Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

"ေလာကဒဏ္ ဆိုတာ
ကုန္းခံဖို ့မဟုတ္ဘူးရုန္းကန္ဖို့တဲ့"
ဘယ္စာဆိုစကား ေကာင္းလြန္းလို့ 
ထပ္ခါထပ္ခါ ရြတ္ျပီးအားတင္တာ ႏွစ္ေပါင္းမနည္းေတာ့ဘူး……(တစ္ကယ္မလုပ္လို့ေနမွာေပါ့ေနာ့  :-p 

ငါ့တစ္ေယာက္ထဲ ေလ်ာက္တ့ဲလမ္း 
က်ဥ္းေနတယ္လို့ ငါခံစားတတ္ေနျပီပဲ
 ……                        {ငါ့မ်ား မအဘူး ထင္ေနလား :-D }

မေအာင္ျမင္ျခင္း က်ဆံုးျခင္း 
အစႊန့္ပစ္ခံရမွ ငါ့ရိႈက္သံက 
ဟြန္းကပ္ေနတ့ဲ ယဥ္ဆိုတာ သိေတာ့တယ္ ………

"ခ်စ္သူ မင္းငါ့ကို ယံုလား "
"ဟုတ္ ယုန္သူငယ္မို့ ေတြးပူမိတာ
ေဘးလူတင့္ေအာင္ ခဏေလးေစာင့္ပါ" တ့ဲ
"တခဏ သာယာတာ ထာဝရအပူမရွာပါန့ဲလား ရွင္ရယ္"
တျခားေသာသူအားလံုး မ်က္လံုးေတြ သာ 
ကြယ္ေနမယ္ဆို  ငါ့အတြက္ ႀကြယ္ဝခ်မ္းသာျခင္းေခါင္းစဥ္  မာတိကာ ထဲက ျဖဳတ္လို့ရမွာ အေသအခ်ာေပါ့ ……

ေလာကဇတ္ခံု ကကြက္စံုစံု အေဟာင္းေတြက 
အိပ္ယာထဲထိ ပါပါလာတာ ေအာင့္သက္သက္လက္ခံ မိမွ
ဆြလိုက္ တူးလိုက္ပံုမ်ား ကန္ထရိုက္ေအာ္ဒါ ေျမကြက္ရိုက္သလိုပါလား  ……

"စိတ္ပ်က္စရာ ပါလား ေလာကႀကီးရာ" လို့ 
ၫည္းမိလိုက္မွပဲ 
ပ်က္တ့ဲ စိတ္ ျပင္ရတာ  
ပလယာမႏိုင္ ဂြပါမိႈင္တယ္တ့ဲဗ်ာ… … …

မေရရာတ့ဲေလာကႀကီးမွာ  
ငါ့အတြက္ ေသခ်ာေစတာ
ေသမယ္ဆိုတာပါ…… :-p

ထပ္ရြတ္လိုက္အူးမယ္ 
"ေလာကဒဏ္ ဆိုတာ ကုန္းခံဖို့ မဟုတ္ဘူး
ရုန္းကန္ဖို့ တ့ဲ "

ငါက စာရြက္အလြတ္ အျဖစ္ေတာ့ ရွိေနလိုက္ပါ့မယ္ 
ဘာေရးေရး ေပါ့ ။
ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
"လောကဒဏ် ဆိုတာ
ကုန်းခံဖို့မဟုတ်ဘူးရုန်းကန်ဖို့တဲ့"
ဘယ်စာဆိုစကား ကောင်းလွန်းလို့
ထပ်ခါထပ်ခါ ရွတ်ပြီးအားတင်တာ နှစ်ပေါင်းမနည်းတော့ဘူး……(တစ်ကယ်မလုပ်လို့နေမှာပေါ့နော့  :-p

ငါ့တစ်ယောက်ထဲ လျောက်တဲ့လမ်း
ကျဉ်းနေတယ်လို့ ငါခံစားတတ်နေပြီပဲ
 ……                        {ငါ့များ မအဘူး ထင်နေလား :-D }

မအောင်မြင်ခြင်း ကျဆုံးခြင်း
အစွှန့်ပစ်ခံရမှ ငါ့ရှိုက်သံက
ဟွန်းကပ်နေတဲ့ ယဉ်ဆိုတာ သိတော့တယ် ………

"ချစ်သူ မင်းငါ့ကို ယုံလား "
"ဟုတ် ယုန်သူငယ်မို့ တွေးပူမိတာ
ဘေးလူတင့်အောင် ခဏလေးစောင့်ပါ" တဲ့
"တခဏ သာယာတာ ထာဝရအပူမရှာပါနဲ့လား ရှင်ရယ်"
တခြားသောသူအားလုံး မျက်လုံးတွေ သာ
ကွယ်နေမယ်ဆို  ငါ့အတွက် ကြွယ်ဝချမ်းသာခြင်းခေါင်းစဉ်  မာတိကာ ထဲက ဖြုတ်လို့ရမှာ အသေအချာပေါ့ ……

လောကဇတ်ခုံ ကကွက်စုံစုံ အဟောင်းတွေက
အိပ်ယာထဲထိ ပါပါလာတာ အောင့်သက်သက်လက်ခံ မိမှ
ဆွလိုက် တူးလိုက်ပုံများ ကန်ထရိုက်အော်ဒါ မြေကွက်ရိုက်သလိုပါလား  ……

"စိတ်ပျက်စရာ ပါလား လောကကြီးရာ" လို့
ညည်းမိလိုက်မှပဲ
ပျက်တဲ့ စိတ် ပြင်ရတာ 
ပလယာမနိုင် ဂွပါမှိုင်တယ်တဲ့ဗျာ… … …

မရေရာတဲ့လောကကြီးမှာ 
ငါ့အတွက် သေချာစေတာ
သေမယ်ဆိုတာပါ…… :-p

ထပ်ရွတ်လိုက်အူးမယ်
"လောကဒဏ် ဆိုတာ ကုန်းခံဖို့ မဟုတ်ဘူး
ရုန်းကန်ဖို့ တဲ့ "

ငါက စာရွက်အလွတ် အဖြစ်တော့ ရှိနေလိုက်ပါ့မယ်
ဘာရေးရေး ပေါ့ ။
ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top