ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘယ္သူမွမသိေသးေသာ ေက်ာ္ၾကားတဲ့ မ်က္လွည့္မ်ား ေနာက္ကြယ္မွ လုပ္ရပ္ ၄ ခု
မ်က္လွည့္ဆိုတာ ကြ်န္ေတာ္တို႔လိုၾကည္ရွုသူအတြက္ကေတာ့ ဆန္းၾကယ္လြန္းပါတယ္။ ဘာလို႔လဲဆိုေတာ့ မ်က္လွည့္ပညာရွင္ေတြ လုပ္ျပတဲ့ လွည့္ကြက္ေတြက ထြက္လာလိုက္ ေပ်ာက္သြားလိုက္နဲ႔ တကယ့္လုပ္ရပ္ေတြလိုပါပဲ။ တကယ္တမ္းေတာ့ မ်က္လွည့္ျပတဲ့သူေတြကလည္း သာမန္သူေတြပါ။ ဒါေပမဲ့ သူတို႔မွာ လွ်ိဳထားတဲ့ နည္းလမ္း နဲ႔ လွည့္ကြက္ေတြရွိေနျခင္းပဲျဖစ္တယ္။
1.မီးရထားတြဲေျပာက္ေအာင္လုပ္ျခင္း
ပိတ္စျဖင့္ ဖံုးအုပ္ထားေသာ မီးရထားတြဲကို လူတစ္အုပ္က ဝိုင္းထားသည္။ ပိတ္စကိုဖယ္လိုက္သည့္ေနာက္ မီးေမွာင္းမ်ားထိုးလာစဥ္ မီးရထားတြဲသည္ အစအန မရွိေပ်ာက္ဆံုးသြားသည္။ ဗီဒီယိုရိုက္ကူးေနစဥ္ လံုးဝကြယ္ေပ်ာက္ျခင္းသည္ အရမ္းအံ့ဖြယ္ေကာင္းေသာ အရာတခုျဖစ္သည္။

ေသခ်ာတာကေတာ့ အဲ့မီးရထားတြဲေပ်ာက္သြားတာ မဟုတ္ပါ။ တကယ္ေတာ့ ထိုအရာသည္ မီးအလင္းထိုးေသာနည္း နွင့္ ဗီဒီယို ရိုက္ကြက္ေတြသာျဖစ္သည္။ ပိတ္ထားေသာ မီးတစ္လံုးကို ပရိတ္သတ္ေတြဘက္ မီးေမွာင္းထိုးျပီး အလင္းေၾကာင့္ မ်က္စိမဖြင့္နိုင္ျဖစ္သည့္အခ်ိန္တြင္ မီးရထားကို သူ႔လမ္းအတိုင္း ေရွ့သုိ႔ဆြဲသြားျခင္းျဖစ္သည္။
2.လူကိုျဖတ္ေက်ာ္သြားျခင္း
မ်က္လွည့္အကူတေယာက္သည္ ေသးငယ္ေသာေသတၱာထဲတြင္ ခတ္ထားျခင္းခံရသည္။ အလယ္ေပါက္ကို လိုက္ကာျဖင့္ကာထားသည္။ မ်က္လွည့္သမားသည္ အေနာက္ဘက္သို႔ေလွ်ာက္သြားျပီး အကူသမားေဘးမွ တိုးဝင္ကာ အံ့ၾသဖြယ္ ေရွ႔သို ့တိုးထြက္သြာျခင္းျဖစ္သည္။

ဤလွည့္ကြက္သည္ ရိုးရွင္းေသာလွည့္ကြက္ျဖစ္သည္။ ေသတၱာေသးေသးေလးထဲတြင္ ရပ္ေနေသာ မ်က္လွည့္အကူသည္ ေသတၱာအလြန္ေသးေၾကာင္း ပရိတ္သက္ကို လိမ္လည္ေနျခင္းျဖစ္သည္။ အမွန္မွာ မ်က္လွည့္သမား ေသတၱာထဲဝင္ေသာအခါ မ်က္လွည့္အကူသည္ ပံုစံေျပာင္းရပ္လုိက္ရံုျဖင့္ လူတစ္ေယာက္ဝင္ထြက္လို႔ရသည့္ အေပါက္ျဖစ္သည္။
3.ဘူးထဲမွေရႊငါး
မ်က္လွည့္သမားသည္ ေရျဖည့္ထားေသာဘူးနွင့္ အဝပိတ္ထားေသာဘူးကို ျပျခင္းျဖစ္သည္။ ထို႔ေနာက္ လက္ကိုင္ပဝါထုတ္လာျပီး ေရးဘူးကိုအုပ္ကာ ဂါထာတခုခု ရြတ္ဆိုလိုက္သည္။ ထို႔ေနာက္ ေရဘူးထဲတြင္ အလိုလိုေနရင္း ေရႊငါးရွိေနသည္ကို ေတြ႔ရသည္။

