Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဗုဒၶျမတ္စြာ ဘုရားလက္ထက္ေတာ္အခါက တန္ ေဆာင္မုန္းလတြင္ သာသနာေတာ္ဆိုင္ရာထူးျမတ္ ေလးနက္ေသာ အမွတ္တရျဖစ္ရပ္မ်ားျဖစ္ပြားခဲ့ၾက၏။ ထို႔ေၾကာင့္ တန္ေဆာင္မုန္းလကို လျမတ္တန္ ေဆာင္ဟု အမႊမ္းတင္ေရးသားေခၚေဝၚခဲ့ၾက၏။ ျဖစ္ရပ္တစ္ခုမွာ ပါေဝယ်ကတုိင္းသား ဘဒၵဝဂၢီ ရဟန္းညီေနာင္သံုးက်ိပ္တို႔သည္ သာေကတၿမိဳ႕၌ ဝါဆိုခဲ့ၾကၿပီး သီတင္းဝါလကြၽတ္ၿပီးေသာအခါ ျမတ္စြာဘုရားအား ဖူးေျမာ္ရန္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္း ေတာ္သို႔ ခရီးထြက္ခဲ့ၾကသည္။ လမ္းခရီးတြင္ အမွတ္မထင္မိုးသည္းထန္စြာရြာသြန္းမႈ၊ ရႊံ႕ဗြက္ထေနေသာ လမ္းတို႔တြင္ သြားလာခဲ့ရမႈတို႔ေၾကာင့္ သကၤန္းမ်ားေရ စိုၿပီး ရႊံ႕ႏြံမ်ားျဖင့္ ေပေရခဲ့ၾက၏။ ဓူတင္ေဆာင္ရဟန္းမ်ားျဖစ္ၾကရာ ေရစိုရႊံ႕ေပ သကၤန္းမ်ားကို လဲဝတ္စ ရာသကၤန္းမ်ားအပိုမပါရွိၾကေပ။ ေဇတဝန္ေက်ာင္း ေတာ္သို႔ ေရာက္ခဲ့ၾကေသာအခါ တပည့္သာဝက ရဟန္းမ်ား သကၤန္းမ်ားေရစိုေပေရကာ ပင္ပန္းႀကီးစြာလာခဲ့ၾကရသည္ကို ျမတ္စြာဘုရားေတြ႕ျမင္ေတာ္မူေလရာ က႐ုဏာသက္မိေတာ္မူေလ၏။

ထိုအခါ ျမတ္စြာ ဘုရားက ထိုကဲ့သို႔ ဝါတြင္းသံုးလကာလအတြင္း မိမိတို႔၏ အရာမ္ေက်ာင္းမ်ား၌ ဝါဆိုဝါကပ္ၾကၿပီး အဝတ္သကၤန္းႏြမ္းပါးလိုအပ္ေနၾကေသာရဟန္းတို႔အား သကၤန္းလွဴဒါန္းၾကရန္ ဒါယကာ၊ ဒါယိကာမတို႔အား တိုက္တြန္းခြင့္ျပဳခဲ့ေလ၏။ ဤသကၤန္းအလွဴကို ကထိန္သကၤန္းဟုလည္းေကာင္း၊ ကထိန္သကၤန္းအလွဴကို ပုရိမဝါကပ္ၾကသည့္ ရဟန္းတို႔အားသီတင္းကြၽတ္လျပည့္ေက်ာ္ တစ္ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔ထိ တစ္လတာကာလအတြင္း ကပ္လွဴၾကရမည့္ ကာလဒါနအျဖစ္လည္းေကာင္း၊ သကၤန္းအလွဴတြင္ ဤကထိန္သကၤန္းအလွဴသည္ အျမတ္ဆံုးဟုလည္းေကာင္း မိန္႔ၾကားသတ္မွတ္ပညတ္ေတာ္မူခဲ့ေလ၏။ ကထိန္ဟူေသာ ေဝါဟာရသည္ ကထိနဟူေသာပါဠိကို ျမန္မာမႈျပဳထား ျခင္းျဖစ္ၿပီး ၿမဲၿမံျခင္း၊ ခိုင္ခံ့ျခင္းဟူ၍ အဓိပၸာယ္ရွိရာ ကထိန္သကၤန္းအလွဴခံရဟန္းႏွင့္ အလွဴရွင္ဒါယကာ၊ ဒါယိကာမတို႔မွာ ၿမဲၿမံခိုင္ခံ့ေသာ ကုသိုလ္အက်ိဳးတရားတို႔ကို ရရွိခံစားႏိုင္ေၾကာင္း က်မ္းဂန္မ်ားတြင္ ေဖာ္ ၫႊန္းထားၾက၏။ ထို႔ေၾကာင့္ ဗုဒၶသာသနာေတာ္တြင္ ''ကထိန္အစ၊ ဘဒၵဝဂၢီညီေနာင္သံုးက်ိပ္က''ဟု ဆိုစမွတ္ျပဳလာခဲ့ၾက၏။ ထိုမွအစျပဳ၍ ဗုဒၶဘာသာဝင္တို႔သည္ ရဟန္းေတာ္မ်ားအား သီတင္းကြၽတ္လျပည့္ ေက်ာ္တစ္ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔အထိ တစ္လတာကာလအတြင္း ကထိန္အလွဴကပ္လွဴပူ ေဇာ္ျခင္းကို ဗုဒၶဘာသာ၏ ဓေလ့ထံုးစဥ္ကာလဒါနအျဖစ္ ႏွစ္စဥ္ႏွစ္တိုင္းျပဳလုပ္လာခဲ့ၾက၏။

