Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

သမီးအရင္းျဖစ္သူအား အႀကိမ္ႀကိမ္မုဒိမ္းက်င့္ခဲ့ၿပီး အျခားသူမ်ားထံမွလည္း ေငြယူကာ ကာမဆက္ဆံခိုင္းသည့္ ဖခင္ျဖစ္သူအား
မံုရြာခရိုင္တရားရံုးတြင္ စစ္ေဆးေန

မံုရြာၿမိဳ႕ အလံုရပ္ကြက္တြင္ ေနထိုင္ေသာ သိန္းလြင္(အသက္ ၄၀ႏွစ္)သည္ အသက္ (၁၂)ႏွစ္အရြယ္ရွိ မိမိ၏ သမီးအရင္းျဖစ္သူအား ညစဥ္နီးပါး မုဒိမ္းက်င့္ခဲ့ၿပီး ေယာက္ဖႏွင့္တကြ အျခားသူမ်ားထံမွလည္း ေငြယူကာ သမီးအရင္းျဖစ္သူအား ကာမဆက္ခံခိုင္းသည့္ သက္ငယ္မုဒိမ္းျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ၿပီး ယခုအခါ မံုရြာခရိုင္တရားရံုးတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ တရားစြဲဆုိထားၿပီး အမႈအမွတ္ (၂၉/၂၀၁၇)ျဖင့္ ရံုးတင္ စစ္ေဆးေနေၾကာင္း သိရွိရပါသည္။

ျဖစ္စဥ္မွာ အလံုရပ္ကြက္တြင္ေနထိုင္ၿပီး က်ပန္းအလုပ္လုပ္ကိုင္သူ သိန္းလြင္သည္ ပထမဇနီး ေဒၚျမင့္ျမင့္စိန္ႏွင့္ သမီးတစ္ေယာက္ သားတစ္ေယာက္ ထြန္းကားခဲ့သည္။ ထို႔ေနာက္ အဆိုပါသိန္းလြင္သည္ မယားငယ္ယူၿပီး မယားငယ္ကိုပါ အိမ္ေပၚအထိ တင္ထားကာ ေပါင္းသင္းေနခဲ့သည္။ အိမ္တြင္ မယားႀကီးျဖစ္သူႏွင့္ သမီးတစ္ေယာက္၊သားတစ္ေယာက္ႏွင့္အတူ မယားငယ္ျဖစ္သူႏွင့္ မယားငယ္မွ ေမြးဖြားထားေသာ ကေလးတစ္ေယာက္ႏွင့္တကြ အတူေနထိုင္ၾကသည္။ ထိုကဲ့သို႔ အတူေနထိုင္ရာတြင္ သိန္းလြင္သည္ မိမိ၏ သမီးအရင္းျဖစ္သူအား ညစဥ္နီးပါး မုဒိမ္းက်င့္ခဲ့သည္။

သမီးျဖစ္သူမွ ရုန္းကန္ေသာအခါ ဓားနဲ႔ထိုးမည္၊ ေဆးလိပ္မီးနဲ႔ထိုးမည္ဟု ၿခိမ္းေျခာက္အၾကပ္ကိုင္ခဲ့သည္။ သမီးအရင္း၏ ေျခေထာက္မ်ားကိုလည္း ေဆးလိပ္မီးႏွင့္ အႀကိမ္ေပါင္းမ်ားစြာ ထိုးကာ ႏွိပ္စက္ၿပီး မုဒိမ္းက်င့္ခဲ့သည္။ တခါတရံတြင္ ေယာက္ဖျဖစ္သူႏွင့္ ေယာက္ဖ၏ သူငယ္ခ်င္းျဖစ္သူမ်ားထံမွ ေငြယူကာ မိမိ၏သမီးအရင္းအား ကာမဆက္ဆံေစခဲ့သည္။

လြန္ခဲ့ေသာ ၂၀၁၇ခုႏွစ္ ဧၿပီလ (၁၇)ေန႔ ညသန္းေခါင္ယံအခ်ိန္တြင္ သမီးျဖစ္သူမွာ ကာမႏွိပ္စက္မႈမ်ားဒဏ္မွ မခံႏိုင္သည့္အဆံုး အိမ္နီးခ်င္းျဖစ္သူ ေဒၚေအးထံသို႔ လာေရာက္တိုင္ၾကားရာမွတစ္ဆင့္ ေဒၚေအးမွ ရဲစခန္းတြင္ အမႈဖြင့္ေပးရာမွတစ္ဆင့္ ဖခင္ျဖစ္သူမွ မိမိသမီးအရင္းျဖစ္သူအား အႀကိမ္ႀကိမ္မုဒိမ္းက်င့္ခဲ့သည့္ အမႈအား ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ယခုအခါတြင္ မံုရြာခရိုင္တရားရံုးတြင္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရပါသည္။ မိမိတုိ႔ Justice House မွလည္း တရားလိုမ်ားအား ကူညီေပးမႈမ်ားႏွင့္ တရားရံုးျဖစ္စဥ္အား ေစာင့္ၾကည့္အကဲခတ္မႈမ်ား ျပဳလုပ္ေပးေနလ်က္ရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yawthama

