ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

                  စက္တင္ဘာ ၁၃ ရက္ညက စစ္ေတြၿမိဳ႕တြင္ လူစုလူေ၀း ျဖစ္ေပၚေနစဥ္
ရခုိင္ျပည္နယ္ ေျမာက္ပိုင္း အၾကမ္းဖက္ခံရသည့္ ျဖစ္စဥ္ ေနာက္ပုိင္းတြင္ ႏုိင္ငံတစ္၀န္း၌ မတည္မၿငိမ္ျဖစ္ေစရန္ ရည္ရြယ္ ခ်က္ရွိရွိျဖင့္ လုပ္ေဆာင္ေနသူမ်ား ေပၚထြက္လာၿပီး ၎တို႔အနက္ ပါ၀င္သူအခ်ိဳ႕ကုိလည္း ရခုိင္ျပည္ နယ္ႏွင့္မေကြးတိုင္းေဒသႀကီးတို႔၌ အမႈဖြင့္ တရားစြဲဆုိမႈမ်ားရွိလာ သည္။
    အမ္းၿမိဳ႕နယ္တြင္ ဆူပူမႈမ်ား ျဖစ္ပြားေစရန္ လႈံ႕ေဆာ္ေပးပါက လူတစ္ဦးလွ်င္ က်ပ္ငါးသိန္းေပး မည္ဆုိကာ စည္း႐ုံးသူတစ္ဦးကုိ မေကြးခ႐ုိင္ တရား႐ုံး၌ ဦး တိုက္ေလွ်ာက္ထား၍ တရားစြဲဆုိ ထားၿပီး ေတာင္တြင္းႀကီးႏွင့္ စစ္ ေတြၿမိဳ႕တို႔တြင္ လူစုလူေ၀းျဖင့္ မတည္မၿငိမ္ ျဖစ္ေစရန္ လုပ္ ေဆာင္ရာ၌ ပါ၀င္သူအခ်ိဳ႕ကုိ လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆး ေနသည္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ပါတီ အာဏာရၿပီးေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရးကုိ ပထမ ဦးစားေပးလုပ္ငန္းစဥ္အျဖစ္ လုပ္ ေဆာင္ေနခ်ိန္တြင္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္း အၾကမ္းဖက္ခံရမႈက ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္း ေဆာင္သည့္ ဒီခ်ဳပ္အစုိးရအတြက္ အႀကီးဆုံးစိန္ေခၚမႈျဖစ္ေနသည္။

ယင္းအေျခအေနတြင္ လူမ်ိဳး ေရး၊ ဘာသာေရးအေၾကာင္းျပဳ ေသြးထုိးလႈံ႕ေဆာ္မႈမ်ား၊ လူစု လူေ၀းျဖင့္ဆူပူမႈမ်ားဖန္တီးကာ ႏုိင္ငံအတြင္း မတည္ၿငိမ္ေစရန္ လုပ္ေဆာင္သူမ်ား အလွ်ိဳအလွ်ိဳ ေပၚထြက္လာသည္။

ရာႏွင့္ခ်ီေသာ ျပည္သူမ်ား လမ္းေပၚေရာက္ရွိလာေစရန္ ဖန္ တီးခဲ့ေသာ ျဖစ္စဥ္ႏွစ္ရပ္မွာ စက္ တင္ဘာအတြင္း ျဖစ္ပြားခဲ့သည္။ အဆုိပါျဖစ္စဥ္မ်ား၏ ေနာက္ ကြယ္တြင္ လက္ရွိ ဒီခ်ဳပ္အစုိးရ အက်ပ္ေတြ႕ေစရန္ ရည္ရြယ္ ခ်က္ရွိရွိျဖင့္ ႀကိဳးကုိင္လႈံ႕ေဆာ္ ေနသူမ်ားရွိသည္ဟု လုံၿခံဳေရးတာ ၀န္ယူထားသူမ်ားက ထုတ္ေဖာ္ ေျပာၾကားခဲ့သလုိ ျပည္သူအမ်ား စုကလည္း ထုိသုိ႔ပင္မွတ္ယူထား ၾကသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၀ ရက္တြင္ ေတာင္တြင္းႀကီးၿမိဳ႕၌ မ်က္ႏွာဖုံးစြပ္မ်ား တပ္ဆင္ထား ေသာ လူငယ္တစ္စုက အစၥလာမ္ ဘာသာ၀င္မ်ား၏ ေနအိမ္ႏွင့္ ေစ်း ဆုိင္ခန္းမ်ားကုိ လုိက္လံဖ်က္ဆီးခဲ့ သည္။ ထုိ႔အျပင္ ၎တို႔က ေဒသ ခံျပည္သူမ်ားပါ၀င္လာေစရန္လႈံ႕ ေဆာ္ခဲ့ေသာ္လည္း ျပည္သူမ်ား က ႏုိင္ငံေရးအသိေရခ်ိန္ျမင့္မား စြာျဖင့္ လႈံ႕ေဆာ္မႈတြင္ မပါ၀င္ခဲ့ ေပ။

