ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကဲဟာ … ကဲဟာ …ေျဖာင္း … ေျဖာင္း … ဆိုၿပီး ထြက္ေပၚလာတဲ့ အသံ ေၾကာင့္ အလန္႔တၾကားပဲ အေနာက္ကို လွည့္ၾကည့္လိုက္မိေတာ့ ျမင္ကြင္းက စိတ္မေကာင္းစရာ။

အလြန္ဆံုးရွိလွ အသက္ခုနစ္ႏွစ္အရြယ္ ကေလး ကို ေလးဆယ္ေက်ာ္ အရြယ္ ေယာက္်ားႀကီး က ပါး ေတြကိုခ်ည္း လွိမ့္႐ိုက္ေနတာပါ။ တာေမြ ေရႊဗဟိုေဆး႐ံုနား၊ တာေမြ Orange ေရွ႕ ကားဂိတ္မွာ ဖြင့္ထားတဲ့ လမ္းေဘး ထမင္းဆိုင္ငယ္ေလးမွာျဖစ္ၿပီး ကားဂိတ္ မွာမို႔ ကားေစာင့္ေနတဲ့ လူေတြကလည္း အမ်ားႀကီး။ အခ်ိန္က ည ၇ နာရီေလာက္။ ဘာအေၾကာင္းအရင္းဆိုတာ မသိေပမယ့္ လူေတြၾကည့္ေနတုန္းမွာပဲ “ေျဖာင္း” ဆိုၿပီး အဲ့ဒီလူက ေနာက္ထပ္ ပါးတစ္ခ်က္ ထပ္႐ိုက္လိုက္ပါတယ္။ ၿပီးေတာ့ သံပရာသီး တစ္လံုးကို ကိုင္ရင္း “နင္စား၊ နင္စားစမ္း အလံုးလိုက္၊ စားတဲ့သူကို လွီးၿပီးခ်ေပးရမွာ နားမလည္ဘူးလား” တဲ့ ေျပာရင္း ကေလး ရဲ႕ အေရွ႕ဆံပင္ေလး ကို ဆုပ္ကိုင္ ေဆာင့္ဆြဲေနပါတယ္။ ကေလး ကေတာ့ ႐ိုက္ခံထားရတဲ့ အရွိန္နဲ႔ေရာ၊ လတ္တေလာ ဆံပင္ ေဆာင့္ဆြဲခံထားရတာေတြေၾကာင့္ မ႐ုန္းကန္ရဲဘဲ တၿဗဲၿဗဲ ေအာ္ငိုလို႔ေပါ့။ ကားဂိတ္ မွတ္တုိင္ အမိုးႏွစ္ခုၾကား ခံုအျပည့္ခင္းၿပီး ထမင္း၊ ဟင္းခ်က္ၿပီးသားေတြ တင္ထားတာမို႔ အတြင္းဘက္မွာ ျဖစ္ပ်က္ေနတဲ့ သူတို႔ဆီ ကိုယ္ေတြက ခ်က္ခ်င္းသြားဆြဲလို႔ကလည္းမရ။ ၿပီးေတာ့ ျမန္မာလူမ်ဳိး တခ်ိဳ႕ရဲ႕ ထံုးစံအတိုင္း ခုလိုျဖစ္ရပ္တစ္ခုခုဆို ၾကည့္ေန႐ံုကလြဲၿပီး ကိုယ္နဲ႔မဆိုင္သလို မသိေယာင္ ေဆာင္တာကလည္း အက်င့္ တစ္ခုလို ျဖစ္ေနၾကၿပီ။

အဲ့ဒီလူကလည္း ဘယ္သူ႔မွ ဂ႐ုစိုက္ပံုမရ၊ ကေလး ကို ဆဲဆိုေနရင္း သူလုပ္စရာရွိတာ ဆက္လုပ္ေနသလို သံပရာသီးလွီးဖို႔ျပင္ရင္း တစ္ဖက္က ဓား ကို ၀င့္ကာ၀င့္ကာနဲ႔ “ငါလုပ္လိုက္ရ၊ လုပ္လိုက္ရ” ဆိုတိုင္း တြန္႔ခနဲတြန္႔ခနဲ အလန္႔တၾကား ျဖစ္ျဖစ္သြားတဲ့ ကေလးမေလး ကိုၾကည့္ၿပီး ရင္ထဲ ဆို႔နင့္ေနေအာင္ စိတ္မေကာင္း ျဖစ္မိပါတယ္။ “အဲ့ဒီလို ေသာက္သံုးမက်လို႔…ဘာသာစံုက်တာ …သူမ်ားေတြက တစ္ဘာသာ ႏွစ္ဘာသာပဲက်တာ..ေသာက္ ဦးေႏွာက္ က ဘာမွသံုးစားလို႔မရဘူး” ဆိုၿပီး အဲ့ဒီလူက ဆက္ေျပာေနတာမို႔ ၾကည့္ရတာ ဖေအျဖစ္ဖို႔မ်ားပါတယ္။ ဒီေလာက္ထုေထာင္း ႏွိပ္စက္ခံေနရတဲ့ကေလး ဘာသာစံုက်တာ အသံုးမက်လို႔တဲ့လား။ ဒီေလာက္ ခါးသီးရက္စက္တဲ့ အျပဳအမူေတြ ခံစားေနရတဲ့ကေလး စာေမးပြဲက်တာ ကေလးအသံုးမက်လို႔တဲ့လား။

