ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာၻတစ္ဝွမ္းက ကေလးငယ္မ်ားနဲ႔ လူငယ္မ်ားဟာ တစ္ေန႔ထက္တစ္ေန႔ ပိုဝလာၾကၿပီး ကေလးငယ္မ်ားရဲ႕ ဝႏႈန္းဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၄ ခုစာအတြင္းမွာ ၄ ဆမွ်ပိုမ်ားလာတယ္ လို႔သိရပါတယ္။

ေလ့လာခ်က္တစ္ခုအရ ကမာၻ႔တစ္ဝွမ္းက ကေလးနဲ႔လူငယ္ ၁၂၄ သန္းခန႔္က အဝလြန္ေဝဒနာ ခံစားေနရတယ္လို႔သိရပါတယ္။

ဒီေလ့လာခ်က္ကို ေဆးပညာဂ်ာနယ္ Lancet မွေလ့လာခဲ့တာ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္ရွိ ကေလးငယ္မ်ားရဲ႕ ဝႏႈန္းကို ေလ့လာခဲ့တာျဖစ္ပါတယ္။ အဂၤလန္မွာဆိုရင္ အသက္ ၅ ႏွစ္မွ ၁၉ ႏွစ္ၾကားရွိတဲ့ ကေလး ၁၀ ေယာက္မွာ တစ္ေယာက္ဟာ အဝလြန္ေနၿပီး ကေလးငယ္မ်ား အဝလြန္ေနတာဟာ အဝလြန္လူႀကီးတစ္ေယာက္ ျဖစ္လာေစၿပီး က်န္းမာေရးျပႆနာမ်ားစြာနဲ႔ ရင္ဆိုင္ရႏိုင္ေျခရွိတယ္လို႔ ကြၽမ္းက်င္ပညာရွင္မ်ားက ဆိုထားပါတယ္။

ဒီကေန႔ ေအာက္တိုဘာ ၁၁ ရက္ေန႔ဟာ ကမာၻ႔အဝလြန္ျခင္းေန႔ျဖစ္ၿပီး Lancet ဂ်ာနယ္ဟာ သူ႔ရဲ႕ေလ့လာခ်က္ကို ဒီေန႔မွာပဲ ကမာၻႀကီးကို အဝလြန္ျခင္းရဲ႕ အႏၲရာယ္ အသိေပးဖို႔ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔တစ္ဝွမ္းမွာ ေရာဂါအေသးစားေလးမ်ားေၾကာင့္ ကုန္က်ေနရတဲ့ က်န္းမာေရးကုသစရိတ္ထက္ အဝလြန္ျခင္းေၾကာင့္ျဖစ္ပြားတဲ့ေရာဂါမ်ားကို ကုသတဲ့အခါ ကုန္က်တဲ့စရိတ္ကတစ္ႏွစ္ကို ေပါင္ ၉၂၀ ဘီလီယံ အထိ ပိုမ်ားေနပါတယ္။

ဒါ့အျပင္ ဝင္ေငြေကာင္းတဲ့ ဥေရာပႏိုင္ငံေတြနဲ႔ အဂၤလန္ႏိုင္ငံတို႔မွာေတာ့ အဝလြန္ ကေလးငယ္ေမြးဖြားႏႈန္းမ်ားျပားေနၿပီး ေလ့လာသူေတြကေတာ့ ေဈးေပါၿပီး အဝလြန္ေစတဲ့ အသင့္စားအစားအစာမ်ား ေဈးေပါေပါနဲ႔ ဝယ္လို႔ရေနျခင္းက အဝလြန္ျခင္းကို ျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္း ျဖစ္တယ္ လို႔ဆိုထားပါတယ္။
The highest rates of obesity are shown in red, followed by orange and yellow. Green and blue means fewer than 5% of the young population is obese
အေရွ႕အာရွႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံေတြမွာလည္း လူငယ္မ်ားနဲ႔ ကေလးမ်ား အဝလြန္ႏႈန္းမ်ားျပားလာေနၿပီး ကမာၻႀကီးသာ ဒီႏႈန္းအတိုင္းဝလာမယ္ဆိုရင္ ေနာက္ပိုင္းမွာ အစာေရစာ မဝလို႔ပိန္ေနတဲ့ ကေလးေတြထက္ ဝေနတဲ့ ကေလးေတြကို ပိုေတြ႕လာရႏိုင္တယ္ လို႔သိပါတယ္။ WHO အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကေတာ့ ႏိုင္ငံမ်ားအေနနဲ႔ ကယ္လိုရီ အဆမတန္မ်ားျပားေနၿပီး အာဟာရဓာတ္နည္းပါးေနတဲ့ အသင့္စားအစားအစာေတြကို တိတိက်က်ကိုင္တြယ္ဖို႔နဲ႔ ကိုယ္လက္ေလ့က်င့္ခန္းမ်ားမ်ား လုပ္ဖို႔ ႏႈိးေဆာ္ထားပါတယ္။ သို႔ေပမဲ့ ကမာၻ႔ေပၚမွာ ႏိုင္ငံေပါင္း ၂၀ ခန႔္ကသာ အခ်ိဳဓာတ္ကဲလြန္းတဲ့ အေအးေတြကို အခြန္ေကာက္ခံတဲ့ ဥပေဒ ျပဠာန္ထားရေသးပါတယ္။

