ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နာမည္ႀကီး ေဘာလိဝုဒ္ ၾကယ္ပြင့္ မင္းသမီး ဂ်ီယာခန္း ေသဆံုး ခဲ့မႈဟာ ဆြဲႀကိဳးခ် ေသဆံုးမႈ မျဖစ္နိုင္ဘဲ အသတ္ခံရတာ ျဖစ္ႏုိင္တယ္ဆိုၿပီး မိသားစုဝင္ေတြနဲ႔ သူ႔ရဲ႕ပရိသတ္ ေတြက သံသယ ရွိေနၾကပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ၿဗိတိန္ နိုင္ငံဖြား မင္းသမီး ဟာ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္၊ ဇြန္လတုန္းက မြမ္ဘိုင္း ၿမိဳ႕မွာ ဆြဲႀကိဳးခ် ေသဆံုး ခဲ့တာျဖစ္တယ္လို႔ ရဲ ေတြက အတည္ျပဳခဲ့အၿပီးမွာ ေနာက္တဖန္ ခုလို သတင္း ေတြ ထြက္ေပၚလာခဲ့တာပါ။

သူဟာ မြမ္ဘိုင္းၿမိဳ႕ မွာရွိေနခ်ိန္ ၿဗိတိန္ က မိသားစု ေတြ သူ႔ဆီ လာေရာက္လည္ပတ္မယ္လို႔ ေျပာအၿပီး နာရီပိုင္းအၾကာမွာပဲ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

မေသဆံုးခင္အခ်ိန္အထိ အစ္မျဖစ္သူ ဟာ သူ႔ဆီကို စိတ္ခံစားခ်က္ကို ေဖာ္ျပတဲ့ အီမိုဂ်ီေလးေတြကို ပို႔ေနခဲ့ေသးတယ္လို႔ ဂ်ီယာခန္းရဲ႕ ညီမျဖစ္သူ ကာဗီတာက ေျပာပါတယ္။

၂၀၀၇ ခုႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္ၾကား ကာလေတြအတြင္းမွာ ေဘာလိဝုဒ္ ႐ုပ္ရွင္ေလာက ရဲ႕ နာမည္ႀကီး တဦးျဖစ္ခဲ့တဲ့ မင္းသမီးဟာ မေသဆံုးခင္မွာ စာမ်က္ႏွာ ၆ မ်က္ႏွာပါတဲ့ ေသေၾကာင္းႀကံစည္မႈ စာတေစာင္ကို ထားခဲ့တယ္လို႔ အိႏၵိယ ရဲတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဂ်ီယာခန္း ေသဆံုး ၿပီး တလအၾကာမွာေတာ့ သူမရဲ႕ခ်စ္သူ ျဖစ္တဲ့ မင္းသား ဆိုရာဂ်္ ပန္ခ်ိဳလီဟာ ေသမႈေသခင္းနဲ႔ ပတ္သက္မႈမရွိေၾကာင္း ရဲတပ္ဖြဲ႔ က ထုတ္ျပန္ခဲ့တာပါ။

အဲဒီႏွစ္ ၾသဂုတ္လမွာေတာ့ ဒါဟာ သမား႐ုိးက် ေသေၾကာင္းႀကံစည္မႈသာျဖစ္တယ္လို႔ အိႏၵိယ ဗဟိုစံုစမ္းေထာက္လွမ္းေရးဗ်ဴ႐ုိက အတည္ျပဳခဲ့ပါတယ္။

ဒါေပမယ့္ ညီမျဖစ္သူ ကာဗီတာ ကေတာ့ “သူ(ဂ်ီယာခန္း) ဒီလိုလုပ္မွာမဟုတ္ဘူးဆိုတာ က်မတို႔သိတယ္။ အစပိုင္းတုန္းကေတာ့ ရဲ ေတြကို က်မတို႔ ယံုၾကည္ခဲ့ပါတယ္။ တကယ္ ဘာေတြျဖစ္ခဲ့တယ္ဆိုတာရယ္၊ ဘယ္သူက က်ဴးလြန္ခဲ့သလဲ ဆိုတာရယ္ကို သူတို႔အေနနဲ႔ လွစ္ဟျပလိမ့္မယ္လို႔ က်မတို႔ ထင္ခဲ့ၾကတာ” လို႔ ေျပာပါတယ္။

