Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေဖ့ ကို သတိရလိုက္တာ 

တမာပင္ေလးေတြ စီတန္းေပါက္ေနတဲ့ လမ္းကေလးထဲကို ျမင္းလွည္း ခ်ိဳးေကြ႔ ၀င္လိုက္တာနဲ႔ အိမ္ရဲ႔ အနံ႔ ကို ကၽြန္မ ရတယ္။ ဟိုး..... လြန္ခဲ့တဲ့ အႏွစ္ သံုးဆယ္ေက်ာ္က က်စ္ဆံၿမီး ႏွစ္ဖက္ ခ်ထားတဲ့ ေကာလိပ္ေက်ာင္းသူ ဘ၀ နဲ႔ ျပန္လာတုန္းကလည္း သည္ အန႔ံပါပဲ။ 

လံုျခံဳေႏြးေထြးတဲ့ အိမ္ရဲ႔ အန႔ံဟာ ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာ မဟုတ္ဘူး ထင္ပါရဲ႔။ ေျပာင္းလဲသြားတာကေတာ့ ကၽြန္မ ပဲေပါ့။ မ်က္နွာခ်င္းဆိုင္ ျမင္းလွည္း မွန္ခ်ပ္ေလး ထဲမွာ နဖူး ဆံစေတြ ျဖဴေဖြးစ ျပဳေနတဲ့ အသက္ ငါးဆယ္ေက်ာ္ မိန္းမတေယာက္။ 

အိုး... ဟိုမွာ ကၽြန္မတို႔ အိမ္ကို ျမင္ရၿပီ ။ ေရနံေတြ မည္း၀ေနတဲ့ ႏွစ္ထပ္ အိမ္ႀကီးထဲမွာ ကၽြန္မအေဖရယ္၊ အေမရယ္၊ မမႀကီး ရယ္ ႐ွိတယ္။ ၀မ္းနည္း စရာနဲ႔ ျပန္ျပန္၊ ၀မ္းသာစရာ နဲ႔ ျပန္ျပန္ အိမ္ကိုျမင္လိုက္တာနဲ႔ ဘာျဖစ္လို႔မ်ား အား႐ွိ လံုျခံဳသြားရတာ ပါလိမ့္ေနာ္။

မန္းက်ည္းပင္၊ သရက္ပင္ေတြၾကားမွာ ၿငိမ္သက္ တိတ္ဆိတ္ေနတဲ့ အိမ္ေရွ႔မွာ ခဏ ကၽြန္မ ရပ္ေနၿပီးမွ ၀င္းတံခါး တြန္းဖြင့္ ၀င္လိုက္တာနဲ႔ ကၽြန္မ ရင္ေတြ တစ္ဒိတ္ဒိတ္ ခုန္လာတယ္ ။ အေမ ... အေမ့ ကို ကၽြန္မ ဘယ္ လို ေတြ႔႔ရမွာပါလိမ့္။ သူ အင္မတန္ ခ်စ္တယ္ ဆိုတဲ့ အငယ္ဆံုး သမီး ကၽြန္မကို အေမ ဘယ္လို ဆက္ဆံမွာ ပါလိမ့္ေနာ္။

'မမႀကီး'

အိမ္ေရွ႔ တံခါးနား ကေန မမႀကီး ကို ကၽြန္မ တိုးတိုးေခၚလိုက္တယ္။ မမႀကီး ကၽြန္မကို ေမွ်ာ္ေနတယ္ ထင္ပါရဲ ႔။ ခ်က္ခ်င္းပဲ ေအာက္ထပ္ အိပ္ခန္းထဲ ကေန ထြက္လာတယ္။ အဲသည္ အိပ္ခန္းဟာ အေဖ နဲ႔ အေမ့ အိပ္ခန္း။

' ညည္း မိုးခ်ဳပ္မွ ေရာက္မယ္ထင္လို ႔'

မ်က္နွာထား တင္းတင္း၊ စကားျပတ္ျပတ္ ေျပာတတ္ၿပီး အင္မတန္ ပါးလွပ္တဲ့ ႏႈပ္ခမ္း နဲ႔ အင္မတန္ ပါးလွပ္တဲ့ ကိုယ္ခႏၶာကို ပိုင္ဆိုင္သူ ကၽြန္မ ရဲ႔ မမႀကီးဟာ ဘာမွ မေျပာင္းလဲသလိုပဲ။ ကၽြန္မ မလာျဖစ္တဲ့ တစ္ႏွစ္ အတြင္းမွာ ေျပာင္းလဲ သြားတာကေတာ့ မမႀကီး ရဲ႔ ေဖြးေဖြးလႈပ္ေနတဲ့ ဆံပင္ေတြပဲ။

