Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သိထားသင့္ေသာ ဗဟုသုတေလးမို႔
ရွားပါးစြာ ဖတ္ရႈ ေလ့လာရွာေဖြ၍ တင္ျပလိုက္ပါတယ္

၁။တန္ခူး... ဆရာႀကီး ဦးဖိုးလတ္က ထန္းသီးေတြခူးတဲ့လမို႔ ထန္းခူးလကေန တန္ခူး ျဖစ္လာတယ္လို႔ဆိုတယ္။

ပညာရွိတစ္ဦးျဖစ္တဲ့ ေလွသင္းအတြင္းဝန္ မင္းကေတာ့မိန္ရာသီကေနမိႆရာသီေျပာင္းတဲ့အတာကူးတဲ့လမို႔တာကူးလ၊ ေနာက္တန္ခူးလ ျဖစ္သြားတယ္လို႔ ေျပာပါတယ္။

၂။ကဆုန္... ကုဆုန္ကေနျဖစ္လာတာတဲ့။ ကုဆိုတာ ေရ၊ ဆုန္က စုဆင္းျခင္း။ အဓိပၸါယ္ကေတာ့ ေရသြန္းေလာင္းတဲ့လေပါ့။
ဒါေၾကာင့္ကဆုန္လ ေညာင္ေရသြန္းပြဲလို႔ ဆိုခဲ့တာ မဟုတ္လား။

၃။နယုန္... နံယုန္ကေန နယုန္ျဖစ္တာ။နံကအခ်ိန္ကာလ၊ယုန္ကမိုးေရစီးဆင္းျခင္းတဲ့။ ေျပာရရင္ မိုးရြာတဲ့လေပါ့။

၄။ဝါဆို... ပါဠိစာေပမွာ ဝါ က ေနျခင္းေလ၊ ဆို က ရြတ္ဆိုတာေပါ့။ ဒါေၾကာင့္ ရဟန္းေတာ္ မ်ားဟာ သူတို႔ရဲ႕ ေက်ာင္းမွာပဲေနၿပီး တရားဓမၼမ်ားကို ရြတ္ဆိုေနၾကတဲ့လလို႔ ဆိုလာတာေပါ့။

၅။ဝါေခါင္... ဝါတြင္း(၃)လရဲ႕ အလယ္လ။ ေက်ာက္စာေတြမွာေတာ့ နံကာ တဲ့။ နံဆိုတာ အခ်ိန္ကာလ။ ကာကလယ္ယာလုပ္ငန္းဆိုေတာ့ လယ္ယာလုပ္ငန္းခြင္ဝင္တဲ့လလို႔ဆိုလိုတာပဲ။ မိုးေတြၿဖိဳင္ၿဖိဳင္ရြာတဲ့လမို႔လယ္သမားႀကီးေတြလယ္ယာလုပ္ငန္းခြင္ဝင္ေနၾကပါတယ္။

၆။ေတာ္သလင္း... ေတာ္ဆိုတာက ျမင့္ျမတ္တာကို ေျပာတာ။သလင္းကသာလင္းကေနလာတာ ေလ။သာယာထြန္းလင္းသည္လို႔အဓိပၸါယ္ေဖာ္ ေဆာင္တာဆိုေတာ့ ရဟန္းသံဃာေတြ ဝါတြင္းကာလတရား အားထုတ္၊ ဗုဒၶဘာသာဝင္ေတြဥပုသ္သီလေဆာက္တည္မႈအထြတ္အထိပ္ဆံုးေရာက္တဲ့အခ်ိန္မို႔ ျမင့္ျမတ္တဲ့ သာသနာေရာင္ဝါထြန္းလင္းတဲ့ လ။

၇။သီတင္းကြၽတ္... ဥပုသ္သီတင္းေဆာက္တည္မႈ၊
ရဟန္းသံဃာေတြကိုယ့္ေက်ာင္းမွာတင္ တရားအားထုတ္မႈစတဲ့ ဝါတြင္းကာလၿပီးေျမာက္တဲ့ သီတင္းသံုးေနထိုင္ျခင္း ကြၽတ္လြတ္တဲ့လမို႔ သီတင္းကြၽတ္ လို႔ ေခၚတာေပါ့။

၈။တန္ေဆာင္မုန္း... ေရွးတုန္းကတန္ေဆာင္မႈန္းလို႔ ေရးခဲ့တယ္တဲ့…။တန္ေဆာင္ဆိုတာ မီး႐ႈးမီးတိုင္ကေပးတဲ့ အလင္းေရာင္၊ မႈန္းက ခ်ယ္မႈန္းသည္ဆိုေတာ့ ။ ေကာင္းကင္ႀကီးတစ္ခုလံုးဟာမီး႐ႈးမီးပန္း ေတြနဲ႔ခ်ယ္မႈန္းထားေလာက္ေအာင္လင္းလက္တဲ့ လ ေပါ့။

