မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

မကွေးမြို့နယ်နေ အမျိုးသမီး တစ်ဦးက ၄င်း၏သမီးဖြစ်သူကို သမီးဖြစ်သူ၏ ယောက္ခမဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ သည်ဆိုကာ အောက်တိုဘာလ ၄ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မကွေး မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့နယ် အလယ်ဘိုကျေးရွာအုပ်စု အင်ပင် ကန်ကျေးရွာနေ မ…….. (၁၇ နှစ်)သည် ယခုလ ၃ရက် မွန်းလွဲ ၂နာရီက အင်ပင်ကန်ကျေးရွာရှိ ယောက္ခမဖြစ်သူကျော်ရှိန်(၅၆နှစ်) နှင့် နေအိမ်တွင်နှစ်ဦးတည်းရှိနေစဉ် (ခင်ပွန်းဖြစ်သူ ကို…..(၁၉နှစ်) ယာခင်းသို့ သွားရောက်နေစဉ်) ကျော်ရှိန်မှ အနှိပ်ခိုင်းသဖြင့် နှိပ် ပေးနေစဉ် ကျော်ရှိန်က မ……. ၏ လက်ကိုဆွဲပြီးလှဲချကာ အလို မတူဘဲသားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မ…….က ၄င်း၏မိခင်ဖြစ်သူ ဒေါ်ချိုမာ(၃၉ နှစ်) အလယ်ဘိုကျေးရွာနေသူထံ ပြန်လည်ပြောပြသိရှိခဲ့ခြင်း ဖြစ် ကြောင်းတရားလို၏ တိုင်ကြား ချက်အရသိရသည်။


နွယ်နွယ်(မကွေး)
Credit: The Union Daily

#Unicode Version#
မကွေးမြို့နယ်နေ အမျိုးသမီး တစ်ဦးက ၎င်း၏သမီးဖြစ်သူကို သမီးဖြစ်သူ၏ ယောက္ခမဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ သည်ဆိုကာ အောက်တိုဘာလ ၄ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မကွေး မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့နယ် အလယ်ဘိုကျေးရွာအုပ်စု အင်ပင် ကန်ကျေးရွာနေ မ…….. (၁၇ နှစ်)သည် ယခုလ ၃ရက် မွန်းလွဲ ၂နာရီက အင်ပင်ကန်ကျေးရွာရှိ ယောက္ခမဖြစ်သူကျော်ရှိန်(၅၆နှစ်) နှင့် နေအိမ်တွင်နှစ်ဦးတည်းရှိနေစဉ် (ခင်ပွန်းဖြစ်သူ ကို…..(၁၉နှစ်) ယာခင်းသို့ သွားရောက်နေစဉ်) ကျော်ရှိန်မှ အနှိပ်ခိုင်းသဖြင့် နှိပ် ပေးနေစဉ် ကျော်ရှိန်က မ……. ၏ လက်ကိုဆွဲပြီးလှဲချကာ အလို မတူဘဲသားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မ…….က ၎င်း၏မိခင်ဖြစ်သူ ဒေါ်ချိုမာ(၃၉ နှစ်) အလယ်ဘိုကျေးရွာနေသူထံ ပြန်လည်ပြောပြသိရှိခဲ့ခြင်း ဖြစ် ကြောင်းတရားလို၏ တိုင်ကြား ချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သမီး ဖြစ်သူ မ…..အား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ ကျော်ရှိန်အား အရေးယူပေးရန် ဒေါ်ချိုမာက ယခုလ ၄ ရက်တွင် တရားလိုပြုတိုင်ကြားခဲ့၍ မကွေး မြို့နယ်မိကျောင်းရဲနယ်မြေရဲစခန်း မှ(ပ)၄၂/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရသည်။

နွယ်နွယ်(မကွေး)

ဖိုးသူတော် (www.phothutaw.com)
Credit: The Union Daily


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top