ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခ်စ္သူစုံတြဲေတြအတြက္ မဂၤလာပြဲဆိုတာ ဘဝမွာ တစ္ကယ္ကိုအေရးပါၿပီး အမွတ္တရမ်ားစြာေတြထဲက အႀကီးဆုံးအမွတ္တရ တစ္ခုအျဖစ္ ကိုယ္စီရွိၾကမွာမလြဲပါဘူး။ ဒီလိုအခ်ိန္အခါမ်ိဳးမွာမွ သစၥာမရွိတဲ့ သတို႔သမီးကို မထင္မွတ္ပဲ သတို႔သားက လူပုံအလယ္ လက္စားေခ်လိုက္တဲ့အခါမွာေတာ့ သတို႔သမီးအတြက္ တစ္သက္စာအရွက္ရစရာ အမွတ္တရေတြအျဖစ္ ထာဝရက်န္ရစ္ခဲ့ပါတယ္။

စင္ကာပူနိုင္ငံမွာ က်င္းပခဲ့တဲ့ မဂၤလာေဆာင္ အခမ္းနားတစ္ခုမွာ သတို႔သားနဲ႔ သတို႔သမီးႏွစ္ဦးလုံး ပြဲထြက္လာခဲ့ၿပီးေနာက္ သတို႔သားက စင္ျမင့္ေပၚတက္သြားကာ အားလုံးကို ေက်းဇူးတင္စကားေျပာၿပီး သူတို႔ႏွစ္ဦးရဲ့ အမွတ္တရပုံရိပ္ဗီဒီယိုေတြကို ပရိုဂ်က္တာနဲ႔ ျပသခဲ့ပါတယ္။

သူတို႔ရဲ့ ခ်စ္သက္တမ္းတာရွည္ခဲ့တဲ့အေလၽွာက္ ဗီဒီယိုအစပိုင္းမွာ ၾကည္ႏူးစရာပုံရိပ္ေတြျပသေနခဲ့ရာက သတို႔သမီးျဖစ္သူဟာ အျခားအမ်ိဳးသားတစ္ဦးနဲ႔အတူ ဟိုတယ္အခန္းထဲမွာ ခ်စ္ရည္လူးေနတဲ့ ပုံရိပ္ေတြ ေပၚလာတဲ့ အခါမွာေတာ့ မဂၤလာေဆာင္လာတဲ့ ဧည့္ပရိသတ္ေတြ အံ့အားသင့္သြားခဲ့ပါတယ္၊ သတို႔သမီးဆိုတာကေတာ့ ေျပာဖြယ္ရာမရွိပါဘူး။ သူမရဲ့ သစၥာမဲ့မွုေတြကို ဒီလိုမွတ္တမ္းတင္ခံရၿပီး လူပုံလယ္ခ်ျပခံရလိမ့္မယ္လို႔ ေတြးေတာင္ေတြးထားမိမယ္ မထင္ပါဘူး။

ဒီလိုနဲ႔ သူတို႔ရဲ့ ဇနီးေမာင္ႏွံဘဝဟာ ၂၄ နာရီေတာင္မခံပဲ ပ်က္ဆီးခဲ့ရပါတယ္။ သတို႔သားျဖစ္သူက သတို႔သမီးအေပၚ မသကၤာျဖစ္ခဲ့တဲ့အတြက္ မဂၤလာမေဆာင္မီ ၆ ပတ္ခန႔္ထဲက အမ်ိဳးသမီးအလြတ္စုံေထာက္ျဖစ္သူ အသက္ ၄၂ ႏွစ္အရြယ္ Ms Zhou ဆိုသူကို ငွားရမ္းကာ သူမကို ေစာင့္ၾကည့္ေစခဲ့ရာမွ အခုလိုသစၥာမဲ့မွုကို သိခဲ့ရျခင္းျဖစ္ပါတယ္။