မီးပံုးပ်ံေတြ ေစလႊတ္ၾက၊မီး႐ႈးမီးပန္းေတြပစ္ ေဖာက္ၾကတန္ေဆာင္မုန္းလျပည့္မွာ ျပည့္တဲ့လက(၁၂)လရာသီမွာအျပည့္ဆံုးလတဲ့ ေလ။ဒါေၾကာင့္ ေဆးဖက္ဝင္သစ္ပင္ေတြ ေဆးေပါင္းခတဲ့ညလို ႔ေတာင္ ဆိုၾကတယ္။

၉။နတ္ေတာ္... နတ္ေတြကို ပူေဇာ္တဲ့လလို႔ ေျပာၾကတယ္။ ဆရာႀကီး ဦးဖိုးလတ္က မင္းမဟာဂီရိ ေမာင္ႏွမလူပူေဇာ္တယ္လို႔ဆိုတယ္။ ေလွသင္းအတြင္းဝန္မင္းက မဟာပိႏၷဲနတ္ကို ပူေဇာ္တာတဲ့။

၁၀။ ျပာသို... ပါႅသို ကလာတာတဲ့။ ပါႅက ပ်ားဖေယာင္းကိုေျပာတာ။ သိုက သိုေလွာင္ျခင္းေပါ့။ပ်ားဖေယာင္းေတြအမ်ားဆံုးစုေဆာင္းလို႔ရတဲ့လေပါ့။

၁၁။တပို႔တြဲ... ထန္းဖူးထန္းခိုင္ထန္းပိုတြဲက်တဲ့လမို႔ထန္းပို႔တြဲကေနတပို႔တြဲျဖစ္လာတာပဲ။

၁၂။တေပါင္း... ထန္းရည္ေတြလိႈင္လိႈင္ထြက္ၿပီးထန္းရည္ေတြကိုစုေပါင္းက်ိဳခ်က္တဲ့လမို႔ ထန္းေပါင္း ကေန တေပါင္း ျဖစ္လာတာတဲ့။ ။

Ref. ျမန္မာရာဇာဝင္

"မွက္ခ်က္"
ျပာသိုလ ေနရာမွာ ပါႅ ဆိုတဲ့ေနရာတစ္ခု
စာအုပ္ထဲကအတိုင္းပါပဲ ေ႐ွးလူႀကီးေတြေတာ့ ပါႅ ဆိုတဲ့ ေနရာအဓိပၸါယ္ကို ပိုနားလည္ၾကမွာပါ...

ေက်းဇူးတင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္ေက်ာ္ခိုင္

# Unicode Version ျဖင့္ ဖတ္ပါ #

သိထားသင့်သော ဗဟုသုတလေးမို့
ရှားပါးစွာ ဖတ်ရှု လေ့လာရှာဖွေ၍ တင်ပြလိုက်ပါတယ်

၁။တန်ခူး... ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။

ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

၂။ကဆုန်... ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပါယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။
ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

၃။နယုန်... နံယုန်ကနေ နယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

၄။ဝါဆို... ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

၅။ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာကလယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။ မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

၆။တော်သလင်း... တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာတာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပါယ်ဖော် ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေဥပုသ်သီလဆောက်တည်မှုအထွတ်အထိပ်ဆုံးရောက်တဲ့အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

၇။သီတင်းကျွတ်... ဥပုသ်သီတင်းဆောက်တည်မှု၊
ရဟန်းသံဃာတွေကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှုစတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

၈။တန်ဆောင်မုန်း... ရှေးတုန်းကတန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်း တွေနဲ့ချယ်မှုန်းထားလောက်အောင်လင်းလက်တဲ့ လ ပေါ့။

မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ် ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာအပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ညလို့တောင် ဆိုကြတယ်။

၉။နတ်တော်... နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

၁၀။ ပြာသို... ပါ္လသို ကလာတာတဲ့။ ပါ္လက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစုဆောင်းလို့ရတဲ့လပေါ့။

၁၁။တပို့တွဲ... ထန်းဖူးထန်းခိုင်ထန်းပိုတွဲကျတဲ့လမို့ထန်းပို့တွဲကနေတပို့တွဲဖြစ်လာတာပဲ။

၁၂။တပေါင်း... ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီးထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။ ။

Ref. မြန်မာရာဇာဝင်

"မှက်ချက်"
ပြာသိုလ နေရာမှာ ပါ္လ ဆိုတဲ့နေရာတစ်ခု
စာအုပ်ထဲကအတိုင်းပါပဲ ရှေးလူကြီးတွေတော့ ပါ္လ ဆိုတဲ့ နေရာအဓိပ္ပါယ်ကို ပိုနားလည်ကြမှာပါ...

ကျေးဇူးတင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်ကျော်ခိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top