 သူတို႔ျပႆနာထဲ ကၽြန္မ ၀င္မပါမိေအာင္ စိတ္ကိုထိန္းရင္း ကိုယ့္မွာ ကားလာတာေတာင္ မစီးရဲဘဲ သူတို႔ကို ေစာင့္ၾကည့္ေနမိပါတယ္။ ဒါေပမဲ့ ကေလး ေတြရဲ႕ ထံုးစံအတိုင္းပဲ ခဏေလးငိုၿပီးတာနဲ႔ မ်က္ရည္စက္လက္နဲ႔ အငိုတိတ္ရင္း ကားဂိတ္မွာ ခံုေလးေတြ လိုက္ခင္းေနပါတယ္။ မ်က္ရည္ ေလးသုတ္လိုက္၊ ခံုေလးတည့္လိုက္၊ ႏွာေခါင္းေလး႐ံႈ႕လိုက္၊ ခံုတစ္လံုးဆြဲလာလိုက္နဲ႔ ပံုမွန္အတိုင္း လုပ္ေနပံုရတဲ့ ကေလးမေလး ကို ၾကည့္ရတာ သံပတ္ေပးထားတဲ့ လူကေလး တစ္ေယာက္လိုပါပဲ။ သူ႔ကိုၾကည့္ရင္း ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္မိပါတယ္။

ဒါက ကိုယ့္မ်က္စိေရွ႕မွာ ျမင္လိုက္ရတဲ့ တစ္ခဏေလးပါ။ ဒါေပမဲ့ ကေလး ဟာ ဒီလို႐ိုက္ႏွက္ခံရတဲ့ဒဏ္ေတြကို က်င့္သားရေနသလိုပါပဲ။ ႐ိုက္တဲ့သူကလည္း ပံုမွန္ပါပဲ။ စိတ္အခန္႔မသင့္တိုင္း ဒီလိုပဲ ပါးေတြ႐ိုက္ရတာကို လက္တြန္႔ေနပံုမရပါဘူး။ ကၽြန္မရ င္ထဲ အဲ့ဒီျမင္ကြင္းက ေတာ္ေတာ္နဲ႔ မေပ်ာက္ပါဘူး။ မထူးဆန္းဘူးဆိုေပမယ့္ လူမမည္ ေသးေသးေကြးေကြး ကေလးေလးေတြကို အဲ့ဒီလို ႐ိုက္ႏွက္ဖို႔အတြက္ မိဘျဖစ္တာနဲ႔ ၿပီးေရာလားဆိုတဲ့ ေမးခြန္းေတြလည္း ကၽြန္မမွာ တသီတတန္းႀကီး ပါလာပါတယ္။ ဒါေပမဲ့ အဲ့ဒီအခ်ိန္ ႐ုတ္တရက္ျဖစ္လာတဲ့ အေျခအေနမွာ ကၽြန္မ ဘာမွမကူႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ သူသာ ကေလး ကို ဆက္႐ိုက္ေနမယ္ဆိုရင္ေတာ့ အဲ့ဒီေနရာမွာ ကၽြန္မတို႔ ျပႆနာ တစ္ခုခုတက္ေတာ့မွာ အေသအခ်ာပါပဲ။ အဲ့ဒီေန႔အျဖစ္ေတြကို ၾကည့္ၿပီး ျမန္မာႏိုင္ငံမွာ မိဘေတြရဲ႕ စိတ္ရွိတိုင္း ႏွိပ္စက္မႈခံေနရတဲ့ ကေလးေတြအတြက္ တစ္စံုတစ္ရာကူညီေပးဖို႔ ႀကိဳးစားသူ ေတာ္ေတာ္ေလးရွားေနတယ္လို႔ ျမင္မိပါတယ္။

ၿပီးေတာ့ “သူ ႔မိဘ ပဲ၊ သူ႔သားသမီးကိုေတာ့ ေသေအာင္မလုပ္ပါဘူး” ဆိုတဲ့ “ထင္” တစ္လံုးနဲ႔ စကားေတြကလည္း ကၽြန္မတို႔ေတြ အ႐ိုးစြဲေအာင္ နားရည္၀ေနခဲ့ပါၿပီ။
ဒါေပမဲ့ ကၽြန္မ ၾကားခဲ့ရတဲ့ ျဖစ္ရပ္တစ္ခုက အဲ့ဒီစကားေတြ မွားေၾကာင္း အခုိင္အမာသက္ေသျပေနပါတယ္။ ဒီျဖစ္ရပ္ကေတာ့ ကၽြန္မ ႕ညီမဆီကတစ္ဆင့္ ၾကားခဲ့ရတာျဖစ္ၿပီး လင္မယား ႏွစ္ေယာက္ အဆင္မေျပျဖစ္ေနခ်ိန္မွာ ႏွစ္ႏွစ္အရြယ္ကေလးက ငိုေနလို႔ဆိုၿပီး ေယာက္်ားလုပ္သူက ကေလးကို ေျခေထာက္ကေနကိုင္ၿပီး ၾကမ္းျပင္ေပၚကို အားနဲ႔ ကိုင္႐ိုက္ပစ္လိုက္တယ္လို႔ ဆိုပါတယ္။ ကေလးခမ်ာ ငိုသံေတာင္ မထြက္ႏိုင္ေအာင္ အေသအလဲခံလိုက္ရၿပီးေနာက္ ေသလည္းမေသသြား၊ အသက္ ကလည္းမ႐ွဴႏိုင္နဲ႔ ခုခ်ိန္ထိ ဒုက္ၡိတဘ၀ ေရာက္သြားရပါတယ္တဲ့။ ဖေအ ျဖစ္သူကေတာ့ ကေလး ကို ကိုင္႐ိုက္ၿပီးတာနဲ႔ ထြက္ေျပးသြားတာ ဒီေန႔ထိ ဖမ္းမမိေသးပါဘူးတဲ့။