မင္းသမီး ရဲ႕ မိခင္ျဖစ္သူ ရက္ဘီယာကလည္း ဂ်ီယာရဲ႕ ေသဆံုးမႈ နဲ႔ပတ္သက္ၿပီး အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီ ဆီကို စာတေစာင္ ေရးခဲ့ပါတယ္။
ဂ်ီယာရဲ႕ မ်က္ႏွာနဲ႔ လည္ပင္းေတြမွာ ထိခိုက္ဒဏ္ရာ ရေနတာေတြ၊ အခန္းတြင္းအံဆြဲ က်ိဳးပ်က္ေနတာေတြနဲ႔ ေသြးေတြ ေနရာအႏွံ႔ ျပန္႔က်ဲေနတာေတြ၊ သံသယရွိစရာ တျခားအရာေတြနဲ႔ ပတ္သက္ၿပီးလည္း ဘာမွ ရွင္းရွင္းလင္းလင္း မသိခဲ့ရဘူးလို႔ အဲဒီစာထဲမွာ ေဖာ္ျပပါတယ္။

စီစီတီဗြီ ကင္မရာထဲမွာေတာ့ ဂ်ီရာ ဟာ အားကစားဝတ္စံုတထည္ ဝတ္ဆင္ထားခဲ့ၿပီး ေသဆံုးခဲ့ၿပီးခ်ိန္မွာ လိုအပ္တဲ့ လက္ေဗြစစ္ေဆးခ်က္ေတြလည္း တခုမွ မျပသႏိုင္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလမွာ ေရးခဲ့တဲ့ ဒီစာထဲမွာ ဂ်ီရာ ေသေၾကာင္းႀကံစည္ရာမွာ အသံုးျပဳတဲ့ လည္စည္းၿခံဳပဝါကိုလည္း ေဖ်ာက္ထားခဲ့တဲ့့အတြက္ ဒီေသဆံုးမႈဟာ ေသေၾကာင္းႀကံစည္မႈ မျဖစ္ႏုိင္ဘူးလို႔ ေဖာ္ျပထားခဲ့တာပါ။

မေသဆံုးခင္ထိ ဆက္သြယ္မႈရွိေနခဲ့တဲ့ မိသားစု နဲ႔ သူ႔ရဲ႕ၾကား ဆက္ဆံေရးဟာလည္း ေသေၾကာင္းႀကံစည္ရေလာက္တဲ့ အေၾကာင္းရင္းအျဖစ္ မလံုေလာက္ဘူးလို႔ ဆိုပါတယ္။

မင္းသမီးရဲ႕ မိသားစုက ငွားရမ္းခဲ့တဲ့ အလြတ္တန္း မႈခင္းေဆးပညာရွင္ကလည္း သူတို႔နဲ႔ တသေဘာတည္းရွိေနၿပီး ဒါဟာ ေသေၾကာင္းႀကံစည္မႈ မျဖစ္နိုင္ဘူးလို႔ အခိုင္အမာ ေျပာလိုက္ပါတယ္။

“ႏူးည့ံတဲ့ ဝါဂြမ္းခ်ည္သား လည္စည္းၿခံဳပဝါကို အသံုးျပဳၿပီး ေသေၾကာင္းႀကံစည္မႈဆိုတာ ေတာ္ေတာ့ကို ႐ုိးစင္းၿပီး သူ႔ရဲ႕လည္ပင္းမွာ ထိခုိက္ဒဏ္ရာေတြ အမ်ားႀကီးရတဲ့ထိေတာ့ မျဖစ္ႏုိင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicdoe Version#
နာမည်ကြီး ဘောလိဝုဒ် ကြယ်ပွင့် မင်းသမီး ဂျီယာခန်း သေဆုံး ခဲ့မှုဟာ ဆွဲကြိုးချ သေဆုံးမှု မဖြစ်နိုင်ဘဲ အသတ်ခံရတာ ဖြစ်နိုင်တယ်ဆိုပြီး မိသားစုဝင်တွေနဲ့ သူ့ရဲ့ပရိသတ် တွေက သံသယ ရှိနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် ဗြိတိန် နိုင်ငံဖွား မင်းသမီး ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လတုန်းက မွမ်ဘိုင်း မြို့မှာ ဆွဲကြိုးချ သေဆုံး ခဲ့တာဖြစ်တယ်လို့ ရဲ တွေက အတည်ပြုခဲ့အပြီးမှာ နောက်တဖန် ခုလို သတင်း တွေ ထွက်ပေါ်လာခဲ့တာပါ။

