Golden City Promotion
×

မေကြးတိုင္းေဒသႀကီး၊မေကြးျမိဳ႕ ၊ျမိဳ႕မရဲစခန္းတြင္
ယေန႔ (ေအာက္တိုဘာ ၁၁) နံနက္ပိုင္းက အခ်ဳပ္သား၆ဦး အခ်ဳပ္ခန္းေဖာက္၍ ထြက္ေျပးလြတ္ေျမာက္ သြားေႀကာင္း
ျမိဳ႕မရဲ စခန္းမွ ကနဦး သတင္းရသည္။

“က်ြန္ေတာ္တို႔ နံနက္ ၆နာရီေလာက္က သိရပါတယ္။အခ်ဳပ္ခန္း အခန္း(၆)မွာ မုဒိန္းမႈ နဲ႔ အခ်ဳပ္က်ေနတဲ႔ အခ်ဳပ္သား(၄)ေယာက္၊မႈးယစ္(၁) ေယာက္နဲ႔ခိုးမႈနဲ႔ (၁)ေယာက္ ေပါင္း(၆)ေယာက္ အခ်ဳပ္ခန္း ေဖာက္ထြက္ေျပးတယ္၊ CCTVကင္မရာ စစ္ေဆးႀကည့္ေတာ့ နံနက္ ၃နာရီ၇မိနစ္၄၄စကၠန္႔မွာ ေခါင္မိုးေဖာက္ ထြက္ေျပးတယ္လုိ႔ သိရပါတယ္”ဟု ျမိဳ႕မရဲစခန္း စခန္းမွဴးဒုရဲမွဴးဝင္းေက်ာ္ကေျပာသည္။

“ဒီေလာက္ဘဲ ေျပာနိင္ပါေသးတယ္ ဒီထြက္ေျပးေနတဲ႔ အခ်ဳပ္သားေတြ ဖမ္းမိဖို႔ ၾကိဳးစားေဆာင္ရြက္ေနႀကပါတယ္၊အခု ေလာေလာဆယ္ကေတာ့ တာဝန္ႀက ကင္းမွဴး တပ္ႀကပ္ညႊန္လိႈင္နဲ႕ ကင္းတပ္သား(၆)ေယာက္ကုိ အခ်ဳပ္ထဲထည့္ျပီး ရဲတပ္ဖြဲ႕ စည္းကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔ အေရးယူဖို႔ ေဆာင္ရြက္ေနပါတယ္ဟု ” ဒုရဲမွဴးဝင္းေက်ာ္ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်ိဳးလိႈင္ဝင္း(ငဖဲ)

#Unicode Version#
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ ၊မြို့မရဲစခန်းတွင်
ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းက အချုပ်သား၆ဦး အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက် သွားကြောင်း
မြို့မရဲ စခန်းမှ ကနဦး သတင်းရသည်။

“ကျွန်တော်တို့ နံနက် ၆နာရီလောက်က သိရပါတယ်။အချုပ်ခန်း အခန်း(၆)မှာ မုဒိန်းမှု နဲ့ အချုပ်ကျနေတဲ့ အချုပ်သား(၄)ယောက်၊မှုးယစ်(၁) ယောက်နဲ့ခိုးမှုနဲ့ (၁)ယောက် ပေါင်း(၆)ယောက် အချုပ်ခန်း ဖောက်ထွက်ပြေးတယ်၊ CCTVကင်မရာ စစ်ဆေးကြည့်တော့ နံနက် ၃နာရီ၇မိနစ်၄၄စက္ကန့်မှာ ခေါင်မိုးဖောက် ထွက်ပြေးတယ်လို့ သိရပါတယ်”ဟု မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးဝင်းကျော်ကပြောသည်။

“ဒီလောက်ဘဲ ပြောနိင်ပါသေးတယ် ဒီထွက်ပြေးနေတဲ့ အချုပ်သားတွေ ဖမ်းမိဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်၊အခု လောလောဆယ်ကတော့ တာဝန်ကြ ကင်းမှူး တပ်ကြပ်ညွှန်လှိုင်နဲ့ ကင်းတပ်သား(၆)ယောက်ကို အချုပ်ထဲထည့်ပြီး ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်ဟု ” ဒုရဲမှူးဝင်းကျော်ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးလှိုင်ဝင်း(ငဖဲ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top