ဒါကို ႏိုင္ငံျခားမွာ ျဖစ္တာလို႔ မထင္ပါနဲ႔။ ကၽြန္မ တို႔ ျမန္မာႏိုင္ငံက မိဘ ဆိုသူတခ်ိဳ႕က ျပဳမူေနတာပါ။ ဘာမွနားမလည္တဲ့ လူမမည္ေလးေတြကို စိတ္ရွိတိုင္း ႐ိုက္ႏွက္ေနတဲ့၊ ႏွိပ္စက္ေနတဲ့ မိဘ(သို႕)အုပ္ထိန္းသူေတြ ဘယ္ေလာက္ေတာင္ မ်ားေနၿပီလဲဆိုတဲ့ အေတြး ေတြးမိတိုင္း ရင္ထဲမွာ ေျပာမျပတတ္ေအာင္ နာက်င္ရပါတယ္။

“ကၽြန္ေတာ့္ အစ္မ ဆို ခုခ်ိန္ထိ နားမၾကားရေတာ့ဘူး။ နားတစ္ဖက္ ကန္းသြားတာေပါ့။ သူငယ္ငယ္က ၾကားရတယ္။ ခုနစ္ႏွစ္ေလာက္မွာထင္တယ္၊ အေဖ က စိတ္ဆိုးၿပီး ႐ိုက္လိုက္တာ နားစည္ကြဲသြားတယ္။ သူ႔နားမၾကားရေတာ့တာ ခုခ်ိန္အထိပဲ။ သူမၾကားရတာ ႏွစ္ေလးဆယ္ေလာက္ရွိၿပီ” ဆိုၿပီး ကၽြန္မအသိ ဆိုက္ကားဆရာ ေျပာျပတုန္းကလည္း ကၽြန္မအရမ္း အံ့ၾသတႀကီး ျဖစ္မိပါတယ္။ မိဘေၾကာင့္ ေမြးရာပါ အေကာင္းအတိုင္းကေန ဆံုး႐ံႈးသြားရတဲ့ လူ႔အခြင့္အေရးေတြပါ။ အဲ့ဒီလို ဆံုး႐ံႈးမႈေတြ၊ နစ္နာမႈေတြက သားသမီးေတြအတြက္ ထိုက္တန္ရဲ႕လားဆိုတာနဲ႔ ဒီလိုမိဘေတြရဲ႕ ရက္စက္မႈေတြကို ထိန္းသိမ္းေပးမယ့္၊ အေရးယူေပးႏိုင္မယ့္သူေတြ မရွိဘူးလား။ ဒီလိုကိစၥအတြက္ အေရးယူႏိုင္မယ့္ဥပေဒေရာ ရွိရဲ႕လားဆိုတာ ကၽြန္မ အရမ္းကိုသိခ်င္လာပါတယ္။

“ဒီလိုကိစၥနဲ႔ တိုင္ၾကားတာ ခုခ်ိန္ထိကို တစ္ဦးတစ္ေယာက္မွ မရွိဘူး။ လံုး၀ကိုမရွိတာဗ်။ အမွန္ေတာ့ ဒါမ်ဳိးက မိဘပင္ျဖစ္ပါေစ ဒီလိုမ်ဳိး လုပ္လို႔ကိုမရတာ။ ဒါေပမဲ့ ျမန္မာႏိုင္ငံ မွာက မိဘ က သားသမီး ကိုျပဳမူတာပဲဆိုၿပီး ဒီအတိုင္းေနေနၾကတဲ့ အေလ့အထ ျဖစ္ေနတယ္။ သားသမီးဆုိေပမယ့္ ကိုယ္လုပ္ခ်င္တိုင္း လုပ္လို႔မရဘူး၊ သူကလည္း လူတစ္ေယာက္၊ ျပည္သူျပည္သားတစ္ေယာက္ပဲ။ လူ႔အခြင့္အေရးကို ေလးစားေပးရမွာေပါ့။ တိုင္လို႔ရပါတယ္။ ရဲ ကိုတိုင္လည္း ရပါတယ္။ လူမႈ၀န္ထမ္း၀န္ႀကီးဌာနကို တိုင္လည္းရပါတယ္”လို႔ ျမန္မာႏိုင္ငံ အမ်ဳိးသား လူ႔အခြင့္အေရးေကာ္မရွင္မွ အဖြဲ႕၀င္ ဦးယုလြင္ေအာင္က ရွင္းျပပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံ မွာ မိဘက သားသမီးကို႐ိုက္တာ ျဖစ္သင့္တဲ့ကိစၥတစ္ခုပဲလို႔ သတ္မွတ္ထားတာ အ႐ိုးစြဲေနပါၿပီ။ ႏိုင္ငံျခားမွာေနတဲ့ ကၽြန္မအသိတစ္ေယာက္ဆို သူ႔အိမ္မွာ သူ႔သမီးေလးကို ဆံုးမရင္း ေျပာမရလို႔ တစ္ခ်က္႐ိုက္လိုက္မိပါတယ္။ ဒါကို ကေလးက ေက်ာင္းမွာ မထင္မွတ္ဘဲ ေျပာမိသြားရာကေန ဆရာမ သိသြားေတာ့ ဆရာမ က ကိုယ္တိုင္အိမ္ကို လိုက္လာၿပီး ဖခင္ကို ရဲစခန္းမွာတိုင္လုိ႔ ဒဏ္ေၾကးေဆာင္လိုက္ ရတယ္လို႔ဆိုပါတယ္။ အဲ့ဒီ သတင္ ၾကားေတာ့ ကၽြန္မ ရယ္ခ်င္မိပါတယ္။ ျမန္မာႏိုင္ငံ မွာသာဆို အခ်ဳပ္ထဲေရာက္ၿပီး ဒဏ္ေၾကးေဆာင္ရတာ ဆရာမျဖစ္သြားႏိုင္တယ္ မဟုတ္လား။ အဲ့ဒီေလာက္ထိကို ကၽြန္မတို႔ႏိုင္ငံမွာ မိဘစြဲေတြ ႀကီးၾကတယ္လို႔ ျမင္မိပါတယ္။

“ခုလိုကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရဲကိုတိုင္ကာ အေရးယူတာမ်ဳိး ေဆာင္ရြက္လို႔ရပါတယ္။ ဒါေပမဲ့ ဒါမ်ဳိးတိုင္ၾကားမႈက ျဖစ္ေတာင့္ျဖစ္ခဲ ျဖစ္ေနတယ္။ ကၽြန္ေတာ္ တို႔ဆီမွာက ဒါကို တုိင္ၾကားလို႔ရတယ္ဆိုတဲ့ အေလ့အက်င့္ မရွိဘူးျဖစ္ေနတယ္။ အဲဒီေတာ့ ဒါကိုအေရးယူႏိုင္ဖို႔ ဥပေဒ ပညာရွင္ ေတြနဲ႔ တိုင္ပင္ရမယ္။ ဒါက တကယ့္ကို တားဆီးရမယ့္ကိစၥတစ္ခု။ မိဘေတြ ဒါမ်ဳိးမလုပ္ရဘူး ဆိုတာကိုလည္း ပညာေပးဖို႔ ကၽြန္ေတာ္တို႔ ပ်က္ကြက္ေနတာေပါ့။ အခုဒီလိုကိစၥကို ဆန္႔က်င္ရမယ္။ လႈပ္ရွားဖို႔လည္းလိုလာၿပီ။ ဒီကိစၥကို တြန္းတြန္းတိုက္တိုက္ လုပ္ေပးမယ္”လို႔လည္း ဦးယုလြင္ေအာင္က အားတက္ဖြယ္ ေျပာၾကားသြားခဲ့ပါတယ္။

အမွန္က မိဘက သားသမီးကို ႐ိုက္ႏွက္ဆံုးမခြင့္ ရွိတယ္ဆိုတဲ့ အယူအဆကို ကၽြန္မတို႔ ကိုယ္တိုင္ကိုက လက္ခံထားတာပါ။ ကၽြန္မကိုယ္တိုင္ေတာင္ မေရွာင္လႊဲႏိုင္ေသးပါဘူး။ ကၽြန္မ အပါအ၀င္ မိဘ ေတာ္ေတာ္မ်ားမ်ားဟာ ကေလးေတြကို အႏၲရာယ္တစ္စံုတစ္ရာျဖစ္မွာ စိုးရိမ္လို႔၊ သူတို႔ မ႐ိုင္းစိုင္းဘဲ လူယဥ္ေက်းေလးေတြ ျဖစ္ေစဖို႔၊ စည္းကမ္း ရွိဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ကေလးေတြကို ႐ိုက္မိေနၾကပါတယ္။ ႐ိုက္ေနၾကတုန္းပါပဲ။ ဒါေပမဲ့ ဒါဟာ ကေလးေတြရဲ႕ လူ႔အခြင့္အေရးကို အမ်ားႀကီးထိခိုက္ ေနတယ္ဆိုတာကိုေတာ့ ကၽြန္မ တို႔ လ်စ္လ်ဴ႐ႈေနဆဲပါပဲ။

ကိုယ့္ေရွ႕မွာ မိဘ(သို႔)အုပ္ထိန္းသူေတြက သူတို႔ကေလးေတြကို ႐ိုက္ရင္ ဒီလိုပဲ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သာမန္ကိစၥေတြလိုပဲ ကၽြန္မတို႔သေဘာထားၿပီး မျမင္ေယာင္ေဆာင္လာခဲ့ၾကတာကလည္း ႏွစ္ေပါင္းမ်ားစြာ ၾကာေနပါၿပီ။ ခုခ်ိန္မွာ ဆရာ၊ ဆရာမေတြဆိုရင္လည္း ကိုယ့္ ေက်ာင္းသားေလး ေတြကို မ႐ိုက္ႏွက္ရဘူး၊ ကေလးေတြရဲ႕ ဂုဏ္သိကၡာက်ဆင္းေစမယ့္ အျပဳအမူေတြ၊ ဖင္ခၽြတ္႐ိုက္တာမ်ဳိးေတြ၊ အတန္းျပင္ထြက္ ရပ္ခိုင္းတာမ်ဳိးေတြ မလုပ္ၾကဖို႔လည္း အဆင့္ဆင့္ ၫႊန္ၾကားမႈေတြနဲ႔ အေကာင္အထည္ေတြေဖာ္ အသိေပးတာေတြ၊ အေရးယူတာေတြရွိလာပါၿပီ။ ဒါေပမဲ့ မိဘ ေတြကေတာ့ ကေလးေတြကို ကိုယ့္ကိုယ္ပိုင္ပစၥည္းေတြလို႔ သတ္မွတ္ၿပီး ႏွိပ္စက္ၿမဲ၊ ႐ိုက္ႏွက္ၿမဲ ျဖစ္ေနတုန္းပါပဲ။ ကိုယ္ေမြးလို႔ လူျဖစ္တာ၊ ကိုယ္ေကၽြးလို႔ အသားျဖစ္တာဆိုတဲ့ စကားေတြကို တြင္တြင္သံုးၿပီး၊ အဲ့ဒီအခ်က္ေတြနဲ႔ ကိုင္ေပါက္ၿပီး ကေလးေတြကို အႏိုင္က်င့္ ျခယ္လွယ္ေနၾကတုန္းပါပဲ။ ဒါေတြကို ကၽြန္မတို႔က ျမန္မာႏိုင္ငံ ရဲ႕ ယဥ္ေက်းမႈတစ္ခုလို၊ ဓေလ့တစ္ခုလို ဆက္ၿပီးက်င့္ သံုးေနဦးမယ္ဆိုရင္ေတာ့ ေသခ်ာတာက ကၽြန္မတို႔ႏိုင္ငံက လူငယ္ေလးေတြ လူမျဖစ္ခင္ကတည္းက လူၫြန္႔တံုးၿပီး အၫြန္႔မပါတဲ့ တံုးတိတိ၊ ထံုအအေလးေတြအျဖစ္နဲ႔ ႀကီးျပင္းလာၾကရမွာ အေသအခ်ာပါပဲ။ မိဘမို႔ လုပ္ခြင့္ရွိတယ္ဆိုတဲ့ အယူအဆေတြၾကားမွာ ကေလးေတြဘ၀ က်ိဳး၊ ကန္း၊ ထိတ္၊ လန္႔ရင္း က်ီးလန္႔စာစားေနရတာေတြကို လူသားတစ္ေယာက္အေနနဲ႔ ကၽြန္မကေတာ့ အျပင္းအထန္ကို ကန္႔ကြက္ပါတယ္။