ယင္းျဖစ္စဥ္တြင္ လုံၿခံဳေရး တပ္ဖြဲ႕၀င္မ်ားႏွင့္တာ၀န္ရွိသူမ်ား က နာရီပုိင္းအတြင္း အခ်ိန္မီထိန္း သိမ္းခဲ့သည့္အတြက္ လႈံ႕ေဆာ္သူ မ်ားလုိလားသည့္ လူမ်ိဳးေရး၊ ဘာ သာေရးပဋိပကၡဆီသုိ႔ ဦးတည္ မျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေတာင္တြင္းႀကီးဆူပူမႈတြင္  ပါဝင္သူ ၁၄ ဦးကုိ အမႈဖြင့္ထား ေသာ္လည္း ခုနစ္ဦးကုိသာ ဖမ္း ဆီးႏုိင္ေသးၿပီး က်န္သူမ်ားမွာ လြတ္ေျမာက္ေနဆဲပင္ျဖစ္သည္။

မေကြးတုိင္းေဒသႀကီးဝန္ ႀကီးခ်ဳပ္ ေဒါက္တာေအာင္မုိးညိဳ က ေတာင္တြင္းႀကီးဆူပူမႈျဖစ္စဥ္ တြင္ ေနာက္ကြယ္မွ ပါဝင္ပတ္ သက္သူမ်ားရိွပါက ေဖာ္ထုတ္ရန္ တုိင္းေဒသႀကီးနယ္လံုဝန္ႀကီးကုိ ၫႊန္ၾကားထားသည္။

ရခုိင္ျပည္နယ္ ေျမာက္ပုိင္း အၾကမ္းဖက္ခံရမႈျဖစ္စဥ္အေပၚ မူ တည္၍ အမ်ိဳးသားေရး၊ ဘာသာ ေရးကို အေၾကာင္းျပဳကာ ႏုိင္ငံ ေရးအျမတ္ထုတ္ရန္ ႀကိဳးစားေန သည့္ လူပုဂၢိဳလ္မ်ားရိွေနသည္ဟု တုိင္းရင္းသားအေရးေလ့လာသူ ဦးေမာင္ေမာင္စုိးက သံုးသပ္ သည္။

‘‘ႏိုင္ငံေရးအရ NLD အစိုးရ ကုိ ထုိးႏွက္ဖို႔ဆုိလုိ႔ရိွရင္ေတာ့ ဒါ ဟာ ေတာ္ေတာ္ဆုိးရြားတဲ့ အႀကံ အစည္ျဖစ္လိမ့္မယ္။ ဒါတုိင္း ျပည္အတြက္ မေကာင္းဘူးေပါ့။ ပို႐ႈပ္ေထြးမႈေတြျဖစ္မယ္’’ ဟု ဦးေမာင္ေမာင္စိုးက မွတ္ခ်က္ျပဳ သည္။

စက္တင္ဘာ ၂၀ ရက္ည တြင္လည္း ရခိုင္ျပည္နယ္ စစ္ေတြ ၿမိဳ႕ ဆတ္႐ုိးက်ကယ္ဆယ္ေရး စခန္းအနီး ဘဂၤါလီရြာသုိ႔ သြား ေရာက္၍ အကူအညီေပးမယ့္ ႏုိင္ငံတကာ ၾကက္ေျခနီအသင္း (ICRC)၏ ကုန္ပစၥည္းမ်ား တင္ ေဆာင္လာသည့္ စက္ေလွကုိ အ ရပ္သား ၃၀၀ ခန္႔က စစ္ေဆးလို သည္ဆိုကာ လူစုလူေဝး ျဖစ္ ပြားခဲ့သည္။

အဆုိပါလူအုပ္က ယင္းအ ေျခအေနကုိ ထိန္းသိမ္းရန္ ႀကိဳး စားေသာ ရဲတပ္ဖြဲ႕ကုိပင္ ဂ်င္က လိ၊ ေလးခြတို႔ျဖင့္ ပစ္ခတ္ခဲ့ၿပီး မီး တုိ႔ထားသည့္ ဓာတ္ဆီပုလင္းမ်ား ျဖင့္ ပစ္၍လည္း မီး႐ိႈ႕ရန္ ႀကိဳးစား ခဲ့သျဖင့္ ရဲတပ္ဖြဲ႕က ေသနတ္မုိး ေပၚေထာင္ပစ္ကာ လူစုခဲြခဲ့ရ သည္။

