Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကေလးမီးဖြားထားတဲ့ မိခင္အသစ္ေလးေတြအေနနဲ႔ ကေလးငယ္ ျပဳစုေစာင့္ေရွာက္ရတဲ့ တစ္ေန႔တာလုပ္ငန္းစဥ္နဲ႔ မအားမလပ္တာေၾကာင့္ ၿဖီးလိမ္းျပင္ဆင္ဖို႔ဆိုတာ ေဝးလာေဝးပါ။ အဲဒါေၾကာင့္မို႔ အလုပ္မ်ားတဲ့ ေမေမေတြ အခ်ိန္တိုအတြင္း လွလွပပသပ္သပ္ရပ္ရပ္ျဖစ္ေစမယ့္ နည္းေလးေတြ ေဖာ္ျပလိုက္ပါတယ္။

-ဆံပင္ကမ်က္ႏွာေပၚအုပ္ၿပီး ႐ႈပ္ယွက္ခတ္မေနေအာင္လို႔ အေျပာင္သိမ္းၿပီး စည္းထားတာပဲျဖစ္ျဖစ္၊ ဆံညႇပ္္ကလစ္ေလးနဲ႔မ်က္ႏွာေပၚဝဲၿပီး က်မေနေအာင္ ဆံညႇပ္ကလစ္ကေလးနဲ႔စုၿပီး ရွင္းေအာင္လုပ္ထားတာက သပ္သပ္ရပ္ရပ္ ျဖစ္ေနေစပါတယ္။ အလုပ္႐ႈပ္တာသက္သာခ်င္ရင္ ခဏခဏၿဖီးစရာ၊ သပ္တင္စရာမလိုေအာင္ ဆံပင္အတိုထားတာမ်ိဳး လည္း လုပ္ႏိုင္ပါတယ္။

-မ်က္ႏွာအသားအေရ ထိန္းသိမ္းဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုရင္ ေတာင္ မ်က္ႏွာသစ္ဘရပ္ရွ္ေလး သံုးေပးတာက အေရျပားဆဲလ္ေသေတြ ဖယ္ရွားၿပီး က်န္းမာစိုျပည္ေစပါတယ္။

-လက္သည္းကို ေသေသခ်ာခ်ာညႇပ္ၿပီး သန္႔ရွင္းထားဖို႔အေရး ႀကီးပါတယ္။ အေရာင္နဲ႔လက္လည္း ဆိုးေဆးေတြဆိုးမယ့္အစား အ ၾကည္ေရာင္ေလးဆိုးတာက သန္႔ရွင္းလွပေစ မွာပါ။

-ညဘက္အိပ္ေရးပ်က္တာေတြေၾကာင့္ မ်က္ခြံေတြမို႔ေဖာင္းတာ၊ မ်က္ကြင္းညိဳတာေတြ မျဖစ္ေစဖို႔ မ်က္လံုးလိမ္းဂ်ယ္တို႔၊ ရွားေစာင္းလက္ ပပ္ဂ်ယ္တို႔ အသာပြတ္ထားႏိုင္ပါတယ္။

-ဝတ္စားတဲ့အခါ ႐ိုးရွင္းၿပီး ေပါ့ပါးတဲ့ အဝတ္အစားေတြက စတိုင္ က်ၿပီး သက္ေသာင့္သက္သာရွိေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ#

ကလေးမီးဖွားထားတဲ့ မိခင်အသစ်လေးတွေအနေနဲ့ ကလေးငယ် ပြုစုစောင့်ရှောက်ရတဲ့ တစ်နေ့တာလုပ်ငန်းစဉ်နဲ့ မအားမလပ်တာကြောင့် ဖြီးလိမ်းပြင်ဆင်ဖို့ဆိုတာ ဝေးလာဝေးပါ။ အဲဒါကြောင့်မို့ အလုပ်များတဲ့ မေမေတွေ အချိန်တိုအတွင်း လှလှပပသပ်သပ်ရပ်ရပ်ဖြစ်စေမယ့် နည်းလေးတွေ ဖော်ပြလိုက်ပါတယ်။

-ဆံပင်ကမျက်နှာပေါ်အုပ်ပြီး ရှုပ်ယှက်ခတ်မနေအောင်လို့ အပြောင်သိမ်းပြီး စည်းထားတာပဲဖြစ်ဖြစ်၊ ဆံညှပ်ကလစ်လေးနဲ့မျက်နှာပေါ်ဝဲပြီး ကျမနေအောင် ဆံညှပ်ကလစ်ကလေးနဲ့စုပြီး ရှင်းအောင်လုပ်ထားတာက သပ်သပ်ရပ်ရပ် ဖြစ်နေစေပါတယ်။ အလုပ်ရှုပ်တာသက်သာချင်ရင် ခဏခဏဖြီးစရာ၊ သပ်တင်စရာမလိုအောင် ဆံပင်အတိုထားတာမျိုး လည်း လုပ်နိုင်ပါတယ်။

-မျက်နှာအသားအရေ ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ဘူးဆိုရင် တောင် မျက်နှာသစ်ဘရပ်ရှ်လေး သုံးပေးတာက အရေပြားဆဲလ်သေတွေ ဖယ်ရှားပြီး ကျန်းမာစိုပြည်စေပါတယ်။

-လက်သည်းကို သေသေချာချာညှပ်ပြီး သန့်ရှင်းထားဖို့အရေး ကြီးပါတယ်။ အရောင်နဲ့လက်လည်း ဆိုးဆေးတွေဆိုးမယ့်အစား အ ကြည်ရောင်လေးဆိုးတာက သန့်ရှင်းလှပစေ မှာပါ။

-ညဘက်အိပ်ရေးပျက်တာတွေကြောင့် မျက်ခွံတွေမို့ဖောင်းတာ၊ မျက်ကွင်းညိုတာတွေ မဖြစ်စေဖို့ မျက်လုံးလိမ်းဂျယ်တို့၊ ရှားစောင်းလက် ပပ်ဂျယ်တို့ အသာပွတ်ထားနိုင်ပါတယ်။

-ဝတ်စားတဲ့အခါ ရိုးရှင်းပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေက စတိုင် ကျပြီး သက်သောင့်သက်သာရှိစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top