Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အစာအိမ္နဲ႔ အစာေျခအဂၤါစနစ္ က်န္းမာေရးအတြက္ ပ်ားရည္ကို နည္းအမ်ိဳးမ်ိဳးနဲ႔ အသံုးျပဳၾကသလို ကိုယ္အေလးခ်ိန္ က်ဆင္းေစဖို႔အတြက္လည္း ပ်ားရည္ကုိ အသံုးျပဳႏိုင္ပါတယ္။ 
ပ်ားရည္ကို အမ်ိဳးသမီးေတြရဲ႕ အလွအပေရးရာ အတြက္လည္း အသံုးျပဳလို႔ရပါေသးတယ္။ မဒီပ်ိဳတို႔ရဲ႕ အလွအပေရးရာအတြက္ ပ်ားရည္ကို စြယ္စံုအသံုးျပဳနည္းေလးေတြကေတာ႔...

၁။ ပ်က္ဆီးေနတဲ႔ ဆံသားေတြအတြက္ 

ေျခာက္ေသြ႕ပြေယာင္းၿပီး ပ်က္ဆီးေနတဲ႔ ဆံေကသာပိုင္ရွင္ေတြအေနနဲ႔ အလွပ်က္ၿပီဆိုၿပီး စိတ္ညစ္မေနပါနဲ႔ဦး။ ေအာ္ဂဲနစ္ ပ်ားရည္စစ္စစ္သာရွိရင္ မိမိရဲ႕ဆံပင္အလွတရားကို ကယ္တင္ႏိုင္ပါေသးတယ္။  အရင္ဆံုး ပန္းကန္လံုးတစ္လံုးထဲမွာ ၾကက္ဥနဲ႔ လုပ္ထားတဲ႔ မေရာနိစ္ (လက္ဖက္ရည္ဇြန္းနဲ႔) တစ္ဇြန္းရယ္၊ ပ်ားရည္ (၂) ဇြန္းရယ္၊ ဗိုက္တာမင္အီး အဆီ အစက္အနည္းငယ္ရယ္၊ သံပုရာရည္ (၁) ဇြန္းရယ္ကို ေရာထည္႔လိုက္ပါ။
ၿပီးရင္ ေခါင္းတစ္ထပ္ေလွ်ာ္ၿပီးမွ ဒီပ်ားရည္ေပါင္းေဆးေလးကို ဆံပင္ေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ (၁၅) မိနစ္ေလာက္ ႏွပ္ထားၿပီးရင္ ေရေႏြးေလးနဲ႔ ျပန္ေဆးေပးႏုိင္ပါၿပီ။ ဒါဆိုရင္ေတာ႔ ျပန္လည္သန္စြမ္းၿပီး စိုေျပေခ်ာေမြ႕လာတဲ႔ ဆံေကသာကို ျမင္ေတြ႕ႏိုင္ၾကပါၿပီေနာ္။

