Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အနည္းဆံုးအခေၾကးေငြ ကို တစ္ရက္ က်ပ္ ၅,၆၀၀ သတ္ မွတ္၍ အျမန္ဆံုးထုတ္ျပန္ေၾက ညာေပးရန္ အလုပ္သမားအဖြဲ႕အ စည္း ၁၃ ဖြဲ႕က ေတာင္းဆိုသည္။

ျမန္မာႏိုင္ငံရွိ အလုပ္သမား အဖြဲ႕အစည္း ၁၃ ဖြဲ႕ျဖင့္ စုစည္း ထားသည့္ အနည္းဆံုးအခေၾကး ေငြႏွင့္အလုပ္သမားအခြင့္အေရး ပူးေပါင္းေဆာင္ရြက္ေရးေကာ္မ တီက အနည္းဆံုးအခေၾကးေငြ ႏႈန္းထား ျပင္ဆင္သတ္မွတ္ေရး သေဘာထားထုတ္ျပန္ခ်က္ကို ေအာက္တုိဘာ ၃၀ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

၎တို႔က ၂၀၁၃ ကတည္း က အစဥ္တစိုက္ေတာင္းဆိုထား သည့္ ႏႈန္းထား က်ပ္ ၅,၆၀၀သည္ တိုင္းေဒသႀကီးျပည္နယ္ ေကာ္မတီမ်ားက တင္ျပထား သည့္ အဆိုျပဳႏႈန္းထားအတြင္း အက်ံဳးဝင္ေနသျဖင့္ ယင္းႏႈန္း ထားအတုိင္းသာ ျပင္ဆင္သတ္ မွတ္ေပးရန္ ေတာင္းဆိုခဲ့သည္။

ထို႔အျပင္ အနည္းဆံုးအခ ေၾကးေငြ ၂ ႏွစ္လွ်င္ အနည္းဆံုး တစ္ႀကိမ္ ျပင္ဆင္သတ္မွတ္ရ မည္ဆိုေသာ္လည္း ၂ ႏွစ္ ေက်ာ္ လြန္သည္အထိ ေျပာင္းလဲသတ္  မွတ္ႏိုင္ျခင္းမရွိေသးေသာေၾကာင့္ အနည္းဆံုး အခေၾကးေငြ သတ္ မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္ မတီသည္ ကတိပ်က္ခဲ့ေၾကာင္း အဆိုပါ   ပူးေပါင္းေကာ္မတီ၏ သေဘာထားထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

‘‘အခ်ိန္ေတြကို ထပ္ၿပီး မၾကာေစခ်င္ေတာ့ဘူး။ အနည္းဆံုးအခ ေၾကးေငြ ေျပာင္းလဲသတ္မွတ္ဖို႔ အခ်ိန္ၾကန္႔ၾကာတာနဲ႔အမွ် အလုပ္ သမားေတြရသင့္တဲ့ လုပ္ခေတြ ဆံုး႐ႈံးနစ္နာမႈျဖစ္ေစပါတယ္’’ဟု အနည္းဆံုးအခေၾကးေငြႏွင့္ အ လုပ္သမားအခြင့္အေရးပူးေပါင္း ေဆာင္ရြက္ေရးေကာ္မတီအဖြဲ႕ ဝင္ ေဒၚလွလွက ေျပာသည္။

ထို႔အျပင္ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးမွ အနည္းဆံုး အခေၾကးေငြျပင္ဆင္သတ္မွတ္ ရန္ အဆိုျပဳခဲ့ရာ အနည္းဆံုး တစ္ ရက္လွ်င္ လုပ္ခက်ပ္ ၄,၀၀၀ မွ အမ်ားဆံုး က်ပ္ ၆,၄၀၀ အထိ ပါဝင္ခဲ့ေသာ္လည္း ျပည္ေထာင္စု ဝန္ႀကီးက တစ္ရက္လွ်င္ က်ပ္ ၄,၀၀၀ မွ က်ပ္ ၄,၈၀၀ အၾကား ဆံုးျဖတ္ေျပာၾကားျခင္းသည္ အ မ်ိဳးသားေကာ္မတီ၏တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို မ်က္ကြယ္ျပဳ ရာေရာက္ေၾကာင္း အဆိုပါပူး ေပါင္းေကာ္မတီအဖြဲ႕က ေထာက္ ျပခဲ့သည္။

အလုပ္သမားမ်ား ရသင့္ သည့္ အနည္းဆံုးအခေၾကးေငြ ျပည့္မီစြာရရွိႏိုင္ေရးသည္ အလုပ္ ရွင္တြင္သာ တာဝန္မရွိဘဲ အစိုးရ ကပါ သက္သာေခ်ာင္ခ်ိေရး၊ လူ ေနမႈစရိတ္ ေလ်ာ့နည္းက်ဆင္း ေရး၊ က်န္းမာေရးႏွင့္ လူမႈဖူလံု ေရးစနစ္မ်ား ျပည့္ဝစြာရရွိေရး လက္ေတြ႕က်က် အေကာင္အ ထည္ေဖာ္ေဆာင္ရြက္ေပးရန္ လိုေၾကာင္း ၎တို႔က အႀကံျပဳသည္။