ယင္းျဖစ္စဥ္တြင္ ပါဝင္သူ  ကုိးဦးကုိ ဖမ္းဆီးထားၿပီး ပါဝင္သူ အမ်ားစုသည္ စစ္ေတြေဒသခံ တုိင္းရင္းသားမဟုတ္ဘဲ လူမွန္းမသိေအာင္ (အရက္)မူးေနသူမ်ားျဖစ္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရ အဖြဲ႕အတြင္းေရးမွဴး ဦးတင္ေမာင္ ေဆြကေျပာၾကားသည္။

ထိုအေျခအေနမ်ားေၾကာင့္ စစ္ေတြၿမိဳ႕ လူစုလူေဝးျဖစ္စဥ္ တြင္ ပါဝင္သူမ်ားသည္ ရခိုင္ျပည္ နယ္ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ ျပားေအာင္ ရည္ရြယ္ခ်က္ရိွရိွ လုပ္ေဆာင္ျခင္းျဖစ္၍ ေနာက္ ကြယ္မွ ႀကိဳးကုိင္ေနသည့္အဖြဲ႕အ စည္းကို ေဖာ္ထုတ္အေရးယူမည္ ဟု ျပည္နယ္အစိုးရအဖြဲ႕ အတြင္း ေရးမွဴး ဦးတင္ေမာင္ေဆြႏွင့္ ျပည္ နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေအာင္ ျမတ္မုိးတို႔က ထုတ္ေဖာ္ေျပာၾကား ထားသည္။

ယင္းဆူပူမႈျဖစ္စဥ္၌ ပါဝင္ သူမ်ားကုိ လူတစ္စု(သုိ႔မဟုတ္) အဖြဲ႕အစည္းတစ္ခုက ေငြေပး ကာ ခိုင္းေစသည္ဟု သံသယရိွ ေၾကာင္း ရဲမွဴးႀကီးေအာင္ျမတ္မုိး က သံုးသပ္သည္။

စစ္ေတြၿမိဳ႕တြင္ ရာႏွင့္ခ်ီ ေသာ လူစုလူေဝးဆူပူမႈမျဖစ္ခင္ ရက္ပုိင္းအလုိတြင္ ျပည္နယ္အ တြင္း လႈံ႔ေဆာ္သူမ်ားရိွေနသည္ ကုိ ေအာက္ပါသာဓကသံုးခုက သက္ေသခံေနသည္။

စက္တင္ဘာ ၁၃ ရက္တြင္ စစ္ေတြၿမိဳ႕ မန္မိုရီဟုိတယ္ေရွ႕၌ လူစုလူေ၀းျဖစ္မႈ၊ စက္တင္ဘာ ၁၆ ရက္တြင္ ဘဂၤါလီရြာသို႔ သြားမည့္ ျမန္မာႏုိုင္ငံ ၾကက္ေျခနီအသင္းမွ ကားကို လူစုလူေ၀းျဖင့္ တားဆီးခဲ့မႈ၊ စက္တင္ဘာ ၁၈ ရက္တြင္ မင္းျပားႏွင့္ အမ္းၿမိဳ႕နယ္ ၾကားလမ္းပိုင္းတြင္ ကယ္ဆယ္ေရးယာဥ္အခ်ိဳ႕ ျဖတ္သန္းစဥ္ မိုင္း ေဖာက္ခဲြမႈ စသည္တို႔ပင္ျဖစ္ သည္။ ထို႔ျပင္ ဆူပူလႈံ႔ေဆာ္လိုသူ မ်ားက ရခုိင္ေဒသကို ပစ္မွတ္ထား ကာ လႈပ္ရွားမႈမ်ား ဆက္တိုက္ျပဳ လုပ္ခဲ့သည္။ စက္တင္ဘာ ၁ ရက္ နံနက္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ပိုက္သည္ရပ္ကြက္ သခ်ႋဳင္း ေဟာင္းရွိ ဇရပ္ေဟာင္း ဖ်က္ဆီး ခံေနရေၾကာင္း ေကာလာဟလ မ်ား ထုတ္လႊင့္၍ ဆူပူမႈျဖစ္ေပၚေစ လုိသူအခ်ိဳ႕က ေသြးထိုးလႈံ႔ေဆာ္ခဲ့သည္။ ယင္းေန႔ညေနတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္ ေစတီေတာင္ရပ္ကြက္၌ ႐ံုးခန္းဖြင့္လွစ္ထား ေသာ လူငယ္အားမာန္အဖဲြ႕ (Youth Strength Association- YSA) ႐ံုးကို ေက်ာက္ျဖဴခ႐ိုင္ လူငယ္အဖဲြ႕၀င္အခ်ိဳ႕ လာေရာက္ စု႐ံုး၀ိုင္း၀န္းမႈျဖစ္ေပၚခဲ့သည္။ ျဖစ္ရပ္ႏွစ္ခုစလံုးကို တာ၀န္ရွိသူမ်ားက အခ်ိန္မီသြားေရာက္တားဆီးႏုိင္ခဲ့၍ ျပႆနာတစ္စံုတစ္ရာမျဖစ္ခဲ့ေပ။

