Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လမ္းေဘးကေလးငယ္ မ်ားအတြက္ ပထမဦးဆုံးအႀကိမ္ ျပဳလုပ္ေသာ အားကစားၿပိဳင္ပဲြ တြင္ လွဴဒါန္းေငြက်ပ္ ၁၈ သိန္း ခန္႔ ရရွိသည္ဟု ပဲြစီစဥ္သည့္ Junior Dream (npo) အဖဲြ႕မွ မအိေႁႏၵေနႏြယ္က ေျပာသည္။

 အဆုိပါ အားကစားပဲြကုိ လွည္းတန္း ခုံးေက်ာ္တံတား ေအာက္ႏွင့္ ဘူတာႀကီးအနီးရွိ ကေလးအလုပ္သမားမ်ား၊ အစိုးရညေက်ာင္းမ်ားမွ ကေလးအလုပ္သမားမ်ားကို စာသင္သည့္ ပရဟိတအဖဲြ႕မ်ားမွ ေစတနာ့၀န္ ထမ္းမ်ားက ပဲြျဖစ္ေျမာက္ေရးအတြက္ ကေလးမ်ားကို စည္း႐ုံး ၿပီး က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာန (အားကစားႏွင့္ ကာ ယပညာသိပၸံ)က နည္းျပမ်ားႏွင့္ အတူ က်ဳိကၠဆံအားကစားကြင္း ကို အသုံးျပဳခြင့္ေပးျခင္းမ်ားျဖင့္ ပံ့ပိုးက်င္းပခဲ့သည္။


ထုိပဲြကို ေအာက္တိုဘာ ၂၈ ရက္တြင္ က်ဳိကၠဆံအားကစား ကြင္း၌ က်င္းပၿပီး အိမ္တြင္ စိတ္ ညစ္၍ ထြက္ေျပးေလ့ရွိသည့္ လမ္းေပ်ာ္ ကေလးငယ္မ်ား၊ ကေလးအလုပ္သမားမ်ား၊ လမ္း ေဘးတြင္ ေနထုိင္ရသည့္ ကေလး ငယ္မ်ား ပါ၀င္ေသာ ကေလး ၇၇ ဦးက လွံတံပစ္၊ သံလုံးပစ္၊ သံျပား ပစ္၊ ေဘာလုံးကန္ျခင္း၊ မီတာ ၅၀ မွစ၍ မီတာ ၈၀၀ အထိ အေျပးၿပိဳင္ျခင္း စသည့္ အားကစား ၁၄ မ်ဳိး ယွဥ္ၿပိဳင္ကစားခဲ့ေၾကာင္း ပဲြစီစဥ္သူတစ္ဦးျဖစ္သည့္ ကိုဇဲြက ေျပာသည္။

‘‘သာမန္ကေလးေတြေတာင္ဒီလုိကစားနည္းေတြ စနစ္တက် ေလ့က်င့္ထားရင္ေတာင္ ေတာ္ေတာ္ေလ့က်င့္ရတယ္။ လွံတံပစ္ တို႔၊ သံလုံးပစ္၊ မီတာနဲ႔ ေျပးတာတို႔ဆုိေတာ့ ၿပိဳင္ပဲြမလုပ္ခင္ နည္းျပေတြနဲ႔ႀကိဳၿပီး ကစားနည္းေတြ ကို ေလ့က်င့္ထားရတာေပါ့။ ဒီလိုလုပ္ရျခင္းက သူတုိ႔က လူ႔အဖဲြ႕အစည္းရဲ႕ အပစ္ပယ္ခံမဟုတ္ ဘူးဆိုတာ သူတုိ႔ကိုယ္တုိင္ေရာ၊ အားလုံးကိုေရာ သိေစခ်င္တယ္’’ ဟု ကိုဇဲြကေျပာသည္။

ဆက္လက္၍ ‘‘ပဲြစီစဥ္ေတာ့ အခက္အခဲက ကေလးေတြကို စည္း႐ုံးဖို႔မလြယ္ဘူး။ သူတုိ႔ေကာ္ ႐ွဴတာကေန ဒီလုိၿပိဳင္ပဲြမ်ဳိးမွာ ႀကိဳ တင္ေလ့က်င့္ၿပီးမွ ယွဥ္ၿပိဳင္ခ်င္ ေအာင္ ဆဲြေဆာင္ရတာ မလြယ္ ဘူး။ စကားေျပာရဖို႔ဆုိတာ လနဲ႔ ခ်ီၾကာတယ္။ သူတုိ႔နဲ႔ ရင္းႏွီးၿပီး ေတာ့ ၂ ႏွစ္ေက်ာ္၊ သုံးႏွစ္အ တြင္းရွိမွ ဒီလိုလုပ္ႏုိင္တာ။ သူတုိ႔ အတြက္ ဒီလိုၿပိဳင္ပဲြမ်ဳိးနဲ႔ ၿပိဳင္ဖို႔ အခြင့္အလမ္း အရမ္းနည္းေန တယ္’’ဟု ကိုဇဲြကေျပာသည္။