တကယ္ေတာ့ မ်က္လွည့္ယူလာလုပ္ျပေသာ ေရဘူးအဖံုးေအကာက္တြင္ အလြယ္တကူ ဆြဲထုတ္နိုင္ေသာ အခ်ပ္ေလးပါရွိသည္။ ငါးကို ထိုအလႊာတြင္ထည့္ထားျခင္းျဖစ္သည္။ ထိုအလႊာကို ပီျပင္ေအာင္လုပ္ထားသည့္အတြက္ ပရိတ္သတ္မ်ားျမင္နိင္မည္ မဟုတ္ပါ။ လက္ကိုင္ပဝါကို ဖယ္လိုက္သည့္အခ်ိန္တြင္ ထိုအလႊာကိုပါ ဖယ္ရွားလိုက္ျခင္းျဖစ္သည္။ ထို ့ေၾကာင့္ငါးသည္ ဘူးထဲတြင္သြားေရာက္ေနျခင္းျဖစ္သည္။
4.ခႏၶာကိုယ္ပိုင္းတဲ့ ေသတၱာ
ဤခႏၶာကိုယ္ အပိုင္းပိုင္း ပုိင္းျပသည့္မ်က္လွည့္ကို စင္ေပၚမွာ မၾကာခဏျပေလ့ရွိသည္။ မ်က္လွည့္ဆရာက ခႏၶာကိုယ္ကို ၃-၄ ပိုင္း ပိုင္းကာ ေသတၱာတခုခ်င္းစီတြင္ ျပသျခင္းျဖစ္သည္။ ေနာက္ဆံုးမွာေတာ့ မ်က္လွည့္ဆရာသည္ ခႏၶာကိုယ္အပို္င္းကို ျပန္စပ္ျပီး ထိုမိန္းကေလးသည္ ပံုမွန္အတိုင္းျပန္ျဖစ္သြားသည္။

ဤမ်က္လွည့္၏ လွ်ိဳ ႔ဝွက္ခ်က္သည္ 35 cm အျမင့္ရွိေသတၱာ နွင့္ 20 cm အျမင့္ရွိ ေအာက္ခံေသတၱာကို အသံုးျပဳျခင္းျဖစ္သည္။ ေသတၱာထဲဝင္ျပီးေနာက္ ခႏၶာကိုယ္ကိုယ္အပိုင္းမ်ား ပံုမွန္အတိုင္းျဖစ္ေနသည္ကို ေတြ႔ရလိမ့္မည္။ သို ့ေသာ္ ေသတၱာပိတ္သည့္အခ်ိန္တြင္ ထိုမိန္ကေလးသည္ ထိုင္ခ်လိုက္ျပီး ဦးေခါင္းသည္ ေအာက္ေသတၱာတြင္ရွိေနသည္ကို ေတြ႔ရသည္။ တျခားေသာ ေသတၱာမ်ားတြင္ အတုထည့္ထားျခင္းသာျဖစ္သည္။ တဖန္ ေသတၱာအားလံုးကို ပိတ္ျပီးေနာက္ ထိုမိန္းကေလးသည္ မတ္တပ္ျပန္ရပ္ျခင္းသာျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version #
 ဘယ်သူမှမသိသေးသော ကျော်ကြားတဲ့ မျက်လှည့်များ နောက်ကွယ်မှ လုပ်ရပ် ၄ ခု

မျက်လှည့်ဆိုတာ ကျွန်တော်တို့လိုကြည်ရှုသူအတွက်ကတော့ ဆန်းကြယ်လွန်းပါတယ်။ ဘာလို့လဲဆိုတော့ မျက်လှည့်ပညာရှင်တွေ လုပ်ပြတဲ့ လှည့်ကွက်တွေက ထွက်လာလိုက် ပျောက်သွားလိုက်နဲ့ တကယ့်လုပ်ရပ်တွေလိုပါပဲ။ တကယ်တမ်းတော့ မျက်လှည့်ပြတဲ့သူတွေကလည်း သာမန်သူတွေပါ။ ဒါပေမဲ့ သူတို့မှာ လျှိုထားတဲ့ နည်းလမ်း နဲ့ လှည့်ကွက်တွေရှိနေခြင်းပဲဖြစ်တယ်။

1.မီးရထားတွဲပြောက်အောင်လုပ်ခြင်း

ပိတ်စဖြင့် ဖုံးအုပ်ထားသော မီးရထားတွဲကို လူတစ်အုပ်က ဝိုင်းထားသည်။ ပိတ်စကိုဖယ်လိုက်သည့်နောက် မီးမှောင်းများထိုးလာစဉ် မီးရထားတွဲသည် အစအန မရှိပျောက်ဆုံးသွားသည်။ ဗီဒီယိုရိုက်ကူးနေစဉ် လုံးဝကွယ်ပျောက်ခြင်းသည် အရမ်းအံ့ဖွယ်ကောင်းသော အရာတခုဖြစ်သည်။