၂။ ဆံေကသာ နက္ေမွာင္သန္စြမ္းေစဖို႔အတြက္ 

ၾကက္ဆူဆီကေတာ႔ ဆံသားအရင္းပိုင္းအထိ အစိုဓာတ္ရရွိေစႏိုင္ၿပီး ဆံေကသာပိုမိုသန္စြမ္းေစဖို႔ လိုအပ္တဲ႔ အာဟာရဓာတ္ကိုလည္း ျဖည္႔စြမ္းေပးႏိုင္ပါတယ္။ ဒီသဘာဝေပါင္းေဆးေလးမွာ ဆံေကသာအတြက္လိုအပ္တဲ႔ အာဟာရဓာတ္ေတြနဲ႔ ျပည္႔ႏွက္ေနတဲ႔အတြက္ ဆံသားပါးတဲ႔သူေတြ အတြက္ေတာ႔ အထူးသင္႔ေလ်ာ္ပါတယ္။
ျပဳလုပ္နည္းကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ ရွားေစာင္းလက္ပတ္အႏွစ္ (လက္ဖက္ရည္ဇြန္းနဲ႔) (၂) ဇြန္းရယ္၊ ၾကက္ဆူဆီ (၁) ဇြန္းရယ္၊ ေအာ္ဂဲနစ္ပ်ားရည္ (၂) ဇြန္းရယ္ကို ထည္႔လိုက္ပါ။ ၿပီးရင္ သမေအာင္ ေရာေမႊလိုက္ပါ။ ၿပီးရင္ေတာ႔ ၾကက္သီးေႏြးရံုေလာက္ ေရေႏြးေလးနဲ႔ ဆံပင္ကိုေဆးေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ဒီေပါင္းေဆးေလးကို ေခါင္းေလွ်ာ္ရည္လိုသေဘာထားၿပီး ေခါင္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ (၁၀) မိနစ္ ေလာက္ ဒီတိုင္းထားၿပီးရင္ ၾကက္သီးေႏြးရံုေလာက္ ေရေႏြးေလးနဲ႔ပဲ ျပန္လည္ေဆးေပးလို႔ရပါၿပီ။

၃။ ေပ်ာ႔ေျပာင္းႏူးညံ႔တဲ႔ ဆံေကသာကို ပိုင္ဆိုင္ႏိုင္ဖို႔


ဂရိဒိန္ခ်ဥ္ဆုိတာ သကာရည္ထုတ္ၿပီးသား ဒိန္ခ်ဥ္ကိုေျပာတာပါ။ ဂရိဒိန္ခ်ဥ္ကို ပ်ားရည္နဲ႔ေရာစပ္လိုက္တာက ဆံသားကုိ ပံုမွန္သန္စြမ္းေစၿပီး လက္ရွိအေျခအေနကိုလည္း ေကာင္းစြာထိန္းသိမ္းေပးႏိုင္ပါတယ္။ ဒါ႔အျပင္ ေဗာက္ကင္းစင္ေစတဲ႔ အစြမ္းသတၱိလည္း ပါဝင္ပါေသးတယ္။
ျပဳလုပ္နည္းကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ ဂရိဒိန္ခ်ဥ္ (လက္ဖက္ရည္ဇြန္းနဲ႔) (၁) ဇြန္း၊ ေအာ္ဂဲနစ္ပ်ားရည္ (၂) ဇြန္းတို႔ကိုေရာၿပီး သမသြားသည္အထိ ေရာေမႊေပးလိုက္ပါ။ ဆံပင္အရွည္ေပၚမူတည္ၿပီး ပမာဏကိုတိုးသင္႔တိုး၊ ေလွ်ာ႔သင္႔ေလွ်ာ႔လုုပ္ႏိုင္ပါတယ္။ ၿပီးရင္ေတာ႔ ဆံပင္ေပၚမွာသုတ္လိမ္းေပးလို႔ရပါၿပီ။ နာရီဝက္ေလာက္ထားၿပီးရင္ေတာ႔ ေရေႏြးေလးနဲ႔ျပန္ေဆးေပးလို႔ရပါၿပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
အစာအိမ်နဲ့ အစာခြေအင်္ဂါစနစ် ကျန်းမာရေးအတွက် ပျားရည်ကို နည်းအမျိုးမျိုးနဲ့ အသုံးပြုကြသလို ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက်လည်း ပျားရည်ကို အသုံးပြုနိုင်ပါတယ်။

ပျားရည်ကို အမျိုးသမီးတွေရဲ့ အလှအပရေးရာ အတွက်လည်း အသုံးပြုလို့ရပါသေးတယ်။ မဒီပျိုတို့ရဲ့ အလှအပရေးရာအတွက် ပျားရည်ကို စွယ်စုံအသုံးပြုနည်းလေးတွေကတော့...
၁။ ပျက်ဆီးနေတဲ့ ဆံသားတွေအတွက်

