Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ေခတ္ေပၚလူမွဳပတ္၀န္းက်င္တြင္ ပုံပန္းသ႑ာန္သည္ အေရးၾကီးေသာ အပုိင္းတစ္ခုျဖစ္သည္။ လူအေတာ္မ်ားမ်ားသည္ ပုိမုိျဖဴစင္ျပီးသန္မာေသာသြားမ်ားကုိ အလုိရွိၾကသည္။ သင့္သြားက သင္ေမွ်ာ္လင့္သလုိ ျဖစ္မေနဘူးလား။ စိတ္မပူပါႏွင့္။ ေအာက္ပါေဆာင္းပါးက သင့္သြားကိုျဖဴေဖြးသြားေစရန္ ေဈးမၾကီးဘဲထိေရာက္ေသာနည္းမ်ားကုိ လမ္းညႊန္ေပးပါမည္။

စားေသာက္ျပီးသည့္အခါတုိင္းသြားတုိက္ပါ။

အရသာရွိေသာအစားအစာ(သုိ႔) အၾကိဳက္ဆုံးေသာအေဖ်ာ္ယမကာ စားေသာက္ျပီးသည့္အခါ နာရီ၀က္ေစာင့္ပါ။ ထုိ႔ေနာက္သြားတုိက္ပါ။ အစာစားျပီး သြားမတုိက္ျခင္းသည္ သြားအစြန္းအထင္း ျဖစ္ေစသည့္ အဓိကအေၾကာင္းျဖစ္သည္။

ေဆးလိပ္ေသာက္ျခင္းမွေရွာင္ၾကဥ္ပါ။

ေဆးလိပ္ေသာက္ျခင္းသည္အဆုတ္ ၊ အေရျပားအပါအ၀င္ ခႏၶာကိုယ္တစ္ခုလံုးအေပၚ ဆိုးက်ိဳးမ်ားသက္ေရာက္ေစသည္။ အဆိုးဆံုးကေတာ့ သြားမ်ားေပၚတြင္ျဖစ္သည္။

ေကာ္ဖီႏွင့္လက္ဖက္ရည္ ေရွာင္ပါ။

လက္ဖက္ရည္ႏွင့္ေကာ္ဖီကို လူအမ်ားစုႏွစ္သက္ၾကသည္။ မည္သုိ႔ျဖစ္ေစ ၄င္းတို႔က သြားတြင္မႏွစ္မ်ိဳ႔ဖြယ္ အေရာင္မ်ားက်န္ေစသည္။ ထုိ႔ေၾကာင့္ သင့္သြားမ်ားကုိေတာက္ေျပာင္ေစခ်င္လွ်င္ ေကာ္ဖီႏွင့္လက္ဖက္ရည္ေသာက္ျခင္းကုိေရွာင္ပါ။

အုန္းဆီကုိအသုံးျပဳပါ။

အုန္းဆီတြင္ပိုုးမႊားေသေစသည့္ ဂုဏ္သတၱိမ်ားပါ၀င္ျပီး သင့္သြားႏွင့္သြားဖုံးကုိ ကာကြယ္ေပးသည္။ သင့္ပါးစပ္ထဲအုန္းဆီတစ္ဇြန္းထည့္ျပီးလွ်င္ ၅မိနစ္မွ၁၀မိနစ္အထိ ပလုတ္က်င္းေပးပါ (သုိ ့)သြားတုိက္တံေပၚတြင္ အစက္အနည္းငယ္ခ်၍ သြားတုိက္ေပးပါ။

ပန္းသီးရွာလကာရည္ကုိသုံးပါ။

ပန္းသီးရွာလကာရည္တြင္ အက္စစ္ဓာတ္ပါ၀င္ေသာေၾကာင့္ ေကာ္ဖီႏွင့္နီကုိတင္းတုိ႔ေၾကာင့္ျဖစ္သည့္ အစြန္းမ်ားကုိ ဖယ္ရွားေပးပါသည္။

လိေမၼာ္သီး(သုိ႔)ေရွာက္သီးအခြံမ်ားကုိသုံးပါ။

ပန္းသီးရွာလကာရည္ႏွင့္ဆင္တူပင္ လိေမၼာ္သီး(သုိ႔)ေရွာက္သီးတြင္ အက္စစ္ဓာတ္ပါ၀င္သျဖင့္ သြားမ်ားကုိသန္႔ရွင္းေပးျပီး ပုိမုိျဖဴေဖြးေစပါသည္။ ၄င္းတုိ႔ကုိ တစ္ပတ္တြင္ ၁ၾကိမ္(သုိ႔)၂ၾကိမ္သာ အသုံးျပဳျခင္းျဖင့္ သြားႏွင့္သြားဖုံးမ်ားကုိ မထိခုိက္ေစႏိုင္ပါ။

