Golden City Promotion
×

တစ္ခါတစ္ေလမွာ… ပတ္ဝန္းက်င္က လူေတြက စိတ္ရင္းအမွန္၊ ေစတနာ အမွန္နဲ႔ ဆက္ဆံဖုိ႔ မထုိက္တန္ဘူးဆုိတာ သိလာတယ္။

ကုိယ့္ဘက္က ဘယ္ေလာက္ပဲ ေကာင္းပါေစ… သူတုိ႔ဘက္က ကုိယ့္အေပၚ ျပန္ေကာင္းခ်င္မွ
 ေကာင္းတတ္ၾကပါတယ္။ ကုိယ့္က်ိဳးလုိလုိ႔ ကုိယ့္ဆီေရာက္လာတဲ့ သူေတြနဲ႔လည္း ႀကံဳခဲ့ဖူးပါတယ္။

တစ္ခါတစ္ေလမ်ား…. စိတ္ေကာင္းေပ်ာက္သြားခ်ိန္၊ ကုိယ့္ကုိမလုိ ေတာ့တဲ့ အခ်ိန္ဆုိ… ကုိယ္ကရီျပရင္ေတာင္ သူတုိ႔ကျပန္ရီျပခ်င္မွ ျပန္ရီျပတတ္ၾက ပါတယ္။

 စိတ္ထဲကမပါလာတဲ့ အသက္မဲ့အၿပံဳး ေတြ၊ မဲ့ၿပံဳးေတြ၊ ေလွာင္ၿပံဳးေတြ၊ စိတ္ရင္းမမွန္တဲ့ အၿပံဳးတုေတြ ျပန္ ေပးတတ္ၾကပါတယ္။

ဒီေတာ့… ဒီလုိပတ္ဝန္းက်င္မွာ ေနသားက်ၿပီး ရင့္က်က္လာတဲ့အတြက္ေတာ့ …. မွန္တစ္ခ်ပ္လုိပဲျပဳမူေနထုိင္သြားတတ္ေတာ့တယ္။

ကုိယ့္ကုိ ၿပံဳးျပရင္ ကုိယ္ကလည္း ျပန္ၿပံဳးျပလုိက္မယ္။

ကုိယ့္ကုိမဲ့ျပရင္ ကုိယ္ကလည္း ျပန္မဲ့ျပ ရံုပါပဲ။

စိတ္ရင္းအမွန္နဲ႔ ဆက္ဆံဖုိ႔ထုိက္တဲ့သူေတြကုိပဲ စိတ္ရင္းအမွန္ ထားေပးေတာ့မယ္။

 အေပၚယံနဲ႔ပဲ ဆက္ဆံဖုိ႔ထုိက္တဲ့သူေတြအတြက္ေတာ့ အေပၚယံစိတ္ထားတာပဲ တန္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
တစ်ခါတစ်လေမှာ… ပတ်ဝန်းကျင်က လူတွေက စိတ်ရင်းအမှန်၊ စေတနာ အမှန်နဲ့ ဆက်ဆံဖို့ မထိုက်တန်ဘူးဆိုတာ သိလာတယ်။

ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းပါစေ… သူတို့ဘက်က ကိုယ့်အပေါ် ပြန်ကောင်းချင်မှ
 ကောင်းတတ်ကြပါတယ်။ ကိုယ့်ကျိုးလိုလို့ ကိုယ့်ဆီရောက်လာတဲ့ သူတွေနဲ့လည်း ကြုံခဲ့ဖူးပါတယ်။

တစ်ခါတစ်လေများ…. စိတ်ကောင်းပျောက်သွားချိန်၊ ကိုယ့်ကိုမလို တော့တဲ့ အချိန်ဆို… ကိုယ်ကရီပြရင်တောင် သူတို့ကပြန်ရီပြချင်မှ ပြန်ရီပြတတ်ကြ ပါတယ်။

 စိတ်ထဲကမပါလာတဲ့ အသက်မဲ့အပြုံး တွေ၊ မဲ့ပြုံးတွေ၊ လှောင်ပြုံးတွေ၊ စိတ်ရင်းမမှန်တဲ့ အပြုံးတုတွေ ပြန် ပေးတတ်ကြပါတယ်။

ဒီတော့… ဒီလိုပတ်ဝန်းကျင်မှာ နေသားကျပြီး ရင့်ကျက်လာတဲ့အတွက်တော့ …. မှန်တစ်ချပ်လိုပဲပြုမူနေထိုင်သွားတတ်တော့တယ်။

ကိုယ့်ကို ပြုံးပြရင် ကိုယ်ကလည်း ပြန်ပြုံးပြလိုက်မယ်။

ကိုယ့်ကိုမဲ့ပြရင် ကိုယ်ကလည်း ပြန်မဲ့ပြ ရုံပါပဲ။

စိတ်ရင်းအမှန်နဲ့ ဆက်ဆံဖို့ထိုက်တဲ့သူတွေကိုပဲ စိတ်ရင်းအမှန် ထားပေးတော့မယ်။

 အပေါ်ယံနဲ့ပဲ ဆက်ဆံဖို့ထိုက်တဲ့သူတွေအတွက်တော့ အပေါ်ယံစိတ်ထားတာပဲ တန်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top