Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိုင္ဖုန္း ၈ လိုခ်င္တဲ့အတြက္ သူ႔ရဲ႕ အပ်ိဳစင္ဘဝကို ေပးမယ္လို႔ ေၾကညာခဲ့တဲ့ အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလးတဦးဟာ အႀကံအစည္ မေအာင္ျမင္ခဲ့ဘဲ ပညာေပးခံခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ေရွာင္ခ်န္အမည္ရတဲ့ မိန္းကေလးဟာ အြန္လိုင္း ဖိုရမ္တခုေပၚကေန အိုင္ဖုန္း ၈ အတြက္ အပ်ိဳစင္ဘဝကို ေပါင္ ၂၃၀၀ နဲ႔ လဲမယ္လို႔ ေၾကညာထားခဲ့တာပါ။

ဘေလာ့ဂ္ဂါတဦးျဖစ္တဲ့ အသက္ ၂၁ ႏွစ္အရြယ္ နန္နာဆုိတဲ့ အမ်ဳိးသမီးတဦးက ဒါကို ေတြ႔သြားၿပီးေနာက္မွာ မိန္းကေလးကို ေနာက္ေျပာင္ပညာေပးဖို႔ စနစ္တက် စီစဥ္ခဲ့တာပါ။သူဟာ ေရွာင္ခ်န္ကို ေကာ္ဖီဆိုင္တဆိုင္မွာ ခ်ိန္းဆိုခဲ့ၿပီး ကနဦး ေတြ႔ဆံုေမးျမန္းမႈေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဘာလို႔ ခုလိုလုပ္ခ်င္ရတာလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ေရွာင္ခ်န္က “က်မသူငယ္ခ်င္းေတြက အိုင္ဖုန္း ၈ ကိုင္ေနၾကၿပီေလ။ က်မက မဝယ္ႏုိင္ပါဘူး။ က်မၾကားခဲ့တာက ေက်ာင္းက တျခား မိန္းကေလးတေယာက္က သူ႔ရဲ႕ အပ်ိဳစင္ဘဝကို ေရာင္းခဲ့တယ္။ က်မလည္း ဒါေၾကာင့္မို႔ ခုလိုလုပ္ဖို႔ အႀကံရခဲ့တာ” လို႔ ေျဖခဲ့တာပါ။

ဒီေနာက္ နန္နာက ေရွာင္ခ်န္ကို သူ႔ရဲ႕ သူငယ္ခ်င္းတေယာက္က အတူအိပ္လိုေၾကာင္းေျပာၿပီး ေပါင္ ၆၀ ႀကိဳတင္ေပးခဲ့တာပါ။

ဟိုတယ္အခန္းတြင္း ေရာက္ခ်ိန္မွာေတာ့ ေရွာင္ခ်န္ဆီ အမ်ိဳးသားအေဖာ္တဦးမကဘဲ ၃ ဦး ေရာက္လာခဲ့ခ်ိန္မွာေတာ့ အိပ္ယာေပၚမွာ ႐ုန္းရင္းဆန္ခတ္ အေျခအေနနဲ႔ ထိတ္လန္႔တၾကား ျဖစ္ခဲ့ရပါတယ္။

ကင္မရာကိုင္ထားတဲ့ အမ်ိဳးသား အပါအဝင္ အမ်ိဳးသားေတြနဲ႔ အခန္းတြင္း ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနခ်ိန္မွာ နန္နာ ေရာက္လာခဲ့ၿပီး ရပ္လိုက္ဖို႔ ေအာ္ဟစ္ေျပာဆိုခဲ့တာကို ေတြ႔ရပါတယ္။

နန္နာက အိပ္ယာေပၚမွာ ထိုင္ငိုေနတဲ့ ေရွာင္ခ်န္ကို “အခု မင္းေၾကာက္ေနၿပီမလား” လို႔ ေအာ္ဟစ္ေမးခဲ့ၿပီး “ခုေတာ့ အရမ္းေနာက္က်သြားၿပီ။ ဖုန္းတလံုးအတြက္နဲ႔ ခုလိုေရာင္းခ်ဖို႔ မထိုက္တန္ဘူး ဆိုတာကိုေပါ့” လို႔ ဆက္ေျပာခဲ့တာပါ။

အဲဒီေနာက္ေတာ့ အခန္းတြင္းက အမ်ိဳးသားေတြကို အျပင္ထြက္သြားဖို႔ ေျပာခဲ့ၿပီး ေရွာင္ခ်န္ကို ပညာေပး ဆံုးမခဲ့တာလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