အလားတူ ျဖစ္စဥ္မ်ားမွာ ရခိုင္ျပည္နယ္သာမက ရန္ကုန္ၿမိဳ႕ အပါအ၀င္ ေဒသအခ်ိဳ႕တြင္လည္း မတည္မၿငိမ္ျဖစ္ေစရန္ ရည္ရြယ္ ခ်က္ျဖင့္ လႈံ႔ေဆာ္မႈမ်ားရွိခဲ့သည္။

‘ျပည္ၿမိဳ႕ ေရႊတံခါးစာသင္ ေက်ာင္းသို႔ လူမ်ိဳးျခားမ်ား လာ ေရာက္ေႏွာင့္ယွက္’ ဟူေသာ လူမႈ ကြန္ရက္ေပၚမွ ေကာလာဟလ ေၾကာင့္ မိဘမ်ား စိုးရိမ္ၿပီး ေက်ာင္းဆင္းခ်ိန္မတုိင္မီ ေက်ာင္းသားမ်ားကို လာေခၚသျဖင့္ ျပည္ၿမိဳ႕ႏွင့္ ေရႊေတာင္ၿမိဳ႕ရွိ စာသင္ေက်ာင္းအခ်ိဳ႕တြင္ လူစုလူေ၀းျဖစ္ေပၚခ့ဲသည္။

ဘာသာေရး၊ လူမ်ိဳးေရးပဋိပကၡ ဖန္တီးသူမ်ားရွိေနေၾကာင္း အစိုးရက သတိေပးေနခ်ိန္တြင္ ‘‘ကုလားေတြ ဒီလမ္းထဲမွာရွိရင္ ထြက္ခဲ့။ ကုလားဆို ဘယ္ ကုလားမွ ဂ႐ုမစိုက္ဘူး။ ဒါငါတု႔ိ အမိေျမ ျမန္မာႏုိင္ငံကြ’’ဟူေသာ စကားလံုးမ်ားျဖင့္ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ဆဲဆုိခဲ့သည္။ သို႔ေသာ္ ဆူပူေအာင္ လႈံ႔ေဆာ္သူကို ရပ္ကြက္ေန ျပည္သူမ်ားက ၀ုိင္းဖမ္း၍ ရဲလက္အပ္ခဲ့သည္။ ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ေရပူစမ္းေက်းရြာအေနာက္ရွိ ေတာထဲ၌ ဘာသာျခားေျခာက္ဦး ဓားကိုင္ေဆာင္ ေရာက္ရွိေနေၾကာင္း ေကာလာဟလ သတင္းမ်ားေၾကာင့္ လူစုလူေ၀းျဖစ္ေပၚခဲ့ျပန္သည္။

ယင္းကဲ့သို႔ ေကာလာဟလ မ်ားႏွင့္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ တြင္ သတင္းအမွားမ်ား ျဖန္႔ခ်ိေရး သားမႈမ်ားေၾကာင့္ လူမ်ိဳးေရး၊ ဘာသာေရးပဋိပကၡမ်ား၊ အဓိက႐ုဏ္းမ်ားျဖစ္ေပၚေစရန္ ေသြးထိုးလႈံ႔ေဆာ္မႈမ်ားကို အထူးသတိျပဳရန္ အစုိးရက သတိေပးႏိႈးေဆာ္ခဲ့ရ သည္။

‘ႏုိင္ငံေတာ္ တည္ၿငိမ္ေအး ခ်မ္းေရးအတြက္ တိုင္းရင္းသား ျပည္သူတစ္ရပ္လံုးက ၀ိုင္း၀န္းကူ ညီပူးေပါင္းေဆာင္ရြက္ၾကပါရန္ အသိေပးတိုက္တြန္းအပ္ပါသည္’ ဟု ရွင္းရွင္းလင္းလင္း ေရးသား ထုတ္ျပန္ခဲ့သည္။

ေသြးထိုးလႈံ႔ေဆာ္မႈမ်ားကို အထူးသတိျပဳရန္ အစိုးရသတင္း ထုတ္ျပန္ၿပီးေနာက္ပုိင္းတြင္ ႏိုင္ငံ ေရးေတာေၾကာင္မ်ားက ရပ္တန္႔မႈ မရွိဘဲလႈံ႔ေဆာ္မႈမ်ား၊ ႏိုင္ငံအတြင္း မတည္မၿငိမ္ျဖစ္ေစရန္ သိသိသာ သာတစ္မ်ိဳး၊ မထင္မရွားတစ္ဖံု လႈပ္ရွားလုပ္ေဆာင္ခဲ့သည္။

