Golden City Promotion
×

ပါဝင္ထားၾကတဲ့ အႏုပညာရွင္ေတြက ေျပာျပခဲ့ပါတယ္။
လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန ပရိသတ္ေတြ စိတ္ဝင္တစားရွိလွတဲ့ ေအာ္တုိဘုရင္ ရုပ္ရွင္ဇာတ္ကားႀကီးအထူးျပသ ပြဲကုိေတာ့ ေအာက္တုိဘာလ ၈ ရက္ေန႔ မနက္ပုိင္းက သမၼတရုပ္ရွင္ရုံမွာ ျပသခဲ့ပါတယ္။ ဒီျပသပြဲကုိေတာ့ ပါဝင္ထားၾကတဲ့ သရုပ္ေဆာင္မ်ား၊ ဖိတ္ၾကားထားေသာ မီဒီယာအသီးသီးက တာဝန္ရွိသူမ်ားနဲ႔ ဧည့္ပရိသတ္မ်ားစြာတုိ႔ကလည္း လာေရာက္ၾကည့္ရႈ အားေပးခဲ့ၾက ပါတယ္။
ေအာ္တုိဘုရင္ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ပတ္သက္ၿပီး ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြနဲ႔အတူ သက္ဆုိင္ရာ တာဝန္ရွိသူေတြကလည္း အမွတ္တရ စကားသံေတြကုိ Duwun media ကေန အခုလုိေျပာျပခဲ့ပါတယ္။

ကုိဘုိစန္း(ထုတ္လုပ္သူ)

_____________________

ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ဒါက ပထမဦးဆုံးရုံတင္တဲ့ဇာတ္ကားပါ။ တခ်ိဳ႔က က်ေတာ့လည္း မင္းသားမပါဘူးလားေမးၾကတယ္။ ဦးဇာဂနာကပဲ ဒီဇာတ္ကားထဲမွာ အဓိက သရုပ္ေဆာင္ပါ။ အိေခ်ာပုိကလည္း ေစ်းကြက္ဝင္မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ ကုိၾကံ႔ ကလည္း ေစ်းကြက္ဝင္မင္းသားတစ္ေယာက္ပါပဲ မင္းသားမပါဘူးလားဆုိေတာ့ မင္းသားပါတယ္။ အဓိက က ဒီဇာတ္ကားေလး က လူရႊင္ေတာ္ေတြ အမ်ားႀကီးကုိ အားျပဳထားတဲ့ ဇာတ္ကားေလးပါ အားလုံးတက္ညီလက္ညီ ႀကိဳးစားထားတဲ့ ဇာတ္ကားေလးပါ။

ညီညီထြန္းလြင္(ဒါရုိက္တာ)

_________________________

ေခတ္သစ္ေပါက္က်ဳိင္းဆုိၿပီးေတာ့ ေမာ့စ္နဲ႔ရုိက္ဖူးတယ္။ ဒါေပမယ့္ အဲ့ဒီတုန္းက ရုိက္တုန္းကလည္း ဒီဇာတ္ကားလို မျမိဳင္ဆုိင္ ဘူးေပါ့။အခုက်ေတာ့ နဂါးတုိ႔ ဘာတုိ႔ကုိ CGI စနစ္နဲ႔ အန္နီေမးလ္ရွင္းတုိ႔နဲ႔ ျပင္ဆင္လုိက္တဲ့အခါက်ေတာ့ ပုိၿပီးေတာ့ ပီျပင္လာတယ္၊ ဇာတ္လမ္းကုိလည္း ပုိၿပီးေတာ့ ၿမိဳင္ဆုိင္လာတယ္ေပါ့ အရင္တုန္းကေတာ့ ဇာတ္လမ္းအက်ဥ္းေလးပဲ၊ ဒီဘက္ေခတ္ကုိေျပာင္းလဲလာ တဲ့အခါ ေခတ္နဲ႔ စနစ္ကုိ သေရာ္တဲ့ကား၊ ရွင္းရွင္းေျပာရရင္ေတာ့ ဒီဇာတ္ကားက ႏုိင္ငံေရးကားပဲ။

