Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁) ကိုယ္ခံစြမ္းအားနစ္ကို ေကာင္းမြန္ေစပါတယ္

ပိႏၷဲသီးမွာ အစြမ္းထက္ အာဟာရျဖစ္တဲ့ ဗီတာမင္စီ မ်ားစြာ ပါဝင္တာေၾကာင့္ ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယားပိုး ဝင္တာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္စီဟာ ေသြးျဖဴဥေတြရဲ႕ လုပ္ငန္းေဆာင္တာကို ေထာက္ပံ့ေပးတာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္ကို သန္စြမ္းေစပါတယ္။ ပိႏၷဲသီးတစ္ခြက္ကို စားတာက ခႏၶာကိုယ္မွာ လိုအပ္တဲ့ အင္တီေအာက္ဆီးဒင့္ ပမာဏကုိ ေကာင္းေကာင္း ရရွိေစႏိုင္ပါတယ္။

(၂) ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္

ပိႏၷဲသီးမွာ ဗီတာမင္စီအျပင္ လစ္ဂနင္၊ အိုက္ဆိုဖေလဗုန္းနဲ႔ ဆာပိုနင္တို႔လို ဖိုင္တိုအာဟာရဓာတ္ မ်ားစြာ ပါဝင္တာေၾကာင့္ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးၿပီး အိုမင္းမႈကို တားေပးႏိုင္ပါတယ္။ ဖိုင္တိုအာဟာရ ဓာတ္ေတြက ခႏၶာကိုယ္ရွိ ကင္ဆာျဖစ္ေစႏိုင္တဲ့ ဖရီးရယ္ဒီကယ္ေတြကို ကင္းစင္ေစၿပီး ဆဲလ္ပ်က္စီးမႈကို ေႏွးေကြးေစပါတယ္။

(၃) အစာေၾကညက္ေစပါတယ္

ပိႏၷဲသီးမွာ အနာမျဖစ္ေအာင္ ကာကြယ္ေပးတဲ့ အာနိသင္ေတြ ပါဝင္တာေၾကာင့္ အစာအိမ္အနာနဲ႔ အစာေခ်ဖ်က္မႈဆိုင္ရာ ေဝဒနာတို႔ မျဖစ္ေပၚေအာင္ ကာကြယ္ကုသေပးႏိုင္ပါတယ္။ ပိႏၷဲသီးမွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဝမ္းခ်ဳပ္တာမျဖစ္ေအာင္ ကာကြယ္ေပးၿပီး အူလႈပ္ရွားမႈ ေကာင္းေစကာ ဝမ္းမွန္မွန္သြားေစပါတယ္။ အမွ်င္ဓာတ္ေတြက အူမႀကီးရွိ ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓာတ္ပစၥည္းေတြကို ကင္းေဝးေစတဲ့နည္းနဲ႔ အူအေျမႇးပါးေတြကို က်န္းမာေအာင္ ကာကြယ္ေပးပါတယ္။

(၄) မ်က္စိနဲ႔ အသားအေရကို က်န္းမာေစပါတယ္

ပိႏၷဲသီးမွာ အစြမ္းထက္ အာဟာရ ဗီတာမင္ေအ ပါဝင္တာေၾကာင့္ မ်က္စိနဲ႔ အသားအေရကို က်န္းမာေစပါတယ္။ ဒါ့အျပင္ မက္ကူလာ ယိုယြင္းပ်က္စီးမႈနဲ႔ ညဘက္ မ်က္စိမျမင္တာေတြလို အျမင္ပိုင္းဆိုင္ရာ ျပႆနာတို႔ မျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္။

(၅) စြမ္းအင္ တိုးေစပါတယ္

ပိႏၷဲသီးမွာ ဖရက္တို႔စ္နဲ႔ ဆူးခ႐ို႕စ္တို႔လို သၾကားဓာတ္ေတြ ပါဝင္တာေၾကာင့္ စြမ္းအင္ထြက္ရွိေစတဲ့ အသီးအျဖစ္ နာမည္ႀကီးပါတယ္။ စြမ္းအင္အားေကာင္းေစတဲ့ အသီးျဖစ္ေပမယ့္ ျပည့္ဝဆီနဲ႔ ကိုလက္စထေရာ မပါဝင္ပါဘူး။

(၆) ေသြးတိုးကို က်ေစပါတယ္

ပိႏၷဲသီးမွာ ပိုတက္စီယမ္ဓာတ္ ပါဝင္တာေၾကာင့္ ေသြးတိုးေနသူေတြမွာ ေသြးဖိအားက်ေစၿပီး ႏွလံုးေရာဂါ ထတာနဲ႔ ေလျဖတ္တာတို႔ရဲ႕ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

(၇) ရင္က်ပ္ပန္းနာကို ထိန္းခ်ဳပ္ႏိုင္ပါတယ္

ပိႏၷဲသီးအျမစ္ဟာ ပန္းနာရင္က်ပ္ ေရာဂါ ခံစားေနရသူေတြအတြက္ ေဆးဖက္ဝင္တယ္လို႔ ဆိုၾကပါတယ္။

(၈) အ႐ိုးကို သန္စြမ္းေစပါတယ္

ပိႏၷဲသီးမွာ မဂၢနီဆီယမ္ဓာတ္ မ်ားစြာ ပါဝင္တာေၾကာင့္ ကယ္လ္စီယမ္ စုပ္ယူေရးအတြက္ အသံုးဝင္ပါတယ္။ ဒါေၾကာင့္ အ႐ိုးေတြကို သန္စြမ္းေစၿပီး အ႐ိုးပါးေရာဂါလို အ႐ိုးနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါေဝဒနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၉) ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

ပိႏၷဲသီးမွာ သံဓာတ္ ပါဝင္တဲ့အတြက္ ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးၿပီး ခႏၶာကိုယ္ထဲမွာ ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ ကူညီေပးပါတယ္။

(၁၀) သိုင္းရြိဳက္ကို က်န္းမာေစပါတယ္

ပိႏၷဲသီးမွာ ပါတဲ့ ေၾကးနီ (Copper) ဟာ သိုင္း႐ိြဳက္ရဲ႕ လုပ္ငန္းေဆာင္တာအတြက္ အေရးပါပါတယ္။ အထူးသျဖင့္ ေဟာ္မုန္း ထုတ္လုပ္ေရးမွာ ပါဝင္ကူညီေပးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin
#Unicode Version#
 (၁) ကိုယ်ခံစွမ်းအားနစ်ကို ကောင်းမွန်စေပါတယ်

ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။

(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။

(၃) အစာကြေညက်စေပါတယ်

ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။

(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်

ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၅) စွမ်းအင် တိုးစေပါတယ်

ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။

(၆) သွေးတိုးကို ကျစေပါတယ်

ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်

ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။

(၈) အရိုးကို သန်စွမ်းစေပါတယ်

ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။

(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်

ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top