ထို႔ေၾကာင့္လည္း ရခိုင္ျပည္ နယ္ အမ္းၿမိဳ႕နယ္အတြင္းဆူပူမႈ ျဖစ္ေစရန္ စည္း႐ံံုးခဲ့သူကို မေကြး ခ႐ိုင္တရား႐ံုးသို႔ ဦးတိုက္ေလွ်ာက္ ထားကာ တိုင္းေဒသႀကီးအေထြ ေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ၫႊန္ ၾကားေရးမွဴးက တရားစြဲဆိုႏိုင္ခဲ့ ျခင္းျဖစ္သည္။

ထိုသို႔ တရားစြဲဆိုရာတြင္ဆူ ပူရန္ လူစုစည္း႐ံုးသည္ဆိုေသာ ပုဂၢိဳလ္၏ အမည္ကုိ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိဘဲ အသက္ (၆၀) အရြယ္ မေကြးၿမိဳ႕ခံတစ္ဦးဟုသာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ တာ ဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပည္သူမ်ားအၾကားေသြးထိုး လႈံ႔ေဆာ္သူမ်ားကို ဖမ္းဆီး႐ံုတင္မ ကဘဲ ၎တို႔ေနာက္ကြယ္ရင္းျမစ္ အဆံုးအထိ ေဖာ္ထုတ္ရန္လိုအပ္ ေၾကာင္း ေလ့လာသံုးသပ္သူမ်ား ကအႀကံျပဳသည္။

 ေသြးထိုးလႈံ႔ေဆာ္မႈမ်ား၊ ေနာက္ကြယ္မွ ႀကိဳးကိုင္ေနသူလူ တစ္စု (သို႔မဟုတ္) အဖြဲ႕အစည္း မ်ားကို ေဖာ္ထုတ္ရန္အဓိကတာ ဝန္မွာ ျပည္ထဲေရးဝန္ႀကီးဌာနျဖစ္ ၿပီး စစ္အစိုးရလက္ထက္က ႏိုင္ငံ ေရးသမားမ်ားေနာက္ကို လက္မ လြတ္တမ္း တေကာက္ေကာက္ လိုက္သည့္ နည္းပရိယာယ္အ တိုင္း လုပ္ေဆာင္ပါက ႀကိဳတင္ ေဖာ္ထုတ္ႏိုင္မည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာ ဘတ္စန္းေအာင္က သံုးသပ္ သည္။

‘‘ျပည္ထဲေရး ဝန္ႀကီးဌာန ေအာက္က ရဲတပ္ဖြဲ႕အမ်ိဳးမ်ိဳးနဲ႔ကာကြယ္ေရး၀န္ႀကီးဌာနေအာက္က စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ဥပေဒေၾကာင္းအရ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစတဲ့ကိစၥရပ္ေတြ လုပ္ေနတဲ့သူေတြကိုသတင္း ႀကိဳတင္ရယူၿပီးေတာ့ ေဖာ္ထုတ္ အေရးယူဖို႔လိုတယ္’’ ဟု ၎က ဆိုသည္။

ထိုသို႔ မေဖာ္ထုတ္ႏိုင္ပါက တိုင္းျပည္မတည္မၿငိမ္ ျဖစ္ေပၚ မည္ျဖစ္ၿပီး စီးပြားေရးဖြံ႕ၿဖိဳးမႈ ေနာက္က်ကာ ျပည္ပမွ ရင္းႏွီးျမႇဳပ္ ႏွံလိုသူမ်ားကိုလည္း ပိတ္ပင္ရာ ေရာက္မည္ဟု ဦးေရာဘတ္စန္း ေအာင္က မွတ္ခ်က္ျပဳသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်ခံရသည့် ဖြစ်စဉ် နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း၌ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ် ချက်ရှိရှိဖြင့် လုပ်ဆောင်နေသူများ ပေါ်ထွက်လာပြီး ၎င်းတို့အနက် ပါဝင်သူအချို့ကိုလည်း ရခိုင်ပြည် နယ်နှင့်မကွေးတိုင်းဒေသကြီးတို့၌ အမှုဖွင့် တရားစွဲဆိုမှုများရှိလာ သည်။
    အမ်းမြို့နယ်တွင် ဆူပူမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးပါက လူတစ်ဦးလျှင် ကျပ်ငါးသိန်းပေး မည်ဆိုကာ စည်းရုံးသူတစ်ဦးကို မကွေးခရိုင် တရားရုံး၌ ဦး တိုက်လျှောက်ထား၍ တရားစွဲဆို ထားပြီး တောင်တွင်းကြီးနှင့် စစ် တွေမြို့တို့တွင် လူစုလူဝေးဖြင့် မတည်မငြိမ် ဖြစ်စေရန် လုပ် ဆောင်ရာ၌ ပါဝင်သူအချို့ကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ အာဏာရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးကို ပထမ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် လုပ် ဆောင်နေချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်ခံရမှုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သည့် ဒီချုပ်အစိုးရအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်နေသည်။

