Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မံုရြာၿမိဳ႕တြင္ လင္မယား ႏွစ္ဦးအား သတ္ျဖတ္ခဲ့သူကို မံုရြာခ႐ိုင္တရား႐ုံးက ေအာက္တိုဘာ ၃၀ ရက္တြင္ ေထာင္ဒဏ္ ၂၄ ႏွစ္ႏွင့္ ေသဒဏ္ခ်မွတ္ခဲ့သည္။

မံုရြာၿမိဳ႕ ကံသာဦးရပ္ကြက္ အတြင္း အိမ္ငွားေနထုိင္ေသာ အသက္ (၃၆) ႏွစ္အရြယ္ အမ်ဳိး သားႏွင့္ (၃၇) ႏွစ္အရြယ္ အမ်ဳိးသမီး လင္မယားႏွစ္ဦးသည္၂၀၁၆ ေအာက္တိုဘာ ၂၇ ရက္ နံနက္ပိုင္းက ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနၿပီး ေနအိမ္အိပ္ခန္းအ တြင္းမွ မူးယစ္ေဆး၀ါးသံုးစြဲသည့္ ပစၥည္းအခ်ဳိ႕ကိုလည္း ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႕ရွိခဲ့သည္။

ျပစ္မႈက်ဴးလြန္သူမွာ ေငြ က်ပ္ ၁၂သိန္း၊ ဆုိင္ကယ္တစ္စီး ႏွင့္ ေရႊထည္အခ်ဳိ႕ကုိလည္း ယူ ေဆာင္သြားခဲ့သည္။ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မံုရြာၿမိဳ႕ ကံသာဦးရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦး ေအာင္လင္းက တရားလိုျပဳလုပ္တိုင္ၾကားခဲ့ၿပီး မံုရြာၿမိဳ႕နယ္ေျမရဲတပ္ဖြဲ႕စခန္းတြင္ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးခဲ့သည္။

လူသတ္မႈက်ဴးလြန္သူသည္ မံုရြာၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ ေန (၂၀) ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးျဖစ္ၿပီး ၎ကို ၂၀၁၆ ႏို၀င္ဘာ ၂ ရက္ နံနက္တြင္ စစ္ကိုင္းၿမိဳ႕အ၀င္၌ ဖမ္းဆီးမိခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

က်ဴးလြန္သူကို မံုရြာခ႐ိုင္ တရား႐ုံးက အိမ္ေဖာက္ထြင္းမႈ၊ လူသတ္မႈ၊ လုယက္မႈမ်ားျဖင့္ ၂၀၁၆ ႏို၀င္ဘာ ၂၈ ရက္တြင္ တရားစြဲဆိုစစ္ေဆးခဲ့ၿပီး ၂၀၁၇ ေအာက္တိုဘာ ၃၀ ရက္၌ မံုရြာခ႐ိုင္ တရား႐ုံး ဒုတိယတရားသူ ႀကီး (၁) ေဒၚေရႊျမင့္ဘုန္းက ၎သည္ လူသတ္ၿပီးေနာက္ က်ပ္ ၁၂ သိန္း၊ ေရႊထည္ပစၥည္းအခ်ဳိ႕ႏွင့္ ဆုိင္ကယ္တစ္စီးကိုပါ ယူေဆာင္ခဲ့ေၾကာင္း ထြက္ဆိုသည္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂-၁ (ဂ) အရ ေသဒဏ္၊ ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၄၅၈ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၄ ႏွစ္၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၂ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ အသီးသီးက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း တရား႐ုံးသတင္းျပန္ၾကားေရးအရာရွိ ဒုတိယခ႐ိုင္တရားသူႀကီး ဦးၾကည္မင္းစိုးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မုံရွာမြို့တွင် လင်မယား နှစ်ဦးအား သတ်ဖြတ်ခဲ့သူကို မုံရွာခရိုင်တရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် ထောင်ဒဏ် ၂၄ နှစ်နှင့် သေဒဏ်ချမှတ်ခဲ့သည်။

မုံရွာမြို့ ကံသာဦးရပ်ကွက် အတွင်း အိမ်ငှားနေထိုင်သော အသက် (၃၆) နှစ်အရွယ် အမျိုး သားနှင့် (၃၇) နှစ်အရွယ် အမျိုးသမီး လင်မယားနှစ်ဦးသည်၂၀၁၆ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး နေအိမ်အိပ်ခန်းအ တွင်းမှ မူးယစ်ဆေးဝါးသုံးစွဲသည့် ပစ္စည်းအချို့ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ ငွေ ကျပ် ၁၂သိန်း၊ ဆိုင်ကယ်တစ်စီး နှင့် ရွှေထည်အချို့ကိုလည်း ယူ ဆောင်သွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့ ကံသာဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး အောင်လင်းက တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

လူသတ်မှုကျူးလွန်သူသည် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် နေ (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို ၂၀၁၆ နိုဝင်ဘာ ၂ ရက် နံနက်တွင် စစ်ကိုင်းမြို့အဝင်၌ ဖမ်းဆီးမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကျူးလွန်သူကို မုံရွာခရိုင် တရားရုံးက အိမ်ဖောက်ထွင်းမှု၊ လူသတ်မှု၊ လုယက်မှုများဖြင့် ၂၀၁၆ နိုဝင်ဘာ ၂၈ ရက်တွင် တရားစွဲဆိုစစ်ဆေးခဲ့ပြီး ၂၀၁၇ အောက်တိုဘာ ၃၀ ရက်၌ မုံရွာခရိုင် တရားရုံး ဒုတိယတရားသူ ကြီး (၁) ဒေါ်ရွှေမြင့်ဘုန်းက ၎င်းသည် လူသတ်ပြီးနောက် ကျပ် ၁၂ သိန်း၊ ရွှေထည်ပစ္စည်းအချို့နှင့် ဆိုင်ကယ်တစ်စီးကိုပါ ယူဆောင်ခဲ့ကြောင်း ထွက်ဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂-၁ (ဂ) အရ သေဒဏ်၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၄၅၈ အရ အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးကြည်မင်းစိုးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top