# Unicode Version ျဖင့္ ဖတ္ရန္ #
သမီးအရင်းဖြစ်သူအား အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး အခြားသူများထံမှလည်း ငွေယူကာ ကာမဆက်ဆံခိုင်းသည့် ဖခင်ဖြစ်သူအား
မုံရွာခရိုင်တရားရုံးတွင် စစ်ဆေးနေ

မုံရွာမြို့ အလုံရပ်ကွက်တွင် နေထိုင်သော သိန်းလွင်(အသက် ၄၀နှစ်)သည် အသက် (၁၂)နှစ်အရွယ်ရှိ မိမိ၏ သမီးအရင်းဖြစ်သူအား ညစဉ်နီးပါး မုဒိမ်းကျင့်ခဲ့ပြီး ယောက်ဖနှင့်တကွ အခြားသူများထံမှလည်း ငွေယူကာ သမီးအရင်းဖြစ်သူအား ကာမဆက်ခံခိုင်းသည့် သက်ငယ်မုဒိမ်းဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး ယခုအခါ မုံရွာခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် တရားစွဲဆိုထားပြီး အမှုအမှတ် (၂၉/၂၀၁၇)ဖြင့် ရုံးတင် စစ်ဆေးနေကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အလုံရပ်ကွက်တွင်နေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်သူ သိန်းလွင်သည် ပထမဇနီး ဒေါ်မြင့်မြင့်စိန်နှင့် သမီးတစ်ယောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက် အဆိုပါသိန်းလွင်သည် မယားငယ်ယူပြီး မယားငယ်ကိုပါ အိမ်ပေါ်အထိ တင်ထားကာ ပေါင်းသင်းနေခဲ့သည်။ အိမ်တွင် မယားကြီးဖြစ်သူနှင့် သမီးတစ်ယောက်၊သားတစ်ယောက်နှင့်အတူ မယားငယ်ဖြစ်သူနှင့် မယားငယ်မှ မွေးဖွားထားသော ကလေးတစ်ယောက်နှင့်တကွ အတူနေထိုင်ကြသည်။ ထိုကဲ့သို့ အတူနေထိုင်ရာတွင် သိန်းလွင်သည် မိမိ၏ သမီးအရင်းဖြစ်သူအား ညစဉ်နီးပါး မုဒိမ်းကျင့်ခဲ့သည်။

သမီးဖြစ်သူမှ ရုန်းကန်သောအခါ ဓားနဲ့ထိုးမည်၊ ဆေးလိပ်မီးနဲ့ထိုးမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။ သမီးအရင်း၏ ခြေထောက်များကိုလည်း ဆေးလိပ်မီးနှင့် အကြိမ်ပေါင်းများစွာ ထိုးကာ နှိပ်စက်ပြီး မုဒိမ်းကျင့်ခဲ့သည်။ တခါတရံတွင် ယောက်ဖဖြစ်သူနှင့် ယောက်ဖ၏ သူငယ်ချင်းဖြစ်သူများထံမှ ငွေယူကာ မိမိ၏သမီးအရင်းအား ကာမဆက်ဆံစေခဲ့သည်။

လွန်ခဲ့သော ၂၀၁၇ခုနှစ် ဧပြီလ (၁၇)နေ့ ညသန်းခေါင်ယံအချိန်တွင် သမီးဖြစ်သူမှာ ကာမနှိပ်စက်မှုများဒဏ်မှ မခံနိုင်သည့်အဆုံး အိမ်နီးချင်းဖြစ်သူ ဒေါ်အေးထံသို့ လာရောက်တိုင်ကြားရာမှတစ်ဆင့် ဒေါ်အေးမှ ရဲစခန်းတွင် အမှုဖွင့်ပေးရာမှတစ်ဆင့် ဖခင်ဖြစ်သူမှ မိမိသမီးအရင်းဖြစ်သူအား အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သည့် အမှုအား ဖော်ထုတ်နိုင်ခဲ့ပြီး ယခုအခါတွင် မုံရွာခရိုင်တရားရုံးတွင် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရပါသည်။ မိမိတို့ Justice House မှလည်း တရားလိုများအား ကူညီပေးမှုများနှင့် တရားရုံးဖြစ်စဉ်အား စောင့်ကြည့်အကဲခတ်မှုများ ပြုလုပ်ပေးနေလျက်ရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top