Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

မႏၲေလးတိုင္း ေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း မိုင္တိုင္ ၃၆၆/၀ နဲ႔ ၁ အၾကား ေအာက္တိုဘာလ ၂၂ ရက္ မနက္က အင္းကန္းႀကီးရြာ ဓမၼာ႐ံု ေဆာက္ဖို႔ အလႉခံေနတဲ့ အမ်ိဳးသမီး တဥိီး ကားေပၚက ပစ္ခ် လႉဒါန္းေငြ လုိက္ေကာက္ရင္း ကားတိုက္ မိၿပီး ေသဆုံး သြားတယ္လို႔ ေရႊေတာင္ရြာရဲစခန္းက ေျပာပါတယ္။

ျဖစ္စဥ္မွာ ဝမ္းတြင္းၿမိဳ႕နယ္ ဒုိင္ေကာင္းကုန္းရြာအနီး ရန္ကုန္-မႏၲေလး လမ္းေဟာင္း ရဲ႕ ဝဲယာႏွစ္ဖက္လုံးမွာ အင္းကန္းႀကီးရြာ ဓမၼာ႐ံု ေဆာက္ဖို႔ အလႉခံပါတယ္။ ျဖတ္သန္းသြားတဲ့ ကားတစီး က လမး္ေပၚ ပစ္ခ်လႉဒါန္းခ့ဲတဲ့ေငြကုိ အင္းကန္းႀကီးရြာေန အသက္ ၃၅ ႏွစ္ရွိ မခ်ိဳၿပံဳး လုိက္ေကာက္ခ်ိန္မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန အသက္ ၅၂ ႏွစ္ရွိ ဦးတင္ေအာင္ ေမာင္းလာတ့ဲ ဒုိင္နာကား က လမ္းအလယ္မွာ တိုက္မိၿပီး အခင္းျဖစ္ေနရာမွာပဲ ေသဆုံးခဲ့တာပါ။

ေရႊေတာင္ရြာရဲစခန္းမႉး ရဲအုပ္ေက်ာ္ႏိုင္စုိးက “လမ္းေပၚက်ေနတဲ့ အလႉေငြ ကုိ အာ႐ံုေရာက္ေနေတာ့ ကားလာတာ သတိမထားမိလုိက္တာ ျဖစ္မယ္။ မခ်ိဳၿပဳံး ဦးေခါင္ခ်ိဳေစာင္း ေပါက္ျပဲတယ္။ နားက ေသြးထြက္တယ္။ ယာဘက္ ပခုံး နဲ႔ လက္ဒဏ္ရာရတယ္။ ေနရာတင္ ေသဆုံး တယ္။ ဝမ္းတြင္းေဆး႐ံု ပုိ႔ေပးရတယ္”လုိ႔ ေျပာပါတယ္။

ေရႊေတာင္ရြာရဲစခန္းက ဦးတင္ေအာင္ ကို ယာဥ္မဆင္မျခင္ေမာင္းလုိ႔ လူ ေသဆုံးမႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကအရ အမႈအမွတ္စဥ္ ယာဥ္(ပ)၂၉/၂၀၁၇ နဲ႔ အမႈဖြင့္ အေရးယူ ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ရန္ #
မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၆၆/၀ နဲ့ ၁ အကြား အောက်တိုဘာလ ၂၂ ရက် မနက်က အင်းကန်းကြီးရွာ ဓမ္မာရုံ ဆောက်ဖို့ အလှူခံနေတဲ့ အမျိုးသမီး တဦး ကားပေါ်က ပစ်ချ လှူဒါန်းငွေ လိုက်ကောက်ရင်း ကားတိုက် မိပြီး သေဆုံး သွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း ရဲ့ ဝဲယာနှစ်ဖက်လုံးမှာ အင်းကန်းကြီးရွာ ဓမ္မာရုံ ဆောက်ဖို့ အလှူခံပါတယ်။ ဖြတ်သန်းသွားတဲ့ ကားတစီး က လမ်းပေါ် ပစ်ချလှူဒါန်းခဲ့တဲ့ငွေကို အင်းကန်းကြီးရွာနေ အသက် ၃၅ နှစ်ရှိ မချိုပြုံး လိုက်ကောက်ချိန်မှာ ချမ်းမြသာစည်မြို့နယ်နေ အသက် ၅၂ နှစ်ရှိ ဦးတင်အောင် မောင်းလာတဲ့ ဒိုင်နာကား က လမ်းအလယ်မှာ တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။

ရွှေတောင်ရွာရဲစခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “လမ်းပေါ်ကျနေတဲ့ အလှူငွေ ကို အာရုံရောက်နေတော့ ကားလာတာ သတိမထားမိလိုက်တာ ဖြစ်မယ်။ မချိုပြုံး ဦးခေါင်ချိုစောင်း ပေါက်ပြဲတယ်။ နားက သွေးထွက်တယ်။ ယာဘက် ပခုံး နဲ့ လက်ဒဏ်ရာရတယ်။ နေရာတင် သေဆုံး တယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်”လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းက ဦးတင်အောင် ကို ယာဉ်မဆင်မခြင်မောင်းလို့ လူ သေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ အမှုအမှတ်စဉ် ယာဉ်(ပ)၂၉/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top