သေချာတာကတော့ အဲ့မီးရထားတွဲပျောက်သွားတာ မဟုတ်ပါ။ တကယ်တော့ ထိုအရာသည် မီးအလင်းထိုးသောနည်း နှင့် ဗီဒီယို ရိုက်ကွက်တွေသာဖြစ်သည်။ ပိတ်ထားသော မီးတစ်လုံးကို ပရိတ်သတ်တွေဘက် မီးမှောင်းထိုးပြီး အလင်းကြောင့် မျက်စိမဖွင့်နိုင်ဖြစ်သည့်အချိန်တွင် မီးရထားကို သူ့လမ်းအတိုင်း ရှေ့သို့ဆွဲသွားခြင်းဖြစ်သည်။

2.လူကိုဖြတ်ကျော်သွားခြင်း

မျက်လှည့်အကူတယောက်သည် သေးငယ်သောသေတ္တာထဲတွင် ခတ်ထားခြင်းခံရသည်။ အလယ်ပေါက်ကို လိုက်ကာဖြင့်ကာထားသည်။ မျက်လှည့်သမားသည် အနောက်ဘက်သို့လျှောက်သွားပြီး အကူသမားဘေးမှ တိုးဝင်ကာ အံ့သြဖွယ် ရှေ့သို့တိုးထွက်သွာခြင်းဖြစ်သည်။

ဤလှည့်ကွက်သည် ရိုးရှင်းသောလှည့်ကွက်ဖြစ်သည်။ သေတ္တာသေးသေးလေးထဲတွင် ရပ်နေသော မျက်လှည့်အကူသည် သေတ္တာအလွန်သေးကြောင်း ပရိတ်သက်ကို လိမ်လည်နေခြင်းဖြစ်သည်။ အမှန်မှာ မျက်လှည့်သမား သေတ္တာထဲဝင်သောအခါ မျက်လှည့်အကူသည် ပုံစံပြောင်းရပ်လိုက်ရုံဖြင့် လူတစ်ယောက်ဝင်ထွက်လို့ရသည့် အပေါက်ဖြစ်သည်။

3.ဘူးထဲမှရွှေငါး

မျက်လှည့်သမားသည် ရေဖြည့်ထားသောဘူးနှင့် အဝပိတ်ထားသောဘူးကို ပြခြင်းဖြစ်သည်။ ထို့နောက် လက်ကိုင်ပဝါထုတ်လာပြီး ရေးဘူးကိုအုပ်ကာ ဂါထာတခုခု ရွတ်ဆိုလိုက်သည်။ ထို့နောက် ရေဘူးထဲတွင် အလိုလိုနေရင်း ရွှေငါးရှိနေသည်ကို တွေ့ရသည်။

တကယ်တော့ မျက်လှည့်ယူလာလုပ်ပြသော ရေဘူးအဖုံးအေကာက်တွင် အလွယ်တကူ ဆွဲထုတ်နိုင်သော အချပ်လေးပါရှိသည်။ ငါးကို ထိုအလွှာတွင်ထည့်ထားခြင်းဖြစ်သည်။ ထိုအလွှာကို ပီပြင်အောင်လုပ်ထားသည့်အတွက် ပရိတ်သတ်များမြင်နိင်မည် မဟုတ်ပါ။ လက်ကိုင်ပဝါကို ဖယ်လိုက်သည့်အချိန်တွင် ထိုအလွှာကိုပါ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ငါးသည် ဘူးထဲတွင်သွားရောက်နေခြင်းဖြစ်သည်။

4.ခန္ဓာကိုယ်ပိုင်းတဲ့ သေတ္တာ

ဤခန္ဓာကိုယ် အပိုင်းပိုင်း ပိုင်းပြသည့်မျက်လှည့်ကို စင်ပေါ်မှာ မကြာခဏပြလေ့ရှိသည်။ မျက်လှည့်ဆရာက ခန္ဓာကိုယ်ကို ၃-၄ ပိုင်း ပိုင်းကာ သေတ္တာတခုချင်းစီတွင် ပြသခြင်းဖြစ်သည်။ နောက်ဆုံးမှာတော့ မျက်လှည့်ဆရာသည် ခန္ဓာကိုယ်အပိုင်းကို ပြန်စပ်ပြီး ထိုမိန်းကလေးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

ဤမျက်လှည့်၏ လျှို့ဝှက်ချက်သည် 35 cm အမြင့်ရှိသေတ္တာ နှင့် 20 cm အမြင့်ရှိ အောက်ခံသေတ္တာကို အသုံးပြုခြင်းဖြစ်သည်။ သေတ္တာထဲဝင်ပြီးနောက် ခန္ဓာကိုယ်ကိုယ်အပိုင်းများ ပုံမှန်အတိုင်းဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ သို့သော် သေတ္တာပိတ်သည့်အချိန်တွင် ထိုမိန်ကလေးသည် ထိုင်ချလိုက်ပြီး ဦးခေါင်းသည် အောက်သေတ္တာတွင်ရှိနေသည်ကို တွေ့ရသည်။ တခြားသော သေတ္တာများတွင် အတုထည့်ထားခြင်းသာဖြစ်သည်။ တဖန် သေတ္တာအားလုံးကို ပိတ်ပြီးနောက် ထိုမိန်းကလေးသည် မတ်တပ်ပြန်ရပ်ခြင်းသာဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top