Golden City Promotion
×

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ အစင္စံျပေက်းရြာအုပ္စု ၿမိဳ႕ေဟာင္းကုန္းရပ္မွာ ေအာက္တိုဘာ ၄ ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္က အတူေန တူမျဖစ္သူ ၁၄ ႏွစ္အရြယ္ မိန္းကေလးကို တအိမ္တည္း အတူေန ဦးေလးအရင္းျဖစ္သူက အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေရးၿမိဳ႕မရဲစခန္းထံက သိရပါတယ္။ျဖစ္စဥ္မွာ အဖြားျဖစ္သူ ေဒၚငယ္က ေမာ္လၿမိဳင္ၿမိဳ႕ကို ေဈးဝယ္ရန္ေနအိမ္က ထြက္ခြာသြားခ်ိန္မွာ ဆိုက္ကယ္ကယ္ရီေမာင္းၿပီး ေနအိမ္ကို ျပန္ေရာက္လာတဲ့ ဦးေလးျဖစ္သူ စံထြန္း(၂၅-ႏွစ္)က ေျမးျဖစ္သူ ၁၄ ႏွစ္အရြယ္ မိန္းကေလးကို အဓမၼျပဳက်င့္ခဲ့လို႔ ေရး ေဆး႐ံုမွာ အတြင္းလူနာအျဖစ္ တက္ေရာက္ကုသေနရတယ္လို႔ ေရးၿမိဳ႕မရဲစခန္း မွတ္တမ္းေတြအရ သိရပါတယ္။

စံထြန္းဟာ အခင္းျဖစ္ပြားၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ေပမယ့္ နယ္ထိန္းရဲတပ္ဖြဲ႔ဝင္နဲ႔ လွည့္ကင္း အမာခံသတင္းေပးေတြ အကူအညီနဲ႔ အခင္းျဖစ္ပြားၿပီး ၇ နာရီေက်ာ္အၾကာ ေရႊဆံေတာ္ေစတီဘုရားပြဲခင္းမွာ ရဲတပ္ဖြဲ႔ဝင္ေတြက စံထြန္းကို ဖမ္းဆီးလိုက္တယ္လို႔ ရဲမွတ္တမ္းမ်ားအရ သိရပါတယ္။အဓမၼျပဳက်င့္တဲ့ စံထြန္း(၂၅-ႏွစ္)ကို ဥပေဒအရ အေရးယူေပးပါဖို႔ ေဒၚငယ္က တရားလိုျပဳလုပ္ တိုင္တန္းလာတာေၾကာင့္ ေရးၿမိဳ႕မရဲစခန္းက (ပ)၃၀၂ /၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ ေအာက္တိုဘာ ၄ ရက္ေန႔ ည ၉ နာရီ ၂၀ မိနစ္အခ်ိန္က အမႈဖြင့္အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႔က စခန္းမႉး ဒုရဲမႉးစိုးမြန္က အေသးစိတ္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

သတင္း – ေနမ်ိဳးထြဋ္(ေရး)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်စု မြို့ဟောင်းကုန်းရပ်မှာ အောက်တိုဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အတူနေ တူမဖြစ်သူ ၁၄ နှစ်အရွယ် မိန်းကလေးကို တအိမ်တည်း အတူနေ ဦးလေးအရင်းဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းထံက သိရပါတယ်။ဖြစ်စဉ်မှာ အဖွားဖြစ်သူ ဒေါ်ငယ်က မော်လမြိုင်မြို့ကို ဈေးဝယ်ရန်နေအိမ်က ထွက်ခွာသွားချိန်မှာ ဆိုက်ကယ်ကယ်ရီမောင်းပြီး နေအိမ်ကို ပြန်ရောက်လာတဲ့ ဦးလေးဖြစ်သူ စံထွန်း(၂၅-နှစ်)က မြေးဖြစ်သူ ၁၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့လို့ ရေး ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရတယ်လို့ ရေးမြို့မရဲစခန်း မှတ်တမ်းတွေအရ သိရပါတယ်။

စံထွန်းဟာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပေမယ့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်နဲ့ လှည့်ကင်း အမာခံသတင်းပေးတွေ အကူအညီနဲ့ အခင်းဖြစ်ပွားပြီး ၇ နာရီကျော်အကြာ ရွှေဆံတော်စေတီဘုရားပွဲခင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက စံထွန်းကို ဖမ်းဆီးလိုက်တယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။အဓမ္မပြုကျင့်တဲ့ စံထွန်း(၂၅-နှစ်)ကို ဥပဒေအရ အရေးယူပေးပါဖို့ ဒေါ်ငယ်က တရားလိုပြုလုပ် တိုင်တန်းလာတာကြောင့် ရေးမြို့မရဲစခန်းက (ပ)၃၀၂ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အောက်တိုဘာ ၄ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်က အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က စခန်းမှူး ဒုရဲမှူးစိုးမွန်က အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း – နေမျိုးထွဋ်(ရေး)
ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top