Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #


1 ကိုကင်း နှင့် ကုသမှု












Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #

တကယ်လို့ သင်ဟာ ဒီခေတ် မှာ ဒီအရာတွေကို မြင်ရင် အံ့သြသင့်ပြီး အပြစ်တင် မိမှာဖြစ်ပါတယ်။ဒါပေမယ့် အရင်ခေတ်က ဒါဟာ ထူးဆန်း တဲ့ ကိစ္စတဲ့မဟုတ်ပါဘူး။လူတိုင်းနီးပါးလုပ်နေတဲ့အရာဖြစ်ပြီး သိပ်တော့ထူးထူးဆန်းဆန်း သဘောမထားခဲ့ပါဘူး။ဒီတော့ တချိန်က သူတို့ ဘယ်လို ရူးသွပ်ဖွယ်အလုပ်တွေလုပ်ခဲ့လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

1 ကိုကင်း နှင့် ကုသမှု

လွန်ခဲ့တဲ့ နှစ် 100 အလွန်က လူတွေက ကိုကင်း ကို ကုသရေးဘက်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။သွားကိုက်တာအတွက် ကိုကင်း ကို အစက်ချပုံစံသုံးခဲ့တာဖြစ်ပြီး ဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ကိုကင်းဟာ မူးယစ်ဆေး ဈေးကွက် ထဲ ဝင်ရောက်ပြီး သေဆုံးသူ များလာလို့ မဖြစ်မနေ ပိတ်လိုက်ရတာဖြစ်ပါတယ်။

2.၂၀ ရာစုအစပိုင်းမှာ တကယ်ကို ရှိခဲ့တဲ့ ကလေးတွေကို Mail နဲ့ ပို့တာဖြစ်ပါတယ်။ဒါဟာ တကယ်တော့ အခုချိန်မှာ ပြောရင် ဟာသ တခုလို ဖြစ်နေပြီး အမေရိကန်လူမျိုးတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေး ကို ကျောင်း၊အဖွားအိမ်နဲ့ တခြားနေရာကို ပို့စေချင်ရင် စာတိုက်ကနေပို့လိုက်ပြီး စာပို့သမားက ခေါ်သွားပေးရတာဖြစ်ပါတယ်။ ကလေး ရဲ့ အလေးချိန် ကိုလိုက်ပြီး ပိုက်ဆံတွက်ချက်ပေးရတာဖြစ်ပါတယ်။

3. 1930 ခုနှစ်လောက်မှာ မိဘ တွေဟာ ကလေး တွေကို တိုက်ခန်းမြင့်တွေရဲ့ ပြတင်းပေါက်မှာ လှောင်အိမ်နဲ့ ထားရှိတာဖြစ်ပါတယ်။ ကလေး အတွက် လေကောင်းလေသန့်လဲရသလို မိခင် အတွက် အိမ်တွင်းအ လုပ်တွေကို မြန်မြန်ပြီးစီးတယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။

4 . လူသား တိရိစ္ဆာန်ရုံ များ

5. ချမ်းသာတဲ့ လူတချို့ဟာ သူတို့မှာ ရူးနှမ်းနှမ်း အိမ်မက် တွေရှိပြီးတော့ သူတို့ရဲ့ အိပ်မက် ကို အကောင်အထည်ဖော်တဲ့အခါ တဖက်သားကို စိတ်ကသိကအောက်ဖြစ်စေပါတယ်။၁၈ ရာစုလောက်မှာ ပေါ်ထွက်လာတဲ့ ရသေ့တွေဟာ သူတို့လူဝတ်ကြောင်မှာတုန်းက ဥယျာဉ်ပ န်းခြံဆောက်လုပ်ပြီး နေထိုင်ကြပါတယ်။သူတို့နဲ့ ရသေ့ဘောင် ဝင်ရင် လက်သည်းခြေသည်းညှပ်ခြင်း၊ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းတွေ မပြုလုပ်ခိုင်းပါဘူး။ လူတွေ ဖန်တီးထားတဲ့ လှိုဏ်ခေါင်းမှာသာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