မႏွစ္က အေဖ နဲ႔ အေမ ရဲ႔ ရွစ္ဆယ္႔ ကိုးႏွစ္ျပည့္ ေမြးေန႔ အလႉမွာတုန္းက မမႀကီး ဆံပင္ေတြ ဒါေလာက္ မျဖဴေသးပါဘူး။ မမႀကီးက ကၽြန္မအထက္က အဖတ္ မတင္တဲ့ အစ္မနွစ္ေယာက္ ရဲ႔ အထက္၊ ေအးေလ မမႀကီး ငါးဆယ့္ ႐ွစ္နွစ္ ရွိၿပီပဲ။ ေျခာက္ဆယ္နား နီးေပါ့။ ဒါဆို အစ္ကိုႀကီးက အသက္ေျခာက္ဆယ္ ႐ွိခဲ့ၿပီေပါ့ေနာ္။

'အေမေရာ မမႀကီး'

'ေဒၚေလးတို႔ အိမ္မွာ သူတို႔ ညီမေတြ ငယ္ငယ္က ဟာေတြ သတိရတယ္ ထင္ပါရဲ႔ေအ။ ဘုရားပြဲ သြားမလို႔ တဲ့ ပိုးလံုျခည္ေတြ ဘာေတြ ထုတ္၀တ္ၿပီး ဇြတ္ထြက္သြားတာပဲ'

ကၽြန္မရင္ထဲ တစ္မ်ိဳးႀကီး ခံစားရတယ္။ ၿပီးေတာ့ အေဖ့ ကို ခ်က္ခ်င္းသတိရလိုက္မိတယ္။

'အေဖ ေရာ မမႀကီး ဘယ္လိုလဲဟင္'

အလ်င္စလို ေမးလိုက္တဲ့ ကၽြန္မ ကို မမႀကီးက ဘာမွ မေျပာပဲ အသံျပတ္နဲ႔ 'လာ' တဲ့။ အေဖ နဲ႔ အေမ အိပ္ ခန္း ထဲကို ေ႐ွ႔က ၀င္သြားတယ္။ ျမန္မာေဆးန႔ံ၊ ဘုရားပန္းန႔ံ၊ ၿပီးေတာ့ အေဖ နဲ႔ အေမ နဲ႔ အန႔ံေတြ လႊမ္းျခံဳထားတဲ့ အခန္းထဲက ကႏုတ္ပန္း အခက္အႏြယ္ေတြနဲ႔ ေဟာင္းႏြမ္းေ႐ွးက် ခံ့ညားလွတဲ့ ကၽြန္းခုတင္ႀကီး ေပၚမွာ အေဖ အိပ္ေပ်ာ္ေနရွာတယ္။

'အေဖေနမေကာင္းဘူးလား၊ ဒူးနာတာကေရာ'
'ေအး... ဟုတ္တယ္၊ ဒူး ကေတာ့ ဒီလိုပါပဲေအ၊ အေမ က အေဖ့ ကို လံုးလံုး မမွတ္မိေတာ့ဘူး'

'ဘာရယ္'
အို.... တစ္ကယ္ပဲလား။ မျဖစ္ႏိုင္လိုက္တာ။ အေမ ကလား။ အေဖ့ ကို။

'ညည္း ဒီမွာ ၾကာၾကာေနႏိုင္ရင္ေတာ့ ေကာင္းမွာပဲ'
'ေနႏိုင္ပါတယ္၊ ေနလဲ ေနရမွာပဲ မမႀကီးရယ္၊ ကၽြန္မ...'

အားကိုး တိုင္တည္ဖို႔ ဟန္ျပင္လိုက္တဲ့ ကၽြန္မ စကားေတြကို မမႀကီး ဘယ္ေတာ့မွ နားမေထာင္ပါဘူး။
'ငါ အေမ့ ကို သြားေခၚလိုက္ဦးမယ္၊ ညည္း အေဖ့နား ေစာင့္လိုက္ဦး၊ ျပန္မွ ထမင္းစားၾကတာေပါ့။ အစ္ကို ႀကီး တို႔အိမ္က ထမင္းပို႔တယ္၊ လာရင္ ယူထားလိုက္'

စကားဆံုးတာနဲ႔ မမႀကီး ခႏၶာကိုယ္ ပါးပါးေလး အခန္းျပင္ဘက္ကို လွစ္ခနဲ ေပ်ာက္ကြယ္သြားခဲ့တယ္။ အေဖ့ ခုတင္ေဘးက ပက္လက္ ကုလားထိုင္ေလးေပၚမွာ ကၽြန္မ ကိုယ္ခႏၶာ ကို ပံုခ်လိုက္မိတယ္။ မမႀကီးဟာ ကၽြန္မတို႔ နွစ္ေယာက္ကို ခုထိ ခြင့္မလႊတ္ႏိုင္ေသးဘူးလား။ မမႀကီးမွာ တရား မရွိႏိုင္ေသးဘူးလား။ အေႏြးထည္ အကႌ်အိတ္ေထာင္ထဲက ကၽြန္မ ရဲ႔ ခရီးေဆာင္ စာအုပ္ေလးကို ထုတ္လိုက္တယ္။

