ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေမာင္ထြန္းေတဇာေအာင္က လက္ႏွင့္ထိ၍ ကုသေပးေနစဥ္ (ဓာတ္ပံု − ေဇာ္မင္းထုိက္)

 ပဲခူးတိုင္းေဒသႀကီး ေပါင္း တည္ၿမိဳ႕နယ္ ၾကာနီကန္ေက်းရြာ အုပ္စု ရွားေပါင္ေက်းရြာတြင္ (၅) ႏွစ္အရြယ္ ကေလးငယ္တစ္ဦး လက္ႏွင့္ထိ၍ ေဆးကုေပးေနျခင္း ကို ယင္းရြာေဒသခံအခ်ဳိ႕က ကန္႔ ကြက္ထားေၾကာင္း ေက်းရြာအုပ္ ခ်ဳပ္ေရးမွဴး ဦးရဲဝင္းက ေျပာ သည္။

ကေလးငယ္ ေဆးကုသေန ၍ လူစုလူေဝးျဖစ္ေပၚကာ ေဆး လာကုသူမ်ားႏွင့္ ေက်းရြာေဒသခံ မ်ားအၾကား မလိုလားအပ္သည့္ ျပႆနာမ်ားႏွင့္ ကူးစက္ေရာဂါ မ်ား ျဖစ္ေပၚလာမည္ကို စိုးရိမ္ သည့္အျပင္ ကေလးငယ္၏မိသားစုဝင္မ်ားအခ်င္းခ်င္း ျပႆနာျဖစ္ေနၾကျခင္းေၾကာင့္ ရွားေပါင္ေက်းရြာရွိ ရပ္မိရပ္ဖအခ်ဳိ႕အပါအဝင္ ေဒသခံ ၂၇ ဦးက လက္မွတ္ထုိးကာ ေအာက္တိုဘာ ၃ ရက္က ကန္႔ကြက္တုိင္ၾကားထားေၾကာင္း ၎က ဆိုသည္။

ေမာင္ထြန္းေတဇေအာင္ သည္ (၅)ႏွစ္သားအရြယ္ လြန္ခဲ့သည့္ ရွစ္လခန္႔က တစ္ရြာတည္းေန အမ်ဳိးသမီးႀကီးတစ္ဦး၏ မ်က္လံုးေအာက္ရွိ အက်ိတ္အဖုကို လက္ျဖင့္ပြတ္သပ္ရာ ေပ်ာက္ကင္းခဲ့ျခင္းက အစျပဳၿပီးတျဖည္းျဖည္း လူသိမ်ားလာေၾကာင္း ကေလး၏မိခင္ ေဒၚေကသီႏြယ္က ေျပာသည္။

‘‘ကေလးငယ္ကို ေဆးကုသ ခြင့္ မပိတ္ေသးပါဘူး။ ပိတ္ေပးဖို႔ တုိင္ၾကားထားတာေတာ့ ရွိတယ္။ အစည္းအေဝးထုိင္ၿပီး ညႇိႏိႈင္းဆံုး ျဖတ္ၾကမွာပါ’’ဟု ဦးရဲဝင္းကဆုိ သည္။သူငယ္တန္းေက်ာင္းသား ေမာင္ထြန္းေတဇေအာင္၏ ေျခ၊ လက္တို႔ျဖင့္ထိလွ်င္ ေရာဂါ ေပ်ာက္သည္ဆိုေသာ သတင္း မ်ားေၾကာင့္ ေက်ာင္းပိတ္ရက္ မ်ားတြင္ တစ္ရက္လွ်င္ လူငါးရာ ေက်ာ္ လာေရာက္ေဆးကုသမႈခံယူေနေၾကာင္း ေပါင္းတည္ၿမိဳ႕ ေဒသခံမ်ားက ေျပာသည္။

‘‘ေပါင္းတည္ၿမိဳ႕နယ္ထဲမွာ က ရာသီတုပ္ေကြးေရာဂါ H1N1 နဲ႔ ေသဆံုးတဲ့လူနာ ရွိခဲ့သလို ဒီလို ရာသီအလိုက္ ကူးစက္ေရာဂါေတြ ျဖစ္ပြားခဲ့ရင္ေတာ့ လူစုလူေဝး ေတြ ျဖစ္ေနတာက စိုးရိမ္စရာ ေတာ့ ျဖစ္ပါတယ္’’ဟု ဦးရဲဝင္းက ေျပာသည္။

