Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အမည္ေပါက္နဲ႔က်ဴး ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ ေအာက္တုိဘာလ ၂၉ ရက္ေန႔မနက္ပိုင္းက သမၼတရုပ္ရွင္ရုံမွာ က်င္းပ ျပဳလုပ္ ခဲ့ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ပတ္သက္တဲ့ အမွတ္တရစကားသံေတြကုိလည္း Duwun Media ကေနတဆင့္ အခုလုိ ေျပာျပခဲ့ပါတယ္။

ေဇာ္မ်ဳိး(ဒါရုိက္တာ)

အဓိက ကေတာ့ ဒီဇာတ္ကားရဲ႕ နာမည္အရင္းက အမည္ေပါက္က်ဳးေပါ့။ အစ္ကိုတုိ႔ ဆင္ဆာတင္လုိက္တဲ့အခ်ိန္မွာ အမည္ေပါက္က်ဳး လုိ႔ မေရးပဲ နဲ႔ တစ္လုံးထည့္ေပးပါဆုိေတာ့ အမည္ေပါက္ ႏွင့္ က်ဴးျဖစ္တာေပါ့ေနာ္။ ဒီနာမည္ေပးျဖစ္ပုံကလည္း ဦးဇင္ဝုိင္းက အမည္ ေပါက္တယ္၊ ျမင့္ျမတ္ က က်ဴးေက်ာ္တယ္ အဲ့ဒီႏွစ္ခုကုိ Remix လုပ္ၿပီးေတာ့ နာမည္ေပးျဖစ္တာပါ။

ဇင္ဝုိင္း

ကၽြန္ေတာ္တုိ႔မွာ ရုိက္စဥ္အခါကေတာ့ ေဘးပေရာဂ အေျခအေန၊ ကုိယ့္က်န္းမာေရး အေျခအေနေတြကုိ  အေကာင္းဆုံးျဖစ္ေအာင္ လုပ္ၾကတာပါပဲ ။ ဒါေပမယ့္ ျပန္ၾကည့္ၿပီဆုိတဲ့အခါမွာေတာ့ လုိအပ္ခ်က္ေတြက အျမဲတမ္းရွိစျမဲပါပဲ။

အိေခ်ာပုိ

အိေခ်ာကေတာ့ က်ဴးေက်ာ္ရပ္ကြက္မွာေနတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ကာရိုက္တာေလးေပါ့ေလ။ အစပုိင္းကေတာ့ အသြက္ ကေလးေပါ့ေလ  လူငယ္ပုစံေလးေပါ့။

ေမာင္ျငိမ္းထက္ေဇာ္ (ကေလးသရုပ္ေဆာင္)

သားပါဝင္ရတ့ဲ ကာရုိက္တာေလးကေတာ့ လျပည့္ ဆုိတဲ့ ေကာင္ေလးေနရာက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားရုိက္တဲ့အခါမွာ ငုိရတဲ့ အခ်ိန္တုိ႔၊ ေသရတဲ့ အခ်ိန္တုိ႔ဆုိရင္ ေတာ္ေတာ္ပင္ပန္းပါတယ္။

အမည္ေပါက္ႏွင့္က်ဴး ရုပ္ရွင္ဇာတ္ကားႀကီးကုိ နယူးဖုိးဝ ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာ ေဇာ္မ်ဳိးက ရုိက္ကူးပုံေဖာ္ ထားတဲ့ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ႏုိဝင္ဘာလ ၁၀ ရက္ေန႔က စၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမယ္လုိ႔ သိရပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဇင္ဝုိင္း၊ ျမင့္ျမတ္၊ အိေခ်ာပုိ၊ ကေလးသရုပ္ေဆာင္ ျငိမ္းထက္ေဇာ္ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၿပီး ေမကဗ်ာ၊ စုိးမုိးၾကည္၊ ေဇာ္ဦး၊ ေဇာ္ဝင္းႏုိင္၊ ဆင္မ၊ စိစိ၊ ေကာင္းဆက္ထူး၊ ေက်ာ္ထူး၊ စူပါလင္း၊ ျပဳံးဟန္သာကုိ တုိ႔က ပါဝင္အားျဖည့္သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

 အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

ဇော်မျိုး(ဒါရိုက်တာ)

အဓိက ကတော့ ဒီဇာတ်ကားရဲ့ နာမည်အရင်းက အမည်ပေါက်ကျုးပေါ့။ အစ်ကိုတို့ ဆင်ဆာတင်လိုက်တဲ့အချိန်မှာ အမည်ပေါက်ကျုး လို့ မရေးပဲ နဲ့ တစ်လုံးထည့်ပေးပါဆိုတော့ အမည်ပေါက် နှင့် ကျူးဖြစ်တာပေါ့နော်။ ဒီနာမည်ပေးဖြစ်ပုံကလည်း ဦးဇင်ဝိုင်းက အမည် ပေါက်တယ်၊ မြင့်မြတ် က ကျူးကျော်တယ် အဲ့ဒီနှစ်ခုကို Remix လုပ်ပြီးတော့ နာမည်ပေးဖြစ်တာပါ။

ဇင်ဝိုင်း

ကျွန်တော်တို့မှာ ရိုက်စဉ်အခါကတော့ ဘေးပရောဂ အခြေအနေ၊ ကိုယ့်ကျန်းမာရေး အခြေအနေတွေကို  အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပါပဲ ။ ဒါပေမယ့် ပြန်ကြည့်ပြီဆိုတဲ့အခါမှာတော့ လိုအပ်ချက်တွေက အမြဲတမ်းရှိစမြဲပါပဲ။

အိချောပို

အိချောကတော့ ကျူးကျော်ရပ်ကွက်မှာနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာလေးပေါ့လေ။ အစပိုင်းကတော့ အသွက် ကလေးပေါ့လေ  လူငယ်ပုစံလေးပေါ့။

မောင်ငြိမ်းထက်ဇော် (ကလေးသရုပ်ဆောင်)

သားပါဝင်ရတဲ့ ကာရိုက်တာလေးကတော့ လပြည့် ဆိုတဲ့ ကောင်လေးနေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားရိုက်တဲ့အခါမှာ ငိုရတဲ့ အချိန်တို့၊ သေရတဲ့ အချိန်တို့ဆိုရင် တော်တော်ပင်ပန်းပါတယ်။

အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဇော်မျိုးက ရိုက်ကူးပုံဖော် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇင်ဝိုင်း၊ မြင့်မြတ်၊ အိချောပို၊ ကလေးသရုပ်ဆောင် ငြိမ်းထက်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မေကဗျာ၊ စိုးမိုးကြည်၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ စိစိ၊ ကောင်းဆက်ထူး၊ ကျော်ထူး၊ စူပါလင်း၊ ပြုံးဟန်သာကို တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top