ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဆးေသာက္လွ်င္ ေရႏွင့္ေသာက္သည္ကို မသိသူမရွိေပ။

သို႔ေသာ္ ဤလြယ္ကူ၍ အေရးႀကီးေသာ ကြင္းဆက္ကို လူတို႔ေမ့ေလ်ာ့သည့္အတြက္ ေဆးအာနိသင္ ရသင့္သေလာက္မရသည့္အျပင္ အစာမ်ိဳျပြန္ကို ထိခိုက္ႏိုင္သည္။

.ေဆးျပားသည္ သာမန္အားျဖင့္ အဓိကေဆးမႈန္႔ႏွင့္ ပံုသြင္းမႈန္႔(ေကာ္မႈန္႔၊ သၾကား စသည္) တို႔ကို ဖိ၍ ပံုသြင္းထားျခင္းျဖစ္သည္။

ေဆးအာနိသင္ ျမန္၊ ေႏွး၊ ျပင္း၊ ေပ်ာ့သည္ အဓိက ေဆးမႈန္႔၏အစာအိမ္ အူလမ္းေၾကာင္း တေလွ်ာက္ စုပ္ယူခံရမႈ အျမန္ႏႈန္းေပၚတြင္ မူတည္သည္။ ေဆးျပားသည္ ေသြးအတြင္းသုိ႔ စုပ္ယူမခံရမီ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းတြင္ ေသးငယ္ေသာ၊ ေထာင္ေသာင္းမကေသာ

အမႈန္႔ငယ္မ်ားအျဖစ္ ကြဲေၾကသြားျပီး အရည္ထဲ ေပ်ာ္၀င္ေနမွေသြးထဲစုပ္ယူခံႏိုင္မည္။ေဆးေသာက္ျပီး ေရမ်ားမ်ားေသာက္မွ ေသြးထဲသို႔ စုပ္ယူခံရမႈပိုမိုျမန္ဆန္မည္။ ထို႔ေၾကာင့္ ေဆးမေသာက္မီ ေရေႏြးေႏြးတခြက္ေသာက္ျခင္းျဖင့္ အစာလမ္းေၾကာင္းကို စိုစြတ္ေစႏိုင္သည္။

ျပီးမွ ေဆးကို ေရမ်ားမ်ားႏွင့္ ေသာက္ျခင္းျဖင့္ အာနိသင္ျမန္ဆန္ထက္ျမက္ေစႏိုင္မည္။ ေရေသာက္နည္းလွ်င္ ေဆးျပား၊ေဆးေတာင့္တို႔ သည္ အစာမ်ိဳျပြန္၊ အစာအိမ္နံရံတြင္ ကပ္ေနႏိုင္ျပီးထိခိုက္ဒဏ္ရာရေစႏိုင္သည္။

( ဥပမာ-အက္စ္ပရင္၊ ပရိုဖင္၊ အကိုက္အခဲ ေပ်ာက္ေဆးမ်ိဳးစံုပရီႏိုစလံုးေဆး၊ ကင္ဆာေရာဂါကု ရူဘီဒိုမိုက္ဆင္ စသည္တို႔ျဖစ္သည္)။

★ ( လွဲလ်က္ မေသာက္ရ)

ေဆးေသာက္သည့္အခါ မတ္တတ္ရပ္လ်က္ သို႔မဟုတ္-ထိုင္လ်က္ေဆးေသာက္ရမည္။ လွဲလ်က္ ေဆးမေသာက္ရ။ ေဆးေသာက္ျပီးခ်က္ခ်င္း မလွဲရ။ အနည္းဆံုး ၃-မိနစ္၊ ၅-မိနစ္ ဆက္လက္ထိုင္ေနသင့္သည္။ နာတာရွည္ ေရာဂါသည္ႏွင့္ အစာမ်ိဳ ခက္ခဲသူမ်ားသည္ေဆးအရည္ကို ေသာက္သင့္သည္။

★ (အိပ္ခါနီး ေသာက္လွ်င္)

အိပ္ခါနီး ေဆးေသာက္ရန္ လိုအပ္လွ်င္ ေဆးေသာက္ျပီး၂-မိနစ္၊ ၃-မိနစ္ခန္႔ သြားလာလႈပ္ရွားျပီးမွ အိပ္သင့္သည္။

★ (ႏြားႏို႔ႏွင့္ မေသာက္သင့္)

