Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သရုပ္ေဆာင္ရတနာျဖဴျဖဴေအာင္ကေတာ့ အႏုပညာအလုပ္ေတြကုိ ခဏနားလုိက္တာကလည္း ခႏၶာကိုယ္က နည္းနည္းဝ သြားတာ ရယ္၊ သီခ်င္းအေခြလုပ္ေနတာရယ္ေၾကာင့္လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

'' ဒီေလာကကုိစတင္လာတဲ့အခ်ိန္မွာ သီခ်င္းအေခြကုိ စလုပ္ခဲ့တယ္၊ သီခ်င္းေခြက မထြက္ျဖစ္ပဲနဲ႔ ကားရုိက္ဘက္ကုိ လွည့္ သြားတယ္။ ပရိသတ္ေတြကလည္း သီခ်င္းေခြ မထြက္ေသးဘူးလား ေမးေနတာလည္း ပါတယ္ အဲ့ဒီေတာ့ သီခ်င္းေခြဘက္ ကုိလွည့္သြားတယ္။ ၿပီးေတာ့ ဒီၾကားထဲမွာလည္း ခႏၶာကုိယ္က နည္းနည္းေတာ့ ဝသြားတဲ့အတြက္ ခဏနားလုိက္တာလည္း ပါတယ္၊ သီခ်င္းေခြ လုပ္ေန တာေၾကာင့္လည္းပါတယ္'' လုိ႔ ဆုိပါတယ္။

အႏုပညာအလုပ္ေတြခဏနားခ်ိန္မွာလည္း ပရိသတ္ေတြက ဇာတ္ကားမရုိက္ေသးဘူးလား၊ သီခ်င္းအေခြဘယ္ေတာ့ထြက္မွာလဲ ဆုိတဲ့ ေျပာသံေတြေၾကာင့္ ဝိတ္ခ်ေနရင္း ဇာတ္ကားရုိက္ဖုိ႔ လာကမ္းလွမ္းတဲ့အတြက္ လက္ခံျဖစ္လုိက္တာလုုိ႔ ဆုိပါတယ္။

'' ဇာတ္ကားမထြက္ေတာ့ဘူးလား ေမးၾကတယ္။ အေခြဆုိင္ကုိ သြားေမးၾကရင္လည္း ရတနာျဖဴျဖဴေအာင္ ကား မထြက္ဘူး လုိ႔ ေျပာၾက တယ္။ ဒီလုိမ်ဳိးဇာတ္ကားမထြက္ရင္ေတာင္မွ ဓာတ္ပုံေလးေတြပုံမွန္တင္ေပးဖုိ႔ ေတာင္းဆုိၾကတယ္။ အဓိက ကေတာ့ သီခ်င္းကုိလည္းေတာင္းဆုိၾကတယ္။ ရုပ္ရွင္ရုိက္ဖုိ႔အတြက္ကလည္း ဝိတ္ခ်ေနတာ အရင္တုန္းက ဝသြားတာ အရမ္းဝသြားတာေလ စစခ်င္းေတာ့ ေလ့က်င့္ခန္းမလုပ္ႏုိင္ဘူး အစားေလးနဲ႔ ေလ်ာ့ေလ်ာ့ၿပီးေတာ့ အခုေလာက္ေလးျဖစ္ေနတယ္ေပါ့ေနာ္။ ဒါကလည္း အရမ္းႀကီးေတာ့ မပိန္ေသးဘူး ဒါေပမယ့္ အခုလည္း ဇာတ္ကားရုိက္ဖုိ႔လာေခၚေတာ့ ကြက္တိလုိ့ျဖစ္သြား တာေပါ့ အရမ္းႀကီးမဝ ေတာ့ ဘူး ဆုိေတာ့'' လုိ႔ ရတနာျဖဴျဖဴေအာင္က ေျပာပါတယ္။

'' ဇာတ္ကားကေတာ့ ကမ္းလွမ္းမယ္ဆုိရင္ ရုိက္သြားဖုိ႔ရွိတယ္။ ဒါေပမယ့္ အခုက ေလာေလာဆယ္ေတာ့ MTV ရုိက္ဖုိ႔ လုပ္ေနတယ္။ ကိုယ္က မလုပ္တာလည္းၾကာၿပီဆုိေတာ့ ပရိသတ္ေတြကုိ ကုိယ့္သီခ်င္းကုိ လက္ေဆာင္ေလးတစ္ပုဒ္ေလာက္ အြန္လုိင္းမွာ ေပးခ်င္တယ္၊ အဲ့ဒီအတြက္ MTV ရုိက္ဖုိ႔လုပ္ေနတာ၊ အဲ့ဒါေၾကာင့္လည္းပါတယ္ ဝိတ္ခ်ေနတာ'' လုိ႔ Duwun Media ကုိေျပာျပခဲ့ပါ တယ္။