ဘယ္ရီသီးကုိစားေပးပါ။

ဘယ္ရီသီးတြင္ ဓာတ္ဆုိးဆန္႔က်င္ဂုဏ္သတၱိ မ်ားျပားစြာပါ၀င္သည္။ ဆုိလုိသည္မွာ ၄င္းတုိ႕သည္ သင့္က်န္းမာေရး အထူးသျဖင့္ သြားဖုံးအတြက္ ေကာင္းမြန္ပါသည္။သြားဖုံးအေပၚလ်စ္လ်ဴရွဴျပီး သြားတစ္ခုတည္းကိုသာ အာရုံစုိက္မထားပါႏွင့္။ သြားဖုံးက်န္းမာမွသာ သြားကုိ အေထာက္အပံ့ေပးနုိင္မည္ျဖစ္သည္။

မီးေသြးအေျခခံထုတ္ကုန္ပစၥည္းမ်ားသုံးပါ။

မီးေသြးကိုအေျခခံျပီး ထုတ္လုပ္ထားေသာပစၥည္း ဥပမာ-သြားတုိက္ေဆးမ်ားသည္ သြားမ်က္ႏွာျပင္ေပၚရွိအစြန္းမ်ားကုိ ဖယ္ရွားရာတြင္ အံ့အားသင့္ဖြယ္ အာနိသင္ရွိသည္။

မုန္႔ဖုတ္ဆုိဒါကုိသုံးပါ။

သြားတုိက္တံေပၚတြင္ မုန္႔ဖုတ္ဆုိဒါအနည္းငယ္တင္၍ သြားကုိညင္သာစြာတုိက္ပါ။ ဤလြယ္ကူေသာနည္းေလးက မည္မွ်ထိေရာက္သည္ဆုိသည္မွာ အံ့ျသဖြယ္ရာပင္ျဖစ္သည္။

အစားအစာေပၚတြင္အာရုံစုိက္ပါ။

သင္စားသုုံးသည့္အရာမ်ားေပၚတြင္ အာရုံမထားပါက သင့္သြားႏွင့္သြားဖုံးက်န္းမာေနဖို ့မေမွ်ာ္လင့္ပါႏွင့္။ သန္မာေသာသြားရရွိရန္ ကယ္လ္စီယမ္ႏွင့္ဗီတာမင္ဒီၾကြယ္၀သည့္ အစားအစာမ်ားကိုစားေပးပါ။

အထက္ပါနည္းလမ္းမ်ားသည္ သင့္သြားကိုပုိ၍ေတာက္ပေအာင္ ေကာင္းစြာလုပ္ေပးႏိုင္သည္။ ထုိ႔အျပင္ ေငြကုန္ေၾကးက်လည္းသက္သာသည္။ အကယ္၍ အထက္ပါနည္းလမ္းမ်ားက သင့္ကိုစိတ္ေက်နပ္ေအာင္ ျပဳလုပ္ႏိုင္စြမ္းမရွိလွ်င္(သုိ႔)သြားျပႆနာရွိေနေသးလွ်င္ ေဆးပညာအၾကံဥာဏ္မ်ားရယူရန္ သြားဆရာ၀န္ဆီသြားဖို ့မေႏွာင့္ေႏွးပါႏွင့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ရန္ #

ခေတ်ပေါ်လူမှုပတ်ဝန်းကျင်တွင် ပုံပန်းသဏ္ဍာန်သည် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ လူအတော်များများသည် ပိုမိုဖြူစင်ပြီးသန်မာသောသွားများကို အလိုရှိကြသည်။ သင့်သွားက သင်မျှော်လင့်သလို ဖြစ်မနေဘူးလား။ စိတ်မပူပါနှင့်။ အောက်ပါဆောင်းပါးက သင့်သွားကိုဖြူဖွေးသွားစေရန် ဈေးမကြီးဘဲထိရောက်သောနည်းများကို လမ်းညွှန်ပေးပါမည်။

