Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×









Credit: lutawlupyaw
#Unicode Version#
တချို့လူတွေက သင့်ကို မချစ်နိုင်ဘူး။ ဒါပေမဲ့ သင့်ဆီကအချစ်ကိုလည်း သူတို့က လိုချင်တယ်။

တချို့လူတွေက သင်ညာမှာတော့ ကြောက်တယ်။ ဒါပေမဲ့ သူတို့ကျ ညာနေကြတယ်။

တချို့လူတွေက သင့်ဆီက ဂရုစိုက်မှုကျ လိုချင်တယ်။ ဒါပေမဲ့ သူတို့ကျ ဂရုမစိုက်တတ်ကြဘူး။

တချို့လူတွေက သင်လှည့်စားမှာ ကြောက်တယ်။ ဒါပေမဲ့ သူတို့ကျ သင့်ကို လှည့်စားနေကြတယ်။

တချို့လူတွေက သင့်ကို ထွက်သွားခွင့်မပေးဘူး။ ဒါပေမဲ့ သင်နေချင်အောင်လည်း သူတို့ဟာ မစွမ်းဆောင်နိုင်ကြဘူး။

တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာ စိုးတယ်။ ဒါပေမဲ့ သူတို့အပေါ်ကို စိတ်မပျက်အောင်တော့ မကြိုးစားကြဘူး။

တချို့လူတွေက သိပ်ရီရတာပဲ။ သူတို့လုပ်ချင်တာ လုပ်မယ်။ ဒါပေမဲ့ သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ ခွင့်မပြုတတ်ကြဘူး။

သူတို့ သင့်ကို အရုပ်တရုပ်၊ ကစားစရာတစ်ခုလို သဘောထားတယ်။ အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင် သင် တသက်လုံး ဒဏ်ရာတွေရနေမှာပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: lutawlupyaw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top