Golden City Promotion
×

လက္ရွိတြင္ သာ မန္ျပည္သူတစ္ဦးအေနျဖင့္သာ ေနထုိင္ၿပီး လယ္ယာစိုက္ပ်ိဳးေရး ကို လုပ္ကိုင္ေနေၾကာင္း သမၼတ ေဟာင္းဦးသိန္းစိန္က ေျပာသည္။‘‘ငါကေတာ့ ပင္စင္စားတစ္ ေယာက္ဆိုေတာ့ ေအးေအးေဆး ေဆးနဲ႔ ျပည္သူတစ္ေယာက္လုိပဲ ေနေနတာေပါ့။ ငါ့ကိုယ္ငါ သမၼတတစ္ေယာက္ရယ္လို႔ မသတ္မွတ္ ေတာ့ဘူး။ သမၼတေဟာင္းလို႔ မသတ္မွတ္ဘူး။ လယ္သမားလို႔ ပဲ သတ္မွတ္တယ္။ လယ္ပဲစိုက္ ေနေတာ့တယ္’’ဟု သမၼတ ေဟာင္း ဦးသိန္းစိန္က မီဒီယာမ်ားအား ေျပာသည္။ေနျပည္ေတာ္တြင္ သမၼတ ေဟာင္း ဦးသိန္းစိန္ကို ခ်စ္ခင္ျမတ္ႏိုးသူမ်ားက စုေပါင္းတည္ေထာင္ထားေသာ ‘ဒို႔သမၼတ’ တကၠသိုလ္ (အခမဲ့)ပညာေရးကူညီမႈသင္ တန္းေက်ာင္းတြင္ ေအာက္တုိဘာ ၁၁ ရက္က ဦးသိန္းစိန္ကို ကန္ ေတာ့ပြဲျပဳလုပ္ခဲ့ၿပီး အဆိုပါ ကန္ေတာ့ပြဲအၿပီးတြင္ မီဒီယာမ်ား ၏ေမးျမန္းမႈကို ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

‘‘လယ္စိုက္ၾကည့္မွ လယ္သ မားသဘာဝနားလည္တာေလ။ အေတာ္ပင္ပန္းတယ္’’ဟု ဦးသိန္း စိန္က ဆိုသည္။လယ္စိုက္ရာတြင္ တစ္ဧက တစ္သိန္း၊ ႏွစ္သိန္းအျမတ္ရေရး အတြက္ အေတာ္ခက္ခဲသည္ဟု လည္း သမၼတေဟာင္းက ေျပာၾကားသည္။ ထုိ႔ျပင္ လက္ရွိျဖစ္ေပၚေနေသာ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ‘‘ဒီကိစၥေတြကေတာ့ လက္ရွိ အစိုးရအေနနဲ႔ႀကိဳးစားၿပီး ေဆာင္ရြက္ေနတာပဲ။ အေကာင္းဆံုးျဖစ္ေအာင္ေတာ့ လုပ္မွာပါ’’ဟု ၎က မီဒီယာမ်ား၏ ေမးျမန္းမႈကို ေျဖၾကားသည္။သမၼတေဟာင္းတစ္ဦးအေန ျဖင့္ ယခုကဲ့သို႔ ေခြၽးငါးေခြၽးထြက္ ေအာင္လုပ္ရေသာ ေတာင္သူ လယ္သမားမ်ား၏ဘဝကို နား လည္လာသည့္အတြက္ ဝမ္းသာ သည္ဟု ျပည္သူ႔လႊတ္ေတာ္၊ ေတာင္သူလယ္သမားႏွင့္ အလုပ္ သမားေရးရာေကာ္မတီ ဥကၠ႒ ေဟာင္း ဦးစိန္ဝင္းက မွတ္ခ်က္ျပဳ သည္။

‘‘အခုလို ဘဝသမားအသိကို သူရရွိတယ္။ ဒီအေပၚမွာ အမွန္ တရားသိသြားတဲ့အတြက္ ေကာင္းပါတယ္’’ဟု ဦးစိန္ဝင္းက ဆို သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
လက်ရှိတွင် သာ မန်ပြည်သူတစ်ဦးအနေဖြင့်သာ နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး ကို လုပ်ကိုင်နေကြောင်း သမ္မတ ဟောင်းဦးသိန်းစိန်က ပြောသည်။‘‘ငါကတော့ ပင်စင်စားတစ် ယောက်ဆိုတော့ အေးအေးဆေး ဆေးနဲ့ ပြည်သူတစ်ယောက်လိုပဲ နေနေတာပေါ့။ ငါ့ကိုယ်ငါ သမ္မတတစ်ယောက်ရယ်လို့ မသတ်မှတ် တော့ဘူး။ သမ္မတဟောင်းလို့ မသတ်မှတ်ဘူး။ လယ်သမားလို့ ပဲ သတ်မှတ်တယ်။ လယ်ပဲစိုက် နေတော့တယ်’’ဟု သမ္မတ ဟောင်း ဦးသိန်းစိန်က မီဒီယာများအား ပြောသည်။နေပြည်တော်တွင် သမ္မတ ဟောင်း ဦးသိန်းစိန်ကို ချစ်ခင်မြတ်နိုးသူများက စုပေါင်းတည်ထောင်ထားသော ‘ဒို့သမ္မတ’ တက္ကသိုလ် (အခမဲ့)ပညာရေးကူညီမှုသင် တန်းကျောင်းတွင် အောက်တိုဘာ ၁၁ ရက်က ဦးသိန်းစိန်ကို ကန် တော့ပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ကန်တော့ပွဲအပြီးတွင် မီဒီယာများ ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘လယ်စိုက်ကြည့်မှ လယ်သ မားသဘာဝနားလည်တာလေ။ အတော်ပင်ပန်းတယ်’’ဟု ဦးသိန်း စိန်က ဆိုသည်။လယ်စိုက်ရာတွင် တစ်ဧက တစ်သိန်း၊ နှစ်သိန်းအမြတ်ရရေး အတွက် အတော်ခက်ခဲသည်ဟု လည်း သမ္မတဟောင်းက ပြောကြားသည်။ ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ‘‘ဒီကိစ္စတွေကတော့ လက်ရှိ အစိုးရအနေနဲ့ကြိုးစားပြီး ဆောင်ရွက်နေတာပဲ။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်မှာပါ’’ဟု ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။သမ္မတဟောင်းတစ်ဦးအနေ ဖြင့် ယခုကဲ့သို့ ချွေးငါးချွေးထွက် အောင်လုပ်ရသော တောင်သူ လယ်သမားများ၏ဘဝကို နား လည်လာသည့်အတွက် ဝမ်းသာ သည်ဟု ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းက မှတ်ချက်ပြု သည်။

‘‘အခုလို ဘဝသမားအသိကို သူရရှိတယ်။ ဒီအပေါ်မှာ အမှန် တရားသိသွားတဲ့အတွက် ကောင်းပါတယ်’’ဟု ဦးစိန်ဝင်းက ဆို သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top