ေနာက္ျဖစ္ရပ္တစ္ခုမွာ ဗုဒၶျမတ္စြာဘုရားက သာမညဖလသုတၱန္ေဒသနာေတာ္ကို ေဟာၾကား ေတာ္မူခဲ့ျခင္းျဖစ္ရပ္ျဖစ္၏။ မဟာသကၠရာဇ္ ၁၂၂-ခု (ဘီစီ ၅၇၃)တြင္ ဗုဒၶျမတ္စြာဘုရားသည္ သမားေတာ္ႀကီး ဇီဝကလွဴဒါန္းေသာ ရာဇၿဂိဳဟ္ျပည္ အမၺဝနသရက္ ေတာဥယ်ာဥ္ေက်ာင္းေတာ္၌ သီတင္းသံုးေနေတာ္မူစဥ္ကျဖစ္၏။ ျမတ္စြာဘုရားကို ဆန္႔က်င္ပုန္ကန္အဖ်က္လုပ္ရပ္မ်ားလုပ္ေဆာင္ေနေသာ ေဒဝဒတ္ရဟန္းဆိုး၏ သြန္သင္လမ္းၫႊန္စီမံခ်က္ျဖင့္ ရာဇၿဂိဳဟ္ျပည္ အိမ္ေရွ႕မင္းသားအဇာတသတ္သည္ ျပည့္ရွင္ဘုရင္ အျမန္ျဖစ္လိုေသာ ေလာဘဆႏၵျဖင့္ ဖခမည္းေတာ္ ဗိမၺိသာရမင္းႀကီးကို အမ်ိဳးမ်ိဳးအဖံုဖံု ႏွိပ္စက္ညႇဥ္းပန္းသတ္ျဖတ္ၿပီးလွ်င္ ထီးနန္းကိုသိမ္းပိုက္ရယူခဲ့၏။ မၾကာ မီ ေဒဝဒတ္သည္ ဗုဒၶျမတ္စြာကိုလုပ္ႀကံရန္ ယုတ္မာစဥ္းလဲစြာ အဖန္ဖန္ႀကံစည္ႀကိဳးပမ္းမႈအကုသိုလ္ကံအက်ိဳး ေပးေၾကာင့္ ေျမမ်ိဳခံရၿပီး အေသဆိုးႏွင့္ ဘဝဇာတ္သိမ္းသြားခဲ့ရေလ၏။

ထိုအခါ အဇာတသတ္မင္းသည္ ေဒဝဒတ္ရဟန္း၏ လမ္းၫႊန္ခ်က္ျဖင့္ ဖခမည္းေတာ္အား သတ္ျဖတ္ခဲ့မႈအကုသိုလ္ကံအတြက္ စိတ္ႏွလံုးတုန္လႈပ္ ေခ်ာက္ခ်ားပူပန္ထိတ္လန္႔သြားခဲ့ၿပီး ေနာင္တႀကီးစြာရကာ ေဆာက္တည္ရာမရျဖစ္လာခဲ့ေလ၏။ သူ၏စိတ္ႏွလံုးကို ေအးၿငိမ္းေစၿပီး ျပဳမိခဲ့ေသာ အကုသိုလ္ကံကို ေျဖေဖ်ာက္ေပးႏိုင္မည့္ပုဂိၢဳလ္ထံခ်ဥ္းကပ္ရန္ အမတ္ႀကီးမ်ားကိုတိုင္ပင္ေလ၏။ အမတ္ႀကီးမ်ားက သူတို႔ႏွင့္ရင္းႏွီးကြၽမ္းဝင္ရာ ပူရာဏကႆပ၊ မကၡလိေဂါသာလ၊ အဇိတေကသကမၺလ၊ ပကုဓကစၥာယန၊ သၪၥယေဗလ႒ ပုတၱႏွင့္ နိဂဏၭနာဋပုတၱဟူသည့္ တိတၳိဂိုဏ္းဆရာႀကီး ေျခာက္ဦးတို႔ထံဆည္းကပ္ရန္တင္ျပၾကေလ၏။ အဇာ တသတ္မင္းႀကီးသည္ ယင္းတိတိၳဂိုဏ္းဆရာႀကီးေျခာက္ ဦးတို႔၏ အယူဝါဒသေဘာတရားမ်ားကိုနာၾကားရာတြင္ သူ၏စိတ္ကို ၾကည္လင္ရႊင္လန္းခ်မ္းေျမ့မႈမရရွိႏိုင္ခဲ့ ေခ်။ လက္ခံယံုၾကည္စရာတရားကိုလည္း မေတြ႕ရွိခဲ့ ေခ်။

