Golden City Promotion
×
သောတာပန်။
(က) သောတာပန်က ကုသ။
Credit : yinkhwinlam
#Unicode Version#
  ဖြစ်ကြောတို ၊ ငြိမ်းလိုစိတ်
ထွက်ရိပ်ကင်း ၊ ချက်ခြင်းကု ပျက်မှုစိုး ၊ တိုး၍စိုက်
လှိုက်လှိုက်ဖို ၊ ကြည်ညို ခုနှစ်တန်
သောတာပန်။
၁။ အရိယာအဆင့်သို့ရောက်သော်လည်း မပယ်ရသေးသော ကိလေသာများကြောင့်လွန်ကျူးမိတတ်၏။ လွန်ကျူးမိလျင် ဉာဏ်ဖြင့် ချက်ချင်းရပ်နိုင်သဖြင့်
(က) သောတာပန်ကဖြစ်ကြောတို၏။
(ခ) ပုထုဇဉ် ကဖြစ်ကြောရှည်၏။
၂။ မပယ်ရသေးသောကိလေသာများကို ငြိမ်းအေးအောင်လုပ်မယ်လို့
(က) သောတာပန်က အမြဲတမ်းစိတ်ထားရှိ။
(ခ) ပုထုဇဉ်ကထိုစိတ်မျိုးမထား။
၃။ ဤဘုရားသာသနာမှာသာလျင် သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ များအဖြစ်ဖြင့်ထွက်ရပ်လမ်းရှိသည် ။ အခြားတိတ္ထိတွေရဲ့ သာသနာမှာမရှိဟူ၍
(က) သောတာပန်က ယုံကြည်သည်။
(ခ) ပုထုဇဉ်က အခြားသာသနာမှာလည်း ရှိလိမ့်ဦးမည်ဟုယူဆ။
၄။ အပြစ်သင့်သွားလျင် အချိန်ဆွဲ၍မထား ၊ နံနက်သင့်လျင် နံနက် ၊ ညနေသင့်လျင် ညနေ ချက်ချင်း
(က) သောတာပန်က ကုသ။
(ခ) ပုထုဇဉ် က ထိုသို့မကုသ။
၅။ (က) သောတာပန်က အပြစ်ဖြစ်မှာစိုးရွံ ၊ သီလပျက်မှာကြောက်သည်။
(ခ) ပုထုဇဉ်က ထိုသို့မစိုးရွံ ၊ သီလပျက်မှာလည်း အမှုမထား။
၆။ သစ္စာတရားတွေ အမှန်တရားတွေ ဟောပြီဆိုလျင်
(က) သောတာပန်က စိတ်စိုက်၍ နာနေနိုင်၏။
(ခ) ပုထုဇဉ်က ထိုတရားတွေနားထဲမရောက်။
၇။ သစ္စာတရားတွေကို နာယူပြီးပြီဆိုလျင်လည်း ပြော၍မဆုံး ချီးကျူး၍မဆုံး ကြည်နူးမှုတွေ ဖုံးပြီးလျင်
(က) သောတာပန်က တပြုံးပြုံးနှင့် ကျေနပ်နေ၏။
(ခ ) ပုထုဇဉ် ကထိုသို့ခံစားမှု မရနိုင်။
ဤအင်္ဂ ါရပ် (၇) ပါးနှင့်ညီညွတ်လျင် ကိုယ့်ကို ကိုယ်ဆုံးဖြတ်ချက် ချနိုင်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit : yinkhwinlam
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top