ယင်းအခြေအနေတွင် လူမျိုး ရေး၊ ဘာသာရေးအကြောင်းပြု သွေးထိုးလှုံ့ဆော်မှုများ၊ လူစု လူဝေးဖြင့်ဆူပူမှုများဖန်တီးကာ နိုင်ငံအတွင်း မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အလျှိုအလျှို ပေါ်ထွက်လာသည်။

ရာနှင့်ချီသော ပြည်သူများ လမ်းပေါ်ရောက်ရှိလာစေရန် ဖန် တီးခဲ့သော ဖြစ်စဉ်နှစ်ရပ်မှာ စက် တင်ဘာအတွင်း ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များ၏ နောက် ကွယ်တွင် လက်ရှိ ဒီချုပ်အစိုးရ အကျပ်တွေ့စေရန် ရည်ရွယ် ချက်ရှိရှိဖြင့် ကြိုးကိုင်လှုံ့ဆော် နေသူများရှိသည်ဟု လုံခြုံရေးတာ ဝန်ယူထားသူများက ထုတ်ဖော် ပြောကြားခဲ့သလို ပြည်သူအများ စုကလည်း ထိုသို့ပင်မှတ်ယူထား ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် တောင်တွင်းကြီးမြို့၌ မျက်နှာဖုံးစွပ်များ တပ်ဆင်ထား သော လူငယ်တစ်စုက အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်နှင့် ဈေး ဆိုင်ခန်းများကို လိုက်လံဖျက်ဆီးခဲ့ သည်။ ထို့အပြင် ၎င်းတို့က ဒေသ ခံပြည်သူများပါဝင်လာစေရန်လှုံ့ ဆော်ခဲ့သော်လည်း ပြည်သူများ က နိုင်ငံရေးအသိရေချိန်မြင့်မား စွာဖြင့် လှုံ့ဆော်မှုတွင် မပါဝင်ခဲ့ ပေ။

ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ က နာရီပိုင်းအတွင်း အချိန်မီထိန်း သိမ်းခဲ့သည့်အတွက် လှုံ့ဆော်သူ များလိုလားသည့် လူမျိုးရေး၊ ဘာ သာရေးပဋိပက္ခဆီသို့ ဦးတည် မဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်တွင်းကြီးဆူပူမှုတွင်  ပါဝင်သူ ၁၄ ဦးကို အမှုဖွင့်ထား သော်လည်း ခုနစ်ဦးကိုသာ ဖမ်း ဆီးနိုင်သေးပြီး ကျန်သူများမှာ လွတ်မြောက်နေဆဲပင်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ် ဒေါက်တာအောင်မိုးညို က တောင်တွင်းကြီးဆူပူမှုဖြစ်စဉ် တွင် နောက်ကွယ်မှ ပါဝင်ပတ် သက်သူများရှိပါက ဖော်ထုတ်ရန် တိုင်းဒေသကြီးနယ်လုံဝန်ကြီးကို ညွှန်ကြားထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်အပေါ် မူ တည်၍ အမျိုးသားရေး၊ ဘာသာ ရေးကို အကြောင်းပြုကာ နိုင်ငံ ရေးအမြတ်ထုတ်ရန် ကြိုးစားနေ သည့် လူပုဂ္ဂိုလ်များရှိနေသည်ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ် သည်။

‘‘နိုင်ငံရေးအရ NLD အစိုးရ ကို ထိုးနှက်ဖို့ဆိုလို့ရှိရင်တော့ ဒါ ဟာ တော်တော်ဆိုးရွားတဲ့ အကြံ အစည်ဖြစ်လိမ့်မယ်။ ဒါတိုင်း ပြည်အတွက် မကောင်းဘူးပေါ့။ ပိုရှုပ်ထွေးမှုတွေဖြစ်မယ်’’ ဟု ဦးမောင်မောင်စိုးက မှတ်ချက်ပြု သည်။

စက်တင်ဘာ ၂၀ ရက်ည တွင်လည်း ရခိုင်ပြည်နယ် စစ်တွေ မြို့ ဆတ်ရိုးကျကယ်ဆယ်ရေး စခန်းအနီး ဘင်္ဂါလီရွာသို့ သွား ရောက်၍ အကူအညီပေးမယ့် နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC)၏ ကုန်ပစ္စည်းများ တင် ဆောင်လာသည့် စက်လှေကို အ ရပ်သား ၃၀၀ ခန့်က စစ်ဆေးလို သည်ဆိုကာ လူစုလူဝေး ဖြစ် ပွားခဲ့သည်။

အဆိုပါလူအုပ်က ယင်းအ ခြေအနေကို ထိန်းသိမ်းရန် ကြိုး စားသော ရဲတပ်ဖွဲ့ကိုပင် ဂျင်က လိ၊ လေးခွတို့ဖြင့် ပစ်ခတ်ခဲ့ပြီး မီး တို့ထားသည့် ဓာတ်ဆီပုလင်းများ ဖြင့် ပစ်၍လည်း မီးရှို့ရန် ကြိုးစား ခဲ့သဖြင့် ရဲတပ်ဖွဲ့က သေနတ်မိုး ပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရ သည်။