အလုပ္သမား၊ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ ႀကီးဌာနသည္ အနည္းဆံုးလုပ္ခ ႏႈန္းထားကို ဒီဇင္ဘာအတြင္း အ စိုးရ၊ အလုပ္ရွင္၊ အလုပ္သမား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ကြၽမ္းက်င္ပညာရွင္မ်ား ပါဝင္ သည့္ ဖိုရမ္တစ္ခုျပဳလုပ္၍ ေရြး ခ်ယ္ရန္ ျပင္ဆင္ေနသည္။

အဆိုပါဖိုရမ္မွ ႏႈန္းထားတစ္ ခုရရွိပါက ျပည္ေထာင္စုလႊတ္ ေတာ္ႏွင့္ အစိုးရအဖြဲ႕တို႔ထံ တင္ ျပ၍ အဆံုးအျဖတ္ရယူမည္ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အနည်းဆုံးအခကြေးငွေ ကို တစ်ရက် ကျပ် ၅,၆၀၀ သတ် မှတ်၍ အမြန်ဆုံးထုတ်ပြန်ကြေ ညာပေးရန် အလုပ်သမားအဖွဲ့အ စည်း ၁၃ ဖွဲ့က တောင်းဆိုသည်။

မြန်မာနိုင်ငံရှိ အလုပ်သမား အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် စုစည်း ထားသည့် အနည်းဆုံးအခကြေး ငွေနှင့်အလုပ်သမားအခွင့်အရေး ပူးပေါင်းဆောင်ရွက်ရေးကော်မ တီက အနည်းဆုံးအခကြေးငွေ နှုန်းထား ပြင်ဆင်သတ်မှတ်ရေး သဘောထားထုတ်ပြန်ချက်ကို အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့က ၂၀၁၃ ကတည်း က အစဉ်တစိုက်တောင်းဆိုထား သည့် နှုန်းထား ကျပ် ၅,၆၀၀သည် တိုင်းဒေသကြီးပြည်နယ် ကော်မတီများက တင်ပြထား သည့် အဆိုပြုနှုန်းထားအတွင်း အကျုံးဝင်နေသဖြင့် ယင်းနှုန်း ထားအတိုင်းသာ ပြင်ဆင်သတ် မှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် အနည်းဆုံးအခ ကြေးငွေ ၂ နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရ မည်ဆိုသော်လည်း ၂ နှစ် ကျော် လွန်သည်အထိ ပြောင်းလဲသတ်  မှတ်နိုင်ခြင်းမရှိသေးသောကြောင့် အနည်းဆုံး အခကြေးငွေ သတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီသည် ကတိပျက်ခဲ့ကြောင်း အဆိုပါ   ပူးပေါင်းကော်မတီ၏ သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘အချိန်တွေကို ထပ်ပြီး မကြာစေချင်တော့ဘူး။ အနည်းဆုံးအခ ကြေးငွေ ပြောင်းလဲသတ်မှတ်ဖို့ အချိန်ကြန့်ကြာတာနဲ့အမျှ အလုပ် သမားတွေရသင့်တဲ့ လုပ်ခတွေ ဆုံးရှုံးနစ်နာမှုဖြစ်စေပါတယ်’’ဟု အနည်းဆုံးအခကြေးငွေနှင့် အ လုပ်သမားအခွင့်အရေးပူးပေါင်း ဆောင်ရွက်ရေးကော်မတီအဖွဲ့ ဝင် ဒေါ်လှလှက ပြောသည်။

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အနည်းဆုံး အခကြေးငွေပြင်ဆင်သတ်မှတ် ရန် အဆိုပြုခဲ့ရာ အနည်းဆုံး တစ် ရက်လျှင် လုပ်ခကျပ် ၄,၀၀၀ မှ အများဆုံး ကျပ် ၆,၄၀၀ အထိ ပါဝင်ခဲ့သော်လည်း ပြည်ထောင်စု ဝန်ကြီးက တစ်ရက်လျှင် ကျပ် ၄,၀၀၀ မှ ကျပ် ၄,၈၀၀ အကြား ဆုံးဖြတ်ပြောကြားခြင်းသည် အ မျိုးသားကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မျက်ကွယ်ပြု ရာရောက်ကြောင်း အဆိုပါပူး ပေါင်းကော်မတီအဖွဲ့က ထောက် ပြခဲ့သည်။

အလုပ်သမားများ ရသင့် သည့် အနည်းဆုံးအခကြေးငွေ ပြည့်မီစွာရရှိနိုင်ရေးသည် အလုပ် ရှင်တွင်သာ တာဝန်မရှိဘဲ အစိုးရ ကပါ သက်သာချောင်ချိရေး၊ လူ နေမှုစရိတ် လျော့နည်းကျဆင်း ရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံ ရေးစနစ်များ ပြည့်ဝစွာရရှိရေး လက်တွေ့ကျကျ အကောင်အ ထည်ဖော်ဆောင်ရွက်ပေးရန် လိုကြောင်း ၎င်းတို့က အကြံပြုသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် အနည်းဆုံးလုပ်ခ နှုန်းထားကို ဒီဇင်ဘာအတွင်း အ စိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင် သည့် ဖိုရမ်တစ်ခုပြုလုပ်၍ ရွေး ချယ်ရန် ပြင်ဆင်နေသည်။

အဆိုပါဖိုရမ်မှ နှုန်းထားတစ် ခုရရှိပါက ပြည်ထောင်စုလွှတ် တော်နှင့် အစိုးရအဖွဲ့တို့ထံ တင် ပြ၍ အဆုံးအဖြတ်ရယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top