သူဟာ မွမ်ဘိုင်းမြို့ မှာရှိနေချိန် ဗြိတိန် က မိသားစု တွေ သူ့ဆီ လာရောက်လည်ပတ်မယ်လို့ ပြောအပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မသေဆုံးခင်အချိန်အထိ အစ်မဖြစ်သူ ဟာ သူ့ဆီကို စိတ်ခံစားချက်ကို ဖော်ပြတဲ့ အီမိုဂျီလေးတွေကို ပို့နေခဲ့သေးတယ်လို့ ဂျီယာခန်းရဲ့ ညီမဖြစ်သူ ကာဗီတာက ပြောပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်ကြား ကာလတွေအတွင်းမှာ ဘောလိဝုဒ် ရုပ်ရှင်လောက ရဲ့ နာမည်ကြီး တဦးဖြစ်ခဲ့တဲ့ မင်းသမီးဟာ မသေဆုံးခင်မှာ စာမျက်နှာ ၆ မျက်နှာပါတဲ့ သေကြောင်းကြံစည်မှု စာတစောင်ကို ထားခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဂျီယာခန်း သေဆုံး ပြီး တလအကြာမှာတော့ သူမရဲ့ချစ်သူ ဖြစ်တဲ့ မင်းသား ဆိုရာဂျ် ပန်ချိုလီဟာ သေမှုသေခင်းနဲ့ ပတ်သက်မှုမရှိကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့တာပါ။

အဲဒီနှစ် သြဂုတ်လမှာတော့ ဒါဟာ သမားရိုးကျ သေကြောင်းကြံစည်မှုသာဖြစ်တယ်လို့ အိန္ဒိယ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရိုက အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် ညီမဖြစ်သူ ကာဗီတာ ကတော့ “သူ(ဂျီယာခန်း) ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ ကျမတို့သိတယ်။ အစပိုင်းတုန်းကတော့ ရဲ တွေကို ကျမတို့ ယုံကြည်ခဲ့ပါတယ်။ တကယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာရယ်၊ ဘယ်သူက ကျူးလွန်ခဲ့သလဲ ဆိုတာရယ်ကို သူတို့အနေနဲ့ လှစ်ဟပြလိမ့်မယ်လို့ ကျမတို့ ထင်ခဲ့ကြတာ” လို့ ပြောပါတယ်။

မင်းသမီး ရဲ့ မိခင်ဖြစ်သူ ရက်ဘီယာကလည်း ဂျီယာရဲ့ သေဆုံးမှု နဲ့ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဆီကို စာတစောင် ရေးခဲ့ပါတယ်။
ဂျီယာရဲ့ မျက်နှာနဲ့ လည်ပင်းတွေမှာ ထိခိုက်ဒဏ်ရာ ရနေတာတွေ၊ အခန်းတွင်းအံဆွဲ ကျိုးပျက်နေတာတွေနဲ့ သွေးတွေ နေရာအနှံ့ ပြန့်ကျဲနေတာတွေ၊ သံသယရှိစရာ တခြားအရာတွေနဲ့ ပတ်သက်ပြီးလည်း ဘာမှ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူးလို့ အဲဒီစာထဲမှာ ဖော်ပြပါတယ်။

စီစီတီဗွီ ကင်မရာထဲမှာတော့ ဂျီရာ ဟာ အားကစားဝတ်စုံတထည် ဝတ်ဆင်ထားခဲ့ပြီး သေဆုံးခဲ့ပြီးချိန်မှာ လိုအပ်တဲ့ လက်ဗွေစစ်ဆေးချက်တွေလည်း တခုမှ မပြသနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ရေးခဲ့တဲ့ ဒီစာထဲမှာ ဂျီရာ သေကြောင်းကြံစည်ရာမှာ အသုံးပြုတဲ့ လည်စည်းခြုံပဝါကိုလည်း ဖျောက်ထားခဲ့တဲ့အတွက် ဒီသေဆုံးမှုဟာ သေကြောင်းကြံစည်မှု မဖြစ်နိုင်ဘူးလို့ ဖော်ပြထားခဲ့တာပါ။

မသေဆုံးခင်ထိ ဆက်သွယ်မှုရှိနေခဲ့တဲ့ မိသားစု နဲ့ သူ့ရဲ့ကြား ဆက်ဆံရေးဟာလည်း သေကြောင်းကြံစည်ရလောက်တဲ့ အကြောင်းရင်းအဖြစ် မလုံလောက်ဘူးလို့ ဆိုပါတယ်။

မင်းသမီးရဲ့ မိသားစုက ငှားရမ်းခဲ့တဲ့ အလွတ်တန်း မှုခင်းဆေးပညာရှင်ကလည်း သူတို့နဲ့ တသဘောတည်းရှိနေပြီး ဒါဟာ သေကြောင်းကြံစည်မှု မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောလိုက်ပါတယ်။

“နူးညံ့တဲ့ ဝါဂွမ်းချည်သား လည်စည်းခြုံပဝါကို အသုံးပြုပြီး သေကြောင်းကြံစည်မှုဆိုတာ တော်တော့ကို ရိုးစင်းပြီး သူ့ရဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာတွေ အများကြီးရတဲ့ထိတော့ မဖြစ်နိုင်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top