ရန္ကင္းျမိဳ ႔နယ္ရွိ ႏိုင္ငံတကာအဆင့္မီ GOLDEN CITY အေရာင္းျပပြဲၾကီး
×

ကားငွားစီးတဲ့အခ်ိန္မွာ ၀က္အူလွည့္နဲ႔ေထာက္ၿပီး ေငြက်ပ္ ၁၆ သိန္းေက်ာ္ဖိုး လုယူသြားတာပါ။

ကားငွားစီးတဲ့ ေက်ာင္းဆရာမတစ္ဦးကုိ ၀က္အူလွည့္နဲ႔ေထာက္ကာ ထိုးႀကိတ္ၿပီး ေငြက်ပ္ ၁၆ သိန္းေက်ာ္တန္ဖိုးရွိ ေရႊ၊ေငြနဲ႔ လက္၀တ္ရတနာေတြကုိ လုယူသြားတဲ့ အငွားယာဥ္ေမာင္းနဲ႔ အေဖာ္တစ္ဦးကုိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။
ၾကည့္ျမင္တိုင္ ညေဈးနားမွာ ေအာက္တိုဘာလ ၂၄ ရက္ ည ၈ နာရီခြဲေလာက္က ပညာေရးဦးစီးဌာန၊ သင္႐ိုးကၽြမ္းက်င္ အဆင့္(၃)ရွိသူ အသက္ ၂၉ ႏွစ္အ႐ြယ္ ဆရာမတစ္ဦးကို အငွားယာဥ္ေမာင္းနဲ႔ အေဖာ္ျဖစ္သူကလည္ပင္းကို သံႀကိဳးနဲ႔ တုပ္ၿပီး ဝက္အူလွည့္နဲ႔ေထာက္ကာ ထိုးႀကိတ္ၿပီး လက္ဝတ္ရတနာေတြ အပါအဝင္ တန္ဖိုး ၁၆ သိန္းခန္႔ကို လုယူသြားခဲ့တာပါ။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က CCTV Control Center နဲ႔ ခ်ိတ္ဆက္ကာ လုယက္မႈက်ဴးလြန္တဲ့အခ်ိန္မွာသံုးခဲ့တဲ့ ေမာ္ေတာ္ယာဥ္က ယာဥ္အမွတ္ 2F-----Probox အငွားယာဥ္ျဖစ္တာကုိ သိရွိခဲ့ရတယ္လို႔ ဆုိပါတယ္။
စံုစမ္းမႈေတြအရ ေအာက္တိုဘာ ၂၆ ရက္ေန႔ မနက္ ၁၁ နာရီနာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ညေစ်းလမ္းထိပ္ရွိ လက္ဘက္ရည္ဆိုင္ထဲကေန ျပစ္မႈက်ဴးလြန္သူ လိႈင္ၿမိဳ႕နယ္ေန ေဇာ္မင္းထြန္း၊ (၃၀)ႏွစ္ကို ျပစ္မႈက်ဴးလြန္တုန္းက အသံုးျပဳတဲ့ ေမာ္ေတာ္ယာဥ္နဲ႔အတူ ဖမ္းဆီးရမိခဲ့ၿပီး ျပစ္မႈက်ဴးလြန္ရာမွာ ပါ၀င္ခဲ့တဲ့ စိုးေထြး၊ (၂၉)ႏွစ္ကို ၎ေနထိုင္ရာ လိႈင္သာယာၿမိဳ႕နယ္က အိမ္ငွားအေဆာင္ကေန ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။
ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သာေကတၿမိဳ႕မရဲစခန္းက (ပ)၁၀၅၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၃၄ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Yangon Police
#Unicode Version#
 ကားငှားစီးတဲ့အချိန်မှာ ဝက်အူလှည့်နဲ့ထောက်ပြီး ငွေကျပ် ၁၆ သိန်းကျော်ဖိုး လုယူသွားတာပါ။



ကားငှားစီးတဲ့ ကျောင်းဆရာမတစ်ဦးကို ဝက်အူလှည့်နဲ့ထောက်ကာ ထိုးကြိတ်ပြီး ငွေကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ ရွှေ၊ငွေနဲ့ လက်ဝတ်ရတနာတွေကို လုယူသွားတဲ့ အငှားယာဉ်မောင်းနဲ့ အဖော်တစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကြည့်မြင်တိုင် ညဈေးနားမှာ အောက်တိုဘာလ ၂၄ ရက် ည ၈ နာရီခွဲလောက်က ပညာရေးဦးစီးဌာန၊ သင်ရိုးကျွမ်းကျင် အဆင့်(၃)ရှိသူ အသက် ၂၉ နှစ်အရွယ် ဆရာမတစ်ဦးကို အငှားယာဉ်မောင်းနဲ့ အဖော်ဖြစ်သူကလည်ပင်းကို သံကြိုးနဲ့ တုပ်ပြီး ဝက်အူလှည့်နဲ့ထောက်ကာ ထိုးကြိတ်ပြီး လက်ဝတ်ရတနာတွေ အပါအဝင် တန်ဖိုး ၁၆ သိန်းခန့်ကို လုယူသွားခဲ့တာပါ။



ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က CCTV Control Center နဲ့ ချိတ်ဆက်ကာ လုယက်မှုကျူးလွန်တဲ့အချိန်မှာသုံးခဲ့တဲ့ မော်တော်ယာဉ်က ယာဉ်အမှတ် 2F-----Probox အငှားယာဉ်ဖြစ်တာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စုံစမ်းမှုတွေအရ အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၁၁ နာရီနာ ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးလမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်ထဲကနေ ပြစ်မှုကျူးလွန်သူ လှိုင်မြို့နယ်နေ ဇော်မင်းထွန်း၊ (၃၀)နှစ်ကို ပြစ်မှုကျူးလွန်တုန်းက အသုံးပြုတဲ့ မော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ စိုးထွေး၊ (၂၉)နှစ်ကို ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်က အိမ်ငှားအဆောင်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သာကေတမြို့မရဲစခန်းက (ပ)၁၀၅၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Yangon Police



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top