Golden City Promotion
×

ဆံပင္အတိုအရွည္ (သို႔) ဆံပင္ပံုစံက သင္ဘယ္သူျဖစ္တယ္ဆိုတာနဲ႔ မသက္ဆိုင္ေပမယ့္ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို အမ်ားႀကီးေဖာ္ျပေပးေနပါတယ္။ သင့္ရဲ႕ အေၾကာင္းကို တစ္ေခါက္ေလာက္ ဖတ္ၾကည့္လုိက္ပါဦးေနာ္။

၁။ ဆံပင္တိုတို

ဆံပင္တိုတိုထားတဲ့သူေတြဟာ ယံုၾကည္မႈရွိတယ္။ လူမႈဆက္ဆံေရးေကာင္းတယ္။ ဆြဲေဆာင္မႈရွိၾကပါတယ္။ သူတို႔ေတြဟာ မိတ္ေဆြသူငယ္ခ်င္းဖြဲ႔ရတာ လြယ္ကူၿပီးစဥ္းစားေတြးေခၚမႈ အားေကာင္းပါတယ္။ အျငင္းအခုန္ျဖစ္ေနတဲ့အခ်ိန္မွာေတာင္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စါမ္းွရိသူေတြလည္းျဖစ္ပါတယ္။

၂။ ပုခံုးအေပၚ

သင့္ရဲ႕ ဆံပင္ဟာ ပုခံုးအေပၚထိရွည္တယ္ဆိုရင္ သင္ဟာ အမွန္တရားကိုပဲေျပာတတ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သင့္ရဲ႕ Personal Life နဲ႔ Professional Life ကို မွ်တေအာင္ လုပ္ႏိုင္တဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ အေတြ႔အႀကံဳသစ္ေတြကို သေဘာက်ၿပီး လုပ္ရိုးလုပ္စဥ္တစ္ခုလို အၿမဲလုပ္ေနရတာကို ၿငီးေငြ႕တတ္သူျဖစ္ပါတယ္။

၃။ ဆံပင္ ပုခံုးနည္းနည္းေက်ာ္

သင့္ဆံပင္က ပုခံုးနည္းနည္းေလး ေက်ာ္ရင္ သင္ဟာ မိန္းမပီသတယ္။ ေခတ္မီပါတယ္။ သဘာဝအလွတရားနဲ႔ ေတာက္ပေနသူတစ္ေယာက္ျဖစ္ပါတယ္။ သင္ဟာ မိတ္ေဆြသူငယ္ခ်င္း ဖြဲ႔ရမွာေတာ့ ဆရာပါပဲ။ စိန္ေခၚမႈေတြကို သေဘာက်ႏွစ္သက္ပါတယ္။ တစ္ေယာက္ေယာက္က တိုင္ပင္ေဆြးေႏြးစကားေျပာတာမ်ိဳးဆိုရင္လည္း အေကာင္းဆံုး နားေထာင္ေပးတတ္ပါတယ္။

၄။ ဆံပင္ရွည္ရွည္
ဆံပင္ရွည္တဲ့သူေတြရဲ႕ စိတ္ေနသေဘာထားကေတာ့ ဂရုစိုက္တတ္တယ္။ စိတ္ရွည္တယ္။ သင့္မွာ ႀကီးမားတဲ့ စိတ္ကူးအိပ္မက္၊ ေမွ်ာ္လင့္ခ်က္ေတြရွိတယ္။ သင္ဟာ အခ်စ္ေရးမွာ တစ္ေယာက္ၿပီးတစ္ေယာက္မေျပာင္းလိုသူျဖစ္ၿပီး သင့္ခ်စ္သူကို သင္အေကာင္းဆံုး ေပးဆပ္ဖို႔ ဆံုးျဖတ္ထားသူျဖစ္ပါတယ္။ ေရရွည္အခ်စ္ေရးကို ႏွစ္ၿခိဳက္တဲ့သူျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဆံပင်အတိုအရှည် (သို့) ဆံပင်ပုံစံက သင်ဘယ်သူဖြစ်တယ်ဆိုတာနဲ့ မသက်ဆိုင်ပေမယ့် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အများကြီးဖော်ပြပေးနေပါတယ်။ သင့်ရဲ့ အကြောင်းကို တစ်ခေါက်လောက် ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ ဆံပင်တိုတို
ဆံပင်တိုတိုထားတဲ့သူတွေဟာ ယုံကြည်မှုရှိတယ်။ လူမှုဆက်ဆံရေးကောင်းတယ်။ ဆွဲဆောင်မှုရှိကြပါတယ်။ သူတို့တွေဟာ မိတ်ဆွေသူငယ်ချင်းဖွဲ့ရတာ လွယ်ကူပြီးစဉ်းစားတွေးခေါ်မှု အားကောင်းပါတယ်။ အငြင်းအခုန်ဖြစ်နေတဲ့အချိန်မှာတောင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စါမ်းှရိသူတွေလည်းဖြစ်ပါတယ်။

၂။ ပုခုံးအပေါ်
သင့်ရဲ့ ဆံပင်ဟာ ပုခုံးအပေါ်ထိရှည်တယ်ဆိုရင် သင်ဟာ အမှန်တရားကိုပဲပြောတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့ Personal Life နဲ့ Professional Life ကို မျှတအောင် လုပ်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေကို သဘောကျပြီး လုပ်ရိုးလုပ်စဉ်တစ်ခုလို အမြဲလုပ်နေရတာကို ငြီးငွေ့တတ်သူဖြစ်ပါတယ်။

၃။ ဆံပင် ပုခုံးနည်းနည်းကျော်
သင့်ဆံပင်က ပုခုံးနည်းနည်းလေး ကျော်ရင် သင်ဟာ မိန်းမပီသတယ်။ ခေတ်မီပါတယ်။ သဘာဝအလှတရားနဲ့ တောက်ပနေသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ မိတ်ဆွေသူငယ်ချင်း ဖွဲ့ရမှာတော့ ဆရာပါပဲ။ စိန်ခေါ်မှုတွေကို သဘောကျနှစ်သက်ပါတယ်။ တစ်ယောက်ယောက်က တိုင်ပင်ဆွေးနွေးစကားပြောတာမျိုးဆိုရင်လည်း အကောင်းဆုံး နားထောင်ပေးတတ်ပါတယ်။

၄။ ဆံပင်ရှည်ရှည်


ဆံပင်ရှည်တဲ့သူတွေရဲ့ စိတ်နေသဘောထားကတော့ ဂရုစိုက်တတ်တယ်။ စိတ်ရှည်တယ်။ သင့်မှာ ကြီးမားတဲ့ စိတ်ကူးအိပ်မက်၊ မျှော်လင့်ချက်တွေရှိတယ်။ သင်ဟာ အချစ်ရေးမှာ တစ်ယောက်ပြီးတစ်ယောက်မပြောင်းလိုသူဖြစ်ပြီး သင့်ချစ်သူကို သင်အကောင်းဆုံး ပေးဆပ်ဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ ရေရှည်အချစ်ရေးကို နှစ်ခြိုက်တဲ့သူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top