စားသောက်ပြီးသည့်အခါတိုင်းသွားတိုက်ပါ။

အရသာရှိသောအစားအစာ(သို့) အကြိုက်ဆုံးသောအဖျော်ယမကာ စားသောက်ပြီးသည့်အခါ နာရီဝက်စောင့်ပါ။ ထို့နောက်သွားတိုက်ပါ။ အစာစားပြီး သွားမတိုက်ခြင်းသည် သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။

ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းသည်အဆုတ် ၊ အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်သည်။

ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ပါ။

လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြသည်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေသည်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင် ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။

အုန်းဆီကိုအသုံးပြုပါ။

အုန်းဆီတွင်ပိုုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးသည်။ သင့်ပါးစပ်ထဲအုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့)သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။

ပန်းသီးရှာလကာရည်ကိုသုံးပါ။

ပန်းသီးရှာလကာရည်တွင် အက်စစ်ဓာတ်ပါဝင်သောကြောင့် ကော်ဖီနှင့်နီကိုတင်းတို့ကြောင့်ဖြစ်သည့် အစွန်းများကို ဖယ်ရှားပေးပါသည်။

လိမ္မော်သီး(သို့)ရှောက်သီးအခွံများကိုသုံးပါ။

ပန်းသီးရှာလကာရည်နှင့်ဆင်တူပင် လိမ္မော်သီး(သို့)ရှောက်သီးတွင် အက်စစ်ဓာတ်ပါဝင်သဖြင့် သွားများကိုသန့်ရှင်းပေးပြီး ပိုမိုဖြူဖွေးစေပါသည်။ ၎င်းတို့ကို တစ်ပတ်တွင် ၁ကြိမ်(သို့)၂ကြိမ်သာ အသုံးပြုခြင်းဖြင့် သွားနှင့်သွားဖုံးများကို မထိခိုက်စေနိုင်ပါ။

ဘယ်ရီသီးကိုစားပေးပါ။

ဘယ်ရီသီးတွင် ဓာတ်ဆိုးဆန့်ကျင်ဂုဏ်သတ္တိ များပြားစွာပါဝင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သင့်ကျန်းမာရေး အထူးသဖြင့် သွားဖုံးအတွက် ကောင်းမွန်ပါသည်။သွားဖုံးအပေါ်လျစ်လျူရှူပြီး သွားတစ်ခုတည်းကိုသာ အာရုံစိုက်မထားပါနှင့်။ သွားဖုံးကျန်းမာမှသာ သွားကို အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

မီးသွေးအခြေခံထုတ်ကုန်ပစ္စည်းများသုံးပါ။

မီးသွေးကိုအခြေခံပြီး ထုတ်လုပ်ထားသောပစ္စည်း ဥပမာ-သွားတိုက်ဆေးများသည် သွားမျက်နှာပြင်ပေါ်ရှိအစွန်းများကို ဖယ်ရှားရာတွင် အံ့အားသင့်ဖွယ် အာနိသင်ရှိသည်။

မုန့်ဖုတ်ဆိုဒါကိုသုံးပါ။

သွားတိုက်တံပေါ်တွင် မုန့်ဖုတ်ဆိုဒါအနည်းငယ်တင်၍ သွားကိုညင်သာစွာတိုက်ပါ။ ဤလွယ်ကူသောနည်းလေးက မည်မျှထိရောက်သည်ဆိုသည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။

အစားအစာပေါ်တွင်အာရုံစိုက်ပါ။

သင်စားသုုံးသည့်အရာများပေါ်တွင် အာရုံမထားပါက သင့်သွားနှင့်သွားဖုံးကျန်းမာနေဖို့မမျှော်လင့်ပါနှင့်။ သန်မာသောသွားရရှိရန် ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီကြွယ်ဝသည့် အစားအစာများကိုစားပေးပါ။

အထက်ပါနည်းလမ်းများသည် သင့်သွားကိုပို၍တောက်ပအောင် ကောင်းစွာလုပ်ပေးနိုင်သည်။ ထို့အပြင် ငွေကုန်ကြေးကျလည်းသက်သာသည်။ အကယ်၍ အထက်ပါနည်းလမ်းများက သင့်ကိုစိတ်ကျေနပ်အောင် ပြုလုပ်နိုင်စွမ်းမရှိလျှင်(သို့)သွားပြဿနာရှိနေသေးလျှင် ဆေးပညာအကြံဉာဏ်များရယူရန် သွားဆရာဝန်ဆီသွားဖို့မနှောင့်နှေးပါနှင့်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top