အဆိုပါ ကေလးငယ္ ေဆး ကုသေနျခင္းႏွင့္ပတ္သက္၍ တိုင္ၾကားထားျခင္းႏွင့္ ေဆးကုသခြင့္ပိတ္ျခင္းရွိ၊ မရွိ မသိေသးေၾကာင္း ေပါင္းတည္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမုိးျမင့္က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မောင်ထွန်းတေဇာအောင်က လက်နှင့်ထိ၍ ကုသပေးနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပဲခူးတိုင်းဒေသကြီး ပေါင်း တည်မြို့နယ် ကြာနီကန်ကျေးရွာ အုပ်စု ရှားပေါင်ကျေးရွာတွင် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှင့်ထိ၍ ဆေးကုပေးနေခြင်း ကို ယင်းရွာဒေသခံအချို့က ကန့် ကွက်ထားကြောင်း ကျေးရွာအုပ် ချုပ်ရေးမှူး ဦးရဲဝင်းက ပြော သည်။

ကလေးငယ် ဆေးကုသနေ ၍ လူစုလူဝေးဖြစ်ပေါ်ကာ ဆေး လာကုသူများနှင့် ကျေးရွာဒေသခံ များအကြား မလိုလားအပ်သည့် ပြဿနာများနှင့် ကူးစက်ရောဂါ များ ဖြစ်ပေါ်လာမည်ကို စိုးရိမ် သည့်အပြင် ကလေးငယ်၏မိသားစုဝင်များအချင်းချင်း ပြဿနာဖြစ်နေကြခြင်းကြောင့် ရှားပေါင်ကျေးရွာရှိ ရပ်မိရပ်ဖအချို့အပါအဝင် ဒေသခံ ၂၇ ဦးက လက်မှတ်ထိုးကာ အောက်တိုဘာ ၃ ရက်က ကန့်ကွက်တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

မောင်ထွန်းတေဇအောင် သည် (၅)နှစ်သားအရွယ် လွန်ခဲ့သည့် ရှစ်လခန့်က တစ်ရွာတည်းနေ အမျိုးသမီးကြီးတစ်ဦး၏ မျက်လုံးအောက်ရှိ အကျိတ်အဖုကို လက်ဖြင့်ပွတ်သပ်ရာ ပျောက်ကင်းခဲ့ခြင်းက အစပြုပြီးတဖြည်းဖြည်း လူသိများလာကြောင်း ကလေး၏မိခင် ဒေါ်ကေသီနွယ်က ပြောသည်။

‘‘ကလေးငယ်ကို ဆေးကုသ ခွင့် မပိတ်သေးပါဘူး။ ပိတ်ပေးဖို့ တိုင်ကြားထားတာတော့ ရှိတယ်။ အစည်းအဝေးထိုင်ပြီး ညှိနှိုင်းဆုံး ဖြတ်ကြမှာပါ’’ဟု ဦးရဲဝင်းကဆို သည်။သူငယ်တန်းကျောင်းသား မောင်ထွန်းတေဇအောင်၏ ခြေ၊ လက်တို့ဖြင့်ထိလျှင် ရောဂါ ပျောက်သည်ဆိုသော သတင်း များကြောင့် ကျောင်းပိတ်ရက် များတွင် တစ်ရက်လျှင် လူငါးရာ ကျော် လာရောက်ဆေးကုသမှုခံယူနေကြောင်း ပေါင်းတည်မြို့ ဒေသခံများက ပြောသည်။

‘‘ပေါင်းတည်မြို့နယ်ထဲမှာ က ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ သေဆုံးတဲ့လူနာ ရှိခဲ့သလို ဒီလို ရာသီအလိုက် ကူးစက်ရောဂါတွေ ဖြစ်ပွားခဲ့ရင်တော့ လူစုလူဝေး တွေ ဖြစ်နေတာက စိုးရိမ်စရာ တော့ ဖြစ်ပါတယ်’’ဟု ဦးရဲဝင်းက ပြောသည်။

အဆိုပါ ကလေးငယ် ဆေး ကုသနေခြင်းနှင့်ပတ်သက်၍ တိုင်ကြားထားခြင်းနှင့် ဆေးကုသခွင့်ပိတ်ခြင်းရှိ၊ မရှိ မသိသေးကြောင်း ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top