ေနာက္ဆံုးမွသာ သမားေတာ္ႀကီးဇီဝကက ''မင္း ျမတ္၊ ရာဇၿဂိဳဟ္ျပည္ဝယ္အကြၽႏု္ပ္လွဴဒါန္းထားေသာ သရက္ဥယ်ာဥ္ေက်ာင္းေတာ္၌ သီတင္းသံုးေနေတာ္မူေသာ သံုးေလာကထြတ္ထားဗုဒၶျမတ္စြာဘုရားသည္ သစၥာေလးပါးတရားေတာ္ျမတ္ကို ထိုးထြင္းသိျမင္ေတာ္ မူပါ၏။ အသိပညာအက်င့္သိကၡာေကာင္းစြာျပည့္စံု၏။ ေဝေနယ်တို႔အား ဘဝၿငိမ္းေအးရာ နည္းၫႊန္လမ္းျပ တရားေတာ္မ်ားကို ေဟာၾကားဆံုးမေတာ္မူႏိုင္ပါ၏။ ျမတ္စြာဘုရားထံဆည္းကပ္လွ်င္ မင္းျမတ္၏စိတ္ႏွလံုး မသာယာမႈတို႔ေျပေပ်ာက္တန္ေကာင္းပါ၏''ဟု ေလွ်ာက္ ထားေလ၏။ အဇာတသတ္မင္းသည္ ဗုဒၶထံေတာ္သို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ၿပီး အေၾကာင္းစံုကိုေလွ်ာက္ထားရာ ဗုဒၶျမတ္စြာက သာမညဖလသုတၱန္တရားေဒသနာ ေတာ္ကို ေဟာၾကားေတာ္မူခဲ့ေလ၏။ ေဟာၾကားေတာ္ မူခဲ့ေသာအခ်ိန္ကား တန္ေဆာင္မုန္းလျပည့္ေန႔ ညဥ့္ ဦးယံအခ်ိန္ျဖစ္၏။ ထို႔ေၾကာင့္ ႏွစ္စဥ္တန္ေဆာင္မုန္း လျပည့္ေန႔ကို သာမညဖလအခါေတာ္ေန႔ဟု ဗုဒၶဘာသာ ဝင္မ်ားက အထိမ္းအမွတ္ျပဳပူေဇာ္လာခဲ့ၾက၏။

ဤသာမညဖလသုတၱန္သည္သာသနာ့ေဘာင္ သို႔ဝင္ေရာက္ရျခင္း၊ ရဟန္းျပဳရျခင္းတို႔ေၾကာင့္ ရရွိအပ္သည့္ အက်ိဳးေက်းဇူးအာနိသင္ကို ေဖာ္ျပေဟာၾကားခဲ့ေသာ ေဒသနာေတာ္ျဖစ္၏။ သုတၱန္၏လိုရင္းအႏွစ္ ခ်ဳပ္ကား ရဟန္းျပဳရျခင္း၏ ဒိ႒လက္ေတြ႕လက္ငင္း အက်ိဳးျဖစ္ထြန္းပံုအဖံုဖံုကိုေဖာ္ျပၿပီး အၾကင္ရဟန္း သည္ ကိုယ္က်င့္တရားတည္းဟူေသာ ဝါရိတၱႏွင့္ စာရိတၱသီလတို႔၌အေျချပဳ၍ တည္ၾကည္ျခင္းဟူေသာ သမာဓိကိုထူေထာင္ၿပီးလွ်င္ ပညာတည္းဟူေသာ  ဝိပႆနာဥာဏ္ပြားမ်ားေစျခင္းျဖင့္ ကိေလသာ၊ တဏွာမီးမ်ားကို ခ်ဳပ္ၿငိမ္းေစလ်က္ မဂ္ဖိုလ္နိဗၺာန္သို႔ ဆိုက္ ေရာက္မ်က္ေမွာက္ျပဳႏိုင္ေၾကာင္း တရားေတာ္ျမတ္ ျဖစ္၏။ ဤသုတၱန္သည္ နိကာယ္ငါးရပ္တြင္ ဒီဃနိကာယ္၊ ပိဋကတ္သံုးပံုတြင္ သုတၱန္ပိဋကတ္သီလခႏၶ ဝဂၢတြင္ပါရွိ၏။ အဇာတသတ္မင္းသည္ ဤသာမညဖလသုတၱန္ တရားေဒသနာေတာ္ကို ၾကားနာၿပီးသည့္အခ်ိန္မွစ၍ မိမိ၏မိုက္မွားမႈအကုသိုလ္အျပစ္ကို ေနာင္တႀကီးစြာ ရရွိသြားခဲ့ၿပီးလွ်င္ ဗုဒၶရွင္ေတာ္ျမတ္၏ သာသနာေတာ္ ကို အေလးအနက္သက္ဝင္ယံုၾကည္ကာ အသက္ထက္ ဆံုးဆည္းကပ္ကိုးကြယ္သြားခဲ့ေလ၏။ ပုထုဇဥ္ပုဂိၢဳလ္မ်ားထဲတြင္ ဘုရား၊ တရား၊ သံဃာရတနာျမတ္သံုးပါး ကို အၾကည္ညိဳဆံုး၊ အယံုၾကည္ဆံုး သရဏဂံုၿမဲေသာ ပုဂိၢဳလ္တစ္ဦးျဖစ္သြားခဲ့ေလ၏။