ဦးဇာဂနာ

______________

ကၽြန္ေတာ္လည္း ဇာတ္ကားမရုိက္တာ ၁၀ ႏွစ္ေလာက္ရွိၿပီ။ အ့ဲဒီေတာ့ ဇာတ္တစ္ခုခုေတာ့ ရုိက္ဖုိ႔ရွာတာ ၃ ခုေလာက္ရွိတယ္ မႀကိဳက္ ဘူး။ေနာက္ဆုံးက်ေတာ့ မထူးဘူးဆုိၿပီးေတာ့ ဒီဇာတ္ကားအသစ္ျပန္ေရးၾကတာေပါ့။ ကုိယ္ေျပာခ်င္တာေတြ၊ ကုိယ္လုပ္ခ်င္ တာေတြ ကုိ ဇာတ္ထဲ သြပ္ထည့္လုိက္တယ္ေပါ့။ ကုိယ္လုပ္ခ်င္တာေတြ လုပ္ရဖုိ႔ အတြက္ ဒီဇာတ္ကားႀကီးရုိက္ျဖစ္သြားတဲ့ သေဘာပါ။

အိေခ်ာပို

_______________

အိေခ်ာတုိ႔ ဒီဇာတ္ကားေလးကုိ ရုိက္ကူးတုန္းက ေနျပည္ေတာ္ ျမန္မာ့အသံရုံးမွာရုိက္တယ္။ ဒီလုိ နန္းဝတ္နန္းစားေတြနဲ႔ ရုိက္ရတယ္ ၿပီးေတာ့ ျမန္္မာ့အသံဝန္းထဲဆုိေတာ့လည္း အရမ္းေအးတယ္ သရုပ္ေဆာင္ရတာ အခက္အခဲေတာ့ သိပ္မရွိခဲ့ပါဘူး။ ဒါေပမယ့္ Outdoor ေတြက်ေတာ့ ျပင္ဦးလြင္မွာ သြားရုိက္ရတာျဖစ္တဲ့အတြက္ နန္းဝတ္နန္းစားေတြနဲ႔ ဆိုေတာ့ အခက္အခဲရွိခဲ့တယ္။

ဘိုဘုိ ရုပ္ရွင္ထုတ္လုပ္ေရးကေန ထုတ္လုပ္ၿပီး ဒါရုိက္တာ ညီညီထြန္းလြင္ရုိက္ကူးထားတဲ့ ေအာ္တုိဘုရင္ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေအာက္တုိဘာလ ၂၀ ရက္ေန႔က စၿပီး ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ ရုပ္ရွင္ရုံေတြမွာ ျပသသြားမယ္လုိ႔သိရပါတယ္။ ဒီရုပ္ရွင္ဇာတ္ကား ႀကီးထဲမွာ သရုပ္ေဆာင္ ဇာဂနာ၊ ေက်ာ္ေက်ာ္ဗုိ၊ အိေခ်ာပုိ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပါဝင်ထားကြတဲ့ အနုပညာရှင်တွေက ပြောပြခဲ့ပါတယ်။
လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့ အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသ ပွဲကိုတော့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီပြသပွဲကိုတော့ ပါဝင်ထားကြတဲ့ သရုပ်ဆောင်များ၊ ဖိတ်ကြားထားသော မီဒီယာအသီးသီးက တာဝန်ရှိသူများနဲ့ ဧည့်ပရိသတ်များစွာတို့ကလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြ ပါတယ်။
အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့အတူ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အမှတ်တရ စကားသံတွေကို Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။
ကိုဘိုစန်း(ထုတ်လုပ်သူ)

