Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

Credit: 7DayDaily
#Unicode Version#
ဧရာဝတီမြစ်၏စီးပွား ရေးနှင့်လူမှုအဖွဲ့အစည်းများအ ပေါ် အကျိုးပြုမှုများကို သိရှိနိုင်ရန်မြစ်ကြောင်းတစ်လျှောက်ရှိ တိုင်း နှင့်ပြည်နယ်ခြောက်ခု၌   လေ့ လာမှုပြုလုပ်နေကြောင်း ကမ္ဘာ လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF-မြန်မာ)က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

The Ayeyarwaddy River and the Economy of Myanmarလေ့လာမှုကို ဧရာဝတီမြစ်၏စီး ပွားရေးနှင့် လူမှုအဖွဲ့အစည်းများ အပေါ် အကျိုးပြုမှုများနှင့် ဧရာ ဝတီမြစ်ကောင်းမွန်စွာ စီးဆင်းနိုင် ရန် ရည်ရွယ်လေ့လာခြင်းဖြစ် ကြောင်း WWF- မြန်မာမှ ရေချို အရင်းအမြစ်အစီအစဉ်နှင့် မူဝါဒ ဆိုင်ရာ မန်နေဂျာ မစ္စတာဆာမီ တော်နီကော့စကေးက ပြော သည်။

အဆိုပါလေ့လာမှုသည် WWF- မြန်မာ၏ရေချိုအရင်းအ မြစ်အစီအစဉ်အောက်ရှိ လေ့လာ မှုတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်အ ထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အလယ်ပိုင်းရှိ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ မြစ်အောက်ပိုင်းရှိ ပဲခူးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် လေ့လာမည်ဖြစ်ပြီး ၂၀၁၈ မတ်လ၌ ပထမအဆင့်လေ့လာမှု ပြီးစီး မည်ဖြစ်သည်။

‘‘ကောင်းမွန်စွာ စီးဆင်းနေ တဲ့ဧရာဝတီမြစ်ကြီးက မြန်မာ့စီး ပွားရေးနဲ့လူမှုအဖွဲ့အစည်းတွေ ကို ဘယ်လောက်အထိ အကျိုးပြု နေသလဲဆိုတာ ဒီလေ့လာမှုက တစ်ဆင့် သိလာမှာဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီး ကောင်းမွန်စွာ ဆက်လက်စီးဆင်းနိုင်အောင် ထိန်းသိမ်းဖို့လိုအပ်ကြောင်း အစိုးရနဲ့ ပြည်သူလူထုသိရှိအောင် ဒီ လေ့လာမှုနဲ့တစ်ဖက်တစ်လမ်းက ကူညီခြင်းဖြစ်ပါတယ်’’ဟု မစ္စတာ ဆာမီတော်နီကော့စကေးက ပြောသည်။

ထို့အပြင် WWF- မြန်မာက စီးပွားရေးကဏ္ဍတွင် မြစ်များ၏ အကျိုးပြုပုံလေ့လာမှုစီမံကိန်းအ  ဖြစ် ဧရာဝတီမြစ်ကြောင်းတစ် လျှောက် နုန်းအနည်ပို့ချမှုအခြေ အနေများကို လေ့လာခြင်း၊ စက်မှုလုပ်ငန်းထွက် ရေဆိုးစီမံခန့်ခွဲခြင်း ဆိုင်ရာ နည်းပညာနှင့် စွမ်းရည် မြှင့်တင်ခြင်း၊ ရေရှည်တည်တံ့ သောရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ရေချိုဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေးအ ထောက်အကူပြုစီမံကိန်းများပြု လုပ်လျက်ရှိပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများပါ လုပ်ကိုင်မည်ဖြစ်သည်။

WWF သည် စီးပွားရေးကဏ္ဍ တွင် မြစ်များ၏အကျိုးပြုပုံအမည် ဖြင့် လေ့လာမှုများကို ကင်ညာ၊ နီပေါ၊ ဘူတန်၊ ဇမ်ဘီယာနိုင်ငံတို့ ရှိ မြစ်ဝှမ်းဒေသများနှင့် မဲခေါင် မြစ်အောက်ပိုင်းဒေသတို့၌  ပြု လုပ်ခဲ့ပြီး ငါးလုပ်ငန်းကဏ္ဍ၊ ဆန် စပါးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ခရီး သွားကဏ္ဍ စသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် နိုင်ငံစီးပွားရေး အပေါ် အကျိုးပြုပုံများကို အချက် အလက်များနှင့်တကွ ဖော်ပြခဲ့ သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top