ခြောက်သွေ့ပွယောင်းပြီး ပျက်ဆီးနေတဲ့ ဆံကေသာပိုင်ရှင်တွေအနေနဲ့ အလှပျက်ပြီဆိုပြီး စိတ်ညစ်မနေပါနဲ့ဦး။ အော်ဂဲနစ် ပျားရည်စစ်စစ်သာရှိရင် မိမိရဲ့ဆံပင်အလှတရားကို ကယ်တင်နိုင်ပါသေးတယ်။  အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥနဲ့ လုပ်ထားတဲ့ မရောနိစ် (လက်ဖက်ရည်ဇွန်းနဲ့) တစ်ဇွန်းရယ်၊ ပျားရည် (၂) ဇွန်းရယ်၊ ဗိုက်တာမင်အီး အဆီ အစက်အနည်းငယ်ရယ်၊ သံပုရာရည် (၁) ဇွန်းရယ်ကို ရောထည့်လိုက်ပါ။

ပြီးရင် ခေါင်းတစ်ထပ်လျှော်ပြီးမှ ဒီပျားရည်ပေါင်းဆေးလေးကို ဆံပင်ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၅) မိနစ်လောက် နှပ်ထားပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးပေးနိုင်ပါပြီ။ ဒါဆိုရင်တော့ ပြန်လည်သန်စွမ်းပြီး စိုပြေချောမွေ့လာတဲ့ ဆံကေသာကို မြင်တွေ့နိုင်ကြပါပြီနော်။
၂။ ဆံကေသာ နက်မှောင်သန်စွမ်းစေဖို့အတွက်

ကြက်ဆူဆီကတော့ ဆံသားအရင်းပိုင်းအထိ အစိုဓာတ်ရရှိစေနိုင်ပြီး ဆံကေသာပိုမိုသန်စွမ်းစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒီသဘာဝပေါင်းဆေးလေးမှာ ဆံကေသာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် ဆံသားပါးတဲ့သူတွေ အတွက်တော့ အထူးသင့်လျော်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ရှားစောင်းလက်ပတ်အနှစ် (လက်ဖက်ရည်ဇွန်းနဲ့) (၂) ဇွန်းရယ်၊ ကြက်ဆူဆီ (၁) ဇွန်းရယ်၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းရယ်ကို ထည့်လိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ဆံပင်ကိုဆေးပေးလိုက်ပါ။ ပြီးရင်တော့ ဒီပေါင်းဆေးလေးကို ခေါင်းလျှော်ရည်လိုသဘောထားပြီး ခေါင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ် လောက် ဒီတိုင်းထားပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ပဲ ပြန်လည်ဆေးပေးလို့ရပါပြီ။
၃။ ပျော့ပြောင်းနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့



ဂရိဒိန်ချဉ်ဆိုတာ သကာရည်ထုတ်ပြီးသား ဒိန်ချဉ်ကိုပြောတာပါ။ ဂရိဒိန်ချဉ်ကို ပျားရည်နဲ့ရောစပ်လိုက်တာက ဆံသားကို ပုံမှန်သန်စွမ်းစေပြီး လက်ရှိအခြေအနေကိုလည်း ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်ကင်းစင်စေတဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါသေးတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ဂရိဒိန်ချဉ် (လက်ဖက်ရည်ဇွန်းနဲ့) (၁) ဇွန်း၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းတို့ကိုရောပြီး သမသွားသည်အထိ ရောမွှေပေးလိုက်ပါ။ ဆံပင်အရှည်ပေါ်မူတည်ပြီး ပမာဏကိုတိုးသင့်တိုး၊ လျှော့သင့်လျှော့လုုပ်နိုင်ပါတယ်။ ပြီးရင်တော့ ဆံပင်ပေါ်မှာသုတ်လိမ်းပေးလို့ရပါပြီ။ နာရီဝက်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ပြန်ဆေးပေးလို့ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun


 

 

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top