Ref : BBC News : Child and teen obesity spreading across the globe

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမုိ (ရုိးရာေလး)

# Unicode Version #
ကမ္ဘာတစ်ဝှမ်းက ကလေးငယ်များနဲ့ လူငယ်များဟာ တစ်နေ့ထက်တစ်နေ့ ပိုဝလာကြပြီး ကလေးငယ်များရဲ့ ဝနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုစာအတွင်းမှာ ၄ ဆမျှပိုများလာတယ် လို့သိရပါတယ်။

လေ့လာချက်တစ်ခုအရ ကမ္ဘာ့တစ်ဝှမ်းက ကလေးနဲ့လူငယ် ၁၂၄ သန်းခန့်က အဝလွန်ဝေဒနာ ခံစားနေရတယ်လို့သိရပါတယ်။

ဒီလေ့လာချက်ကို ဆေးပညာဂျာနယ် Lancet မှလေ့လာခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ကလေးငယ်များရဲ့ ဝနှုန်းကို လေ့လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာဆိုရင် အသက် ၅ နှစ်မှ ၁၉ နှစ်ကြားရှိတဲ့ ကလေး ၁၀ ယောက်မှာ တစ်ယောက်ဟာ အဝလွန်နေပြီး ကလေးငယ်များ အဝလွန်နေတာဟာ အဝလွန်လူကြီးတစ်ယောက် ဖြစ်လာစေပြီး ကျန်းမာရေးပြဿနာများစွာနဲ့ ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၁ ရက်နေ့ဟာ ကမ္ဘာ့အဝလွန်ခြင်းနေ့ဖြစ်ပြီး Lancet ဂျာနယ်ဟာ သူ့ရဲ့လေ့လာချက်ကို ဒီနေ့မှာပဲ ကမ္ဘာကြီးကို အဝလွန်ခြင်းရဲ့ အန္တရာယ် အသိပေးဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ရောဂါအသေးစားလေးများကြောင့် ကုန်ကျနေရတဲ့ ကျန်းမာရေးကုသစရိတ်ထက် အဝလွန်ခြင်းကြောင့်ဖြစ်ပွားတဲ့ရောဂါများကို ကုသတဲ့အခါ ကုန်ကျတဲ့စရိတ်ကတစ်နှစ်ကို ပေါင် ၉၂၀ ဘီလီယံ အထိ ပိုများနေပါတယ်။

ဒါ့အပြင် ဝင်ငွေကောင်းတဲ့ ဥရောပနိုင်ငံတွေနဲ့ အင်္ဂလန်နိုင်ငံတို့မှာတော့ အဝလွန် ကလေးငယ်မွေးဖွားနှုန်းများပြားနေပြီး လေ့လာသူတွေကတော့ ဈေးပေါပြီး အဝလွန်စေတဲ့ အသင့်စားအစားအစာများ ဈေးပေါပေါနဲ့ ဝယ်လို့ရနေခြင်းက အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ် လို့ဆိုထားပါတယ်။

အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း လူငယ်များနဲ့ ကလေးများ အဝလွန်နှုန်းများပြားလာနေပြီး ကမ္ဘာကြီးသာ ဒီနှုန်းအတိုင်းဝလာမယ်ဆိုရင် နောက်ပိုင်းမှာ အစာရေစာ မဝလို့ပိန်နေတဲ့ ကလေးတွေထက် ဝနေတဲ့ ကလေးတွေကို ပိုတွေ့လာရနိုင်တယ် လို့သိပါတယ်။ WHO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတော့ နိုင်ငံများအနေနဲ့ ကယ်လိုရီ အဆမတန်များပြားနေပြီး အာဟာရဓာတ်နည်းပါးနေတဲ့ အသင့်စားအစားအစာတွေကို တိတိကျကျကိုင်တွယ်ဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းများများ လုပ်ဖို့ နှိုးဆော်ထားပါတယ်။ သို့ပေမဲ့ ကမ္ဘာ့ပေါ်မှာ နိုင်ငံပေါင်း ၂၀ ခန့်ကသာ အချိုဓာတ်ကဲလွန်းတဲ့ အအေးတွေကို အခွန်ကောက်ခံတဲ့ ဥပဒေ ပြဠာန်ထားရသေးပါတယ်။

Ref : BBC News : Child and teen obesity spreading across the globe

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top