ဒါကိုမသိခ်င္ေယာင္ေဆာင္ကာ မဂၤလာပြဲေန႔ေရာက္မွ ႀကိဳတင္စီစဥ္ထားသည့္အတိုင္း အားလုံးရဲ့ေရွ႕ေမွာက္မွာ ဗီဒီယိုကို ဖြင့္ျပခဲ့ၿပီး လွလွပပလက္စားေခ်ခဲ့တာျဖစ္ပါတယ္။ ဒီသတင္းက နိုင္ငံတစ္ကာ အြန္လိုင္းစာမ်က္ႏွာေတြေပၚမွာ ေနရာယူေနၿပီး ကာယကံရွင္မ်ားရဲ့ အမည္ကို ေဖာ္ျပထားျခင္းမရွိေပမယ့္ သတို႔သားေရာ သတို႔သမီး ႏွစ္ဦးစလုံးဟာ စင္ကာပူက စီးပြားေရးသမားေတြ ျဖစ္ေၾကာင္း ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ချစ်သူစုံတွဲတွေအတွက် မင်္ဂလာပွဲဆိုတာ ဘဝမှာ တစ်ကယ်ကိုအရေးပါပြီး အမှတ်တရများစွာတွေထဲက အကြီးဆုံးအမှတ်တရ တစ်ခုအဖြစ် ကိုယ်စီရှိကြမှာမလွဲပါဘူး။ ဒီလိုအချိန်အခါမျိုးမှာမှ သစ္စာမရှိတဲ့ သတို့သမီးကို မထင်မှတ်ပဲ သတို့သားက လူပုံအလယ် လက်စားချေလိုက်တဲ့အခါမှာတော့ သတို့သမီးအတွက် တစ်သက်စာအရှက်ရစရာ အမှတ်တရတွေအဖြစ် ထာဝရကျန်ရစ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းနားတစ်ခုမှာ သတို့သားနဲ့ သတို့သမီးနှစ်ဦးလုံး ပွဲထွက်လာခဲ့ပြီးနောက် သတို့သားက စင်မြင့်ပေါ်တက်သွားကာ အားလုံးကို ကျေးဇူးတင်စကားပြောပြီး သူတို့နှစ်ဦးရဲ့ အမှတ်တရပုံရိပ်ဗီဒီယိုတွေကို ပရိုဂျက်တာနဲ့ ပြသခဲ့ပါတယ်။

သူတို့ရဲ့ ချစ်သက်တမ်းတာရှည်ခဲ့တဲ့အလျှောက် ဗီဒီယိုအစပိုင်းမှာ ကြည်နူးစရာပုံရိပ်တွေပြသနေခဲ့ရာက သတို့သမီးဖြစ်သူဟာ အခြားအမျိုးသားတစ်ဦးနဲ့အတူ ဟိုတယ်အခန်းထဲမှာ ချစ်ရည်လူးနေတဲ့ ပုံရိပ်တွေ ပေါ်လာတဲ့ အခါမှာတော့ မင်္ဂလာဆောင်လာတဲ့ ဧည့်ပရိသတ်တွေ အံ့အားသင့်သွားခဲ့ပါတယ်၊ သတို့သမီးဆိုတာကတော့ ပြောဖွယ်ရာမရှိပါဘူး။ သူမရဲ့ သစ္စာမဲ့မှုတွေကို ဒီလိုမှတ်တမ်းတင်ခံရပြီး လူပုံလယ်ချပြခံရလိမ့်မယ်လို့ တွေးတောင်တွေးထားမိမယ် မထင်ပါဘူး။

ဒီလိုနဲ့ သူတို့ရဲ့ ဇနီးမောင်နှံဘဝဟာ ၂၄ နာရီတောင်မခံပဲ ပျက်ဆီးခဲ့ရပါတယ်။ သတို့သားဖြစ်သူက သတို့သမီးအပေါ် မသင်္ကာဖြစ်ခဲ့တဲ့အတွက် မင်္ဂလာမဆောင်မီ ၆ ပတ်ခန့်ထဲက အမျိုးသမီးအလွတ်စုံထောက်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် Ms Zhou ဆိုသူကို ငှားရမ်းကာ သူမကို စောင့်ကြည့်စေခဲ့ရာမှ အခုလိုသစ္စာမဲ့မှုကို သိခဲ့ရခြင်းဖြစ်ပါတယ်။

ဒါကိုမသိချင်ယောင်ဆောင်ကာ မင်္ဂလာပွဲနေ့ရောက်မှ ကြိုတင်စီစဉ်ထားသည့်အတိုင်း အားလုံးရဲ့ရှေ့မှောက်မှာ ဗီဒီယိုကို ဖွင့်ပြခဲ့ပြီး လှလှပပလက်စားချေခဲ့တာဖြစ်ပါတယ်။ ဒီသတင်းက နိုင်ငံတစ်ကာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ နေရာယူနေပြီး ကာယကံရှင်များရဲ့ အမည်ကို ဖော်ပြထားခြင်းမရှိပေမယ့် သတို့သားရော သတို့သမီး နှစ်ဦးစလုံးဟာ စင်ကာပူက စီးပွားရေးသမားတွေ ဖြစ်ကြောင်း ရေးသားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top