_____________________

ကျွန်တော့်အနေနဲ့ကတော့ ဒါက ပထမဦးဆုံးရုံတင်တဲ့ဇာတ်ကားပါ။ တချို့က ကျတော့လည်း မင်းသားမပါဘူးလားမေးကြတယ်။ ဦးဇာဂနာကပဲ ဒီဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်ပါ။ အိချောပိုကလည်း ဈေးကွက်ဝင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ကိုကြံ့ ကလည်း ဈေးကွက်ဝင်မင်းသားတစ်ယောက်ပါပဲ မင်းသားမပါဘူးလားဆိုတော့ မင်းသားပါတယ်။ အဓိက က ဒီဇာတ်ကားလေး က လူရွှင်တော်တွေ အများကြီးကို အားပြုထားတဲ့ ဇာတ်ကားလေးပါ အားလုံးတက်ညီလက်ညီ ကြိုးစားထားတဲ့ ဇာတ်ကားလေးပါ။ညီညီထွန်းလွင်(ဒါရိုက်တာ)

_________________________

ခေတ်သစ်ပေါက်ကျိုင်းဆိုပြီးတော့ မော့စ်နဲ့ရိုက်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ရိုက်တုန်းကလည်း ဒီဇာတ်ကားလို မမြိုင်ဆိုင် ဘူးပေါ့။အခုကျတော့ နဂါးတို့ ဘာတို့ကို CGI စနစ်နဲ့ အန်နီမေးလ်ရှင်းတို့နဲ့ ပြင်ဆင်လိုက်တဲ့အခါကျတော့ ပိုပြီးတော့ ပီပြင်လာတယ်၊ ဇာတ်လမ်းကိုလည်း ပိုပြီးတော့ မြိုင်ဆိုင်လာတယ်ပေါ့ အရင်တုန်းကတော့ ဇာတ်လမ်းအကျဉ်းလေးပဲ၊ ဒီဘက်ခေတ်ကိုပြောင်းလဲလာ တဲ့အခါ ခေတ်နဲ့ စနစ်ကို သရော်တဲ့ကား၊ ရှင်းရှင်းပြောရရင်တော့ ဒီဇာတ်ကားက နိုင်ငံရေးကားပဲ။
ဦးဇာဂနာ

______________

ကျွန်တော်လည်း ဇာတ်ကားမရိုက်တာ ၁၀ နှစ်လောက်ရှိပြီ။ အဲ့ဒီတော့ ဇာတ်တစ်ခုခုတော့ ရိုက်ဖို့ရှာတာ ၃ ခုလောက်ရှိတယ် မကြိုက် ဘူး။နောက်ဆုံးကျတော့ မထူးဘူးဆိုပြီးတော့ ဒီဇာတ်ကားအသစ်ပြန်ရေးကြတာပေါ့။ ကိုယ်ပြောချင်တာတွေ၊ ကိုယ်လုပ်ချင် တာတွေ ကို ဇာတ်ထဲ သွပ်ထည့်လိုက်တယ်ပေါ့။ ကိုယ်လုပ်ချင်တာတွေ လုပ်ရဖို့ အတွက် ဒီဇာတ်ကားကြီးရိုက်ဖြစ်သွားတဲ့ သဘောပါ။
အိချောပို

_______________

အိချောတို့ ဒီဇာတ်ကားလေးကို ရိုက်ကူးတုန်းက နေပြည်တော် မြန်မာ့အသံရုံးမှာရိုက်တယ်။ ဒီလို နန်းဝတ်နန်းစားတွေနဲ့ ရိုက်ရတယ် ပြီးတော့ မြန်မာ့အသံဝန်းထဲဆိုတော့လည်း အရမ်းအေးတယ် သရုပ်ဆောင်ရတာ အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် Outdoor တွေကျတော့ ပြင်ဦးလွင်မှာ သွားရိုက်ရတာဖြစ်တဲ့အတွက် နန်းဝတ်နန်းစားတွေနဲ့ ဆိုတော့ အခက်အခဲရှိခဲ့တယ်။
ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးထားတဲ့ အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၂၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ သရုပ်ဆောင် ဇာဂနာ၊ ကျော်ကျော်ဗို၊ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top