ရတနာျဖဴျဖဴေအာင္ကေတာ့ အခုလက္ရွိမွာ Media 7 ကရုိက္ကူးၿပီး ဒါရုိက္တာ သားညီရုိက္တ့ဲ လိပ္ျပာေခါင္မုိး ရုပ္သံ ဇာတ္လမ္းတြဲ မွာ ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။ ဒီဇာတ္ကားထဲမွာ အိေျႏၵႀကီးတဲ့ ဆရာဝန္မေလးတစ္ေယာက္ ကာရုိက္တာနဲ႔ ပါဝင္ သရုပ္ေဆာင္သြားမယ္လုိ႔ သူကေျပာပါတယ္။

Photo: Duwun, ရတနာျဖဴျဖဴေအာင္ေဖ့စ္ဘြတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင်ရတနာဖြူဖြူအောင်ကတော့ အနုပညာအလုပ်တွေကို ခဏနားလိုက်တာကလည်း ခန္ဓာကိုယ်က နည်းနည်းဝ သွားတာ ရယ်၊ သီချင်းအခွေလုပ်နေတာရယ်ကြောင့်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဒီလောကကိုစတင်လာတဲ့အချိန်မှာ သီချင်းအခွေကို စလုပ်ခဲ့တယ်၊ သီချင်းခွေက မထွက်ဖြစ်ပဲနဲ့ ကားရိုက်ဘက်ကို လှည့် သွားတယ်။ ပရိသတ်တွေကလည်း သီချင်းခွေ မထွက်သေးဘူးလား မေးနေတာလည်း ပါတယ် အဲ့ဒီတော့ သီချင်းခွေဘက် ကိုလှည့်သွားတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း ခန္ဓာကိုယ်က နည်းနည်းတော့ ဝသွားတဲ့အတွက် ခဏနားလိုက်တာလည်း ပါတယ်၊ သီချင်းခွေ လုပ်နေ တာကြောင့်လည်းပါတယ်'' လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေခဏနားချိန်မှာလည်း ပရိသတ်တွေက ဇာတ်ကားမရိုက်သေးဘူးလား၊ သီချင်းအခွေဘယ်တော့ထွက်မှာလဲ ဆိုတဲ့ ပြောသံတွေကြောင့် ဝိတ်ချနေရင်း ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတဲ့အတွက် လက်ခံဖြစ်လိုက်တာလိုု့ ဆိုပါတယ်။

'' ဇာတ်ကားမထွက်တော့ဘူးလား မေးကြတယ်။ အခွေဆိုင်ကို သွားမေးကြရင်လည်း ရတနာဖြူဖြူအောင် ကား မထွက်ဘူး လို့ ပြောကြ တယ်။ ဒီလိုမျိုးဇာတ်ကားမထွက်ရင်တောင်မှ ဓာတ်ပုံလေးတွေပုံမှန်တင်ပေးဖို့ တောင်းဆိုကြတယ်။ အဓိက ကတော့ သီချင်းကိုလည်းတောင်းဆိုကြတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက်ကလည်း ဝိတ်ချနေတာ အရင်တုန်းက ဝသွားတာ အရမ်းဝသွားတာလေ စစချင်းတော့ လေ့ကျင့်ခန်းမလုပ်နိုင်ဘူး အစားလေးနဲ့ လျော့လျော့ပြီးတော့ အခုလောက်လေးဖြစ်နေတယ်ပေါ့နော်။ ဒါကလည်း အရမ်းကြီးတော့ မပိန်သေးဘူး ဒါပေမယ့် အခုလည်း ဇာတ်ကားရိုက်ဖို့လာခေါ်တော့ ကွက်တိလို့ဖြစ်သွား တာပေါ့ အရမ်းကြီးမဝ တော့ ဘူး ဆိုတော့'' လို့ ရတနာဖြူဖြူအောင်က ပြောပါတယ်။

'' ဇာတ်ကားကတော့ ကမ်းလှမ်းမယ်ဆိုရင် ရိုက်သွားဖို့ရှိတယ်။ ဒါပေမယ့် အခုက လောလောဆယ်တော့ MTV ရိုက်ဖို့ လုပ်နေတယ်။ ကိုယ်က မလုပ်တာလည်းကြာပြီဆိုတော့ ပရိသတ်တွေကို ကိုယ့်သီချင်းကို လက်ဆောင်လေးတစ်ပုဒ်လောက် အွန်လိုင်းမှာ ပေးချင်တယ်၊ အဲ့ဒီအတွက် MTV ရိုက်ဖို့လုပ်နေတာ၊ အဲ့ဒါကြောင့်လည်းပါတယ် ဝိတ်ချနေတာ'' လို့ Duwun Media ကိုပြောပြခဲ့ပါ တယ်။

ရတနာဖြူဖြူအောင်ကတော့ အခုလက်ရှိမှာ Media 7 ကရိုက်ကူးပြီး ဒါရိုက်တာ သားညီရိုက်တဲ့ လိပ်ပြာခေါင်မိုး ရုပ်သံ ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ အိနြေ္ဒကြီးတဲ့ ဆရာဝန်မလေးတစ်ယောက် ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။

Photo: Duwun, ရတနာဖြူဖြူအောင်ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top