Golden City Promotion
×

လင္းေခးခရိုင္ ၊မိုးနဲၿမိဳ႕နယ္ ၿမိဳ႕မေစ်းအေရွ႕ဘက္တိုက္တန္း အထည္ဆိုင္ခန္းေနရာ၌ ယေန႔ ည ၆ နာရီ ၄၅ အခ်ိန္ခန္႔က မီးပံုးပ်ံ ျပဳတ္က်ရာမွ မီးေလာင္မႈျဖစ္ပြားခဲ႔သည္။

ျဖစ္စဥ္မွာ ယေန႔ည ၆ နာရီ ၄၅ အခ်ိန္ခန္႔က မိုးနဲၿမိဳ႕ ၿမိဳ႕မေစ်း အရွ႕ဘက္ဆိုင္ခန္း ဆိုင္ပိုင္ရွင္ ေဒၚေရွာက္ရွန္း ၏အထည္ဆိုင္ အမိုးေပၚသို႕မီးပံုးပ်ံက်ရာမွတစ္ဆင့္စတင္မီးကူးခဲ႔ၿပီး ဆိုင္ခန္းအတြင္ရွိ အထည္မ်ားသို႔ဆက္လက္မီး ကူစက္ေလာင္က်ြမ္း ခဲ႔ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈအား စည္ပင္သာယာေရးေကာ္မတီဝင္မ်ား ၊ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ဝင္မ်ား ၊တပ္မေတာ္သားမ်ား ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဝင္မ်ား ၊ေစ်းသူေစ်းသားမ်ား ၊ျပည္သူမ်ားက မီးသတ္ကား ႏွစ္စီး ေရသယ္ယာဥ္တစ္စီးျဖင့္ ဝိုင္းဝန္း မီးၿငိမ္းသတ္ခဲ႔ရာ ည ၇ နာရီ ၁၀ အခ်ိန္ခန္႔တြင္မီးၿငိမ္းသတ္ႏိုင္ခဲ႔သည္။

မီးေလာင္မႈေၾကာင့္ ပိုင္ရွင္ေဒၚေရွာက္ရွန္း ၏ အထည္ဆိုင္ ၄ ခန္းတြဲမွာမီးေလာင္ဆံုးရႈံးခဲ႔ေၾကာင္းသိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မြို့မဈေးအရှေ့ဘက်တိုက်တန်း အထည်ဆိုင်ခန်းနေရာ၌ ယနေ့ ည ၆ နာရီ ၄၅ အချိန်ခန့်က မီးပုံးပျံ ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ည ၆ နာရီ ၄၅ အချိန်ခန့်က မိုးနဲမြို့ မြို့မဈေး အရှ့ဘက်ဆိုင်ခန်း ဆိုင်ပိုင်ရှင် ဒေါ်ရှောက်ရှန်း ၏အထည်ဆိုင် အမိုးပေါ်သို့မီးပုံးပျံကျရာမှတစ်ဆင့်စတင်မီးကူးခဲ့ပြီး ဆိုင်ခန်းအတွင်ရှိ အထည်များသို့ဆက်လက်မီး ကူစက်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား စည်ပင်သာယာရေးကော်မတီဝင်များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ဈေးသူဈေးသားများ ၊ပြည်သူများက မီးသတ်ကား နှစ်စီး ရေသယ်ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၀ အချိန်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ပိုင်ရှင်ဒေါ်ရှောက်ရှန်း ၏ အထည်ဆိုင် ၄ ခန်းတွဲမှာမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top