ယင်းဖြစ်စဉ်တွင် ပါဝင်သူ  ကိုးဦးကို ဖမ်းဆီးထားပြီး ပါဝင်သူ အများစုသည် စစ်တွေဒေသခံ တိုင်းရင်းသားမဟုတ်ဘဲ လူမှန်းမသိအောင် (အရက်)မူးနေသူများဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတင်မောင် ဆွေကပြောကြားသည်။

ထိုအခြေအနေများကြောင့် စစ်တွေမြို့ လူစုလူဝေးဖြစ်စဉ် တွင် ပါဝင်သူများသည် ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှု ပျက် ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်၍ နောက် ကွယ်မှ ကြိုးကိုင်နေသည့်အဖွဲ့အ စည်းကို ဖော်ထုတ်အရေးယူမည် ဟု ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးတင်မောင်ဆွေနှင့် ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင် မြတ်မိုးတို့က ထုတ်ဖော်ပြောကြား ထားသည်။

ယင်းဆူပူမှုဖြစ်စဉ်၌ ပါဝင် သူများကို လူတစ်စု(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက ငွေပေး ကာ ခိုင်းစေသည်ဟု သံသယရှိ ကြောင်း ရဲမှူးကြီးအောင်မြတ်မိုး က သုံးသပ်သည်။

စစ်တွေမြို့တွင် ရာနှင့်ချီ သော လူစုလူဝေးဆူပူမှုမဖြစ်ခင် ရက်ပိုင်းအလိုတွင် ပြည်နယ်အ တွင်း လှုံ့ဆော်သူများရှိနေသည် ကို အောက်ပါသာဓကသုံးခုက သက်သေခံနေသည်။

စက်တင်ဘာ ၁၃ ရက်တွင် စစ်တွေမြို့ မန်မိုရီဟိုတယ်ရှေ့၌ လူစုလူဝေးဖြစ်မှု၊ စက်တင်ဘာ ၁၆ ရက်တွင် ဘင်္ဂါလီရွာသို့ သွားမည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကားကို လူစုလူဝေးဖြင့် တားဆီးခဲ့မှု၊ စက်တင်ဘာ ၁၈ ရက်တွင် မင်းပြားနှင့် အမ်းမြို့နယ် ကြားလမ်းပိုင်းတွင် ကယ်ဆယ်ရေးယာဉ်အချို့ ဖြတ်သန်းစဉ် မိုင်း ဖောက်ခွဲမှု စသည်တို့ပင်ဖြစ် သည်။ ထို့ပြင် ဆူပူလှုံ့ဆော်လိုသူ များက ရခိုင်ဒေသကို ပစ်မှတ်ထား ကာ လှုပ်ရှားမှုများ ဆက်တိုက်ပြု လုပ်ခဲ့သည်။ စက်တင်ဘာ ၁ ရက် နံနက်တွင် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက် သချႋုင်း ဟောင်းရှိ ဇရပ်ဟောင်း ဖျက်ဆီး ခံနေရကြောင်း ကောလာဟလ များ ထုတ်လွှင့်၍ ဆူပူမှုဖြစ်ပေါ်စေ လိုသူအချို့က သွေးထိုးလှုံ့ဆော်ခဲ့သည်။ ယင်းနေ့ညနေတွင် ကျောက်ဖြူမြို့နယ် စေတီတောင်ရပ်ကွက်၌ ရုံးခန်းဖွင့်လှစ်ထား သော လူငယ်အားမာန်အဖွဲ့ (Youth Strength Association- YSA) ရုံးကို ကျောက်ဖြူခရိုင် လူငယ်အဖွဲ့ဝင်အချို့ လာရောက် စုရုံးဝိုင်းဝန်းမှုဖြစ်ပေါ်ခဲ့သည်။ ဖြစ်ရပ်နှစ်ခုစလုံးကို တာဝန်ရှိသူများက အချိန်မီသွားရောက်တားဆီးနိုင်ခဲ့၍ ပြဿနာတစ်စုံတစ်ရာမဖြစ်ခဲ့ပေ။

အလားတူ ဖြစ်စဉ်များမှာ ရခိုင်ပြည်နယ်သာမက ရန်ကုန်မြို့ အပါအဝင် ဒေသအချို့တွင်လည်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် လှုံ့ဆော်မှုများရှိခဲ့သည်။

