Golden City Promotion
×

မုတ္သုံေလ ဆုတ္ခြာရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ေနရာကြက္မုိးႀကီးတာေတြနဲ႔ ေလျပင္းက်တာေတြျဖစ္တတ္ပါတယ္။
အေနာက္ေတာင္မုတ္သုံေလက ျမန္မာႏုိင္ငံေတာင္ပုိင္းေဒသေတြကေန ဆုတ္ခြာေနခ်ိန္မွာ မြန္ျပည္နယ္မွာ ေနရာကြက္ၿပီး မုိးႀကီးႏုိင္တယ္လို႔ မုိးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

မုတ္သုံေလ ဆုတ္ခြာရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ေနရာကြက္မုိးႀကီးတာေတြနဲ႔ ေလျပင္းက်တာေတြ၊ မုိးႀကိဳးပစ္တာေတြ ျဖစ္ေလ့ရွိၿပီး ယခုအခါ အေနာက္ေတာင္မုတ္သုံေလက မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေဒသႀကီးတို႔ပါ၀င္တဲ့ ျမန္မာႏုိင္ငံေတာင္ပုိင္းေဒသေတြကေန ဆုတ္ခြာေနပါတယ္။
ေအာက္တိုဘာ ၁ ရက္က မြန္ျပည္နယ္နဲ႔ ေဒသတြင္းနယ္ခ်င္းထိစပ္ေနတဲ့ ပဲခူးတိုင္းေဒသႀကီးတို႔မွာ ေဒသအႏွံ႔မုိးေကာင္းခဲ့ၿပီး ေမာ္လၿမိဳင္၊ ေခ်ာင္းဆုံ၊ က်ိဳက္မေရာ၊ က်ိဳကၡမီၿမိဳ႕နဲ႔ ေတာင္ငူ၊ ေဆာ၊ ေရႊက်င္နဲ႔ ေညာင္ေလးပင္ၿမိဳ႕တို႔မွာ ေနရာကြက္မုိးႀကီးခဲ့ၿပီး ကုန္းျမင့္ေဒသေတြမွာ ေျမၿပိဳမႈအႏၲရာယ္ သတိျပဳဖုိ႔လုိေၾကာင္း မုိးဇလက သတိေပးထားပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာႏုိင္ငံေဒသတြင္း ျမစ္ေတြအားလုံး စုိးရိမ္ေရမွတ္ေအာက္ က်ဆင္းခဲ့ၿပီး ေရေဘးအႏၲရာယ္ ေလ်ာ့ပါးသြားၿပီျဖစ္ကာ ငါးသုိင္းေခ်ာင္းၿမိဳ႕ရဲ႔ စိုိးရိမ္ေရမွတ္အထက္မွာ ၁၅ ရက္ခန္႔ဆက္တုိက္ ေက်ာ္လြန္ေနတဲ့ င၀န္ျမစ္က ေအာက္တိုဘာ ၁ ရက္ကစတင္ၿပီး စုိးရိမ္ေရမွတ္ေအာက္က်ဆင္းခဲ့ပါတယ္။

Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
 Credit: Duwun
#Unicode Version#
မုတ်သုံလေ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်မှာ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းကျတာတွေဖြစ်တတ်ပါတယ်။
အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ ဆုတ်ခွာနေချိန်မှာ မွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မုတ်သုံလေ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်မှာ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းကျတာတွေ၊ မိုးကြိုးပစ်တာတွေ ဖြစ်လေ့ရှိပြီး ယခုအခါ အနောက်တောင်မုတ်သုံလေက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ပါဝင်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ ဆုတ်ခွာနေပါတယ်။
အောက်တိုဘာ ၁ ရက်က မွန်ပြည်နယ်နဲ့ ဒေသတွင်းနယ်ချင်းထိစပ်နေတဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ဒေသအနှံ့မိုးကောင်းခဲ့ပြီး မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက္ခမီမြို့နဲ့ တောင်ငူ၊ ဆော၊ ရွှေကျင်နဲ့ ညောင်လေးပင်မြို့တို့မှာ နေရာကွက်မိုးကြီးခဲ့ပြီး ကုန်းမြင့်ဒေသတွေမှာ မြေပြိုမှုအန္တရာယ် သတိပြုဖို့လိုကြောင်း မိုးဇလက သတိပေးထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံဒေသတွင်း မြစ်တွေအားလုံး စိုးရိမ်ရေမှတ်အောက် ကျဆင်းခဲ့ပြီး ရေဘေးအန္တရာယ် လျော့ပါးသွားပြီဖြစ်ကာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ၁၅ ရက်ခန့်ဆက်တိုက် ကျော်လွန်နေတဲ့ ငဝန်မြစ်က အောက်တိုဘာ ၁ ရက်ကစတင်ပြီး စိုးရိမ်ရေမှတ်အောက်ကျဆင်းခဲ့ပါတယ်။

Source : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top