6.ကြာခဲ့ပြီဖြစ်တဲ့အချိန်က ဆရာဝန် တွေဟာ ဆန်းကြယ်တဲ့နည်းလမ်းတွေကိုသုံးပြီး လူနာ တွေကို ကုသမှုပြုလုပ်ခဲ့ပါတယ်။အဖျားရောဂါတွေအတွက် သွေးအတွင်း ပိုးသတ်ဆေးရည် အနည်းငယ်ထိုးသွင်းတာမျိုး၊

လူရဲ့ သွေးပုလင်း ကို သွေးပုလင်း သောက်ခိုင်းတာ၊စိတ်ဖောက်ပြန်မှုအတွက် လျှာဖြတ်တာနဲ့ အခြား လျှပ်စစ်ပေးကုသတာတွေ လုပ်ခဲ့ပါတယ်။တချို့သော ဆရာဝန် တွေဟာ အဲ့ခေတ်က အဲ့အခါက အ၇မ်းနာမည်ကြီးခဲ့သူတွေဖြစ်ပြီး သူတို့လူနာ တွေနဲ့ ပန်းချီပုံတွေကို အိမ်နံရံတွေမှာ ချိတ်ထားရတဲ့အထိပါပဲ။

7 1950 ဝန်းကျင်လောက်မှာ ထွက်ရှိခဲ့တဲ့ ကလေး ကစားစရာ ဓာတ်ခွဲခန်းငယ်လေးတွေမှာ ရေဒီယို သတ္တိကြွမှုနှုန်းကို အများဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။Polonium နဲ့ Uranium တွေရဲ့ ပေါင်းစပ်မှုပမာဏလဲ တွေ့ရှိရတာဖြစ်ပါတယ်

8 လူတွေကိုထည့်သွင်းပြီး တိရိစ္ဆာန်ရုံ လို ပြသမှုကို 1958 မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အာဖရိနဲ့ အာရှက လူအချို့ကို ဖမ်းဆီးပြီး ဒါဝင်ရဲ့ သီအိုရီ အရ ပြည့်စုံတဲ့ ပြောင်းလဲမှုကို မရောက်သေးတဲ့ သတ္တဝါအဖြစ်ပြသခဲ့တာဖြစ်ပါတယ်။Belgian Human Zoo ဆိုပြီး 1958 မှာ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

9 တချိန်က လူသေတွေရဲ့ အရိုးစု တွေကို အများကြီးစုဆောင်းခဲ့ကြသူတွေရှိပါတယ်။သူတို့က သူတို့ နှစ်သက်မြတ်နိုးသူတွေရဲ့ အရိုးစုတွေကို သီးသန့်စုဆောင်းသူတွေမဟုတ်ပါဘူး။သူတို့ရဲ့ အခန်းမှာ အလှဆင်ချင်ရုံသက်သက် ဂျပန်တွေရဲ့ ဒုတိယ ကမ္ဘာစစ် က ရုပ်အလောင်း တွေကို ယူပြီး အခန်းထဲမှာ အလှဆင်ခဲ့ကြတာဖြစ်ပါတယ်။

10 ဒီနေ့ခေတ်မှာတော့ ဆေးလိပ် သောက်သူတွေ အင်မတန်များလာသလို ဆေးလိပ် ကို တားမြစ်မှုလဲ တင်းကြပ်လာပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် 70 လောက်က ဆရာဝန်တွေဟာ ကိုယ်ဝန်ဆောင် မိခင် တွေကို ဆေးလိပ် သောက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဆေးလိပ် မှာ ပါဝင်တဲ့ ဓာတ်ကြောင့် မီးဖွားရ လွယ်ကူစေပြီး မွေးဖွားပြီးချိန်မှာလည်း စိတ်ဖိဆီးမှုကို လျော့ကျစေတယ်လို့ ဆိုခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top