ယင္းပဲြမွရရွိေသာ အလွဴေငြ ၁၈ သိန္းကို ၿပိဳင္ပဲြတြင္ ဆုရရွိ ေသာ ကေလးမ်ားအတြက္ ဆုခ်ီး ျမႇင့္ျခင္းႏွင့္ ၿပိဳင္ပဲြ၀င္ရန္ ကေလး မ်ားလုိအပ္ေသာ အသုံးအေဆာင္ မ်ား ေထာက္ပံ့ရန္ အသုံးျပဳခဲ့ ေၾကာင္း မအိေႁႏၵေနႏြယ္က ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

လမ်းဘေးကလေးငယ် များအတွက် ပထမဦးဆုံးအကြိမ် ပြုလုပ်သော အားကစားပြိုင်ပွဲ တွင် လှူဒါန်းငွေကျပ် ၁၈ သိန်း ခန့် ရရှိသည်ဟု ပွဲစီစဉ်သည့် Junior Dream (npo) အဖွဲ့မှ မအိနြေ္ဒနေနွယ်က ပြောသည်။

 အဆိုပါ အားကစားပွဲကို လှည်းတန်း ခုံးကျော်တံတား အောက်နှင့် ဘူတာကြီးအနီးရှိ ကလေးအလုပ်သမားများ၊ အစိုးရညကျောင်းများမှ ကလေးအလုပ်သမားများကို စာသင်သည့် ပရဟိတအဖွဲ့များမှ စေတနာ့ဝန် ထမ်းများက ပွဲဖြစ်မြောက်ရေးအတွက် ကလေးများကို စည်းရုံး ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အားကစားနှင့် ကာ ယပညာသိပ္ပံ)က နည်းပြများနှင့် အတူ ကျိုက္ကဆံအားကစားကွင်း ကို အသုံးပြုခွင့်ပေးခြင်းများဖြင့် ပံ့ပိုးကျင်းပခဲ့သည်။


ထိုပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ကျိုက္ကဆံအားကစား ကွင်း၌ ကျင်းပပြီး အိမ်တွင် စိတ် ညစ်၍ ထွက်ပြေးလေ့ရှိသည့် လမ်းပျော် ကလေးငယ်များ၊ ကလေးအလုပ်သမားများ၊ လမ်း ဘေးတွင် နေထိုင်ရသည့် ကလေး ငယ်များ ပါဝင်သော ကလေး ၇၇ ဦးက လှံတံပစ်၊ သံလုံးပစ်၊ သံပြား ပစ်၊ ဘောလုံးကန်ခြင်း၊ မီတာ ၅၀ မှစ၍ မီတာ ၈၀၀ အထိ အပြေးပြိုင်ခြင်း စသည့် အားကစား ၁၄ မျိုး ယှဉ်ပြိုင်ကစားခဲ့ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုဇွဲက ပြောသည်။

‘‘သာမန်ကလေးတွေတောင်ဒီလိုကစားနည်းတွေ စနစ်တကျ လေ့ကျင့်ထားရင်တောင် တော်တော်လေ့ကျင့်ရတယ်။ လှံတံပစ် တို့၊ သံလုံးပစ်၊ မီတာနဲ့ ပြေးတာတို့ဆိုတော့ ပြိုင်ပွဲမလုပ်ခင် နည်းပြတွေနဲ့ကြိုပြီး ကစားနည်းတွေ ကို လေ့ကျင့်ထားရတာပေါ့။ ဒီလိုလုပ်ရခြင်းက သူတို့က လူ့အဖွဲ့အစည်းရဲ့ အပစ်ပယ်ခံမဟုတ် ဘူးဆိုတာ သူတို့ကိုယ်တိုင်ရော၊ အားလုံးကိုရော သိစေချင်တယ်’’ ဟု ကိုဇွဲကပြောသည်။

ဆက်လက်၍ ‘‘ပွဲစီစဉ်တော့ အခက်အခဲက ကလေးတွေကို စည်းရုံးဖို့မလွယ်ဘူး။ သူတို့ကော် ရှူတာကနေ ဒီလိုပြိုင်ပွဲမျိုးမှာ ကြို တင်လေ့ကျင့်ပြီးမှ ယှဉ်ပြိုင်ချင် အောင် ဆွဲဆောင်ရတာ မလွယ် ဘူး။ စကားပြောရဖို့ဆိုတာ လနဲ့ ချီကြာတယ်။ သူတို့နဲ့ ရင်းနှီးပြီး တော့ ၂ နှစ်ကျော်၊ သုံးနှစ်အ တွင်းရှိမှ ဒီလိုလုပ်နိုင်တာ။ သူတို့ အတွက် ဒီလိုပြိုင်ပွဲမျိုးနဲ့ ပြိုင်ဖို့ အခွင့်အလမ်း အရမ်းနည်းနေ တယ်’’ဟု ကိုဇွဲကပြောသည်။

ယင်းပွဲမှရရှိသော အလှူငွေ ၁၈ သိန်းကို ပြိုင်ပွဲတွင် ဆုရရှိ သော ကလေးများအတွက် ဆုချီး မြှင့်ခြင်းနှင့် ပြိုင်ပွဲဝင်ရန် ကလေး များလိုအပ်သော အသုံးအဆောင် များ ထောက်ပံ့ရန် အသုံးပြုခဲ့ ကြောင်း မအိနြေ္ဒနေနွယ်က ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top