ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ၾကက္သြန္ျဖဴမွာ က်န္းမာေရး ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီအထဲကမွ လူသိနည္းေနေသးတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ားကို ေ၀မွ်ခ်င္ပါတယ္။

၀က္ၿခံေတြအတြက္

ၾကက္သြန္ျဖဴက ၀က္ၿခံ ေတြ ေလွ်ာ့နည္းေပ်ာက္ကင္းဖို႔အတြက္လည္း ကူညီေပးပါတယ္။ ၾကက္သြန္ျဖဴေတြကို ေရေဆးၿပီးရင္ ၀က္ၿခံထြက္တဲ့ေနရာကို ကပ္ေပးရမွာျဖစ္ပါတယ္။ ၿပီးမွ ေရျပန္ေဆးခ်ပါ။

သြားကိုက္ရင္

ညသန္းေခါင္ သြားကိုက္လို႔သြားဆရာ၀န္ဆီ သြားလို႔မရေသးခင္ ၾကက္သြန္ျဖဴနဲ႔သြားကိုက္သက္သာေအာင္ လုပ္ေဆာင္ထားလို႔ရပါတယ္။ ၾကက္သြန္ျဖဴကို သြားနာေနတဲ့ေနရာနားမွာ ကိုက္၀ါးတာျဖစ္ျဖစ္ နာေနတဲ့သြားရဲ႕ အေနာက္ဘက္နားမွာ ထည့္ထားတာျဖစ္ျဖစ္ လုပ္ေဆာင္လုိ႔ရပါတယ္။

မ်က္ႏွာကို သန္႔ရွင္းေရးလုပ္ႏိုင္

မ်က္ႏွာသစ္ေဆးေတြ ဆပ္ျပာေတြမွာ ဓာတုပစၥည္းေတြပါ၀င္တာေၾကာင့္ အသားအေရ ပ်က္စီးတာ ေျခာက္ေသြ႔တာေတြ ျဖစ္ႏိုင္ပါတယ္။

ၾကက္သြန္ျဖဴမွာေတာ့ Allicin ဓာတ္ပါ၀င္တာေၾကာင့္ အဲဒီဓာတ္က ဘက္တီးရီးယား၊ ဗားရက္စ္ နဲ႔ မိႈေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ အဲ့ဒီဓာတ္က မ်က္ႏွာေပၚက ၀က္ၿခံေတြ နဲ႔တျခား အေရျပားေရာဂါေတြကိုလည္း သန္႔ရွင္းေပးပါတယ္။ ၾကက္သြန္ျဖဴကို ပါးပါးလွီးၿပီး မ်က္ႏွာကို ပြတ္ေပးကာ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ေပးပါ။ ၿပီးရင္ အသားအေရ အစိုဓာတ္ရေအာင္ Moisturizer တစ္ခုခု လိမ္းေပးပါ။

ေျခေထာက္မွာ မႈိကပ္တာေတြ ဖယ္ရွားဖို႔

အားကစားသမားေတြနဲ႔ Shoe ဖိနပ္စီးတာမ်ားတဲ့ သူေတြရဲ႕ ေျခေထာက္မွာ အနံ႔ဆုိးေတြ၊ မိႈကပ္တာေတြ ျဖစ္တတ္ပါတယ္။ အဲ့ဒါေတြကို ေပ်ာက္ကင္းႏိုင္ဖို႔ ၾကက္သြန္ျဖဴမ်ားကို ပါးပါးလွီးၿပီး ေရေႏြးထဲထည့္ကာ စိမ္ေပးပါ။ ဒါမွမဟုတ္ရင္ သံလြင္ဆီကို ၾကက္သြန္ျဖဴနဲ႔ ေရာၿပီး မႈိရွိေနတဲ့ေနရာေတြကို ဂြမ္းနဲ႔သုတ္ေပးပါ။

ပိုးမႊားေတြကို ဖယ္ရွားဖို႔

ကိုယ့္အိမ္မွာ စိုက္ထားတဲ့ ပန္းပင္ေတြ၊ အသီးအရြက္ပင္ေတြမွာ ပိုးမႊားက်ေနရင္လည္း ၾကက္သြန္ျဖဴ၊ ေရေႏြးနဲ႔ ဆပ္ျပာတုိ႔ကို စပ္ၿပီး ေရျဖန္းတဲ့ ဗူး (spray bottle) ထဲထည့္ၿပီး ျဖန္းေပးပါ။ ဒါဆိုရင္ ပိုးမႊားေတြကို အလြယ္တကူ ဖယ္ရွားႏိုင္မွာျဖစ္ပါတယ္။

