Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဒါပံုၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တာပါ။
ေဒါပံုၿမိဳ႕နယ္၊ ဗမာေအးရပ္ကြက္၊ မင္းနႏၵာလမ္းက တည္းခိုခန္းတစ္ခုမွာ တပ္မေတာ္မွတပ္ၾကပ္ႀကီးတစ္ဦးနဲ႔ ေဖာက္ျပန္ေနတဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ ဇနီးသည္ကို ခင္ပြန္းျဖစ္သူက အသိသက္ေသေတြ ေခၚေဆာင္ၿပီး လက္ရဖမ္းဆီးမႈ ျဖစ္ပြားခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ေဒါပံုၿမိဳ႕နယ္၊ ယမံုနာ(၂)ရပ္ကြက္ မွာေနထိုင္တဲ့ အမ်ိဳးသမီးက ေအာက္တိုဘာလ ၂၇ ရက္ ညေနပိုင္းက ပုလဲၿမိဳ႕သစ္ အရာခံ အၾကပ္ႀကီးလိုင္းမွ အသက္ ၄၉ ႏွစ္အ႐ြယ္ တပ္ၾကပ္ႀကီးတစ္ဦးနဲ႔ အတူ တည္းခိုခန္းမွာ အတူတည္းခိုေနတာကုိ အမ်ိဳးသမီးရဲ႕ ခင္ပြန္းျဖစ္သူက သက္ဆို္င္ရာ ရပ္ကြက္လူႀကီးေတြနဲ႔  ရဲတပ္ဖြဲ႔ထံ သတင္းေပး တိုင္ၾကားခဲ့တာပါ။

အဆိုပါအမ်ိဳးသားက အိမ္ေထာင္ရွိလ်က္နဲ႔ အျခားအမ်ိဳးသားတစ္ဦးနဲ႔ ေပါင္းသင္းဆက္ဆံခဲ့တဲ့ ဇနီးျဖစ္သူကို သူ႔ရဲ႕ခင္ပြန္းက ဥပေဒအရ အေရးယူေပးဖို႔ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ ေဒါပံုၿမိဳ႕မ ရဲစခန္းကေန သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒေါပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။
ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်းက တည်းခိုခန်းတစ်ခုမှာ တပ်မတော်မှတပ်ကြပ်ကြီးတစ်ဦးနဲ့ ဖောက်ပြန်နေတဲ့ အသက် ၄၆ နှစ်အရွယ် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက အသိသက်သေတွေ ခေါ်ဆောင်ပြီး လက်ရဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် မှာနေထိုင်တဲ့ အမျိုးသမီးက အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက ပုလဲမြို့သစ် အရာခံ အကြပ်ကြီးလိုင်းမှ အသက် ၄၉ နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနဲ့ အတူ တည်းခိုခန်းမှာ အတူတည်းခိုနေတာကို အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေနဲ့  ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့တာပါ။

အဆိုပါအမျိုးသားက အိမ်ထောင်ရှိလျက်နဲ့ အခြားအမျိုးသားတစ်ဦးနဲ့ ပေါင်းသင်းဆက်ဆံခဲ့တဲ့ ဇနီးဖြစ်သူကို သူ့ရဲ့ခင်ပွန်းက ဥပဒေအရ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားတယ်လို့ ဒေါပုံမြို့မ ရဲစခန်းကနေ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top