'ဗုဒၶယဥ္ေက်းမႈ အေျခခံ' တဲ့။ စာအုပ္ ရဲ႔ ပထမစာမ်က္ႏွာမွာ မမႀကီး နဲ႔ အေဖ တို႔ အေမ တို႔က မုန္းတဲ့ ကၽြန္မခ်စ္လင္ ရဲ႔ လက္ေရးေစာင္းေစာင္း ေတြကို ျမင္ရတယ္။ 'ခ်စ္ဇနီး ခင္ေထြး ရဲ႔ အသက္ ငါးဆယ္ျပည့္ ေမြးေန ႔သို႔' တဲ့။ ဘုရား ရွိမခိုးတဲ့၊ ဘုရားစာ မရတဲ့၊ တရားလဲ မထိုင္၊ ပုတီးလည္း မစိပ္တဲ့ ကၽြန္မ ခ်စ္လင္ရဲ႔ အ့ံၾသစရာ ေမြးေန႔ လက္ေဆာင္။ လြန္ခဲ့တဲ့ တစ္ပါတ္က က်ေရာက္ခဲ့တဲ့ ငါးဆယ့္ႏွစ္နွစ္ျပည့္ ကၽြန္မ ရဲ႔ ေမြးေန႔မွာ အထီးက်န္ျခင္းကို ကၽြန္မ အတြက္ ေမြးေန႔ လက္ေဆာင္ေပးခဲ့တဲ့ ကၽြန္မ ရဲ႔ ခ်စ္လင္။
ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
 အဖေ့ ကို သတိရလိုက်တာ

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ ဝင်လိုက်တာနဲ့ အိမ်ရဲ့ အနံ့ ကို ကျွန်မ ရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက် ချထားတဲ့ ကောလိပ်ကျောင်းသူ ဘ၀ နဲ့ ပြန်လာတုန်းကလည်း သည် အနံ့ပါပဲ။

လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့ အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မ ပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေး ထဲမှာ နဖူး ဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက် ငါးဆယ်ကျော် မိန်းမတယောက်။

အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ် အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီး ရယ် ရှိတယ်။ ဝမ်းနည်း စရာနဲ့ ပြန်ပြန်၊ ဝမ်းသာစရာ နဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မ ရပ်နေပြီးမှ ဝင်းတံခါး တွန်းဖွင့် ဝင်လိုက်တာနဲ့ ကျွန်မ ရင်တွေ တစ်ဒိတ်ဒိတ် ခုန်လာတယ် ။ အမေ ... အမေ့ ကို ကျွန်မ ဘယ် လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ် ဆိုတဲ့ အငယ်ဆုံး သမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာ ပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနား ကနေ မမကြီး ကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲ ကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေ နဲ့ အမေ့ အိပ်ခန်း။

' ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့'

မျက်နှာထား တင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်း နဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မ ရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တစ်နှစ် အတွင်းမှာ ပြောင်းလဲ သွားတာကတော့ မမကြီး ရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။

မနှစ်က အဖေ နဲ့ အမေ ရဲ့ ရှစ်ဆယ့် ကိုးနှစ်ပြည့် မွေးနေ့ အလှူမှာတုန်းက မမကြီး ဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ် မတင်တဲ့ အစ်မနှစ်ယောက် ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့် ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နား နီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'

'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်က ဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့ တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'

ကျွန်မရင်ထဲ တစ်မျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေ ရော မမကြီး ဘယ်လိုလဲဟင်'

အလျင်စလို မေးလိုက်တဲ့ ကျွန်မ ကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေ နဲ့ အမေ အိပ် ခန်း ထဲကို ရှေ့က ဝင်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေ နဲ့ အမေ နဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်း အခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူး ကတော့ ဒီလိုပါပဲအေ၊ အမေ က အဖေ့ ကို လုံးလုံး မမှတ်မိတော့ဘူး'

'ဘာရယ်'
အို.... တစ်ကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေ ကလား။ အဖေ့ ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'

အားကိုး တိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မ စကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ ကို သွားခေါ်လိုက်ဦးမယ်၊ ညည်း အဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကို ကြီး တို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီး ခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက် ကုလားထိုင်လေးပေါ်မှာ ကျွန်မ ကိုယ်ခန္ဓာ ကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရား မရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မ ရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။

'ဗုဒ္ဓယဉ်ကျေးမှု အခြေခံ' တဲ့။ စာအုပ် ရဲ့ ပထမစာမျက်နှာမှာ မမကြီး နဲ့ အဖေ တို့ အမေ တို့က မုန်းတဲ့ ကျွန်မချစ်လင် ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေး ရဲ့ အသက် ငါးဆယ်ပြည့် မွေးနေ့သို့' တဲ့။ ဘုရား ရှိမခိုးတဲ့၊ ဘုရားစာ မရတဲ့၊ တရားလဲ မထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မ ချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့ လက်ဆောင်။ လွန်ခဲ့တဲ့ တစ်ပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မ ရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မ အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ ကျွန်မ ရဲ့ ချစ်လင်။

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top