Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version  ျဖင့္ ဖတ္ရန္ #

ေခြးေပ်ာက္ လိုက္ရွာေနသည့္ ဝမ္ရီ ကို ေခြး သားသတ္႐ုံ တြင္ ၎ေခြးအား သြားရွာၾကည့္ရန္ မိတ္ေဆြတစ္ဦးက ၂၀၁၂ ခုႏွစ္တြင္အႀကံျပဳခဲ့သည္။ေခြး သားသတ္႐ုံ ကို ေရာက္ေသာ္ ေခြးမ်ား မည္မၽွ ရက္ရက္စက္စက္ သတ္ျဖတ္ခံေနရ သည္ကို ေတြ႕လိုက္ရေသာအခါ ၎မွာ ထိုျမင္ကြင္းမ်ားကိုေခါင္းထဲမွ ထုတ္၍ မရေတာ့ေပ။

၎က သားသတ္႐ုံ နားတြင္ ရစ္သီရစ္သီျဖင့္ တစ္ပတ္မၽွ ေနခဲ့ၿပီး သားသတ္႐ုံ လုပ္ငန္း ကို ေလ့လာခဲ့သည္။ ေခြး မ်ားရက္ရက္စက္စက္အသတ္ခံေနရ သည္ကို ကယ္တင္ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ သားသတ္႐ုံကို ဝယ္လိုက္ ရန္ပင္ျဖစ္သည္ဟု ေနာက္ဆုံးတြင္ ၎ သေဘာေပါက္သြားသည္။

ထိုအခ်ိန္တြင္ ၎သည္ ေအာင္ျမင္ သည့္ သံမဏိ စက္႐ုံ လုပ္ငန္းပိုင္ရွင္ျဖစ္ သည္။ ေခြးသားသတ္႐ုံကို ဝယ္ၿပီးေခြး ေဂဟာအျဖစ္ ေျပာင္းပစ္နိုင္ရန္အတြက္ ၎က ယြမ္ သုံးသန္း (ေဒၚလာ ၄၇၀ ၁၈၆ ) သုံးစြဲခဲ့သည္။ ယခုအခါ ၎သည္ ေခြး အသက္ေပါင္းေျမာက္ျမားစြာကို ကယ္တင္နိုင္ခဲ့ၿပီျဖစ္သည္။ ေခြးေကာင္ ေရအမ်ားဆုံးအခ်ိန္ကဆိုလၽွင္ ၎၏ ေဂဟာ ၌ ေခြးေပါင္းတစ္ေထာင္ေက်ာ္ပင္ ရွိခဲ့သည္။ တ႐ုတ္တြင္ ေခြးသားစား ပြဲေတာ္ က်င္းပၿပီးယင္းကို လူအေျမာက္အျမားက ကန႔္ကြက္လ်က္ရွိသည္။

တစ္ခ်ိန္က သန္းျကြယ္ သူေဌး ျဖစ္ခဲ့ဖူးသူ ယန္သည္ ယခု အခါ ေခြး ေဂဟာ ကုန္က်စရိတ္ေၾကာင့္ အေႂကြးပင္တင္ေနၿပီျဖစ္သည္။ ေငြသား အကူအညီကို ၎က လက္မခံေသာ္လည္း ေဂဟာ အတြက္လိုအပ္သည့္ပစၥည္းမ်ား လွူဒါန္းျခင္းႏွင့္ ၎ေခြး ေဂဟာ မွ ေခြး ကို ယူကာ ေမြးျခင္းမ်ိဳးကိုကား ၎က လက္ ခံသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyi Myanmar

# Unicode Version ျဖင့္ ဖတ္ရန္ #
ခွေးပျောက် လိုက်ရှာနေသည့် ဝမ်ရီ ကို ခွေး သားသတ်ရုံ တွင် ၎င်းခွေးအား သွားရှာကြည့်ရန် မိတ်ဆွေတစ်ဦးက ၂၀၁၂ ခုနှစ်တွင်အကြံပြုခဲ့သည်။ခွေး သားသတ်ရုံ ကို ရောက်သော် ခွေးများ မည်မျှ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရ သည်ကို တွေ့လိုက်ရသောအခါ ၎င်းမှာ ထိုမြင်ကွင်းများကိုခေါင်းထဲမှ ထုတ်၍ မရတော့ပေ။

၎င်းက သားသတ်ရုံ နားတွင် ရစ်သီရစ်သီဖြင့် တစ်ပတ်မျှ နေခဲ့ပြီး သားသတ်ရုံ လုပ်ငန်း ကို လေ့လာခဲ့သည်။ ခွေး များရက်ရက်စက်စက်အသတ်ခံနေရ သည်ကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သားသတ်ရုံကို ဝယ်လိုက် ရန်ပင်ဖြစ်သည်ဟု နောက်ဆုံးတွင် ၎င်း သဘောပေါက်သွားသည်။

ထိုအချိန်တွင် ၎င်းသည် အောင်မြင် သည့် သံမဏိ စက်ရုံ လုပ်ငန်းပိုင်ရှင်ဖြစ် သည်။ ခွေးသားသတ်ရုံကို ဝယ်ပြီးခွေး ဂေဟာအဖြစ် ပြောင်းပစ်နိုင်ရန်အတွက် ၎င်းက ယွမ် သုံးသန်း (ဒေါ်လာ ၄၇၀ ၁၈၆ ) သုံးစွဲခဲ့သည်။ ယခုအခါ ၎င်းသည် ခွေး အသက်ပေါင်းမြောက်မြားစွာကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ခွေးကောင် ရေအများဆုံးအချိန်ကဆိုလျှင် ၎င်း၏ ဂေဟာ ၌ ခွေးပေါင်းတစ်ထောင်ကျော်ပင် ရှိခဲ့သည်။ တရုတ်တွင် ခွေးသားစား ပွဲတော် ကျင်းပပြီးယင်းကို လူအမြောက်အမြားက ကန့်ကွက်လျက်ရှိသည်။

တစ်ချိန်က သန်းကြွယ် သူဌေး ဖြစ်ခဲ့ဖူးသူ ယန်သည် ယခု အခါ ခွေး ဂေဟာ ကုန်ကျစရိတ်ကြောင့် အကြွေးပင်တင်နေပြီဖြစ်သည်။ ငွေသား အကူအညီကို ၎င်းက လက်မခံသော်လည်း ဂေဟာ အတွက်လိုအပ်သည့်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ၎င်းခွေး ဂေဟာ မှ ခွေး ကို ယူကာ မွေးခြင်းမျိုးကိုကား ၎င်းက လက် ခံသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top