ကၽြန္မ ေမးခ်င္တာေလ..မိဘ ဆိုတာ သားသမီး ေတြကို အကာအကြယ္ေပးဖို႔ မဟုတ္ဘဲ ႐ိုက္ႏွက္ဖို႔၊ ညႇဥ္းပန္းဖို႔အတြက္ တရား၀င္ႏွိပ္စက္ခြင့္လိုင္စင္ ကိုင္ေဆာင္ထားၾကသူေတြလား ဆိုတာကိုပါပဲ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနာ္ရာေမာင္

# Unicode Version #
ကဲဟာ … ကဲဟာ …ဖြောင်း … ဖြောင်း … ဆိုပြီး ထွက်ပေါ်လာတဲ့ အသံ ကြောင့် အလန့်တကြားပဲ အနောက်ကို လှည့်ကြည့်လိုက်မိတော့ မြင်ကွင်းက စိတ်မကောင်းစရာ။

အလွန်ဆုံးရှိလှ အသက်ခုနစ်နှစ်အရွယ် ကလေး ကို လေးဆယ်ကျော် အရွယ် ယောက်ျားကြီး က ပါး တွေကိုချည်း လှိမ့်ရိုက်နေတာပါ။ တာမွေ ရွှေဗဟိုဆေးရုံနား၊ တာမွေ Orange ရှေ့ ကားဂိတ်မှာ ဖွင့်ထားတဲ့ လမ်းဘေး ထမင်းဆိုင်ငယ်လေးမှာဖြစ်ပြီး ကားဂိတ် မှာမို့ ကားစောင့်နေတဲ့ လူတွေကလည်း အများကြီး။ အချိန်က ည ၇ နာရီလောက်။ ဘာအကြောင်းအရင်းဆိုတာ မသိပေမယ့် လူတွေကြည့်နေတုန်းမှာပဲ “ဖြောင်း” ဆိုပြီး အဲ့ဒီလူက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပါတယ်။ ပြီးတော့ သံပရာသီး တစ်လုံးကို ကိုင်ရင်း “နင်စား၊ နင်စားစမ်း အလုံးလိုက်၊ စားတဲ့သူကို လှီးပြီးချပေးရမှာ နားမလည်ဘူးလား” တဲ့ ပြောရင်း ကလေး ရဲ့ အရှေ့ဆံပင်လေး ကို ဆုပ်ကိုင် ဆောင့်ဆွဲနေပါတယ်။ ကလေး ကတော့ ရိုက်ခံထားရတဲ့ အရှိန်နဲ့ရော၊ လတ်တလော ဆံပင် ဆောင့်ဆွဲခံထားရတာတွေကြောင့် မရုန်းကန်ရဲဘဲ တဗြဲဗြဲ အော်ငိုလို့ပေါ့။ ကားဂိတ် မှတ်တိုင် အမိုးနှစ်ခုကြား ခုံအပြည့်ခင်းပြီး ထမင်း၊ ဟင်းချက်ပြီးသားတွေ တင်ထားတာမို့ အတွင်းဘက်မှာ ဖြစ်ပျက်နေတဲ့ သူတို့ဆီ ကိုယ်တွေက ချက်ချင်းသွားဆွဲလို့ကလည်းမရ။ ပြီးတော့ မြန်မာလူမျိုး တချို့ရဲ့ ထုံးစံအတိုင်း ခုလိုဖြစ်ရပ်တစ်ခုခုဆို ကြည့်နေရုံကလွဲပြီး ကိုယ်နဲ့မဆိုင်သလို မသိယောင် ဆောင်တာကလည်း အကျင့် တစ်ခုလို ဖြစ်နေကြပြီ။