နန္နာဟာ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚက လူသားေတြရဲ႕ ဆုိးရြားတဲ့ အျပဳအမူဆိုင္ရာ အေျခအေနေတြကို ခ်ဥ္းကပ္ပညာေပးခ်င္လို႔ ခုလိုဇာတ္လမ္းဆင္ခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB TV News

# Unicode Version #
အိုင်ဖုန်း ၈ လိုချင်တဲ့အတွက် သူ့ရဲ့ အပျိုစင်ဘဝကို ပေးမယ်လို့ ကြေညာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ အကြံအစည် မအောင်မြင်ခဲ့ဘဲ ပညာပေးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရှောင်ချန်အမည်ရတဲ့ မိန်းကလေးဟာ အွန်လိုင်း ဖိုရမ်တခုပေါ်ကနေ အိုင်ဖုန်း ၈ အတွက် အပျိုစင်ဘဝကို ပေါင် ၂၃၀၀ နဲ့ လဲမယ်လို့ ကြေညာထားခဲ့တာပါ။

ဘလော့ဂ်ဂါတဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် နန်နာဆိုတဲ့ အမျိုးသမီးတဦးက ဒါကို တွေ့သွားပြီးနောက်မှာ မိန်းကလေးကို နောက်ပြောင်ပညာပေးဖို့ စနစ်တကျ စီစဉ်ခဲ့တာပါ။သူဟာ ရှောင်ချန်ကို ကော်ဖီဆိုင်တဆိုင်မှာ ချိန်းဆိုခဲ့ပြီး ကနဦး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာလို့ ခုလိုလုပ်ချင်ရတာလဲဆိုတဲ့ မေးခွန်းကိုတော့ ရှောင်ချန်က “ကျမသူငယ်ချင်းတွေက အိုင်ဖုန်း ၈ ကိုင်နေကြပြီလေ။ ကျမက မဝယ်နိုင်ပါဘူး။ ကျမကြားခဲ့တာက ကျောင်းက တခြား မိန်းကလေးတယောက်က သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းခဲ့တယ်။ ကျမလည်း ဒါကြောင့်မို့ ခုလိုလုပ်ဖို့ အကြံရခဲ့တာ” လို့ ဖြေခဲ့တာပါ။

ဒီနောက် နန်နာက ရှောင်ချန်ကို သူ့ရဲ့ သူငယ်ချင်းတယောက်က အတူအိပ်လိုကြောင်းပြောပြီး ပေါင် ၆၀ ကြိုတင်ပေးခဲ့တာပါ။

ဟိုတယ်အခန်းတွင်း ရောက်ချိန်မှာတော့ ရှောင်ချန်ဆီ အမျိုးသားအဖော်တဦးမကဘဲ ၃ ဦး ရောက်လာခဲ့ချိန်မှာတော့ အိပ်ယာပေါ်မှာ ရုန်းရင်းဆန်ခတ် အခြေအနေနဲ့ ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။

ကင်မရာကိုင်ထားတဲ့ အမျိုးသား အပါအဝင် အမျိုးသားတွေနဲ့ အခန်းတွင်း ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ နန်နာ ရောက်လာခဲ့ပြီး ရပ်လိုက်ဖို့ အော်ဟစ်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

နန်နာက အိပ်ယာပေါ်မှာ ထိုင်ငိုနေတဲ့ ရှောင်ချန်ကို “အခု မင်းကြောက်နေပြီမလား” လို့ အော်ဟစ်မေးခဲ့ပြီး “ခုတော့ အရမ်းနောက်ကျသွားပြီ။ ဖုန်းတလုံးအတွက်နဲ့ ခုလိုရောင်းချဖို့ မထိုက်တန်ဘူး ဆိုတာကိုပေါ့” လို့ ဆက်ပြောခဲ့တာပါ။

အဲဒီနောက်တော့ အခန်းတွင်းက အမျိုးသားတွေကို အပြင်ထွက်သွားဖို့ ပြောခဲ့ပြီး ရှောင်ချန်ကို ပညာပေး ဆုံးမခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

နန်နာဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က လူသားတွေရဲ့ ဆိုးရွားတဲ့ အပြုအမူဆိုင်ရာ အခြေအနေတွေကို ချဉ်းကပ်ပညာပေးချင်လို့ ခုလိုဇာတ်လမ်းဆင်ခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top