ဖ်ားနာေနရင္

ဖ်ားနာေနရင္လည္း ၾကက္သြန္ျဖဴကို အစိမ္းစားသင့္ပါတယ္။ ဒါဆုိရင္ ကိုယ္ခံအားနစ္ကို ပိုေကာင္းေစၿပီး အဖ်ားေပ်ာက္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
ကြက်သွန်ဖြူမှာ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ လူသိနည်းနေသေးတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ဝေမျှချင်ပါတယ်။

ဝက်ခြံတွေအတွက်

ကြက်သွန်ဖြူက ဝက်ခြံတွေ လျှော့နည်းပျောက်ကင်းဖို့အတွက်လည်း ကူညီပေးပါတယ်။ ကြက်သွန်ဖြူတွေကို ရေဆေးပြီးရင် ဝက်ခြံထွက်တဲ့နေရာကို ကပ်ပေးရမှာဖြစ်ပါတယ်။ ပြီးမှ ရေပြန်ဆေးချပါ။

သွားကိုက်ရင်

ညသန်းခေါင် သွားကိုက်လို့သွားဆရာဝန်ဆီ သွားလို့မရသေးခင် ကြက်သွန်ဖြူနဲ့သွားကိုက်သက်သာအောင် လုပ်ဆောင်ထားလို့ရပါတယ်။ ကြက်သွန်ဖြူကို သွားနာနေတဲ့နေရာနားမှာ ကိုက်ဝါးတာဖြစ်ဖြစ် နာနေတဲ့သွားရဲ့ အနောက်ဘက်နားမှာ ထည့်ထားတာဖြစ်ဖြစ် လုပ်ဆောင်လို့ရပါတယ်။

မျက်နှာကို သန့်ရှင်းရေးလုပ်နိုင်

မျက်နှာသစ်ဆေးတွေ ဆပ်ပြာတွေမှာ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် အသားအရေ ပျက်စီးတာ ခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။

ကြက်သွန်ဖြူမှာတော့ Allicin ဓာတ်ပါဝင်တာကြောင့် အဲဒီဓာတ်က ဘက်တီးရီးယား၊ ဗားရက်စ် နဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီဓာတ်က မျက်နှာပေါ်က ဝက်ခြံတွေ နဲ့တခြား အရေပြားရောဂါတွေကိုလည်း သန့်ရှင်းပေးပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး မျက်နှာကို ပွတ်ပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးပါ။ ပြီးရင် အသားအရေ အစိုဓာတ်ရအောင် Moisturizer တစ်ခုခု လိမ်းပေးပါ။

ခြေထောက်မှာ မှိုကပ်တာတွေ ဖယ်ရှားဖို့

အားကစားသမားတွေနဲ့ Shoe ဖိနပ်စီးတာများတဲ့ သူတွေရဲ့ ခြေထောက်မှာ အနံ့ဆိုးတွေ၊ မှိုကပ်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကို ပျောက်ကင်းနိုင်ဖို့ ကြက်သွန်ဖြူများကို ပါးပါးလှီးပြီး ရေနွေးထဲထည့်ကာ စိမ်ပေးပါ။ ဒါမှမဟုတ်ရင် သံလွင်ဆီကို ကြက်သွန်ဖြူနဲ့ ရောပြီး မှိုရှိနေတဲ့နေရာတွေကို ဂွမ်းနဲ့သုတ်ပေးပါ။

ပိုးမွှားတွေကို ဖယ်ရှားဖို့

ကိုယ့်အိမ်မှာ စိုက်ထားတဲ့ ပန်းပင်တွေ၊ အသီးအရွက်ပင်တွေမှာ ပိုးမွှားကျနေရင်လည်း ကြက်သွန်ဖြူ၊ ရေနွေးနဲ့ ဆပ်ပြာတို့ကို စပ်ပြီး ရေဖြန်းတဲ့ ဗူး (spray bottle) ထဲထည့်ပြီး ဖြန်းပေးပါ။ ဒါဆိုရင် ပိုးမွှားတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ဖျားနာနေရင်

ဖျားနာနေရင်လည်း ကြက်သွန်ဖြူကို အစိမ်းစားသင့်ပါတယ်။ ဒါဆိုရင် ကိုယ်ခံအားနစ်ကို ပိုကောင်းစေပြီး အဖျားပျောက်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top