ေဆးကို ႏြားႏို႔ႏွင့္ မေသာက္သင့္ပါ။ ႏြားႏို႔သည္ ပရိုတင္းဓာတ္နဲ႔ ဖက္တီးအက္စစ္ပါသည့္အတြက္ ေဆးမႈန္႔ေလးမ်ား၏ပတ္ပတ္လည္တြင္ အေမွးပါးတထပ္ ျဖစ္ေပၚအုပ္ေဆာင္းထားတတ္သည္။ထို႔ျပင္ ႏြားႏို႔တြင္ ၾကြယ္၀စြာပါ၀င္ေသာ ကယ္လ္စီယမ္ဓာတမီးစုန္းဓာတ္၊ သံဓာတ္တို႔သည္လည္း အခ်ိဳ႔ေဆး၀ါးပစၥည္းမ်ားႏွင့္ဓာတ္ျပဳႏိုင္ျပီး ေပ်ာ္၀င္ရန္ ခက္ခဲေသာ ဆားမ်ားအျဖစ္သို႔ဓာတ္ေျပာင္းလဲသြားႏိုင္ပါသည္။

ထို႔ျပင္ ဟင္းရည္၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေရေႏြးၾကမ္း၊ အခ်ိဳရည္၊ဘိလပ္ရည္တို႔ႏွင့္ ေဆးကို မေသာက္ရ။ ေရေႏြးေႏြးႏွင့္သာေသာက္သင့္ပါသည္။ ဆာလ္ဖာေဆး၀ါးေသာက္လွ်င္ေက်ာက္တည္ျခင္းမွ ကာကြယ္ရန္ အထူးသျဖင့္ ေရမ်ားမ်ားပိုေသာက္ရမည္။ အနည္းဆံုး ေရတပုလင္းခြဲခန္႔ (၁၅၀၀-မီလီမီတာ) ထိုေန႔တြင္ေသာက္ရမည္။ သို႔မွသာ ေသြးက်ဲ၊ ဆီးရႊင္၊ ေက်ာက္ကပ္ကာကြယ္ရာ ေရာက္မည္။

အကိုက္အခဲေပ်ာက္ေဆး၊ အဖ်ားက်ေဆးမ်ား ေသာက္လွ်င္လည္းေရမ်ားမ်ားေသာက္ရန္ လိုအပ္သည္။ သို႔မွသာ ကိုယ္ပူက်ျပီးေခၽြးမ်ားမ်ား ထြက္ေသာအခါ ေရွာ့ခ္ျဖစ္ျခင္းမွ ကာကြယ္ႏိုင္မည္။သို႔ေသာ္ မည္သည့္ေဆးကို ေသာက္သည္ျဖစ္ေစ ေရမ်ားမ်ားေသာ္ကရမည္ဟူ၍ကား မဟုတ္ေပ။

အခ်ိဳ႔ ေခ်ာင္းဆိုးေပ်ာက္ေဆးသည္ ေသာက္ျပီး ၅-မိနစ္ခန္႔ၾကာမွေရေသာက္ရသည္။ ထို႔ေၾကာင့္ ေဆးအာနိသင္ေကာင္းေစရန္ ေဆးေပးသူကိုေဆးေသာက္ရမည့္အခ်ိန္၊ နည္းလမ္းတို႔ကို ေသခ်ာေမးျမန္းျပီး မွတ္သားလိုက္နာရမည္ ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ပါေမာကၡေဒၚခင္ျဖဴ (ျမင္းျခံ)

#Unicode Version#
ဆေးသောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။

သို့သော် ဤလွယ်ကူ၍ အရေးကြီးသော ကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက်မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။

.ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့်(ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။

ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေးမှုန့်၏အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော

အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှသွေးထဲစုပ်ယူခံနိုင်မည်။ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှုပိုမိုမြန်ဆန်မည်။ ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက်သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။

ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင်မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ဆေးတောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီးထိခိုက်ဒဏ်ရာရစေနိုင်သည်။

( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။

★ ( လှဲလျက် မသောက်ရ)

ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက်ဆေးသောက်ရမည်။ လှဲလျက် ဆေးမသောက်ရ။ ဆေးသောက်ပြီးချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည်ဆေးအရည်ကို သောက်သင့်သည်။

★ (အိပ်ခါနီး သောက်လျှင်)

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။

★ (နွားနို့နှင့် မသောက်သင့်)

ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတမီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့်ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။

ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာသောက်သင့်ပါသည်။ ဆာလ်ဖာဆေးဝါးသောက်လျှင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင်သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။

အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်းရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီးချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသော်ကရမည်ဟူ၍ကား မဟုတ်ပေ။

အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကိုဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top