ဗုဒၶျမတ္စြာဘုရားပရိ နိဗၺာန္စံေတာ္မူၿပီးေနာက္ သာသနာေတာ္အဓြန္႔ရွည္ ခုိင္ၿမဲတည္တံ့ေစရန္ ဗုဒၶ၏တရားေတာ္မ်ားကို ပိဋကတ္သံုးပံုအျဖစ္စုစည္းကာ အရွင္မဟာကႆပအမွဴးရွိ ေသာ အဂၢသာဝက မဟာသာဝကရဟႏၲာႀကီးမ်ားက ပထမသဂၤါယနာတင္ေတာ္မူရာတြင္ ပစၥယာႏုဂၢဟ ဒါယကာမင္းျမတ္ျဖစ္လာခဲ့၏။ ဖခမည္းေတာ္အရင္း ကို သတ္ျဖတ္ခဲ့ေသာ မိမိ၏မိုက္မွားမႈအကုသိုလ္ကံ ႀကီးကို ဗုဒၶတရားေတာ္လမ္းၫႊန္မႈျဖင့္ ကုစားက်င့္ႀကံခဲ့ရာ ႀကီးေလးေသာမဟာအဝီစိငရဲမွလြတ္၍ ျပစ္ဒဏ္ေပါ့ ေသာ ေလာဟကုမၻီငရဲ၌သာ အႏွစ္ေျခာက္ေသာင္းခံရ ၿပီး ေနာင္ေသာအခါ ဝိဇိတာဝီမည္ေသာ ပေစၥကဗုဒၶ အျဖစ္ျဖင့္ ကြၽတ္တမ္းဝင္ရမည့္ အေျခအေနေကာင္းကို ရရွိႏိုင္ခဲ့၏။ ယေန႔ေခတ္တြင္ သတ္မွတ္ေရတြက္ေန ၾကေသာ လက္ရွိသာသနာေတာ္သကၠရာဇ္ကို ဗုဒၶပရိ နိဗၺာန္ျပဳၿပီးသည္မွ အစဦးမူလသတ္မွတ္ခဲ့ေသာ မင္း အျဖစ္ သာသနာေတာ္သမိုင္းတြင္ မွတ္တမ္းကမၸည္း ဝင္ျဖစ္ခဲ့၏။ တန္ေဆာင္မုန္းလသည္ ျမန္မာ့ေရးရာ၊ ျမန္မာမႈတို႔တြင္ ''ပြဲလမ္းသဘင္အမ်ားဆံုး၊ လတန္ေဆာင္ မုန္း''ဟု ေျပာစမွတ္ျပဳရေလာက္ေအာင္ပြဲလမ္းသဘင္ မ်ားျပားေသာလျဖစ္။ ဘဒၵဝဂၢီရဟန္းညီေနာင္သံုးက်ိပ္ တို႔မွအစျပဳ၍ ဗုဒၶ၏ပညတ္ေတာ္မူခ်က္အတိုင္း ရပ္တိုင္းရြာတိုင္းတြင္ သကၤန္းအစရွိေသာပစၥည္းေလးပါး အလွဴပြဲမ်ားအျဖစ္ ဘံုကထိန္ပြဲေတာ္မ်ားကို ၿခိမ့္ၿခိမ့္ သဲသဲက်င္းပၾက၏။

တန္ေဆာင္မုန္းလျပည့္ေန႔တြင္ သာမညဖလအခါေတာ္ေန႔မဂၤလာအခမ္းအနားက်င္းပၾကၿပီး တရားေဒသနာေတာ္မ်ားနာၾကားၾကျခင္း၊ ဥပုသ္သီလေဆာက္တည္ျခင္းကုသိုလ္အမႈမ်ားျပဳလုပ္ ၾက၏။ မသိုးသကၤန္းရက္ၿပိဳင္ပြဲမ်ားကို ဘာသာေရးအသင္းအဖြဲ႕မ်ားက ႀကီးမွဴးဦးေဆာင္က်င္းပၾကၿပီး ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား မသိုးသကၤန္းဆက္ကပ္လွဴဒါန္းၾက၏။ မသိုးသကၤန္းရက္ၿပိဳင္ပြဲကား ကုသိုလ္ေရးသာမက ျမန္မာ့႐ိုးရာရက္ကန္းအတတ္ပညာကို အားေပးထိန္းသိမ္းရာလည္းျဖစ္ေသာ ျဒပ္မဲ့အမ်ိဳးသားယဥ္ေက်းမႈ တစ္ရပ္ျဖစ္ေပသည္။ ရဟန္းသံဃာေတာ္မ်ားအား ပံ့သကူသကၤန္းလွဴဒါန္းမႈျဖစ္ေသာ ပံ့သကူပစ္ပြဲကိုလည္း တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ျပဳလုပ္ၾကသည္။ ပဏၰာသနိပါတ္၊ ဥမၼာဒႏၲီဇာတ္ေတာ္တြင္ ဘုရားေလာင္း သိဝိမင္းႀကီးကိုယ္တုိင္ တန္ေဆာင္မုန္းလျပည့္ေန႔ည တြင္ ၾကတၱိကာနကၡတ္ပြဲသဘင္ခံ၍ ဆီမီးထြန္းညႇိပူ ေဇာ္သည္ကိုအစြဲျပဳကာ မိုးေလကင္းလြတ္ၿပီး သာယာ ေသာရာသီဥတုတြင္ တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္ ကိုလည္း အစဥ္အလာ႐ိုးရာယဥ္ေက်းမႈေပ်ာ္ပြဲရႊင္ပြဲ အျဖစ္ က်င္းပၾကသည္။

