Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၱေလးတိုင္းေဒသႀကီးအတြင္းရွိ ဟိုတယ္၊ တည္းခိုခန္း ႏွင့္ မိုတယ္မ်ား၏ မီးေဘးလံုၿခံဳေရး ေဆာင္ရြက္ထားမႈအေနမ်ားကို အပတ္စဥ္တိုင္းမပ်က္မကြက္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
မႏၱေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ (၂၆)လမ္း ႏွင့္ (၆၆)လမ္းေထာင့္ရွိ HILTON MANDALAY တြင္လည္း ယေန႔ ေအာက္တိုဘာ(၂၃)ရက္ ညေနပိုင္းက မႏၱေလးခရိုင္ မီးသတ္ဦးစီးမွဴး ဦးသန္းႏိုင္ ဦးစီး၍ စစ္ေဆးမႈမ်ား ေဆာင္ရြက္ခဲ့ၿပီး မီးၿငိမ္းသတ္နည္းမ်ား သရုပ္ျပခဲ့သည္။
'' ဟိုတယ္ေတြ ေစ်းေတြ KTV ေတြကို ဦးစားေပးၿပီး ဒီအပတ္က စၿပီး စစ္ေဆးေနပါတယ္၊ ၿမိဳ႕နယ္ (၂၈)ၿမိဳ႕နယ္မွာရွိတဲ့ ေစ်းေတြ ဟိုတယ္ေတြကို ၿမိဳ႕နယ္အလိုက္ စစ္ေဆးတယ္၊ စစ္ေဆးလို႕ လိုအပ္ခ်က္ကို ျပင္ဆင္ဖို႕ အႀကံျပဳခ်က္ေပးတာကို လိုက္နာေဆာင္ရြက္မႈမရွိတဲ့ ဟိုတယ္၊ ေစ်း၊ KTV ေတြကို တိုင္းအစိုးရအဖြဲ႕ကို တင္ျပၿပီး အေရးယူႏိုင္ဖို႕ ေဆာင္ရြက္သြားမွာပါ '' ဟု မႏၱေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာန ညြန္ၾကားေရးမွဴး ဦးသန္းေဇာ္ဦးက ေျပာသည္။
ဟိုတယ္ အႀကီး အေသး အနိမ့္ အျမင့္ေပၚ မူတည္၍ အလိုေလ်ာက္ မီးၿငိမ္းသတ္သည့္ ကိရိယာမ်ား တပ္ဆင္ထားျခင္းရွိမရွိ၊ အေရးေပၚ ထြက္ေပါက္မ်ား ရွိမရွိ၊ မီးသတ္ေဆးဗူးမ်ား လံုေလာက္မႈ ရွိမရွိ၊ အသံုးျပဳႏိုင္ျခင္းရွိမရွိ စသည့္တို႔ကို စစ္ေဆးသြားမည္ျဖစ္သည္။
'' ဟိုတယ္ေတြ စစ္ေဆးတာက ရန္ကုန္မွာ ဟိုတယ္မီးေလာင္လို႕ စစ္ေဆးတာေတာ့ မဟုတ္ဘူး၊ ပံုမွန္ေတာ့ စစ္ေဆးေနတာပါ၊ တိုင္းဝန္ႀကီးခ်ဳပ္ကလဲ ညြန္ၾကားမႈ လုပ္ေနတာေတြရွိပါတယ္ '' ဟု မႏၱေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာန ညြန္ၾကားေရးမွဴး ဦးသန္းေဇာ္ဦးက ေျပာသည္။
မႏၱေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနသည္ ပံုမွန္ ေနအိမ္မ်ားအား တစ္အိမ္တက္ဆင္း စစ္ေဆးျခင္း၊ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းမ်ား၊ စက္ရံု၊ အလုပ္ရံုမ်ား၊ ေစ်းမ်ား စစ္ေဆးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိၿပီး အပတ္စဥ္ အသိပညာေပး ေဟာေျပာျခင္း ႏွင့္ ဇာတ္တိုက္ေလ့က်င့္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzima
#Unicode Version#
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း နှင့် မိုတယ်များ၏ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုအနေများကို အပတ်စဉ်တိုင်းမပျက်မကွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၆)လမ်း နှင့် (၆၆)လမ်းထောင့်ရှိ HILTON MANDALAY တွင်လည်း ယနေ့ အောက်တိုဘာ(၂၃)ရက် ညနေပိုင်းက မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းနိုင် ဦးစီး၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မီးငြိမ်းသတ်နည်းများ သရုပ်ပြခဲ့သည်။

'' ဟိုတယ်တွေ ဈေးတွေ KTV တွေကို ဦးစားပေးပြီး ဒီအပတ်က စပြီး စစ်ဆေးနေပါတယ်၊ မြို့နယ် (၂၈)မြို့နယ်မှာရှိတဲ့ ဈေးတွေ ဟိုတယ်တွေကို မြို့နယ်အလိုက် စစ်ဆေးတယ်၊ စစ်ဆေးလို့ လိုအပ်ချက်ကို ပြင်ဆင်ဖို့ အကြံပြုချက်ပေးတာကို လိုက်နာဆောင်ရွက်မှုမရှိတဲ့ ဟိုတယ်၊ ဈေး၊ KTV တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ဟိုတယ် အကြီး အသေး အနိမ့် အမြင့်ပေါ် မူတည်၍ အလိုလျောက် မီးငြိမ်းသတ်သည့် ကိရိယာများ တပ်ဆင်ထားခြင်းရှိမရှိ၊ အရေးပေါ် ထွက်ပေါက်များ ရှိမရှိ၊ မီးသတ်ဆေးဗူးများ လုံလောက်မှု ရှိမရှိ၊ အသုံးပြုနိုင်ခြင်းရှိမရှိ စသည့်တို့ကို စစ်ဆေးသွားမည်ဖြစ်သည်။

'' ဟိုတယ်တွေ စစ်ဆေးတာက ရန်ကုန်မှာ ဟိုတယ်မီးလောင်လို့ စစ်ဆေးတာတော့ မဟုတ်ဘူး၊ ပုံမှန်တော့ စစ်ဆေးနေတာပါ၊ တိုင်းဝန်ကြီးချုပ်ကလဲ ညွန်ကြားမှု လုပ်နေတာတွေရှိပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသည် ပုံမှန် နေအိမ်များအား တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် အသိပညာပေး ဟောပြောခြင်း နှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top