အဲ့ဒီလူကလည်း ဘယ်သူ့မှ ဂရုစိုက်ပုံမရ၊ ကလေး ကို ဆဲဆိုနေရင်း သူလုပ်စရာရှိတာ ဆက်လုပ်နေသလို သံပရာသီးလှီးဖို့ပြင်ရင်း တစ်ဖက်က ဓား ကို ဝင့်ကာဝင့်ကာနဲ့ “ငါလုပ်လိုက်ရ၊ လုပ်လိုက်ရ” ဆိုတိုင်း တွန့်ခနဲတွန့်ခနဲ အလန့်တကြား ဖြစ်ဖြစ်သွားတဲ့ ကလေးမလေး ကိုကြည့်ပြီး ရင်ထဲ ဆို့နင့်နေအောင် စိတ်မကောင်း ဖြစ်မိပါတယ်။ “အဲ့ဒီလို သောက်သုံးမကျလို့…ဘာသာစုံကျတာ …သူများတွေက တစ်ဘာသာ နှစ်ဘာသာပဲကျတာ..သောက် ဦးနှောက် က ဘာမှသုံးစားလို့မရဘူး” ဆိုပြီး အဲ့ဒီလူက ဆက်ပြောနေတာမို့ ကြည့်ရတာ ဖအေဖြစ်ဖို့များပါတယ်။ ဒီလောက်ထုထောင်း နှိပ်စက်ခံနေရတဲ့ကလေး ဘာသာစုံကျတာ အသုံးမကျလို့တဲ့လား။ ဒီလောက် ခါးသီးရက်စက်တဲ့ အပြုအမူတွေ ခံစားနေရတဲ့ကလေး စာမေးပွဲကျတာ ကလေးအသုံးမကျလို့တဲ့လား။

 သူတို့ပြဿနာထဲ ကျွန်မ ဝင်မပါမိအောင် စိတ်ကိုထိန်းရင်း ကိုယ့်မှာ ကားလာတာတောင် မစီးရဲဘဲ သူတို့ကို စောင့်ကြည့်နေမိပါတယ်။ ဒါပေမဲ့ ကလေး တွေရဲ့ ထုံးစံအတိုင်းပဲ ခဏလေးငိုပြီးတာနဲ့ မျက်ရည်စက်လက်နဲ့ အငိုတိတ်ရင်း ကားဂိတ်မှာ ခုံလေးတွေ လိုက်ခင်းနေပါတယ်။ မျက်ရည် လေးသုတ်လိုက်၊ ခုံလေးတည့်လိုက်၊ နှာခေါင်းလေးရှုံ့လိုက်၊ ခုံတစ်လုံးဆွဲလာလိုက်နဲ့ ပုံမှန်အတိုင်း လုပ်နေပုံရတဲ့ ကလေးမလေး ကို ကြည့်ရတာ သံပတ်ပေးထားတဲ့ လူကလေး တစ်ယောက်လိုပါပဲ။ သူ့ကိုကြည့်ရင်း တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါက ကိုယ့်မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ တစ်ခဏလေးပါ။ ဒါပေမဲ့ ကလေး ဟာ ဒီလိုရိုက်နှက်ခံရတဲ့ဒဏ်တွေကို ကျင့်သားရနေသလိုပါပဲ။ ရိုက်တဲ့သူကလည်း ပုံမှန်ပါပဲ။ စိတ်အခန့်မသင့်တိုင်း ဒီလိုပဲ ပါးတွေရိုက်ရတာကို လက်တွန့်နေပုံမရပါဘူး။ ကျွန်မရ င်ထဲ အဲ့ဒီမြင်ကွင်းက တော်တော်နဲ့ မပျောက်ပါဘူး။ မထူးဆန်းဘူးဆိုပေမယ့် လူမမည် သေးသေးကွေးကွေး ကလေးလေးတွေကို အဲ့ဒီလို ရိုက်နှက်ဖို့အတွက် မိဘဖြစ်တာနဲ့ ပြီးရောလားဆိုတဲ့ မေးခွန်းတွေလည်း ကျွန်မမှာ တသီတတန်းကြီး ပါလာပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန် ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေမှာ ကျွန်မ ဘာမှမကူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူသာ ကလေး ကို ဆက်ရိုက်နေမယ်ဆိုရင်တော့ အဲ့ဒီနေရာမှာ ကျွန်မတို့ ပြဿနာ တစ်ခုခုတက်တော့မှာ အသေအချာပါပဲ။ အဲ့ဒီနေ့အဖြစ်တွေကို ကြည့်ပြီး မြန်မာနိုင်ငံမှာ မိဘတွေရဲ့ စိတ်ရှိတိုင်း နှိပ်စက်မှုခံနေရတဲ့ ကလေးတွေအတွက် တစ်စုံတစ်ရာကူညီပေးဖို့ ကြိုးစားသူ တော်တော်လေးရှားနေတယ်လို့ မြင်မိပါတယ်။

ပြီးတော့ “သူ့မိဘ ပဲ၊ သူ့သားသမီးကိုတော့ သေအောင်မလုပ်ပါဘူး” ဆိုတဲ့ “ထင်” တစ်လုံးနဲ့ စကားတွေကလည်း ကျွန်မတို့တွေ အရိုးစွဲအောင် နားရည်ဝနေခဲ့ပါပြီ။
ဒါပေမဲ့ ကျွန်မ ကြားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုက အဲ့ဒီစကားတွေ မှားကြောင်း အခိုင်အမာသက်သေပြနေပါတယ်။ ဒီဖြစ်ရပ်ကတော့ ကျွန်မ့ညီမဆီကတစ်ဆင့် ကြားခဲ့ရတာဖြစ်ပြီး လင်မယား နှစ်ယောက် အဆင်မပြေဖြစ်နေချိန်မှာ နှစ်နှစ်အရွယ်ကလေးက ငိုနေလို့ဆိုပြီး ယောက်ျားလုပ်သူက ကလေးကို ခြေထောက်ကနေကိုင်ပြီး ကြမ်းပြင်ပေါ်ကို အားနဲ့ ကိုင်ရိုက်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ ကလေးခမျာ ငိုသံတောင် မထွက်နိုင်အောင် အသေအလဲခံလိုက်ရပြီးနောက် သေလည်းမသေသွား၊ အသက် ကလည်းမရှူနိုင်နဲ့ ခုချိန်ထိ ဒုက်္ခိတဘ၀ ရောက်သွားရပါတယ်တဲ့။ ဖအေ ဖြစ်သူကတော့ ကလေး ကို ကိုင်ရိုက်ပြီးတာနဲ့ ထွက်ပြေးသွားတာ ဒီနေ့ထိ ဖမ်းမမိသေးပါဘူးတဲ့။