‘ပြည်မြို့ ရွှေတံခါးစာသင် ကျောင်းသို့ လူမျိုးခြားများ လာ ရောက်နှောင့်ယှက်’ ဟူသော လူမှု ကွန်ရက်ပေါ်မှ ကောလာဟလ ကြောင့် မိဘများ စိုးရိမ်ပြီး ကျောင်းဆင်းချိန်မတိုင်မီ ကျောင်းသားများကို လာခေါ်သဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့ရှိ စာသင်ကျောင်းအချို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖန်တီးသူများရှိနေကြောင်း အစိုးရက သတိပေးနေချိန်တွင် ‘‘ကုလားတွေ ဒီလမ်းထဲမှာရှိရင် ထွက်ခဲ့။ ကုလားဆို ဘယ် ကုလားမှ ဂရုမစိုက်ဘူး။ ဒါငါတု့ိ အမိမြေ မြန်မာနိုင်ငံကွ’’ဟူသော စကားလုံးများဖြင့် စမ်းချောင်းမြို့နယ်တွင် ဆဲဆိုခဲ့သည်။ သို့သော် ဆူပူအောင် လှုံ့ဆော်သူကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဖမ်း၍ ရဲလက်အပ်ခဲ့သည်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရေပူစမ်းကျေးရွာအနောက်ရှိ တောထဲ၌ ဘာသာခြားခြောက်ဦး ဓားကိုင်ဆောင် ရောက်ရှိနေကြောင်း ကောလာဟလ သတင်းများကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြန်သည်။

ယင်းကဲ့သို့ ကောလာဟလ များနှင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် သတင်းအမှားများ ဖြန့်ချိရေး သားမှုများကြောင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၊ အဓိကရုဏ်းများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို အထူးသတိပြုရန် အစိုးရက သတိပေးနှိုးဆော်ခဲ့ရ သည်။

‘နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူ ညီပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်’ ဟု ရှင်းရှင်းလင်းလင်း ရေးသား ထုတ်ပြန်ခဲ့သည်။

သွေးထိုးလှုံ့ဆော်မှုများကို အထူးသတိပြုရန် အစိုးရသတင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံ ရေးတောကြောင်များက ရပ်တန့်မှု မရှိဘဲလှုံ့ဆော်မှုများ၊ နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေရန် သိသိသာ သာတစ်မျိုး၊ မထင်မရှားတစ်ဖုံ လှုပ်ရှားလုပ်ဆောင်ခဲ့သည်။

ထို့ကြောင့်လည်း ရခိုင်ပြည် နယ် အမ်းမြို့နယ်အတွင်းဆူပူမှု ဖြစ်စေရန် စည်းရံုံးခဲ့သူကို မကွေး ခရိုင်တရားရုံးသို့ ဦးတိုက်လျှောက် ထားကာ တိုင်းဒေသကြီးအထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန် ကြားရေးမှူးက တရားစွဲဆိုနိုင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုရာတွင်ဆူ ပူရန် လူစုစည်းရုံးသည်ဆိုသော ပုဂ္ဂိုလ်၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အသက် (၆၀) အရွယ် မကွေးမြို့ခံတစ်ဦးဟုသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူများအကြားသွေးထိုး လှုံ့ဆော်သူများကို ဖမ်းဆီးရုံတင်မ ကဘဲ ၎င်းတို့နောက်ကွယ်ရင်းမြစ် အဆုံးအထိ ဖော်ထုတ်ရန်လိုအပ် ကြောင်း လေ့လာသုံးသပ်သူများ ကအကြံပြုသည်။

 သွေးထိုးလှုံ့ဆော်မှုများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူလူ တစ်စု (သို့မဟုတ်) အဖွဲ့အစည်း များကို ဖော်ထုတ်ရန်အဓိကတာ ဝန်မှာ ပြည်ထဲရေးဝန်ကြီးဌာနဖြစ် ပြီး စစ်အစိုးရလက်ထက်က နိုင်ငံ ရေးသမားများနောက်ကို လက်မ လွတ်တမ်း တကောက်ကောက် လိုက်သည့် နည်းပရိယာယ်အ တိုင်း လုပ်ဆောင်ပါက ကြိုတင် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က သုံးသပ် သည်။

‘‘ပြည်ထဲရေး ဝန်ကြီးဌာန အောက်က ရဲတပ်ဖွဲ့အမျိုးမျိုးနဲ့ကာကွယ်ရေးဝန်ကြီးဌာနအောက်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တွေက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ကိစ္စရပ်တွေ လုပ်နေတဲ့သူတွေကိုသတင်း ကြိုတင်ရယူပြီးတော့ ဖော်ထုတ် အရေးယူဖို့လိုတယ်’’ ဟု ၎င်းက ဆိုသည်။

ထိုသို့ မဖော်ထုတ်နိုင်ပါက တိုင်းပြည်မတည်မငြိမ် ဖြစ်ပေါ် မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျကာ ပြည်ပမှ ရင်းနှီးမြှုပ် နှံလိုသူများကိုလည်း ပိတ်ပင်ရာ ရောက်မည်ဟု ဦးရောဘတ်စန်း အောင်က မှတ်ချက်ပြုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top