ေရွးေဟာင္းစာေပမ်ားတြင္ တန္ေဆာင္မုန္းလကို ''မာသာနံ၊ သရေဒါ ေသေ႒ာ''ဟူ၍ ဝိေသသျပဳထားသည္ကို ဖတ္႐ႈရ၏။ မာသာနံ-လူတို႔ေဝါဟာရေခၚဆို ၾကေသာ လေပါင္းတစ္ဆယ့္ႏွစ္လတို႔တြင္ သရေဒါ- ဆီးႏွင္းျမဴတိမ္ကင္းစင္ေဝးေပ်ာက္ေအးျမျခင္းသို႔ ေရာက္ေသာ တန္ေဆာင္မုန္းလသည္ ေသေ႒ာ-ၾကည္လင္ရႊင္ျမဴး အထူးပင္ႏွစ္လိုဖြယ္ရွိေသာ လထူး လျမတ္ျဖစ္ေပ၏ဟု အနက္ဖြင့္၏။ ေလာကနီတိက်မ္း တြင္လည္း ''ရတုကာလာနံ သရနံ ပ႒ာနံ''ဟုအဖြဲ႕ ထား၏။ ရတုကာလာနံ-ခ်ိန္ခါရတုအစုစုတို႔တြင္၊ သရနံ-တန္ေဆာင္မုန္းလသမယသည္၊ ပ႒ာနံ-ထူးကဲ တင့္ေဝမြန္ျမတ္ေပ၏ဟု အနက္ရွိ၏။ ထို႔ေၾကာင့္ မိုးလကုန္ဆံုး၍ အထက္ေကာင္းကင္၌ ဆီးႏွင္းျမဴ တိမ္ကင္းစင္ သာယာၾကည္လင္ေသာ တန္ေဆာင္ မုန္းလအခါသမယတြင္ စည္ေျဗာသံၿခိမ့္ၿခိမ့္ညံ၍ ႏိုင္ငံအဝန္း ရပ္တိုင္းရြာတိုင္းတြင္ ဘံုကထိန္ပြဲေတာ္မ်ားက်င္းပကုသိုလ္ျပဳေနၾကျခင္းတို႔ကား ျမန္မာလူမ်ိဳးတို႔အတြက္ မဂၤလာအေပါင္းႏွင့္ ခေညာင္း ျပည့္စံုေသာ ျဒပ္မဲ့အမ်ိဳးသား ယဥ္ေက်းမႈတစ္ရပ္ အျဖစ္ အေလးအျမတ္ထားထိန္းသိမ္းစရာ ဂုဏ္ယူစရာျဖစ္ပါေတာ့သည္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာစံလွေက်ာ္

# Unicode Version ျဖင့္ ဖတ္ပါ #

ဗုဒ္ဓမြတ်စွာ ဘုရားလက်ထက်တော်အခါက တန် ဆောင်မုန်းလတွင် သာသနာတော်ဆိုင်ရာထူးမြတ် လေးနက်သော အမှတ်တရဖြစ်ရပ်များဖြစ်ပွားခဲ့ကြ၏။ ထို့ကြောင့် တန်ဆောင်မုန်းလကို လမြတ်တန် ဆောင်ဟု အမွှမ်းတင်ရေးသားခေါ်ဝေါ်ခဲ့ကြ၏။ ဖြစ်ရပ်တစ်ခုမှာ ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီ ရဟန်းညီနောင်သုံးကျိပ်တို့သည် သာကေတမြို့၌ ဝါဆိုခဲ့ကြပြီး သီတင်းဝါလကျွတ်ပြီးသောအခါ မြတ်စွာဘုရားအား ဖူးမြော်ရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်သို့ ခရီးထွက်ခဲ့ကြသည်။ လမ်းခရီးတွင် အမှတ်မထင်မိုးသည်းထန်စွာရွာသွန်းမှု၊ ရွှံ့ဗွက်ထနေသော လမ်းတို့တွင် သွားလာခဲ့ရမှုတို့ကြောင့် သင်္ကန်းများရေ စိုပြီး ရွှံ့နွံများဖြင့် ပေရေခဲ့ကြ၏။ ဓူတင်ဆောင်ရဟန်းများဖြစ်ကြရာ ရေစိုရွှံ့ပေ သင်္ကန်းများကို လဲဝတ်စ ရာသင်္ကန်းများအပိုမပါရှိကြပေ။ ဇေတဝန်ကျောင်း တော်သို့ ရောက်ခဲ့ကြသောအခါ တပည့်သာဝက ရဟန်းများ သင်္ကန်းများရေစိုပေရေကာ ပင်ပန်းကြီးစွာလာခဲ့ကြရသည်ကို မြတ်စွာဘုရားတွေ့မြင်တော်မူလေရာ ကရုဏာသက်မိတော်မူလေ၏။

ထိုအခါ မြတ်စွာ ဘုရားက ထိုကဲ့သို့ ဝါတွင်းသုံးလကာလအတွင်း မိမိတို့၏ အရာမ်ကျောင်းများ၌ ဝါဆိုဝါကပ်ကြပြီး အဝတ်သင်္ကန်းနွမ်းပါးလိုအပ်နေကြသောရဟန်းတို့အား သင်္ကန်းလှူဒါန်းကြရန် ဒါယကာ၊ ဒါယိကာမတို့အား တိုက်တွန်းခွင့်ပြုခဲ့လေ၏။ ဤသင်္ကန်းအလှူကို ကထိန်သင်္ကန်းဟုလည်းကောင်း၊ ကထိန်သင်္ကန်းအလှူကို ပုရိမဝါကပ်ကြသည့် ရဟန်းတို့အားသီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတာကာလအတွင်း ကပ်လှူကြရမည့် ကာလဒါနအဖြစ်လည်းကောင်း၊ သင်္ကန်းအလှူတွင် ဤကထိန်သင်္ကန်းအလှူသည် အမြတ်ဆုံးဟုလည်းကောင်း မိန့်ကြားသတ်မှတ်ပညတ်တော်မူခဲ့လေ၏။ ကထိန်ဟူသော ဝေါဟာရသည် ကထိနဟူသောပါဠိကို မြန်မာမှုပြုထား ခြင်းဖြစ်ပြီး မြဲမြံခြင်း၊ ခိုင်ခံ့ခြင်းဟူ၍ အဓိပ္ပာယ်ရှိရာ ကထိန်သင်္ကန်းအလှူခံရဟန်းနှင့် အလှူရှင်ဒါယကာ၊ ဒါယိကာမတို့မှာ မြဲမြံခိုင်ခံ့သော ကုသိုလ်အကျိုးတရားတို့ကို ရရှိခံစားနိုင်ကြောင်း ကျမ်းဂန်များတွင် ဖော် ညွှန်းထားကြ၏။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်တွင် ''ကထိန်အစ၊ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်က''ဟု ဆိုစမှတ်ပြုလာခဲ့ကြ၏။ ထိုမှအစပြု၍ ဗုဒ္ဓဘာသာဝင်တို့သည် ရဟန်းတော်များအား သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလအတွင်း ကထိန်အလှူကပ်လှူပူ ဇော်ခြင်းကို ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးစဉ်ကာလဒါနအဖြစ် နှစ်စဉ်နှစ်တိုင်းပြုလုပ်လာခဲ့ကြ၏။

