Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
အရက်နဲ့ ပတ်သက်ပြီး မယုံကြည်သင့်တဲ့ အယူအဆ ၁၀ မျိုး
အရက်နဲ့ ပတ်သက်တဲ့အယူတွေမြောက်များစွာရှိပြီး လူတွေက အဲ့အယူပေါ် အခြေခံပြီး အမှန်ကိုမသိမြင်ပဲနဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတယ်။
1.အရက်အလွန်အကျွံသောက်ထားရင် ရေငတ်တယ်
တကယ်တော့အရက်ဟာ ရေ-ဆားဓာတ် မျှတမှုကို လျော့နည်းစေတယ်။ အဲ့ဒါကြောင့် ရေငတ်မှုကို ဖြစ်ပေါ်စေတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ကတော့ မလျော့နည်းဘူး။ ဒါပေမဲ့ သွေးကြောမှာရှိတဲ့ ရေဓာတ်ကို လျော့နည်းစေတာဖြစ်တယ်။ ပြီးတော့ ရေတွေကခန္ဓာကိုယ်ထဲမှာ ဖော်ရောင်တာကြောင့် မနက်ရောက်ရင် ခေါင်းကိုက်ခြင်းဖြစ်ပေါ်စေတယ်။
2.ပိုသက်တမ်းကြာတဲ့ ဝိုင်က ပိုကောင်းတယ်
ဝိုင်တွေအကုန်လုံးမှာ သူ့ရဲ့ သက်တမ်းရှိတယ်။ အဲ့ဒါကြောင့် အမြဲတမ်းသိမ်းထားလို့မရဘူး။ ဘယ်အမျိုးအစားမဆို ကုန်ဆံုံးတဲ့ရက်ရှိတယ်။ တချို့ဝိုင်က တစ်နှစ်ထက်ပိုထားလို့မရဘူး။ ဒါပေမဲ့ တချို့ကလည်း 10-20 နှစ် စောပြီးသောက်ရင် အရသာမရှိတဲ့ဝိုင်လဲ ရှိတယ်။
3.အရက်က ခန္ဓာကိုယ်ကို ပူစေတယ်
အရက်သောက်ပြီးတာနဲ့ ခန္ဓာကိုယ်တွေ ပူလာတယ်။ ဘာလို့လဲဆိုတော့ သွေးက အရေပြားတွေနဲ့ သွားပွတ်တိုက်လို့ဖြစ်တယ်။ တချိန်တည်းမှာပဲ သွေးတွေက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ စီကနေ ထွက်ခွာသွားခြင်းဖြစ်တယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်အေးသွားခြင်းဖြစ်တယ်။
4.တခြားဟာတွေနဲ့ ရောသောက်လို့မရဘူး
ပါတီတစ်ခုမှာ ပျော်ဖို့ ဆိုရင် တခြားအချိုရည်တွေ မသောက်ပဲနဲ့ အရက်သောက်ဖို့ပဲ စဉ်းစားကြတယ်။ တကယ်တမ်း အဲ့လိုဖြစ်ရတာက အရက်တမျိုးတည်းသောက်ရင် ဘယ်လောက်သောက်လိုက်ပြီဆိုတာကို ကြည့်ရတာလွယ်လို့ပဲ။ တခြား အရည်တွေပါ သောက်လိုက်ရင် ဘယ်လောက်သောက်လိုက်မှန်း ပြန်ကြည့်ရပိုခက်တာကြောင့်ဖြစ်တယ်။
5.အရက်သောက်ခြင်းဟာ ရောင်ခြည်တွေကနေ ကာကွယ်ပေးတယ်
ဒီအယူအဆ ဘယ်ကလာလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ အရက်ကတော့ ရောင်ခြည်ဓာတ်ကနေ ကာကွယ်တယ်ဆိုတာ မဟုတ်ပါဘူး။ ရောင်ခြည်တွေကနေ ကာကွယ်ချင်တယ်ဆိုရင် ဆေးတွေရှိပါတယ်။
6.ပင်နီဆီလင် နဲ့ အရက် ဓာတ်မတည့်ခြင်း
တကယ်တော့ တချို့ ပင်နီဆီလင်ဆေးဝါးတွေက အရက်နဲ့ မတည့်တာမှန်တယ်။ တချိန်တည်းမှာပဲ အရက်နဲ့ ဆေးကို သောက်မယ်ဆိုရင် မအီမသာ၊ ခေါင်းတွေလေးပြီး ရင်ဘတ်နာတာတို့ ဖြစ်တတ်တယ်။ ဝိုင်နဲ့ သောက်ရင်တော့ ဘာမှမဖြစ်ပါဘူး။
7.အရက်ပြင်းအား လျှော့ပြီး မသောက်ရဘူး
အရက်သောက်နေရင်းနဲ့ ဘီယာဖြည့်လိုက်မယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ ဘာကိုပဲ အရင်သောက်သောက်ရပါတယ်။ အဓိကကျတာက သင်ဘယ်လောက်သောက်လိုက်တာလဲ ဆိုတာပါပဲ။
8.အရက်က အဆီဓာတ်ပါဝင်တယ်
တကယ်တော့ အရက်က အဆီမပါဝင်ပါဘူး။ ခန္ဓာကိုယ်က အရက်ကို အဆိပ်အဖြစ်သတ်မှတ်ပြီး အမြန်ချေဖျက်တာဖြစ်တယ်။ အဲ့ဒါကြောင့် အရက်တွေကုန်တဲ့အထိ သင့်ရဲ့ အစာချေဖျက်တဲ့နှုန်းကလျော့သွားတယ်။ အရက်မသောက်ခင်စားတဲ့အရာတွေအားလုံးက အဆီဖြစ်စေပါတယ်။
9.အရက်က ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးတယ်
သုတေသနပြုလုပ်ချက်အရ အရက်သောက်တဲ့သူ နဲ့ မသောက်တဲ့သူရဲ့ အာရုံခံသိပ်သည်းဆက ခြားနားမှုမရှိဘူးလို့ ပြထားတယ်။ ဒါပေမဲ့ အရက်က ဦးနှောက်ဆဲလ်အသစ်ဖွံ့ဖြိုးဖို့ အာရုံခံလမ်းကြောင်းကို ဖျက်ဆီးစေတယ်။ ကံကောင်းစွာနဲ့ အရက်မသောက်တော့ရင် အဲ့ဒါက ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားပါတယ်။
10.အစာများများစားရင် အရက်မမူးဘူး
အစာများများစားထားခြင်းက အရက်ဒဏ်ကို ခံနိုင်တယ်ဆိုတာကတော့ အရမ်းအယူအဆမှား နေတဲ့အရာတခုပဲဖြစ်တယ်။ သင့်ဗိုက်ထဲမှာရှိတဲ့ အစာက သောက်ရမဲ့ အရက်ပမာဏကိုပဲ လျော့နည်းစေတာပါ။ သူတို့ဘယ်လောက်သောက်မိလိုက်လဲ သတိမထားမိတဲ့သူက အရမ်းမူးတဲ့ထိ သောက်နိုင်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top