘာ ၁၅ ရက္မွ စတင္၍ ေလဖိအား နည္းရပ္ဝန္းျဖစ္ေပၚလာႏိုင္ၿပီး ပိုမိုအားေကာင္းလာကာ ေအာက္တို ဘာ ၁၉ မွ ၂၁ ရက္အတြင္း မုန္ တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိလာ ႏိုင္ေၾကာင္း ေဒါက္တာထြန္းလြင္ က သတင္းထုတ္ျပန္သည္။ လက္ ရွိကာလတြင္ ပစိဖိတ္သမုဒၵရာ အေနာက္ပိုင္း ေရျပင္ေပၚ၌ ျဖစ္ေပၚေနသည့္ မုန္တုိင္းငယ္ (TD24) သည္ ေအာက္တိုဘာ ၁၃ ရက္တြင္ ေတာင္တ႐ုတ္ပင္ လယ္ျပင္အတြင္းသို႔ ေရာက္ရွိလာ ႏိုင္ေၾကာင္း ဆိုသည္။

‘‘မုန္တိုင္းငယ္ TD24 က လည္း ျမန္မာႏိုင္ငံကို ျဖတ္သန္း သြားခဲ့တဲ့ TD23 လိုပဲ ဗီယက္နမ္ ကမ္းေျခကို ျဖတ္ၿပီး ျမန္မာႏိုင္ငံ ဘက္ကို ေရြ႕လ်ားလာႏိုင္တယ္’’ ဟု ေဒါက္တာထြန္းလြင္က သတိ ေပးသည္။

မုန္တုိင္းငယ္ TD23 သည္ ေအာက္တိုဘာ ၁၀ ရက္တြင္ ဗီ ယက္နမ္ကမ္းေျခကို ျဖတ္ၿပီး ထုိင္း ႏိုင္ငံကို ဆက္လက္ျဖတ္ေက်ာ္ကာ ေအာက္တိုဘာ ၁၁ ရက္တြင္ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္ ဘက္မွအေရွ႕ေလေပြလႈိင္းအျဖစ္ ျဖတ္သြားခဲ့သည္။ ယင္းသို႔ျဖတ္ စဥ္ ျမန္မာႏိုင္ငံ အလယ္ပိုင္းႏွင့္ အထက္ပိုင္းေဒသမ်ား မိုးႏွင့္ ေလ ျပင္းအားေကာင္းခဲ့ကာ ေျမၿပိဳမႈ ႏွင့္ မိုးႀကိဳးပစ္မႈမ်ား ျဖစ္ခဲ့သည္။ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ တြင္ သတၱဳတူးေဖာ္ေရး လုပ္ငန္း ခြင္တစ္ခုအတြင္း ေျမၿပိဳကာ လူ ႏွစ္ဦးေသဆံုးခဲ့ၿပီး ႏွစ္ဦးဒဏ္ရာ ရခဲ့သည္။ မြန္ျပည္နယ္ ေခ်ာင္းဆံု ၿမိဳ႕ႏွင့္ ထိစပ္ေနေသာ ပင္လယ္ ျပင္အတြင္း မိုးႀကိဳးပစ္ခံရ၍ ေရ လုပ္သားတစ္ဦး ေသဆံုးခဲ့သည္။ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ တြင္ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ေဒ သတြင္း ေက်းရြာခ်င္းဆက္ တံ တားငယ္တစ္စင္း ပ်က္စီးခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီးမွ ၿမိဳ႕နယ္ အမ်ားစုတြင္ ေရႀကီးနစ္ျမဳပ္မႈ ရင္ ဆိုင္ေနရသည္။

လတ္တေလာရာသီဥတု အ ေျခအေနအရ ေနျပည္ေတာ္၊ မႏၲ ေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္း ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ ေၾကာင္း ေဒါက္တာထြန္းလြင္ႏွင့္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား မႈ ဦးစီးဌာနက သတိေပးထား သည္။ မေကြး၊ မႏၲေလး၊ ပဲခူး၊ ဧရာဝတီ၊ ရန္ကုန္တုိင္းေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ မိုးႀကိဳးပစ္ျခင္းႏွင့္ ေလျပင္းအႏၲရာယ္ျဖစ္ေစေသာ မိုးတိမ္ေတာင္ အႏၲရာယ္သတိေပးထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
ရေကြီးမှုကြောင့် မန္တလေးခုတင် ၅၀၀ ဆံ့ဆေးရုံအတွင်း ရေများဝင်ရောက်နေစဉ်(ဓာတ်ပုံ−ထက်သာဦး)
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်သေးပြီး တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းငယ်တစ်လုံး ထပ်မံဖြစ်ပေါ်နေ၍ ဒေသအနှံ့၌ ရေကြီးနစ်မြုပ်မှုနှင့် လေပြင်းအန္တရာယ် အထူးသတိပြုနေထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။