နောက်ဖြစ်ရပ်တစ်ခုမှာ ဗုဒ္ဓမြတ်စွာဘုရားက သာမညဖလသုတ္တန်ဒေသနာတော်ကို ဟောကြား တော်မူခဲ့ခြင်းဖြစ်ရပ်ဖြစ်၏။ မဟာသက္ကရာဇ် ၁၂၂-ခု (ဘီစီ ၅၇၃)တွင် ဗုဒ္ဓမြတ်စွာဘုရားသည် သမားတော်ကြီး ဇီဝကလှူဒါန်းသော ရာဇဂြိုဟ်ပြည် အမ္ဗဝနသရက် တောဥယျာဉ်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်ကဖြစ်၏။ မြတ်စွာဘုရားကို ဆန့်ကျင်ပုန်ကန်အဖျက်လုပ်ရပ်များလုပ်ဆောင်နေသော ဒေဝဒတ်ရဟန်းဆိုး၏ သွန်သင်လမ်းညွှန်စီမံချက်ဖြင့် ရာဇဂြိုဟ်ပြည် အိမ်ရှေ့မင်းသားအဇာတသတ်သည် ပြည့်ရှင်ဘုရင် အမြန်ဖြစ်လိုသော လောဘဆန္ဒဖြင့် ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို အမျိုးမျိုးအဖုံဖုံ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ပြီးလျှင် ထီးနန်းကိုသိမ်းပိုက်ရယူခဲ့၏။ မကြာ မီ ဒေဝဒတ်သည် ဗုဒ္ဓမြတ်စွာကိုလုပ်ကြံရန် ယုတ်မာစဉ်းလဲစွာ အဖန်ဖန်ကြံစည်ကြိုးပမ်းမှုအကုသိုလ်ကံအကျိုး ပေးကြောင့် မြေမျိုခံရပြီး အသေဆိုးနှင့် ဘဝဇာတ်သိမ်းသွားခဲ့ရလေ၏။

ထိုအခါ အဇာတသတ်မင်းသည် ဒေဝဒတ်ရဟန်း၏ လမ်းညွှန်ချက်ဖြင့် ဖခမည်းတော်အား သတ်ဖြတ်ခဲ့မှုအကုသိုလ်ကံအတွက် စိတ်နှလုံးတုန်လှုပ် ချောက်ချားပူပန်ထိတ်လန့်သွားခဲ့ပြီး နောင်တကြီးစွာရကာ ဆောက်တည်ရာမရဖြစ်လာခဲ့လေ၏။ သူ၏စိတ်နှလုံးကို အေးငြိမ်းစေပြီး ပြုမိခဲ့သော အကုသိုလ်ကံကို ဖြေဖျောက်ပေးနိုင်မည့်ပုဂ္ဂိုလ်ထံချဉ်းကပ်ရန် အမတ်ကြီးများကိုတိုင်ပင်လေ၏။ အမတ်ကြီးများက သူတို့နှင့်ရင်းနှီးကျွမ်းဝင်ရာ ပူရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဋ္ဌ ပုတ္တနှင့် နိဂဏ္ဌနာဋပုတ္တဟူသည့် တိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦးတို့ထံဆည်းကပ်ရန်တင်ပြကြလေ၏။ အဇာ တသတ်မင်းကြီးသည် ယင်းတိတ္ထိဂိုဏ်းဆရာကြီးခြောက် ဦးတို့၏ အယူဝါဒသဘောတရားများကိုနာကြားရာတွင် သူ၏စိတ်ကို ကြည်လင်ရွှင်လန်းချမ်းမြေ့မှုမရရှိနိုင်ခဲ့ ချေ။ လက်ခံယုံကြည်စရာတရားကိုလည်း မတွေ့ရှိခဲ့ ချေ။