ဒါကို နိုင်ငံခြားမှာ ဖြစ်တာလို့ မထင်ပါနဲ့။ ကျွန်မ တို့ မြန်မာနိုင်ငံက မိဘ ဆိုသူတချို့က ပြုမူနေတာပါ။ ဘာမှနားမလည်တဲ့ လူမမည်လေးတွေကို စိတ်ရှိတိုင်း ရိုက်နှက်နေတဲ့၊ နှိပ်စက်နေတဲ့ မိဘ(သို့)အုပ်ထိန်းသူတွေ ဘယ်လောက်တောင် များနေပြီလဲဆိုတဲ့ အတွေး တွေးမိတိုင်း ရင်ထဲမှာ ပြောမပြတတ်အောင် နာကျင်ရပါတယ်။

“ကျွန်တော့် အစ်မ ဆို ခုချိန်ထိ နားမကြားရတော့ဘူး။ နားတစ်ဖက် ကန်းသွားတာပေါ့။ သူငယ်ငယ်က ကြားရတယ်။ ခုနစ်နှစ်လောက်မှာထင်တယ်၊ အဖေ က စိတ်ဆိုးပြီး ရိုက်လိုက်တာ နားစည်ကွဲသွားတယ်။ သူ့နားမကြားရတော့တာ ခုချိန်အထိပဲ။ သူမကြားရတာ နှစ်လေးဆယ်လောက်ရှိပြီ” ဆိုပြီး ကျွန်မအသိ ဆိုက်ကားဆရာ ပြောပြတုန်းကလည်း ကျွန်မအရမ်း အံ့သြတကြီး ဖြစ်မိပါတယ်။ မိဘကြောင့် မွေးရာပါ အကောင်းအတိုင်းကနေ ဆုံးရှုံးသွားရတဲ့ လူ့အခွင့်အရေးတွေပါ။ အဲ့ဒီလို ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေက သားသမီးတွေအတွက် ထိုက်တန်ရဲ့လားဆိုတာနဲ့ ဒီလိုမိဘတွေရဲ့ ရက်စက်မှုတွေကို ထိန်းသိမ်းပေးမယ့်၊ အရေးယူပေးနိုင်မယ့်သူတွေ မရှိဘူးလား။ ဒီလိုကိစ္စအတွက် အရေးယူနိုင်မယ့်ဥပဒေရော ရှိရဲ့လားဆိုတာ ကျွန်မ အရမ်းကိုသိချင်လာပါတယ်။

“ဒီလိုကိစ္စနဲ့ တိုင်ကြားတာ ခုချိန်ထိကို တစ်ဦးတစ်ယောက်မှ မရှိဘူး။ လုံးဝကိုမရှိတာဗျ။ အမှန်တော့ ဒါမျိုးက မိဘပင်ဖြစ်ပါစေ ဒီလိုမျိုး လုပ်လို့ကိုမရတာ။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာက မိဘ က သားသမီး ကိုပြုမူတာပဲဆိုပြီး ဒီအတိုင်းနေနေကြတဲ့ အလေ့အထ ဖြစ်နေတယ်။ သားသမီးဆိုပေမယ့် ကိုယ်လုပ်ချင်တိုင်း လုပ်လို့မရဘူး၊ သူကလည်း လူတစ်ယောက်၊ ပြည်သူပြည်သားတစ်ယောက်ပဲ။ လူ့အခွင့်အရေးကို လေးစားပေးရမှာပေါ့။ တိုင်လို့ရပါတယ်။ ရဲ ကိုတိုင်လည်း ရပါတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာနကို တိုင်လည်းရပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်က ရှင်းပြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ မှာ မိဘက သားသမီးကိုရိုက်တာ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲလို့ သတ်မှတ်ထားတာ အရိုးစွဲနေပါပြီ။ နိုင်ငံခြားမှာနေတဲ့ ကျွန်မအသိတစ်ယောက်ဆို သူ့အိမ်မှာ သူ့သမီးလေးကို ဆုံးမရင်း ပြောမရလို့ တစ်ချက်ရိုက်လိုက်မိပါတယ်။ ဒါကို ကလေးက ကျောင်းမှာ မထင်မှတ်ဘဲ ပြောမိသွားရာကနေ ဆရာမ သိသွားတော့ ဆရာမ က ကိုယ်တိုင်အိမ်ကို လိုက်လာပြီး ဖခင်ကို ရဲစခန်းမှာတိုင်လို့ ဒဏ်ကြေးဆောင်လိုက် ရတယ်လို့ဆိုပါတယ်။ အဲ့ဒီ သတင် ကြားတော့ ကျွန်မ ရယ်ချင်မိပါတယ်။ မြန်မာနိုင်ငံ မှာသာဆို အချုပ်ထဲရောက်ပြီး ဒဏ်ကြေးဆောင်ရတာ ဆရာမဖြစ်သွားနိုင်တယ် မဟုတ်လား။ အဲ့ဒီလောက်ထိကို ကျွန်မတို့နိုင်ငံမှာ မိဘစွဲတွေ ကြီးကြတယ်လို့ မြင်မိပါတယ်။

“ခုလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရဲကိုတိုင်ကာ အရေးယူတာမျိုး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ ဒါမျိုးတိုင်ကြားမှုက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်နေတယ်။ ကျွန်တော် တို့ဆီမှာက ဒါကို တိုင်ကြားလို့ရတယ်ဆိုတဲ့ အလေ့အကျင့် မရှိဘူးဖြစ်နေတယ်။ အဲဒီတော့ ဒါကိုအရေးယူနိုင်ဖို့ ဥပဒေ ပညာရှင် တွေနဲ့ တိုင်ပင်ရမယ်။ ဒါက တကယ့်ကို တားဆီးရမယ့်ကိစ္စတစ်ခု။ မိဘတွေ ဒါမျိုးမလုပ်ရဘူး ဆိုတာကိုလည်း ပညာပေးဖို့ ကျွန်တော်တို့ ပျက်ကွက်နေတာပေါ့။ အခုဒီလိုကိစ္စကို ဆန့်ကျင်ရမယ်။ လှုပ်ရှားဖို့လည်းလိုလာပြီ။ ဒီကိစ္စကို တွန်းတွန်းတိုက်တိုက် လုပ်ပေးမယ်”လို့လည်း ဦးယုလွင်အောင်က အားတက်ဖွယ် ပြောကြားသွားခဲ့ပါတယ်။

အမှန်က မိဘက သားသမီးကို ရိုက်နှက်ဆုံးမခွင့် ရှိတယ်ဆိုတဲ့ အယူအဆကို ကျွန်မတို့ ကိုယ်တိုင်ကိုက လက်ခံထားတာပါ။ ကျွန်မကိုယ်တိုင်တောင် မရှောင်လွှဲနိုင်သေးပါဘူး။ ကျွန်မ အပါအဝင် မိဘ တော်တော်များများဟာ ကလေးတွေကို အန္တရာယ်တစ်စုံတစ်ရာဖြစ်မှာ စိုးရိမ်လို့၊ သူတို့ မရိုင်းစိုင်းဘဲ လူယဉ်ကျေးလေးတွေ ဖြစ်စေဖို့၊ စည်းကမ်း ရှိဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကလေးတွေကို ရိုက်မိနေကြပါတယ်။ ရိုက်နေကြတုန်းပါပဲ။ ဒါပေမဲ့ ဒါဟာ ကလေးတွေရဲ့ လူ့အခွင့်အရေးကို အများကြီးထိခိုက် နေတယ်ဆိုတာကိုတော့ ကျွန်မ တို့ လျစ်လျူရှုနေဆဲပါပဲ။

ကိုယ့်ရှေ့မှာ မိဘ(သို့)အုပ်ထိန်းသူတွေက သူတို့ကလေးတွေကို ရိုက်ရင် ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ကိစ္စတွေလိုပဲ ကျွန်မတို့သဘောထားပြီး မမြင်ယောင်ဆောင်လာခဲ့ကြတာကလည်း နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ခုချိန်မှာ ဆရာ၊ ဆရာမတွေဆိုရင်လည်း ကိုယ့် ကျောင်းသားလေး တွေကို မရိုက်နှက်ရဘူး၊ ကလေးတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေမယ့် အပြုအမူတွေ၊ ဖင်ချွတ်ရိုက်တာမျိုးတွေ၊ အတန်းပြင်ထွက် ရပ်ခိုင်းတာမျိုးတွေ မလုပ်ကြဖို့လည်း အဆင့်ဆင့် ညွှန်ကြားမှုတွေနဲ့ အကောင်အထည်တွေဖော် အသိပေးတာတွေ၊ အရေးယူတာတွေရှိလာပါပြီ။ ဒါပေမဲ့ မိဘ တွေကတော့ ကလေးတွေကို ကိုယ့်ကိုယ်ပိုင်ပစ္စည်းတွေလို့ သတ်မှတ်ပြီး နှိပ်စက်မြဲ၊ ရိုက်နှက်မြဲ ဖြစ်နေတုန်းပါပဲ။ ကိုယ်မွေးလို့ လူဖြစ်တာ၊ ကိုယ်ကျွေးလို့ အသားဖြစ်တာဆိုတဲ့ စကားတွေကို တွင်တွင်သုံးပြီး၊ အဲ့ဒီအချက်တွေနဲ့ ကိုင်ပေါက်ပြီး ကလေးတွေကို အနိုင်ကျင့် ခြယ်လှယ်နေကြတုန်းပါပဲ။ ဒါတွေကို ကျွန်မတို့က မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှုတစ်ခုလို၊ ဓလေ့တစ်ခုလို ဆက်ပြီးကျင့် သုံးနေဦးမယ်ဆိုရင်တော့ သေချာတာက ကျွန်မတို့နိုင်ငံက လူငယ်လေးတွေ လူမဖြစ်ခင်ကတည်းက လူညွန့်တုံးပြီး အညွန့်မပါတဲ့ တုံးတိတိ၊ ထုံအအလေးတွေအဖြစ်နဲ့ ကြီးပြင်းလာကြရမှာ အသေအချာပါပဲ။ မိဘမို့ လုပ်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေကြားမှာ ကလေးတွေဘ၀ ကျိုး၊ ကန်း၊ ထိတ်၊ လန့်ရင်း ကျီးလန့်စာစားနေရတာတွေကို လူသားတစ်ယောက်အနေနဲ့ ကျွန်မကတော့ အပြင်းအထန်ကို ကန့်ကွက်ပါတယ်။

ကျွန်မ မေးချင်တာလေ..မိဘ ဆိုတာ သားသမီး တွေကို အကာအကွယ်ပေးဖို့ မဟုတ်ဘဲ ရိုက်နှက်ဖို့၊ ညှဉ်းပန်းဖို့အတွက် တရားဝင်နှိပ်စက်ခွင့်လိုင်စင် ကိုင်ဆောင်ထားကြသူတွေလား ဆိုတာကိုပါပဲ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: နော်ရာမောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top