တောင်တရုတ်ပင်လယ်ပြင် မှ အပူပိုင်းမုန်တိုင်းငယ် TD23 သည် အရှေ့လေပွေလှိုင်းအဆင့် ဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်အပါ အဝင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေ သကို ဖြတ်သန်းပြီးနောက် ဒေသ အများစုမိုးကောင်းခဲ့ကာ မန္တလေး တိုင်းဒေသကြီးနှင့် နေပြည်တော် မြို့နယ်အချို့တွင် အောက်တိုဘာ ၁၂ ရက်၌ ရေကြီးနစ်မြုပ်မှု ရင် ဆိုင်ခဲ့ရသည်။ ထို့အပြင် ဘင်္ဂလား ပင်လယ်အော်တွင် ယခုအခါ လေထု မငြိမ်မသက်ဖြစ်နေပြီး တောင်တရုတ်ပင်လယ်၌ မုန်တိုင်း ငယ် ထပ်မံဖြစ်ပေါ်နေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

 ဒေါက်တာထွန်းလွင်က ‘‘တောင်တရုတ်ပင်လယ်က မုန် တိုင်းငယ် ဒီဘက် (မြန်မာနိုင်ငံ ဘက်) ထဲ ကပ်လာရင် ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်လာမယ်။ ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ အရှေ့ဘက် ကလေပြင်းနဲ့ မိုးရော၊အနောက်ဘက် ကလေပြင်းနဲ့မိုးရော သတိထား နေရတော့မယ်။ မိုးကတော့ သေ ချာပေါက် ကောင်းနေမယ်’’ ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်အ လယ်ပိုင်းတွင် အောက်တိုဘာ ၁၅ ရက်မှ စတင်၍ လေဖိအား နည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းလာကာ အောက်တို ဘာ ၁၉ မှ ၂၁ ရက်အတွင်း မုန် တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် က သတင်းထုတ်ပြန်သည်။ လက် ရှိကာလတွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်ပေါ်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (TD24) သည် အောက်တိုဘာ ၁၃ ရက်တွင် တောင်တရုတ်ပင် လယ်ပြင်အတွင်းသို့ ရောက်ရှိလာ နိုင်ကြောင်း ဆိုသည်။

‘‘မုန်တိုင်းငယ် TD24 က လည်း မြန်မာနိုင်ငံကို ဖြတ်သန်း သွားခဲ့တဲ့ TD23 လိုပဲ ဗီယက်နမ် ကမ်းခြေကို ဖြတ်ပြီး မြန်မာနိုင်ငံ ဘက်ကို ရွေ့လျားလာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိ ပေးသည်။

မုန်တိုင်းငယ် TD23 သည် အောက်တိုဘာ ၁၀ ရက်တွင် ဗီ ယက်နမ်ကမ်းခြေကို ဖြတ်ပြီး ထိုင်း နိုင်ငံကို ဆက်လက်ဖြတ်ကျော်ကာ အောက်တိုဘာ ၁၁ ရက်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ဘက်မှအရှေ့လေပွေလှိုင်းအဖြစ် ဖြတ်သွားခဲ့သည်။ ယင်းသို့ဖြတ် စဉ် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ မိုးနှင့် လေ ပြင်းအားကောင်းခဲ့ကာ မြေပြိုမှု နှင့် မိုးကြိုးပစ်မှုများ ဖြစ်ခဲ့သည်။ ကယားပြည်နယ် ဖရူဆိုမြို့နယ် တွင် သတ္တုတူးဖော်ရေး လုပ်ငန်း ခွင်တစ်ခုအတွင်း မြေပြိုကာ လူ နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရခဲ့သည်။ မွန်ပြည်နယ် ချောင်းဆုံ မြို့နှင့် ထိစပ်နေသော ပင်လယ် ပြင်အတွင်း မိုးကြိုးပစ်ခံရ၍ ရေ လုပ်သားတစ်ဦး သေဆုံးခဲ့သည်။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် တွင် ရေကြီးနစ်မြုပ်မှုကြောင့် ဒေ သတွင်း ကျေးရွာချင်းဆက် တံ တားငယ်တစ်စင်း ပျက်စီးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် အများစုတွင် ရေကြီးနစ်မြုပ်မှု ရင် ဆိုင်နေရသည်။

လတ်တလောရာသီဥတု အ ခြေအနေအရ နေပြည်တော်၊ မန္တ လေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတိပေးထား သည်။ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းအန္တရာယ်ဖြစ်စေသော မိုးတိမ်တောင် အန္တရာယ်သတိပေးထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top