နောက်ဆုံးမှသာ သမားတော်ကြီးဇီဝကက ''မင်း မြတ်၊ ရာဇဂြိုဟ်ပြည်ဝယ်အကျွနု်ပ်လှူဒါန်းထားသော သရက်ဥယျာဉ်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော သုံးလောကထွတ်ထားဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာလေးပါးတရားတော်မြတ်ကို ထိုးထွင်းသိမြင်တော် မူပါ၏။ အသိပညာအကျင့်သိက္ခာကောင်းစွာပြည့်စုံ၏။ ဝေနေယျတို့အား ဘဝငြိမ်းအေးရာ နည်းညွှန်လမ်းပြ တရားတော်များကို ဟောကြားဆုံးမတော်မူနိုင်ပါ၏။ မြတ်စွာဘုရားထံဆည်းကပ်လျှင် မင်းမြတ်၏စိတ်နှလုံး မသာယာမှုတို့ပြေပျောက်တန်ကောင်းပါ၏''ဟု လျှောက် ထားလေ၏။ အဇာတသတ်မင်းသည် ဗုဒ္ဓထံတော်သို့ ချက်ချင်းသွားရောက်ခဲ့ပြီး အကြောင်းစုံကိုလျှောက်ထားရာ ဗုဒ္ဓမြတ်စွာက သာမညဖလသုတ္တန်တရားဒေသနာ တော်ကို ဟောကြားတော်မူခဲ့လေ၏။ ဟောကြားတော် မူခဲ့သောအချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ ညဉ့် ဦးယံအချိန်ဖြစ်၏။ ထို့ကြောင့် နှစ်စဉ်တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟု ဗုဒ္ဓဘာသာ ဝင်များက အထိမ်းအမှတ်ပြုပူဇော်လာခဲ့ကြ၏။

ဤသာမညဖလသုတ္တန်သည်သာသနာ့ဘောင် သို့ဝင်ရောက်ရခြင်း၊ ရဟန်းပြုရခြင်းတို့ကြောင့် ရရှိအပ်သည့် အကျိုးကျေးဇူးအာနိသင်ကို ဖော်ပြဟောကြားခဲ့သော ဒေသနာတော်ဖြစ်၏။ သုတ္တန်၏လိုရင်းအနှစ် ချုပ်ကား ရဟန်းပြုရခြင်း၏ ဒိဋ္ဌလက်တွေ့လက်ငင်း အကျိုးဖြစ်ထွန်းပုံအဖုံဖုံကိုဖော်ပြပြီး အကြင်ရဟန်း သည် ကိုယ်ကျင့်တရားတည်းဟူသော ဝါရိတ္တနှင့် စာရိတ္တသီလတို့၌အခြေပြု၍ တည်ကြည်ခြင်းဟူသော သမာဓိကိုထူထောင်ပြီးလျှင် ပညာတည်းဟူသော  ဝိပဿနာဉာဏ်ပွားများစေခြင်းဖြင့် ကိလေသာ၊ တဏှာမီးများကို ချုပ်ငြိမ်းစေလျက် မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက် ရောက်မျက်မှောက်ပြုနိုင်ကြောင်း တရားတော်မြတ် ဖြစ်၏။ ဤသုတ္တန်သည် နိကာယ်ငါးရပ်တွင် ဒီဃနိကာယ်၊ ပိဋကတ်သုံးပုံတွင် သုတ္တန်ပိဋကတ်သီလခန္ဓ ဝဂ္ဂတွင်ပါရှိ၏။ အဇာတသတ်မင်းသည် ဤသာမညဖလသုတ္တန် တရားဒေသနာတော်ကို ကြားနာပြီးသည့်အချိန်မှစ၍ မိမိ၏မိုက်မှားမှုအကုသိုလ်အပြစ်ကို နောင်တကြီးစွာ ရရှိသွားခဲ့ပြီးလျှင် ဗုဒ္ဓရှင်တော်မြတ်၏ သာသနာတော် ကို အလေးအနက်သက်ဝင်ယုံကြည်ကာ အသက်ထက် ဆုံးဆည်းကပ်ကိုးကွယ်သွားခဲ့လေ၏။ ပုထုဇဉ်ပုဂ္ဂိုလ်များထဲတွင် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါး ကို အကြည်ညိုဆုံး၊ အယုံကြည်ဆုံး သရဏဂုံမြဲသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သွားခဲ့လေ၏။

ဗုဒ္ဓမြတ်စွာဘုရားပရိ နိဗ္ဗာန်စံတော်မူပြီးနောက် သာသနာတော်အဓွန့်ရှည် ခိုင်မြဲတည်တံ့စေရန် ဗုဒ္ဓ၏တရားတော်များကို ပိဋကတ်သုံးပုံအဖြစ်စုစည်းကာ အရှင်မဟာကဿပအမှူးရှိ သော အဂ္ဂသာဝက မဟာသာဝကရဟန္တာကြီးများက ပထမသင်္ဂါယနာတင်တော်မူရာတွင် ပစ္စယာနုဂ္ဂဟ ဒါယကာမင်းမြတ်ဖြစ်လာခဲ့၏။ ဖခမည်းတော်အရင်း ကို သတ်ဖြတ်ခဲ့သော မိမိ၏မိုက်မှားမှုအကုသိုလ်ကံ ကြီးကို ဗုဒ္ဓတရားတော်လမ်းညွှန်မှုဖြင့် ကုစားကျင့်ကြံခဲ့ရာ ကြီးလေးသောမဟာအဝီစိငရဲမှလွတ်၍ ပြစ်ဒဏ်ပေါ့ သော လောဟကုမ္ဘီငရဲ၌သာ အနှစ်ခြောက်သောင်းခံရ ပြီး နောင်သောအခါ ဝိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓ အဖြစ်ဖြင့် ကျွတ်တမ်းဝင်ရမည့် အခြေအနေကောင်းကို ရရှိနိုင်ခဲ့၏။ ယနေ့ခေတ်တွင် သတ်မှတ်ရေတွက်နေ ကြသော လက်ရှိသာသနာတော်သက္ကရာဇ်ကို ဗုဒ္ဓပရိ နိဗ္ဗာန်ပြုပြီးသည်မှ အစဦးမူလသတ်မှတ်ခဲ့သော မင်း အဖြစ် သာသနာတော်သမိုင်းတွင် မှတ်တမ်းကမ္ပည်း ဝင်ဖြစ်ခဲ့၏။ တန်ဆောင်မုန်းလသည် မြန်မာ့ရေးရာ၊ မြန်မာမှုတို့တွင် ''ပွဲလမ်းသဘင်အများဆုံး၊ လတန်ဆောင် မုန်း''ဟု ပြောစမှတ်ပြုရလောက်အောင်ပွဲလမ်းသဘင် များပြားသောလဖြစ်။ ဘဒ္ဒဝဂ္ဂီရဟန်းညီနောင်သုံးကျိပ် တို့မှအစပြု၍ ဗုဒ္ဓ၏ပညတ်တော်မူချက်အတိုင်း ရပ်တိုင်းရွာတိုင်းတွင် သင်္ကန်းအစရှိသောပစ္စည်းလေးပါး အလှူပွဲများအဖြစ် ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့် သဲသဲကျင်းပကြ၏။

တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလအခါတော်နေ့မင်္ဂလာအခမ်းအနားကျင်းပကြပြီး တရားဒေသနာတော်များနာကြားကြခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းကုသိုလ်အမှုများပြုလုပ် ကြ၏။ မသိုးသင်္ကန်းရက်ပြိုင်ပွဲများကို ဘာသာရေးအသင်းအဖွဲ့များက ကြီးမှူးဦးဆောင်ကျင်းပကြပြီး ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြ၏။ မသိုးသင်္ကန်းရက်ပြိုင်ပွဲကား ကုသိုလ်ရေးသာမက မြန်မာ့ရိုးရာရက်ကန်းအတတ်ပညာကို အားပေးထိန်းသိမ်းရာလည်းဖြစ်သော ဒြပ်မဲ့အမျိုးသားယဉ်ကျေးမှု တစ်ရပ်ဖြစ်ပေသည်။ ရဟန်းသံဃာတော်များအား ပံ့သကူသင်္ကန်းလှူဒါန်းမှုဖြစ်သော ပံ့သကူပစ်ပွဲကိုလည်း တန်ဆောင်မုန်းလပြည့်နေ့တွင် ပြုလုပ်ကြသည်။ ပဏ္ဏာသနိပါတ်၊ ဥမ္မာဒန္တီဇာတ်တော်တွင် ဘုရားလောင်း သိဝိမင်းကြီးကိုယ်တိုင် တန်ဆောင်မုန်းလပြည့်နေ့ည တွင် ကြတ္တိကာနက္ခတ်ပွဲသဘင်ခံ၍ ဆီမီးထွန်းညှိပူ ဇော်သည်ကိုအစွဲပြုကာ မိုးလေကင်းလွတ်ပြီး သာယာ သောရာသီဥတုတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကိုလည်း အစဉ်အလာရိုးရာယဉ်ကျေးမှုပျော်ပွဲရွှင်ပွဲ အဖြစ် ကျင်းပကြသည်။

ရှေးဟောင်းစာပေများတွင် တန်ဆောင်မုန်းလကို ''မာသာနံ၊ သရဒေါ သေေဋ္ဌာ''ဟူ၍ ဝိသေသပြုထားသည်ကို ဖတ်ရှုရ၏။ မာသာနံ-လူတို့ဝေါဟာရခေါ်ဆို ကြသော လပေါင်းတစ်ဆယ့်နှစ်လတို့တွင် သရဒေါ- ဆီးနှင်းမြူတိမ်ကင်းစင်ဝေးပျောက်အေးမြခြင်းသို့ ရောက်သော တန်ဆောင်မုန်းလသည် သေေဋ္ဌာ-ကြည်လင်ရွှင်မြူး အထူးပင်နှစ်လိုဖွယ်ရှိသော လထူး လမြတ်ဖြစ်ပေ၏ဟု အနက်ဖွင့်၏။ လောကနီတိကျမ်း တွင်လည်း ''ရတုကာလာနံ သရနံ ပဋ္ဌာနံ''ဟုအဖွဲ့ ထား၏။ ရတုကာလာနံ-ချိန်ခါရတုအစုစုတို့တွင်၊ သရနံ-တန်ဆောင်မုန်းလသမယသည်၊ ပဋ္ဌာနံ-ထူးကဲ တင့်ဝေမွန်မြတ်ပေ၏ဟု အနက်ရှိ၏။ ထို့ကြောင့် မိုးလကုန်ဆုံး၍ အထက်ကောင်းကင်၌ ဆီးနှင်းမြူ တိမ်ကင်းစင် သာယာကြည်လင်သော တန်ဆောင် မုန်းလအခါသမယတွင် စည်ဗြောသံခြိမ့်ခြိမ့်ညံ၍ နိုင်ငံအဝန်း ရပ်တိုင်းရွာတိုင်းတွင် ဘုံကထိန်ပွဲတော်များကျင်းပကုသိုလ်ပြုနေကြခြင်းတို့ကား မြန်မာလူမျိုးတို့အတွက် မင်္ဂလာအပေါင်းနှင့် ခညောင်း ပြည့်စုံသော ဒြပ်မဲ့အမျိုးသား ယဉ်ကျေးမှုတစ်ရပ် အဖြစ် အလေးအမြတ်ထားထိန်းသိမ်းစရာ ဂုဏ်ယူစရာဖြစ်ပါတော့သည်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာစံလှကျော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top